လေဆိပ်အနီး မြေပိုင်ဆိုင်မှုရမည့် လုံးချင်း အရောင်းပြပွဲ
×




#Unicode Version#
 စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာမှ ယောဂီဦးတင်မောင် အသက်(၈၂) နှစ်သည် သေဆုံးပြီး ၂ ရက်မြောက်အထိ မပုပ်မသိုး၊အနံမထွက်ပဲ
မဟာပလ္လင် ချိတ်လို့ရအောင်ပင် ပျော့ပျောင်းနေကြောင်းသတင်းရရှိပါတယ်။

ယောဂီဦးတင်မောင်ဟာ ဆရာတော် ဦးဥက္ကဌ ရဲ့တပည့်သာဝကတစ်ဦးလည်းဖြစ်ပါတယ်။ တိုက်ခွဲအမှတ်၃၂ သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ အောင်ပန်းစွာ တောရ ချောင်းဦးမြို့် ၉ရက်အဓိဌာန် တရားစခန်းကို၂ကြိမ်ဝင်ရောက်ပြီး မဟာပလ္လင် ၅နာရီကျင့်စဉ်ကို ၂ကြိမ်တိုင်တိုင် အောင်မြင်စွာကျင့်နိုင်ခဲ့ပါတယ်။

တရားရဲ့ခေါ်ဆောင်ရာကို လူဖြစ်ကျိုးနပ်စွာနဲ့ အောင်လံဆရာတော် ကြီးနှင့် ဆရာတော် ဦးဥက္ကဌ တို့၏ တပည့်သားပီသကြောင်း ပြသသွားခဲ့ပြန်ပါပြီ။ ကျန်ရစ်သူယောဂီအပေါင်းကိုလည်း ဒီလိုကျင့် ရင် ဒီလိုသေလို့ရတယ်လို့ ပြောနေသယောင်ပါပဲ။
သူတော်ကောင်းတို့ ပိတိသောမနဿ ဖြင့်သာဓုခေါ်ဆိုခြင်းငှါတင်ပေးလိုက်ပါကြောင်း။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr soe naing ,post by ဦးထိပ် စင်္ကာပူ
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top