ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

​ေသရြာျပန္​သူ၏​ေနရာမွ ခံစား​ေရးဖြဲ႔သည္​…။
ကြၽန္​​ေတာ္​့နာမည္​ကို သန္​းတိုး။ ရြာမွာ​ေတာ့ အရက္​ဘဲႀကီး​ေပါ့😜။ ကြၽန္​​ေတာ္​့​ရဲ႕ ဂုဏ္​ကို​ေဖာ္​ျပပါဆိုရင္​ အရက္​​ေသာက္​တာပဲ။ ဘယ္​​ေလာက္​​ေသာက္​လဲဆို ထန္​းရည္​ဆိုင္​က​ေတာင္​လက္​မခံလို႔ အရက္​ျပင္းဝယ္​​ေသာက္​​ေနရတယ္​။
အရက္​ကစြဲသထက္​စြဲလာ​ေတာ့ အိမ္​က လယ္​​ေတြလည္​း​ေျပာင္​သ​ေလာက္​ျဖစ္​လာတယ္​။ မိဘ​ေတြကလည္​း အရက္​ျပတ္​သြား​ေအာင္​နည္​းအမ်ိဳးမ်ိဳးလုပ္​​ေပမယ္​့ တခါ​ေလးပါဆိုၿပီး ျပန္​စြဲသြားလို႔ ​ေနာက္​ဆံုးလက္​​ေလွ်ာ့လိုက္​ရတာခ်ည္​းပဲ။ တ​ေန႔​ေပါ့​ဗ်ာ…
ကြၽန္​​ေတာ္​့သူငယ္​ခ်င္​း ​ေလး​ေယာက္​နဲ႔ အရက္​ဆိုင္​ကအျပန္​ ​ ကြၽန္​​ေတာ္​့သူငယ္​ခ်င္​း တိုးႀကီးက…
“​ေဟ့​ေကာင္​ သန္​းတိုး။ မင္​းဘြား​ေတာ္​(အ​ေမကို​ေခၚျခင္​း ျဖစ္​သည္​)က အရင္​ကလို ​ေရမ႐ွိ​ေတာ့ဘူးဆို(​ေရ=​ေငြ)”
“​ေအးကြာ …​ေအ့…ငါကလည္​း အရက္​ခ်စ္​သူဆို​ေတာ့​ေရမ႐ွိတာမဆန္​းပါဘူး..​ေအ့…”
“ဒါဆိုမင္​းအခုတ​ေလာ ​ေရလို​ေနတာ​ေပါ့”
“လိုတာ​ေပါ့ကြ လို​ဆို ခုငါျဖည္​့လာတာ တစ္​ဝက္​ပဲရ​ေသးတယ္​..​ေအ့…​ေျပာရင္​းျပန္​​ေသာက္​ခ်င္​လာၿပီ…”
“ဟာ…သန္​းတိုး မင္​းႀကီး​ေဒၚပိုက္​ဆံကမ႐ွိ​ေတာ့ဘူးဟ”
“​ေအ့… ဒီ​ေငြ​ေၾကာင္​့ကြ အာ့​ေၾကာင္​့​ေျပာတာ မင္​းတို္​့ဟိုသီခ်င္​းၾကားဖူးလား ”
“ဘယ္​သီခ်င္​းလဲ ”
“ငါဆိုျပမယ္​..​ေအ့… ဂုဏ္​..ဂုဏ္​ …ဂုဏ္​…ဂုဏ္​ဆိုတာ​ေငြကို​ေခၚတယ္​…​ေငြက္​ုိသာ​ေရလိုသံုးရင္​တျပည္​လံုးမွာလုပ္​သမွ်တင္​့တယ္​..​ေယာကၡမ ႀကီးကမ်က္​ႏွာခ်ိဳမယ္​ ကိုယ္​့မယားက​ေစတနာပိုတယ္​…​ေအ့…​ေသာက္​မယ္​…စားမယ္​ လမ္​းလယ္​မွာလဲလို႔ လုကိုတြဲလို႔အိမ္​ထဲ​ေခၚမယ္​…​ေအ့… လူမွာ​ေငြမ႐ွိရင္​ လင္​ယူမိတာနာတယ္​ထင္​တယ္​။..”
“​ေအာ္​…​ေအ့…သိၿပီ..”
” ဒါနဲ႔ မင္​းအလုပ္​တစ္​ခုလုပ္​ရမယ္​ဆိုရင္​​ေကာစိတ္​မဝင္​စားဘူးလား သန္​းတိုး”
“ဘာ အလုပ္​ဟုတ္​လား ငါ့လို​ေကာင္​ကို ဘယ္​သူက ​ေခၚခိုင္​းမွာလဲဟ..​ေအ့”
“႐ွိတာ​ေပါ့ကြ သိပ္​႐ွိ ဒီကိစၥကမင္​းနဲ႔ငါႏွစ္​​ေယာက္​တိုင္​ပင္​မွျဖစ္​မွာ မနက္​ျဖန္​ ​ေစာ​ေစာလာခဲ့။”
“​ေအ့ ၿပီး​ေရာကြာ…”
ဒီလိုနဲ႔ ​ေနာက္​မနက္​လည္​း​ေရာက္​​ေရာ …
“​ေဟ့​ေကာင္​ တိုးႀကီး ထ​ေတာ့​ေလကြာ ငါ​ေတာင္​ထမင္​းစားၿပီးၿပီ”
“ဟင္​ သန္​းတိုး မင္​းပါလား အ​ေစာႀကီးႏိုးတယ္​​ေပါ့ ညကမင္​းငါတို႔ထက္​ပို​ေသာက္​တာ​ေခါင္​းမကိုက္​ဘူးလား”
“ဟားဟားဟား ငါဆိုတဲ့​ေကာင္​က ​ေသာက္​ရင္​ အရက္​ကအ႐ွံုး​ေပးရစျမဲပါကြ၊ ရြာမွာနာမည္​တစ္​လံုး​နဲ႔​ေနလာတာ သန္​းတိုးကြ ႏွစ္​​ေယာက္​႐ွိရင္​ အသက္​ခ်င္​းလဲပစ္​လိုက္​မယ္​။ ”
​”​ေအးပါကြာ ဟုတ္​ပါၿပီ။လာထိုင္​ ငါ​ေျပာျပမယ္​”
“​ေအး​ေျပာ”
” ဒီလိုကြ ငါတို႔ရြာနဲ႔ ၈မိုင္​​ေလာက္​က ​ေဂြး​ေတာက္​ ရြာမွာ သူ​ေဌးတစ္​​ေယာက္​​ေသတယ္​ကြ။”
“အဲဒါငါနဲ႔ဘာဆိုင္​တုန္​း”
“ဟ စကားကိုဆံု​း​ေအာင္​နား​ေထာင္​မွ​ေပါ့။ ”
“ဒီမွာ သူ​ေသ​ေတာ့ သူ႔အတြက္​ လက္​ဝတ္​လက္​စား​ေတြထည္​့​ေပးလိုက္​တာမွ သိန္​းခ်ီၿပီးတဲ့ကြ။ ”
“အဲ​ေတာ့ ”
” အဲ​ေတာ့ကြာ အဲအ​ေလာင္​းကို​ေဖာက္​ၿပီး ရင္​ မင္​းလို​ေနတဲ့ ​ေရ ရၿပီ​ေပါ့”
“​ေနပါဦးကြ မင္​း​ေျပာ​တဲ့ သိန္​း​ေပါင္​းမ်ားစြာက မက္​​ေလာက္​စရာပဲ သူ႔ရြာက ​ေဖာက္​သြားရင္​​ေကာ”
“မင္​းန​​ွယ္​တံုးပ​ေကာ အဲရြာက အယူသိပ္​သည္​းတာ​ေလ အဲရြာမ​ေျပာနဲ႔ တို႔ရြာမွာ​ေတာင္​ ​ေနဝင္​ၿပီဆို​တာနဲ႔အျပင္​ထြက္တဲ့သူျမင္​ဖူးလို႔လား။ တ​ေစၦအသံၾကားတာနဲ႔ ငါ​ေတာင္​​ေၾကာက္​တက္​တာပဲ။ မင္​းကလြဲ​ေပါ့။ မင္​းက​ေတာ့ ထူးထူးျခားျခား ဘာမွမ​ေၾကာက္​တဲ့​ေကာင္​ပဲ”
“ဟာ အဲလို​ေတာ့မ​ေျပာနဲ႔ ငါ​ေၾကာက္​ရမယ္​့အရာ႐ွိတယ္​”
“​ေျပာပါအံုး ဘာမ​်ားလဲ”
“အရက္​ခြက္​​ေမွာက္​သြားမွာကို​ေလ”
“ႏြား…ငါကအ​ေကာင္​းမွတ္​လို႔ ၊ ဒါနဲ႔ မင္​းလုပ္​မွာလား​ေျပာ”
“​ေအး ရမယ္​ဆိုလို႔က​ေတာ့ လုပ္​ၿပီးသားပဲ၊ ဒါနဲ႔ငါက ဘယ္​သူနဲ႔​လုပ္​ရမွာလဲ ”
“​ေအး အဲဒါ​ေျပာမယ္​ မင္​းနဲ႔လုပ္​ရမယ္​့သူက အဘိုးႀကီးတစ္​​ေယာက္​ပဲကြ၊ သူ႔နာမည္​က ဦးျမ​ေမာင္​တဲ့။ သူ႔ကိုယ္​သူ​ေတာ့ ​ေအာက္​လမ္​းဆရာလို႔​ေျပာတာပဲ ရဲတဲ့လူလိုတယ္​ဆိုလို႔ မင္​းကို​ေမး​ေနတာ”
“​ေဟ့​ေကာင္​တိုးႀကိး မင္​းအ​ေၾကာင္​းငါသိတယ္​။ ​ေျပာ မင္​းဘယ္​​ေလာက္​ရလဲ”
“ဟဲဟဲ မင္​းက သိပ္​လည္​တာပဲ သိပ္​မရပါဘူး ၂ေသာင္းထဲပါ”
“ငါထင္​ၿပီးသားပါ၊ ဘာပဲျဖစ္​ျဖစ္​ လုပ္​မယ္​ကြာ၊ လူဆိုတာ​ေမြးတ​ေန႔​ေသတ​ေန႔ပဲ”
“ၿပီးတာပဲ ငါ့ကို​ေတာ့မ်က္​ႏွာပ်က္​​ေအာင္​မလုပ္​နဲ႔ သူ႔ဆီက ​ေငြယူၿပီးၿပီ”
“​ေအးပါကြာ…ဒါနဲ႔ ဘယ္​​ေတာ့စမွာလဲ ၊ ”
“မနက္​ျဖန္​ညစမယ္​လို႔​ေျပာတယ္​ ဒီ​ေန႔သြား​ေတြ႔​ေပးမယ္​”
ဒီလိုနဲ႔ တိုးႀကီး နဲ႔ ကြၽန္​​ေတာ္​ ​ေအာက္​လမ္​းဆရာႀကီးဆီသြားခဲ့တယ္​။ ​ေအာက္​လမ္​းဆရာႀကီးက ရြာျပင္​ကသုသာန္​မွာ​ေနတာ​ဗ်။ လူက​ေတာ့ ​ေအးတိ​ေအးစက္​ႀကီးပါ​ဗ်ာ။ ​ေဆးျပင္​းလိပ္​ႀကီးဖြာလို႔။
ကြၽန္​​ေတာ္​တို႔​ေရာက္​​ေတာ့။ သူက…
“လာ​ေမာင္​ရင္​တို႔ လာထိုင္​လွည္​့ကြဲ႔။ ဒါနဲ႔ ဒီအထိ​ေရာက္​ၿပီဆို​ေတာ့ ငါ့တူတို႔က လုပ္​မယ္​​ေပါ့။”
“ဟုတ္​ကဲ့ လုပ္​မွာပါအဘ”
“​ေအး လုပ္​မယ္​ဆိုအဘ ဝမ္​းသာတယ္​ကြယ္​။ ဒါ​ေပမယ္​့ ဘာအနၱရာယ္​​ပဲ​ေတြ႔​ေတြ႔ လံုးဝ​ေျပးလို႔မရဘူး​ေနာ္​။ ​ေျပးလို႔က​ေတာ့ အဘလည္​းမကယ္​ႏိူင္​ဘူး။ ကိုယ္​့ထိုက္​နဲ႔ကိုယ္​့ကံပဲ။ ”
“စိတ္​ခ်ပါအဘ။ ဒါနဲ႔ ​ေဝစုက​ေကာ ဘယ္​လိုလုပ္​မလဲအဘ”
“ဒီလုိကြဲ႔ အဲမွာ႐ွိတဲ့ပစၥည္​းကို လူ​ေလးယူ အဘက သူ႔ဆီက ပရ​ေဆးပဲယူမွာ”
“အို​ေခ​ေလ အဘ အဘ​ေျပာတဲ့အတိုင္​းပဲ​ေနာ္​”
“​ေအးပါကြာ ငါလူႀကီးပါ ကတိတည္​ပါတယ္​”
(“လူႀကီး​ေတြကပဲ ကတိမတည္​တာ “)အ​ေတြးႏွင္​့​ေျပာျခင္​းသာ😁
အ​ေပးအယူတည္​့သြားတယ္​။ ၿပီး​ေတာ့အဘက မင္​းအတြက္​ဆိုၿပီး ခ်ည္​မန္​းကြင္​းကို လက္​မွာခ်ည္​​ေပးတယ္​။ အဘက
“လိုရမယ္​ရ​ေပါ့ကြာ ပရ​ေလာကသား​ေတြက ​ေႏွာက္​ယွက္​မွာပဲ ဒီခ်ည္​မန္​းကြင္​းစြပ္​ထားရင္​ မင္​းအနားသူတို႔ကပ္​လို႔မရဘူး။ ဒီ​ေန႔ကစၿပီး သံုးရက္​တိတိဝတ္​ထား သံုးရက္​အတြင္​းလံုးဝမခြၽတ္​မိ​ေစနဲ႔ ဟုတ္​ၿပီလား”
“ဟုတ္​ကဲ့ ရပါတယ္​​ဗ်ာ”
အ​ေမွာင္​ယံညရဲ႕ တိတ္​ဆိတ္​ၿငိမ္​သက္​​ေနတဲ့အခ်ိန္​မွာ လူသံုး​ေယာက္​ ​ေဂြး​ေတာက္​သခ်ိဳင္​းထဲမွာ လႈပ္​တုတ္​လႈပ္​တုတ္​သြား​ေနတယ္​။ လျပည္​့ညဆို​ေတာ့ ​ေကာင္​းကင္​မွာ လမင္​းႀကီးက ႀကီးစိုး​ေန​ေလရဲ႕။ ႐ုတ္​တရက္​…
“အူ…ဝူး…ဝူး…အာ..ဝူး…ဝူး…” ဆြဲငင္​လိုက္​​ေသာ ​ေခြးအူသံ​ေၾကာင္​့ ကြၽန္​​ေတာ္​့သူငယ္​ခ်င္​း တိုးႀကီး ကြၽန္​​ေတာ္​့ကိုခုန္​အုပ္​​ေတာ့​ေလသည္​။
“ဟား ​ေဟ့​ေကာင္​ ဒါဘာလုပ္​တာလဲဆင္​းစမ္​း”
“ဟင္​ ဆင္​းဘူး ငါ​ေၾကာက္​တယ္​ကြ ခုန​ေခြးအူလိုက္​တာမင္​းၾကားလား”
“​ေဟ့​ေကာင္​ ​ေခြးက သူ႔ဟာသူအူတာ မင္​း​ေၾကာက္​ခ်ီးပန္​းမ​ေနနဲ႔ ​ေၾကာက္​ရင္​ လွည္​့ျပန္​ကြာ…”
“ဟင္​ သခ်ိၤဳင္​းအလယ္​​ေရာက္​ၿပီးမွ ျပန္​ခိုင္​းရလား လိုက္​ခဲ့မယ္”
“လိုက္​မယ္​ဆို ပါးစပ္​ပိတ္​ၿပီးလိုက္​”
သူ႔ၾကည့္​ရတာ​ေၾကာက္​​ေနပံုရတာနဲ႔
“​ေ႐ာ့ ဒါနဲနဲ​ေသာက္​လိုက္​ ”
“​​ေအး နဲနဲသက္​သာသြားၿပီ”ထိုစဥ္​အဘက
“လူ​ေလးတို႔လာၾက​ေဟ့ ​ေ႐ွ႕မွာ​ေတြ႔ၿပီ အဘ​ေပးထားတဲ့ မန္​းကြင္​း​ေတြစြပ္​ထားသ​ေရြ႔ ဘာမွမျဖစ္​ဘူး
ကဲ အဘ စည္​းတားၿပီ စည္​းမ​ေဖာက္​နဲ႔ တစ္​​ေယာက္​စည္​း​ေဖာက္​ရင္​အကုန္​​ေသကုန္​မယ္​ ၾကားလား”
“စိတ္​ခ်အဘ သန္​းတိုးကို​ေျခာက္​ႏိူင္​ရင္​​ေျခာက္​​ေပါ့ကြာ ဟား ဟား ဟား”
အဘက ​ေတာ့ ​ေဒါင္​့​ေလး​ေထာင္​့မွာ ဖ​ေယာင္​းတိုင္​ထြန္​းတယ္​။ ယူလာတဲ့အိုး​ေသး​ေလးထဲက အျဖဴ​မႈန္​႔​ေတြကုိျဖဴးလိုက္​ၿပီးစည္​းတားတယ္​။ စၿပီး ဂါထာရြတ္​​ေနပါၿပီ။ ဥံဳ ပဲနားလည္​တယ္​ က်န္​တာနားမလည္​ဘူး။
ဂါထာရြတ္​ကာစကဘာမွမျဖစ္​ဘူး။ အခ်ိန္​ ၁၀မိနစ္​​ေရာက္​လာ​ေတာ့ ​ေလ​ေတြတိုက္​လာတယ္​။
“​ေဝါ…​ေဝါ…​ေဝါ…အီး..ဟီး..ဟီး.. ႐ွီိ..”
အသံ​ေတြထြက္​လာတယ္​ သခ်ိၤဳင္​းထဲမွာမုန္​တိုင္​းတုိက္​​ေနတယ္​။ သစ္​ပင္​​ေတြက ျပဳတ္​ထြက္​မတက္​ ဟုိ​ယိမ္​းဒီယိမ္​းနဲ႔။ ကြၽန္႔​ေတာ္​သူငယ္​ခ်င္​းတိုးႀကီးက​ေတာ့ မ်က္​စိမွိတ္​ၿပီး ဘုရားတ​ေနၿပီ။ ထူးဆန္​းတာက ​ေလဒီ​ေလာက္​တိုက္​တာ ထြန္​းထားတဲ့ ဖ​ေယာင္​းတိုင္​ကလံုးဝ မၿငိမ္​းတာပဲ။ (​ေနာင္​သိရသည္​မွာ… ​၄င္​း ဖ​ေယာင္​းတိုင္​မွာ ​ေဆးဖ​ေယာင္​းတိုင္​ပင္​ျဖစ္​​ေသာ​ေၾကာင္​့ မၿငိမ္​းျခင္​းျဖစ္​သည္​..)
မန္​းလို႔လည္​းၿပီး​ေရာ
“ကဲ ငါ၏ဆိုင္​ရာပုဂၢဳိလ္​မ်ား က လြန္​ခဲ့​ေသာ၃ရက္​က​ေသၿပီးသား ဦးဘျဖဴ ၏ဝိညာဥ္​ကခ်ဳပ္​၍ ကြၽန္​ုပ္​၏ ​ေ႐ွ႕​ေမွာက္​​သြင္​း​ေစ ငါ​ေအာက္​လမ္​းဆရာ ဦးျမ​ေမာင္​အမိန္​႔”
………….
ဘာမွမထူးျခား​ေသးဘူး။ ​ေနာက္​ႏွစ္​​ေခါက္​​ေလာက္​ထပ္​ပင္​့​ေတာ့ …
“ဝုန္​း ”
႐ုတ္​တရက္​ ဂူသြင္​းထားတဲ့အဖံုးႀကီးကြာက်လာတယ္​။
“လာလာ ငါ့တူတို႔ အ​ေခါင္​းကိုဆြဲထုတ္​​ေဟ့”
“​ေဝါ့” ႐ုတ္​ရက္​ တိုးႀကိိးအန္​ခ​်ေလသည္​။
အ​ေလာင္​းက ပိုးထိၿပီးဆံုးတာဆို​ေတာ့ ပုပ္​ပြ​ေနသည္​။
” လူ​ေလးတို႔ ရြံရမယ္​့အခ်ိန္​မဟုတ္​ဘူး အဘစည္​းက နာရီပိုင္​းပဲခံမွာ ပရ​ေလာကသား​ေတြက ​ေႏွာက္​ယွက္​​ေတာ့မယ္​ ယူစရာ႐ွိတာျမန္​ျမန္​ယူ​ေဟ့”
အဘက အသင္​့ပါလာတဲ့အိပ္​ထဲ အ​ေလာင္​းရဲ႕ ဆံပင္​၊ လက္​သည္​း ​ေျခသည္​း အက်ီစ ပုဆိုး​ေတြကို ျဖတ္​ယူၿပီးၿပီ။
ကြၽန္​​ေတာ္​က​ေတာ့ ခုထိရတနာ​ေတြကို႐ွာ​မ​ေတြ႔​ေသး။
“တိုးႀကိိး”
“ဘာတုန္​း”
“မင္​းနားက ​အ​ေလာင္​း​ေခါင္​းအံုးထဲမွာ႐ွိႏိူင္​တယ္​။ ႐ွာၾကည္​့စမ္​း”
“ဘာ ဟာ ငါ…ဒါ…ဒါ…ႀကီးကို မလုပ္​ခ်င္​ဘူးကြာ..”
“မင္​းမလုပ္​ခ်င္​ရင္​ မင္​း​ေဝစုငါမ​ေပးဘူး”
“ဟာ အဲလို​ေတာ့မလုပ္​နဲ႔ကြာ ငါလုပ္​မယ္​”
​ေၾကာက္​​ေၾကာက္​နဲ႔ မသာ​ေခါင္​းကိုမ ​ေအာက္​က​ေခါင္​းအံုးကို ယူ ၿပီးမတဲ့အခ်ိန္​ လန္​႔ၿပီး ​ေခါင္​းအံုးက​ေျမျပင္​​ေပၚလြတ္​က်သြားတယ္​။
“ခ်လြမ္​း ခ်လြမ္​း”
“ဟာ ​ေဟ့​ေရာင္​ သြားၾကည္​့စမ္​း”
“ဟား ဟား သန္​းတိုး ငါတို႔ခ်မ္​းသာၿပီကြ ဒီိ…ဒီိ….မွာ ​ေရႊ….​ေတြ”
“​ေအး ​ေပး​ေပး ငါယူထားမယ္​ မင္​းက​ေၾကာက္​​ေနတာလြတ္​က်ရင္​ဘာမွမရဘဲ​ေနလိမ္​့မယ္​”
ထိုစဥ္​အဘက “လူ​ေလး​တို႔ျမန္​ျမန္​လုပ္​​ေဟ့ အခ်ိန္​မရ​ေတာ့ဘူး သခ်ိဳၤင္​းကုန္​းကအျမန္​ထြက္​ၾကမယ္​”
“ဟုတ္​ကဲ့အဘ”
“အာ….ဝူး….ဝူး….ဝူး….အု…ဝူး….ဝူး….”
႐ုတ္​တရက္​​ေခြးအူသံ​ေၾကာင္​့ တိုးႀကီး​ေျခလွမ္းတုန္​႔သြားတယ္​။ အဘက
“​ေဟ့​ေကာင္​ ရပ္​မ​ေနနဲ႔ ခုခ်ိန္​ဘာပဲ​ေတြ႔​ေတြ႔ အ​ေယာင္​​ေဆာင္​​ေတြ ျမန္​ျမန္​လာ မင္​းကိုဖမ္​းစားထားတာ နားမဝင္​နဲ႔”
တိုးႀကီးလည္​း နားကိုလက္​ႏွစ္​ဖက္​ပိတ္​ၿပီး အလယ္​က​ေနလိုက္​လာတယ္​။ ကြၽန္​​ေတာ္​က​ေနာက္​ဆံုးက​ဆို​ေတာ့ ၾကက္​သီး​ေတြထလိုက္​တာမွတျဖန္​းျဖန္​းပဲ။ ဒါ​ေပမယ္​့ သရဲဆိုတာအယံုအၾကည္​မ႐ွိတဲ့အတြက္​ သိပ္​မ​ေၾကာက္​ပါဘုး။ ရြာအဝင္​နားအထိ ​ေခြးအူသံ​ေတြကလိုက္​​ေနတုန္​း ရြာဝင္​သြားမွပဲမၾကားရ​ေတာ့တယ္​။
​ရြာဝင္​ခါနီး အဘကမွာသြားတယ္​။ လက္​ဝတ္​လက္​စား​ေတြကို ဒီရက္​အတြင္​းမထုပ္​ဘဲသိမ္​းထားဆိုလို႔ ရြာစည္​း႐ိုးက သရက္​ပင္​​ေအာက္​မွာဖြက္​ထားခဲ့တယ္​။
သံုးရက္​ျပည္​့္​မယ္​့ရက္​မွာ အရက္​ဆိုင္​ကို ထံုးစံအတိုင္​းသြားတယ္​။ အျပန္​နည္​းနည္​းမူး​ေတာ့ ဟုိယိုင္​ဒီယုိင္​နဲ႔လမ္​း​ေလွ်ာက္​ရင္​း လက္​က မန္​းႀကိဳးကမ​ေတာ္​တဆျပဳတ္​သြားတယ္​။ကြၽန္​​ေတာ္​တစ္​​ေယာက္​တည္​းမဟုတ္​ဘူး။ တိုးႀကီးရဲ႕လက္​ပတ္​ပါျပဳတ္​သြားတာ။ အဲ​ေန႔ကမသိလိုက္​ဘူး။ည​ေရာက္​​ေတာ့….
“အူဝူး….ဝူး….ဝူး…ဝုတ္​…ဝုတ္​…ဝုတ္​…”
အိမ္​​ေ႐ွ႕မွာည​ေခြး​ေတြ​ေဟာင္​​ေနလိုက္​တာ….ထူးဆန္​းတာက အိမ္​က​လူ​ေတြတစ္​​​ေယာက္​မွမႏိူးတာပဲ။
အိပ္​မက္​ထဲမွာ​ေတာ့ မိန္​းမတစ္​​ေယာက္​အ​ေခါင္​းႀကီးထမ္​းလာတယ္​​ဗ်။ ၿပီး​ေတာ့ ကြၽန္​​ေတာ္​့ကိုလက္​ညႇိဳးထိုးၿပီး အ​ေခါင္​းကိုၫြန္​း​ေနတာ ၾကက္​သီး​ေတြတျဖန္​းျဖန္​းထ​ေနတယ္​။ ​ေနာက္​​ေန႔ကစၿပီး ကြၽန္​​ေတာ္​က​ေယာင္​ကတမ္​းျဖစ္​​ေတာ့တာပဲ။
“အ​ေမ လုပ္​ၾကပါအံုး​ဗ်။ ဟိုမွာ …ဟိုမွာ …အိမ္​​ေ႐ွ႕မွာ အ​ေခါင္​းႀကီးထမ္​းၿပီး ​ေစာင္​့​ေနတယ္​အ​ေမရ။ ”
“​ေမာင္​းထုတ္​​ေပးၾကပါ​ဗ်ာ။ ကြၽန္​​ေတာ္​မလိုက္​ဘူး။ ဘာလို႔လိုက္​ရမွာလဲ။ သြား…သြား…”
“​အ​ေမ့ ​ေခါင္​းတလားႀကီးလာ​ေနၿပီ။​ေခါင္​းတလားႀကီးလာ​ေနျပ္​ိ​ဗ်။ အီး ….ဟီး….ဟီး…. သား​ေၾကာက္​တယ္​အ​ေမ။”
တ​ေန႔လံုးအစားမစားဘဲ​ေအာ္​တာ ည​ေရာက္​​ေတာ့ မ​ေအာ္​ႏိူင္​ပဲသတိလစ္​သြားတယ္​။ အိမ္​​ေ႐ွ႕မွာ​ေတာ့ ႐ုပ္​ဆိုးဆိုး လူလားဘာလားမသဲကြဲဘူး။ ရပ္​​ေနတဲ့သူႏွစ္​​ေယာက္​ လွံအခြၽန္​ႀကီး​ေတြကိုင္​ၿပီး ကြၽန္​​ေတာ္​့ကိုၾကည္​့​ေနတာ​ဗ်။ ႐ုတ္​တရက္​ ဟို​တ​ေန႔ကအ​ေခါင္​းထမ္​းလာတဲ့ မိန္​းမႀကီး​ေရာက္​လာတယ္​​ဗ်။ ​ေဟာ လက္​ယက္​​ေခၚ​ေနၿပီ။မလိုက္​ဘူးလို႔​ေအာ္​​ေပမယ္​့ ​ေျခ​ေထာက္​​ေတြက ညိဳ႕ယူထားတဲ့အတိုင္​းမိန္​းမႀကီး​ေနာက္​လိုက္​သြားတယ္။
မၾကာပါဘူး ​ေျမ​ေပၚ​ေျခ​ေထာက္​ခ်တုန္​း။ သိမ္​့ကနဲ​ေအာက္​ကိုက်သြားတယ္​​ဗ်။
“ဗုန္​း”
“ဟာ…ဒါ…ဒါ….ငါ​​ေသသြားတာလား။ ဒါငရဲျပည္​ဆိုတာလား။ ”
႐ုတ္​ရက္​ ​ေဘးႏွစ္​ဖက္​က​ေန ဆြဲ​ေပြ႔ၿပီး သူတို႔​ေခါင္​း​ေဆာင္​ႀကီးဆီ​ေခၚထုတ္​လာတယ္​။ ​ေခါင္​း​ေဆာင္​ႀကီး​ေ႐ွ႕​ေရာက္​​ေတာ့ ​ေခါင္​း​ေဆာင္​ႀကီးက ​သ​ားေရ​ေပၚကစာ​ေတြကိုဖတ္​​ေနတယ္​။ ႐ုပ္​ကလည္​းဆိုးသ​ဗ်ား။ မ​ေသခင္​တုန္​းက လူ႔ျပည္​ကဘီလူးအ႐ုပ္​ဆိုးတယ္​ထင္​တာ။ ခုက သူ႔ထက္​ပိုဆိုး​တယ္။ မ်က္​လံုးႀကီး​ေတြကလည္​းျပဴးထြက္​လို႔။
“ဒီမွာလူသား…သင္​​ေရာက္​​ေနတာ ငရဲျပည္​ျဖစ္​တယ္​။သင္​့လူျပည္​့ကမ​ေကာင္​းမႈတစ္​ခုျပဳလုပ္​ခဲ့လို႔ပဲ။ အဲအတြက္​ သင္​့ကို​ေမးမယ္​။ သင္​ဘာမ​ေကာင္​းမႈျပဳခဲ့သလဲ။”
“ကြၽန္​​ေတာ္​…အင္​း…မ​ေကာင္​းမႈဆိုလို႔တစ္​ခုမွမလုပ္​ခဲ့ပါဘူး။ အရက္​​ေသာက္​တာ​ေလးပါပဲ။ ”
“​ေနာက္​ထပ္​​ေကာ..”
“​ေနာက္​ထပ္​…​ေအာ္​လြန္​ခဲ့တဲ့သံုးရက္​​ေလာက္​က ​အ​ေလာင္​း​ေဖာက္​ခဲ့ဖူးပါတယ္။ ”
” ​ေအး… ငရဲသားတို႔ ဒီလူကို ဆီပူအိုးထဲအႏွစ္​ႏွစ္​ဆယ္​ထိုးသတ္​​ေစ။…”
ကြၽန္​​ေတာ္​့ကိုဆီပူအိုးႀကီး႐ွိရာ​ေခၚလာၿပီ​ဗ်။ ​ေဟာ..ကြၽန္​​ေတာ္​႐ုန္​းတယ္​။ မရဘူး။
ပစ္​ခ်ၿပီ​​ဗ်။.သြားၿပီ ကြၽန္​​ေတာ္​မ်က္​လံုးမွိတ္​ထားလိုက္​တယ္​။ ပူရမယ္​့အစားအခ်ိန္​အ​ေတာ္​ၾကာတဲ့အထိမပူတဲ့အတြက္​ မ်က္​စိဖြင္​့ၾကည္​့လိုက္​​ေတာ့။ ဘယ္​က​ေရာက္​လာမွန္​းမသိတဲ့ဝါးလံုး​ေတြကကန္​႔လန္​႔ခံ​ေနတာ​ေတြ႔တယ္​။
ငရဲသား​ေတြကလည္​း ​ေနာက္​တစ္​ခါထပ္​ပစ္​ခ်တယ္​။ ထံုးစံအတိုင္​းပဲ ဝါးလံုး​ေတြထပ္​​ေရာက္​လာၿပီိး ခံ​ေနျပန္​​ေရာ။ ငရဲသား​ေတြစဥ္​းစားရခက္​လာၿပီ။ ဆူးတံုးႀကီး​ေတြထဲထည္​့​ေတာ့လည္​းဝါးလံု​ေတြကလာခံျပန္​​ေရာ။​ေခြး​ေတြကိုလိုက္​ခိုင္​းတယ္​။ ​ေအာင္​မ​ေလး​ေခြး​ေတြက အႀကီးႀကိိး​ဗ်။ အ​စြယ္​​ေတြကလည္​း​ေဖြးလို႔။​ေခြးတစ္​​ေကာင္​ကြၽန္​​ေတာ္​့ဆီ​ေျပးလာၿပီ။ အနား​ေရာက္​ခါနီးမွ ဝါးလံုး​ေတြက ကြၽန္​​ေတာ္​့ကိုပတ္​ပတ္​လည္​ကာထားတယ္။ ငရဲသား​ေတြကလည္​း ​ေနာက္​ဆံုးကြၽန္​​ေတာ္​့ကို ခု​နေခါင္​း​ေဆာင္​ႀကီးဆီ​ေခၚသြားၿပီး အ​ေၾကာင္​းစံု႐ွင္​းျပ​ေတာ့
။”ဒီအျပစ္​သားရဲ႕ ​ေကာင္​းမႈကုသိုလ္​မွတ္​တမ္​းၾကည္​့​စမ္​း ”
“သူဟာ လူ႔ျပည္​တုန္​းက ဘုရားတည္​စဥ္​လိုအပ္​​ေသာဝါး၉လံုးလႉခဲ့ဖူးသူပါ”
ကြၽန္​​ေတာ္​စဥ္​းစားၾကည္​့​ေတာ့ ဝါဆိုသကၤန္​းမကပ္​ခင္​တုန္​းက ဘုရားကိုျပန္​လည္​ျပင္​ဆင္​တုန္​း။ အရက္​ဆိုင္​မွာ အကိ်ဳး​ေဆာင္​က ဝါးလိုအပ္​တဲ့အ​ေၾကာင္​း​ေျပာ​ေတာ့။ ကြၽန္​​ေတာ္​့ ​ေတာင္​​ေပၚကယာထဲမွာ ဝါးပင္​႐ွိတယ္​။ လိုခ်င္​သ​ေလာက္​ခုတ္​သြား​ေျပာလိုက္​တယ္​​ဗ်။ စိတ္​ထဲကလည္​းမႏွ​ေျမာပါဘူး။
“​ေအး ဒီမွာလူသား သင္​ဟာ ငရဲျပည္​ မွာ​ေနဖို႔အခ်ိန္​မတန္​​ေသးဘူး။ လူျပည္​မွာသက္​တမ္​းက်န္​​ေသးတယ္။ယ ျပန္​ၿပီး​ေတာ့​ေကာင္​းမႈကုသိုလ္​လုပ္​ခဲ့ပါ”
​ေစာနက ​ေခၚလာတဲ့ ႐ုပ္​ဆိုးဆိုးသတၱဝါႀကိိး​ႏွစ္​​ေကာင္​ကပဲ ျပန္​​ေခၚသြားတယ္​။ ​ေဟာအိမ္​​ေ႐ွ႕​ေရာက္​​ေတာ့ ကြၽန္​​ေတာ့္​ခနၶာကိုယ္​ကိုလက္ျငိဳးထိုးျပၿပီး​ေပ်ာက္​သြားတယ္။ ကြၽန္​​ေတာ္​႐ုပ္​အ​ေလာင္​းကိုစိုက္​ၾကည္​့လိုက္​​ေတာ့ရင္​ထဲသိမ္​့ခနဲျဖစ္​သြားၿပီး မ်က္​လံုးျပန္​ဖြင္​့ၾကည္​့တယ္​။ ကြၽန္​​ေတာ္​့​ေျခမကိုလည္​းခ်ည္​ႀကိဳး​ေတြနဲ႔ခ်ည္​ထားတာမနည္​းျဖဳတ္​လိုက္​ရတယ္​။ အမယ္​ ဖဲဝိုင္​းကလူ​ေတြကလည္​းဖဲကိုပဲအာရံုစိုက္​​ေနတာ က​ြၽန္​​ေတာ္​သတိရလာတာရိပ္​မိပံုမ​ေပၚဘူး။ ရင္​ထဲကသိခ်င္​လာတာနဲ႔။ အနီးကလူတစ္​​ေယာက္​က္​ို
“ဒီ​ေန႔ ဘယ္​ႏွရက္​လဲ ကုိ႔လူ”
“၉ရက္​ ”
ဟင္​ ၉ရက္​ ကြၽန္​​ေတာ္​မ​ေသခင္​ညက ၆ရက္​ ဟာ သံုးရက္​​ေတာင္​႐ွိၿပိိ။ ငါငရဲျပည္​မွာတုန္​းကခန​ေလးပါ..စဥ္​းစား​ေနတုန္​း မ်က္​ႏွာခ်င္​းဆိုင္​ ဖဲသမားတစ္​​ေယာက္​ကမိးျခစ္​ျခစ္​​ေနရင္​းၾကက္​​ေသသြားတယ္​​ဗ်။
“​ေဟ့​ေကာင္​ လွမ်ိဳး ဖဲခ်​ေလကြာ ဘာ​ေၾကာင္​ၾကည္​့​ေနတာလဲ။ ”
ဟိုလူကလည္​း​ေမး​ေငါ့ျပ​ေနတယ္​​ဗ်။ ကြၽန္​​ေတာ္​့ဆီကိုအကုန္​လံုးဝိုင္​းၾကည္​့ၿပီး ​ေျပာတာက​ေတာ့…
“သရဲ ​ဗ်ိဳ႕….သန္​းတိုးသရဲ​ေျခာက္​တယ္​ဟ ​ေနာက္​က်တဲ့​ေျခ​ေထာက္​သစၥာ​ေဖာက္​ပဲ​ေျပးၿပိိ​ေဟ့။”
႐ုန္​းရင္​းဆန္​ခတ္​ျဖစ္​လို႔ အိမ္​အ​ေနာက္​ဖက္​ကအ​ေမ​ေျပးလာတာကြၽန္​​ေတာ္​့ကိုလည္​းျမင္​​ေရာ ​ေၾကာင္​သြားတယ္​​ဗ်။
“သား…သန္​းတိုး…သား..မင္​းမလားဟင္​၊ အ​ေမ မ်က္​စိမမွားပါဘူး​ေနာ္​။”
“အ​ေမမမွားပါဘူး။ ကြၽန္​​ေတာ္​သန္​းတိုးအစစ္​ပါ​ဗ်။”
“သား..” အ​ေမကြၽန္​​ေတာ္​့ကို​ေပြ႔ဖက္​ထားတယ္​​ဗ​်။အ​ေမက​ေတာ့​ေပ်ာ္​လို႔​ေပါ့။
“သားဘာျဖစ္​တာလဲဟင္​ အ​ေမ့ကို​ေျပာျပ”
“​ေျပာျပမယ္​အ​ေမ သားအမွန္​အတိုင္​းပဲဲ​ေျပာျပပါ့မယ္​့”
………………………………………..÷÷…………………
…………. ျဖစ္​ပံုက​ေတာ့ဒါပါပဲ အ​ေမ ကြၽန္​​ေတာ္​့အမွားအတြက္​ျပန္​ျပင္​ခြင္​့ျပဳပါ​ေနာ္​”
“သာဓု…..သာဓု…..သာဓု… အ​ေမ့သား​ေလးအခုလိုအျမင္​မွန္​ရလာတာ အ​ေမသိပ္​ဝမ္​းသာတာပဲကြယ္​။ သားလုပ္​စရာ႐ွိတာဆက္​လုပ္​​ေနာ္​။”
​ေနာက္​တ​ေန႔မွာပဲ ကြၽန္​​ေတာ့ရြာမွာအလူွလုပ္​တယ္​​ဗ်။ ကြၽန္​​ေတာ္​က​ေတာ့ရာသက္​ပန္​ဘုန္​းႀကီးဝတ္​ၿပီး ကြၽန္​​ေတာ္​ဖြက္​ခဲ့တဲ့ရတ​နာ​ေတြကိုဘုရားမွာ႒ာပနာလိုက္​ပါတယ္​။ ​ေသဆံုးသူအတြက္​လည္​းအမွ်​ေပး​ေဝျပ္​ိး တရားဘာဝနာပြားမ်ားကာ ​ေၾကာက္​ဖို႔​ေကာင္​းတဲ့သံသရာဝဋ္​ဆင္​းရဲက​ေန လြတ္​​ေျမာက္​​ေအာင္​အစြမ္​းကုန္​ႀကိဳးစားပါ​ေတာ့တယ္​။
စာဖတ္​ပရိတ္​သတ္​ႀကီး​ေရာ…ဒီ​ေန႔အထိဘာ​ေကာင္​းမႈ​ေတြလုပ္​ခဲ့ၿပီးၿပီလဲ။ မနက္​ျဖန္​အထိမ​ေစာင္​့​နဲ႔​ေနာ္​။ ခုထလုပ္​လိုက္​​ေတာ့။ အခ်ိန္​မ​ေရြးဘဝႀကီးကအဆံုးသတ္​သြားႏိူင္​တယ္​။ ကုသိုလ္​တရားမ​ေမ့ၾကပါနဲ႔….။
ၿပီးပါၿပီ။
မိုးမခ (ေတာင္တြင္း)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မိုးမခ(​ေတာင္​တြင္​း)

# Unicode Version ျဖင့္ ဖတ္ပါ #

သေရွာပြန်သူ၏နေရာမှ ခံစားရေးဖွဲ့သည်…။
ကျွန်တော့်နာမည်ကို သန်းတိုး။ ရွာမှာတော့ အရက်ဘဲကြီးပေါ့😜။ ကျွန်တော့်ရဲ့ ဂုဏ်ကိုဖော်ပြပါဆိုရင် အရက်သောက်တာပဲ။ ဘယ်လောက်သောက်လဲဆို ထန်းရည်ဆိုင်ကတောင်လက်မခံလို့ အရက်ပြင်းဝယ်သောက်နေရတယ်။
အရက်ကစွဲသထက်စွဲလာတော့ အိမ်က လယ်တွေလည်းပြောင်သလောက်ဖြစ်လာတယ်။ မိဘတွေကလည်း အရက်ပြတ်သွားအောင်နည်းအမျိုးမျိုးလုပ်ပေမယ့် တခါလေးပါဆိုပြီး ပြန်စွဲသွားလို့ နောက်ဆုံးလက်လျှော့လိုက်ရတာချည်းပဲ။ တနေ့ပေါ့ဗျာ…
ကျွန်တော့်သူငယ်ချင်း လေးယောက်နဲ့ အရက်ဆိုင်ကအပြန်  ကျွန်တော့်သူငယ်ချင်း တိုးကြီးက…
“ဟေ့ကောင် သန်းတိုး။ မင်းဘွားတော်(အမေကိုခေါ်ခြင်း ဖြစ်သည်)က အရင်ကလို ရေမရှိတော့ဘူးဆို(ရေ=ငွေ)”
“အေးကွာ …အေ့…ငါကလည်း အရက်ချစ်သူဆိုတော့ရေမရှိတာမဆန်းပါဘူး..အေ့…”
“ဒါဆိုမင်းအခုတလော ရေလိုနေတာပေါ့”
“လိုတာပေါ့ကွ လိုဆို ခုငါဖြည့်လာတာ တစ်ဝက်ပဲရသေးတယ်..အေ့…ပြောရင်းပြန်သောက်ချင်လာပြီ…”
“ဟာ…သန်းတိုး မင်းကြီးဒေါ်ပိုက်ဆံကမရှိတော့ဘူးဟ”
“အေ့… ဒီငွေကြောင့်ကွ အာ့ကြောင့်ပြောတာ မင်းတို့်ဟိုသီချင်းကြားဖူးလား ”
“ဘယ်သီချင်းလဲ ”
“ငါဆိုပြမယ်..အေ့… ဂုဏ်..ဂုဏ် …ဂုဏ်…ဂုဏ်ဆိုတာငွေကိုခေါ်တယ်…ငွေကိုသာရေလိုသုံးရင်တပြည်လုံးမှာလုပ်သမျှတင့်တယ်..ယောက္ခမ ကြီးကမျက်နှာချိုမယ် ကိုယ့်မယားကစေတနာပိုတယ်…အေ့…သောက်မယ်…စားမယ် လမ်းလယ်မှာလဲလို့ လုကိုတွဲလို့အိမ်ထဲခေါ်မယ်…အေ့… လူမှာငွေမရှိရင် လင်ယူမိတာနာတယ်ထင်တယ်။..”
“အော်…အေ့…သိပြီ..”
” ဒါနဲ့ မင်းအလုပ်တစ်ခုလုပ်ရမယ်ဆိုရင်ကောစိတ်မဝင်စားဘူးလား သန်းတိုး”
“ဘာ အလုပ်ဟုတ်လား ငါ့လိုကောင်ကို ဘယ်သူက ခေါ်ခိုင်းမှာလဲဟ..အေ့”
“ရှိတာပေါ့ကွ သိပ်ရှိ ဒီကိစ္စကမင်းနဲ့ငါနှစ်ယောက်တိုင်ပင်မှဖြစ်မှာ မနက်ဖြန် စောစောလာခဲ့။”
“အေ့ ပြီးရောကွာ…”
ဒီလိုနဲ့ နောက်မနက်လည်းရောက်ရော …
“ဟေ့ကောင် တိုးကြီး ထတော့လေကွာ ငါတောင်ထမင်းစားပြီးပြီ”
“ဟင် သန်းတိုး မင်းပါလား အစောကြီးနိုးတယ်ပေါ့ ညကမင်းငါတို့ထက်ပိုသောက်တာခေါင်းမကိုက်ဘူးလား”
“ဟားဟားဟား ငါဆိုတဲ့ကောင်က သောက်ရင် အရက်ကအရှုံးပေးရစမြဲပါကွ၊ ရွာမှာနာမည်တစ်လုံးနဲ့နေလာတာ သန်းတိုးကွ နှစ်ယောက်ရှိရင် အသက်ချင်းလဲပစ်လိုက်မယ်။ ”
”အေးပါကွာ ဟုတ်ပါပြီ။လာထိုင် ငါပြောပြမယ်”
“အေးပြော”
” ဒီလိုကွ ငါတို့ရွာနဲ့ ၈မိုင်လောက်က ဂွေးတောက် ရွာမှာ သူဌေးတစ်ယောက်သေတယ်ကွ။”
“အဲဒါငါနဲ့ဘာဆိုင်တုန်း”
“ဟ စကားကိုဆုံးအောင်နားထောင်မှပေါ့။ ”
“ဒီမှာ သူသေတော့ သူ့အတွက် လက်ဝတ်လက်စားတွေထည့်ပေးလိုက်တာမှ သိန်းချီပြီးတဲ့ကွ။ ”
“အဲတော့ ”
” အဲတော့ကွာ အဲအလောင်းကိုဖောက်ပြီး ရင် မင်းလိုနေတဲ့ ရေ ရပြီပေါ့”
“နေပါဦးကွ မင်းပြောတဲ့ သိန်းပေါင်းများစွာက မက်လောက်စရာပဲ သူ့ရွာက ဖောက်သွားရင်ကော”
“မင်းနှယ်တုံးပကော အဲရွာက အယူသိပ်သည်းတာလေ အဲရွာမပြောနဲ့ တို့ရွာမှာတောင် နေဝင်ပြီဆိုတာနဲ့အပြင်ထွက်တဲ့သူမြင်ဖူးလို့လား။ တစ္ဆေအသံကြားတာနဲ့ ငါတောင်ကြောက်တက်တာပဲ။ မင်းကလွဲပေါ့။ မင်းကတော့ ထူးထူးခြားခြား ဘာမှမကြောက်တဲ့ကောင်ပဲ”
“ဟာ အဲလိုတော့မပြောနဲ့ ငါကြောက်ရမယ့်အရာရှိတယ်”
“ပြောပါအုံး ဘာများလဲ”
“အရက်ခွက်မှောက်သွားမှာကိုလေ”
“နွား…ငါကအကောင်းမှတ်လို့ ၊ ဒါနဲ့ မင်းလုပ်မှာလားပြော”
“အေး ရမယ်ဆိုလို့ကတော့ လုပ်ပြီးသားပဲ၊ ဒါနဲ့ငါက ဘယ်သူနဲ့လုပ်ရမှာလဲ ”
“အေး အဲဒါပြောမယ် မင်းနဲ့လုပ်ရမယ့်သူက အဘိုးကြီးတစ်ယောက်ပဲကွ၊ သူ့နာမည်က ဦးမြမောင်တဲ့။ သူ့ကိုယ်သူတော့ အောက်လမ်းဆရာလို့ပြောတာပဲ ရဲတဲ့လူလိုတယ်ဆိုလို့ မင်းကိုမေးနေတာ”
“ဟေ့ကောင်တိုးကြိး မင်းအကြောင်းငါသိတယ်။ ပြော မင်းဘယ်လောက်ရလဲ”
“ဟဲဟဲ မင်းက သိပ်လည်တာပဲ သိပ်မရပါဘူး ၂သောင်းထဲပါ”
“ငါထင်ပြီးသားပါ၊ ဘာပဲဖြစ်ဖြစ် လုပ်မယ်ကွာ၊ လူဆိုတာမွေးတနေ့သေတနေ့ပဲ”
“ပြီးတာပဲ ငါ့ကိုတော့မျက်နှာပျက်အောင်မလုပ်နဲ့ သူ့ဆီက ငွေယူပြီးပြီ”
“အေးပါကွာ…ဒါနဲ့ ဘယ်တော့စမှာလဲ ၊ ”
“မနက်ဖြန်ညစမယ်လို့ပြောတယ် ဒီနေ့သွားတွေ့ပေးမယ်”
ဒီလိုနဲ့ တိုးကြီး နဲ့ ကျွန်တော် အောက်လမ်းဆရာကြီးဆီသွားခဲ့တယ်။ အောက်လမ်းဆရာကြီးက ရွာပြင်ကသုသာန်မှာနေတာဗျ။ လူကတော့ အေးတိအေးစက်ကြီးပါဗျာ။ ဆေးပြင်းလိပ်ကြီးဖွာလို့။
ကျွန်တော်တို့ရောက်တော့။ သူက…
“လာမောင်ရင်တို့ လာထိုင်လှည့်ကွဲ့။ ဒါနဲ့ ဒီအထိရောက်ပြီဆိုတော့ ငါ့တူတို့က လုပ်မယ်ပေါ့။”
“ဟုတ်ကဲ့ လုပ်မှာပါအဘ”
“အေး လုပ်မယ်ဆိုအဘ ဝမ်းသာတယ်ကွယ်။ ဒါပေမယ့် ဘာအန္တရာယ်ပဲတွေ့တွေ့ လုံးဝပြေးလို့မရဘူးနော်။ ပြေးလို့ကတော့ အဘလည်းမကယ်နိူင်ဘူး။ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ။ ”
“စိတ်ချပါအဘ။ ဒါနဲ့ ဝေစုကကော ဘယ်လိုလုပ်မလဲအဘ”
“ဒီလိုကွဲ့ အဲမှာရှိတဲ့ပစ္စည်းကို လူလေးယူ အဘက သူ့ဆီက ပရဆေးပဲယူမှာ”
“အိုခေလေ အဘ အဘပြောတဲ့အတိုင်းပဲနော်”
“အေးပါကွာ ငါလူကြီးပါ ကတိတည်ပါတယ်”
(“လူကြီးတွေကပဲ ကတိမတည်တာ “)အတွေးနှင့်ပြောခြင်းသာ😁
အပေးအယူတည့်သွားတယ်။ ပြီးတော့အဘက မင်းအတွက်ဆိုပြီး ချည်မန်းကွင်းကို လက်မှာချည်ပေးတယ်။ အဘက
“လိုရမယ်ရပေါ့ကွာ ပရလောကသားတွေက နှောက်ယှက်မှာပဲ ဒီချည်မန်းကွင်းစွပ်ထားရင် မင်းအနားသူတို့ကပ်လို့မရဘူး။ ဒီနေ့ကစပြီး သုံးရက်တိတိဝတ်ထား သုံးရက်အတွင်းလုံးဝမချွတ်မိစေနဲ့ ဟုတ်ပြီလား”
“ဟုတ်ကဲ့ ရပါတယ်ဗျာ”
အမှောင်ယံညရဲ့ တိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်မှာ လူသုံးယောက် ဂွေးတောက်သချိုင်းထဲမှာ လှုပ်တုတ်လှုပ်တုတ်သွားနေတယ်။ လပြည့်ညဆိုတော့ ကောင်းကင်မှာ လမင်းကြီးက ကြီးစိုးနေလေရဲ့။ ရုတ်တရက်…
“အူ…ဝူး…ဝူး…အာ..ဝူး…ဝူး…” ဆွဲငင်လိုက်သော ခွေးအူသံကြောင့် ကျွန်တော့်သူငယ်ချင်း တိုးကြီး ကျွန်တော့်ကိုခုန်အုပ်တော့လေသည်။
“ဟား ဟေ့ကောင် ဒါဘာလုပ်တာလဲဆင်းစမ်း”
“ဟင် ဆင်းဘူး ငါကြောက်တယ်ကွ ခုနခွေးအူလိုက်တာမင်းကြားလား”
“ဟေ့ကောင် ခွေးက သူ့ဟာသူအူတာ မင်းကြောက်ချီးပန်းမနေနဲ့ ကြောက်ရင် လှည့်ပြန်ကွာ…”
“ဟင် သချိၤုင်းအလယ်ရောက်ပြီးမှ ပြန်ခိုင်းရလား လိုက်ခဲ့မယ်”
“လိုက်မယ်ဆို ပါးစပ်ပိတ်ပြီးလိုက်”
သူ့ကြည့်ရတာကြောက်နေပုံရတာနဲ့
“ရော့ ဒါနဲနဲသောက်လိုက် ”
“အေး နဲနဲသက်သာသွားပြီ”ထိုစဉ်အဘက
“လူလေးတို့လာကြဟေ့ ရှေ့မှာတွေ့ပြီ အဘပေးထားတဲ့ မန်းကွင်းတွေစွပ်ထားသရွေ့ ဘာမှမဖြစ်ဘူး
ကဲ အဘ စည်းတားပြီ စည်းမဖောက်နဲ့ တစ်ယောက်စည်းဖောက်ရင်အကုန်သေကုန်မယ် ကြားလား”
“စိတ်ချအဘ သန်းတိုးကိုခြောက်နိူင်ရင်ခြောက်ပေါ့ကွာ ဟား ဟား ဟား”
အဘက တော့ ဒေါင့်လေးထောင့်မှာ ဖယောင်းတိုင်ထွန်းတယ်။ ယူလာတဲ့အိုးသေးလေးထဲက အဖြူမှုန့်တွေကိုဖြူးလိုက်ပြီးစည်းတားတယ်။ စပြီး ဂါထာရွတ်နေပါပြီ။ ဥုံ ပဲနားလည်တယ် ကျန်တာနားမလည်ဘူး။
ဂါထာရွတ်ကာစကဘာမှမဖြစ်ဘူး။ အချိန် ၁၀မိနစ်ရောက်လာတော့ လေတွေတိုက်လာတယ်။
“ဝေါ…ဝေါ…ဝေါ…အီး..ဟီး..ဟီး.. ရှီ..”
အသံတွေထွက်လာတယ် သချိၤုင်းထဲမှာမုန်တိုင်းတိုက်နေတယ်။ သစ်ပင်တွေက ပြုတ်ထွက်မတက် ဟိုယိမ်းဒီယိမ်းနဲ့။ ကျွန့်တော်သူငယ်ချင်းတိုးကြီးကတော့ မျက်စိမှိတ်ပြီး ဘုရားတနေပြီ။ ထူးဆန်းတာက လေဒီလောက်တိုက်တာ ထွန်းထားတဲ့ ဖယောင်းတိုင်ကလုံးဝ မငြိမ်းတာပဲ။ (နောင်သိရသည်မှာ… ၎င်း ဖယောင်းတိုင်မှာ ဆေးဖယောင်းတိုင်ပင်ဖြစ်သောကြောင့် မငြိမ်းခြင်းဖြစ်သည်..)
မန်းလို့လည်းပြီးရော
“ကဲ ငါ၏ဆိုင်ရာပုဂ္ဂိုလ်များ က လွန်ခဲ့သော၃ရက်ကသေပြီးသား ဦးဘဖြူ ၏ဝိညာဉ်ကချုပ်၍ ကျွန်ုပ်၏ ရှေ့မှောက်သွင်းစေ ငါအောက်လမ်းဆရာ ဦးမြမောင်အမိန့်”
………….
ဘာမှမထူးခြားသေးဘူး။ နောက်နှစ်ခေါက်လောက်ထပ်ပင့်တော့ …
“ဝုန်း ”
ရုတ်တရက် ဂူသွင်းထားတဲ့အဖုံးကြီးကွာကျလာတယ်။
“လာလာ ငါ့တူတို့ အခေါင်းကိုဆွဲထုတ်ဟေ့”
“ဝေါ့” ရုတ်ရက် တိုးကြိးအန်ချလေသည်။
အလောင်းက ပိုးထိပြီးဆုံးတာဆိုတော့ ပုပ်ပွနေသည်။
” လူလေးတို့ ရွံရမယ့်အချိန်မဟုတ်ဘူး အဘစည်းက နာရီပိုင်းပဲခံမှာ ပရလောကသားတွေက နှောက်ယှက်တော့မယ် ယူစရာရှိတာမြန်မြန်ယူဟေ့”
အဘက အသင့်ပါလာတဲ့အိပ်ထဲ အလောင်းရဲ့ ဆံပင်၊ လက်သည်း ခြေသည်း အကျီစ ပုဆိုးတွေကို ဖြတ်ယူပြီးပြီ။
ကျွန်တော်ကတော့ ခုထိရတနာတွေကိုရှာမတွေ့သေး။
“တိုးကြိး”
“ဘာတုန်း”
“မင်းနားက အလောင်းခေါင်းအုံးထဲမှာရှိနိူင်တယ်။ ရှာကြည့်စမ်း”
“ဘာ ဟာ ငါ…ဒါ…ဒါ…ကြီးကို မလုပ်ချင်ဘူးကွာ..”
“မင်းမလုပ်ချင်ရင် မင်းဝေစုငါမပေးဘူး”
“ဟာ အဲလိုတော့မလုပ်နဲ့ကွာ ငါလုပ်မယ်”
ကြောက်ကြောက်နဲ့ မသာခေါင်းကိုမ အောက်ကခေါင်းအုံးကို ယူ ပြီးမတဲ့အချိန် လန့်ပြီး ခေါင်းအုံးကမြေပြင်ပေါ်လွတ်ကျသွားတယ်။
“ချလွမ်း ချလွမ်း”
“ဟာ ဟေ့ရောင် သွားကြည့်စမ်း”
“ဟား ဟား သန်းတိုး ငါတို့ချမ်းသာပြီကွ ဒီ…ဒီ….မှာ ရွှေ….တွေ”
“အေး ပေးပေး ငါယူထားမယ် မင်းကကြောက်နေတာလွတ်ကျရင်ဘာမှမရဘဲနေလိမ့်မယ်”
ထိုစဉ်အဘက “လူလေးတို့မြန်မြန်လုပ်ဟေ့ အချိန်မရတော့ဘူး သချိုၤင်းကုန်းကအမြန်ထွက်ကြမယ်”
“ဟုတ်ကဲ့အဘ”
“အာ….ဝူး….ဝူး….ဝူး….အု…ဝူး….ဝူး….”
ရုတ်တရက်ခွေးအူသံကြောင့် တိုးကြီးခြေလှမ်းတုန့်သွားတယ်။ အဘက
“ဟေ့ကောင် ရပ်မနေနဲ့ ခုချိန်ဘာပဲတွေ့တွေ့ အယောင်ဆောင်တွေ မြန်မြန်လာ မင်းကိုဖမ်းစားထားတာ နားမဝင်နဲ့”
တိုးကြီးလည်း နားကိုလက်နှစ်ဖက်ပိတ်ပြီး အလယ်ကနေလိုက်လာတယ်။ ကျွန်တော်ကနောက်ဆုံးကဆိုတော့ ကြက်သီးတွေထလိုက်တာမှတဖြန်းဖြန်းပဲ။ ဒါပေမယ့် သရဲဆိုတာအယုံအကြည်မရှိတဲ့အတွက် သိပ်မကြောက်ပါဘုး။ ရွာအဝင်နားအထိ ခွေးအူသံတွေကလိုက်နေတုန်း ရွာဝင်သွားမှပဲမကြားရတော့တယ်။
ရွာဝင်ခါနီး အဘကမှာသွားတယ်။ လက်ဝတ်လက်စားတွေကို ဒီရက်အတွင်းမထုပ်ဘဲသိမ်းထားဆိုလို့ ရွာစည်းရိုးက သရက်ပင်အောက်မှာဖွက်ထားခဲ့တယ်။
သုံးရက်ပြည့်မယ့်ရက်မှာ အရက်ဆိုင်ကို ထုံးစံအတိုင်းသွားတယ်။ အပြန်နည်းနည်းမူးတော့ ဟိုယိုင်ဒီယိုင်နဲ့လမ်းလျှောက်ရင်း လက်က မန်းကြိုးကမတော်တဆပြုတ်သွားတယ်။ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူး။ တိုးကြီးရဲ့လက်ပတ်ပါပြုတ်သွားတာ။ အဲနေ့ကမသိလိုက်ဘူး။ညရောက်တော့….
“အူဝူး….ဝူး….ဝူး…ဝုတ်…ဝုတ်…ဝုတ်…”
အိမ်ရှေ့မှာညခွေးတွေဟောင်နေလိုက်တာ….ထူးဆန်းတာက အိမ်ကလူတွေတစ်ယောက်မှမနိူးတာပဲ။
အိပ်မက်ထဲမှာတော့ မိန်းမတစ်ယောက်အခေါင်းကြီးထမ်းလာတယ်ဗျ။ ပြီးတော့ ကျွန်တော့်ကိုလက်ညှိုးထိုးပြီး အခေါင်းကိုညွန်းနေတာ ကြက်သီးတွေတဖြန်းဖြန်းထနေတယ်။ နောက်နေ့ကစပြီး ကျွန်တော်ကယောင်ကတမ်းဖြစ်တော့တာပဲ။
“အမေ လုပ်ကြပါအုံးဗျ။ ဟိုမှာ …ဟိုမှာ …အိမ်ရှေ့မှာ အခေါင်းကြီးထမ်းပြီး စောင့်နေတယ်အမေရ။ ”
“မောင်းထုတ်ပေးကြပါဗျာ။ ကျွန်တော်မလိုက်ဘူး။ ဘာလို့လိုက်ရမှာလဲ။ သွား…သွား…”
“အမေ့ ခေါင်းတလားကြီးလာနေပြီ။ခေါင်းတလားကြီးလာနြေပိဗျ။ အီး ….ဟီး….ဟီး…. သားကြောက်တယ်အမေ။”
တနေ့လုံးအစားမစားဘဲအော်တာ ညရောက်တော့ မအော်နိူင်ပဲသတိလစ်သွားတယ်။ အိမ်ရှေ့မှာတော့ ရုပ်ဆိုးဆိုး လူလားဘာလားမသဲကွဲဘူး။ ရပ်နေတဲ့သူနှစ်ယောက် လှံအချွန်ကြီးတွေကိုင်ပြီး ကျွန်တော့်ကိုကြည့်နေတာဗျ။ ရုတ်တရက် ဟိုတနေ့ကအခေါင်းထမ်းလာတဲ့ မိန်းမကြီးရောက်လာတယ်ဗျ။ ဟော လက်ယက်ခေါ်နေပြီ။မလိုက်ဘူးလို့အော်ပေမယ့် ခြေထောက်တွေက ညို့ယူထားတဲ့အတိုင်းမိန်းမကြီးနောက်လိုက်သွားတယ်။
မကြာပါဘူး မြေပေါ်ခြေထောက်ချတုန်း။ သိမ့်ကနဲအောက်ကိုကျသွားတယ်ဗျ။
“ဗုန်း”
“ဟာ…ဒါ…ဒါ….ငါသေသွားတာလား။ ဒါငရဲပြည်ဆိုတာလား။ ”
ရုတ်ရက် ဘေးနှစ်ဖက်ကနေ ဆွဲပွေ့ပြီး သူတို့ခေါင်းဆောင်ကြီးဆီခေါ်ထုတ်လာတယ်။ ခေါင်းဆောင်ကြီးရှေ့ရောက်တော့ ခေါင်းဆောင်ကြီးက သားရေပေါ်ကစာတွေကိုဖတ်နေတယ်။ ရုပ်ကလည်းဆိုးသဗျား။ မသေခင်တုန်းက လူ့ပြည်ကဘီလူးအရုပ်ဆိုးတယ်ထင်တာ။ ခုက သူ့ထက်ပိုဆိုးတယ်။ မျက်လုံးကြီးတွေကလည်းပြူးထွက်လို့။
“ဒီမှာလူသား…သင်ရောက်နေတာ ငရဲပြည်ဖြစ်တယ်။သင့်လူပြည့်ကမကောင်းမှုတစ်ခုပြုလုပ်ခဲ့လို့ပဲ။ အဲအတွက် သင့်ကိုမေးမယ်။ သင်ဘာမကောင်းမှုပြုခဲ့သလဲ။”
“ကျွန်တော်…အင်း…မကောင်းမှုဆိုလို့တစ်ခုမှမလုပ်ခဲ့ပါဘူး။ အရက်သောက်တာလေးပါပဲ။ ”
“နောက်ထပ်ကော..”
“နောက်ထပ်…အော်လွန်ခဲ့တဲ့သုံးရက်လောက်က အလောင်းဖောက်ခဲ့ဖူးပါတယ်။ ”
” အေး… ငရဲသားတို့ ဒီလူကို ဆီပူအိုးထဲအနှစ်နှစ်ဆယ်ထိုးသတ်စေ။…”
ကျွန်တော့်ကိုဆီပူအိုးကြီးရှိရာခေါ်လာပြီဗျ။ ဟော..ကျွန်တော်ရုန်းတယ်။ မရဘူး။
ပစ်ချပြီဗျ။.သွားပြီ ကျွန်တော်မျက်လုံးမှိတ်ထားလိုက်တယ်။ ပူရမယ့်အစားအချိန်အတော်ကြာတဲ့အထိမပူတဲ့အတွက် မျက်စိဖွင့်ကြည့်လိုက်တော့။ ဘယ်ကရောက်လာမှန်းမသိတဲ့ဝါးလုံးတွေကကန့်လန့်ခံနေတာတွေ့တယ်။
ငရဲသားတွေကလည်း နောက်တစ်ခါထပ်ပစ်ချတယ်။ ထုံးစံအတိုင်းပဲ ဝါးလုံးတွေထပ်ရောက်လာပြီး ခံနေပြန်ရော။ ငရဲသားတွေစဉ်းစားရခက်လာပြီ။ ဆူးတုံးကြီးတွေထဲထည့်တော့လည်းဝါးလုံတွေကလာခံပြန်ရော။ခွေးတွေကိုလိုက်ခိုင်းတယ်။ အောင်မလေးခွေးတွေက အကြီးကြိးဗျ။ အစွယ်တွေကလည်းဖွေးလို့။ခွေးတစ်ကောင်ကျွန်တော့်ဆီပြေးလာပြီ။ အနားရောက်ခါနီးမှ ဝါးလုံးတွေက ကျွန်တော့်ကိုပတ်ပတ်လည်ကာထားတယ်။ ငရဲသားတွေကလည်း နောက်ဆုံးကျွန်တော့်ကို ခုနခေါင်းဆောင်ကြီးဆီခေါ်သွားပြီး အကြောင်းစုံရှင်းပြတော့
။”ဒီအပြစ်သားရဲ့ ကောင်းမှုကုသိုလ်မှတ်တမ်းကြည့်စမ်း ”
“သူဟာ လူ့ပြည်တုန်းက ဘုရားတည်စဉ်လိုအပ်သောဝါး၉လုံးလှူခဲ့ဖူးသူပါ”
ကျွန်တော်စဉ်းစားကြည့်တော့ ဝါဆိုသင်္ကန်းမကပ်ခင်တုန်းက ဘုရားကိုပြန်လည်ပြင်ဆင်တုန်း။ အရက်ဆိုင်မှာ အကျိုးဆောင်က ဝါးလိုအပ်တဲ့အကြောင်းပြောတော့။ ကျွန်တော့် တောင်ပေါ်ကယာထဲမှာ ဝါးပင်ရှိတယ်။ လိုချင်သလောက်ခုတ်သွားပြောလိုက်တယ်ဗျ။ စိတ်ထဲကလည်းမနှမြောပါဘူး။
“အေး ဒီမှာလူသား သင်ဟာ ငရဲပြည် မှာနေဖို့အချိန်မတန်သေးဘူး။ လူပြည်မှာသက်တမ်းကျန်သေးတယ်။ယ ပြန်ပြီးတော့ကောင်းမှုကုသိုလ်လုပ်ခဲ့ပါ”
စောနက ခေါ်လာတဲ့ ရုပ်ဆိုးဆိုးသတ္တဝါကြိးနှစ်ကောင်ကပဲ ပြန်ခေါ်သွားတယ်။ ဟောအိမ်ရှေ့ရောက်တော့ ကျွန်တော့်ခန္ဓာကိုယ်ကိုလက်ငြိုးထိုးပြပြီးပျောက်သွားတယ်။ ကျွန်တော်ရုပ်အလောင်းကိုစိုက်ကြည့်လိုက်တော့ရင်ထဲသိမ့်ခနဲဖြစ်သွားပြီး မျက်လုံးပြန်ဖွင့်ကြည့်တယ်။ ကျွန်တော့်ခြေမကိုလည်းချည်ကြိုးတွေနဲ့ချည်ထားတာမနည်းဖြုတ်လိုက်ရတယ်။ အမယ် ဖဲဝိုင်းကလူတွေကလည်းဖဲကိုပဲအာရုံစိုက်နေတာ ကျွန်တော်သတိရလာတာရိပ်မိပုံမပေါ်ဘူး။ ရင်ထဲကသိချင်လာတာနဲ့။ အနီးကလူတစ်ယောက်ကို
“ဒီနေ့ ဘယ်နှရက်လဲ ကို့လူ”
“၉ရက် ”
ဟင် ၉ရက် ကျွန်တော်မသေခင်ညက ၆ရက် ဟာ သုံးရက်တောင်ရှိပြိ။ ငါငရဲပြည်မှာတုန်းကခနလေးပါ..စဉ်းစားနေတုန်း မျက်နှာချင်းဆိုင် ဖဲသမားတစ်ယောက်ကမိးခြစ်ခြစ်နေရင်းကြက်သေသွားတယ်ဗျ။
“ဟေ့ကောင် လှမျိုး ဖဲချလေကွာ ဘာကြောင်ကြည့်နေတာလဲ။ ”
ဟိုလူကလည်းမေးငေါ့ပြနေတယ်ဗျ။ ကျွန်တော့်ဆီကိုအကုန်လုံးဝိုင်းကြည့်ပြီး ပြောတာကတော့…
“သရဲ ဗျို့….သန်းတိုးသရဲခြောက်တယ်ဟ နောက်ကျတဲ့ခြေထောက်သစ္စာဖောက်ပဲပြေးပြိဟေ့။”
ရုန်းရင်းဆန်ခတ်ဖြစ်လို့ အိမ်အနောက်ဖက်ကအမေပြေးလာတာကျွန်တော့်ကိုလည်းမြင်ရော ကြောင်သွားတယ်ဗျ။
“သား…သန်းတိုး…သား..မင်းမလားဟင်၊ အမေ မျက်စိမမှားပါဘူးနော်။”
“အမေမမှားပါဘူး။ ကျွန်တော်သန်းတိုးအစစ်ပါဗျ။”
“သား..” အမေကျွန်တော့်ကိုပွေ့ဖက်ထားတယ်ဗျ။အမေကတော့ပျော်လို့ပေါ့။
“သားဘာဖြစ်တာလဲဟင် အမေ့ကိုပြောပြ”
“ပြောပြမယ်အမေ သားအမှန်အတိုင်းပဲပြောပြပါ့မယ့်”
………………………………………..÷÷…………………
…………. ဖြစ်ပုံကတော့ဒါပါပဲ အမေ ကျွန်တော့်အမှားအတွက်ပြန်ပြင်ခွင့်ပြုပါနော်”
“သာဓု…..သာဓု…..သာဓု… အမေ့သားလေးအခုလိုအမြင်မှန်ရလာတာ အမေသိပ်ဝမ်းသာတာပဲကွယ်။ သားလုပ်စရာရှိတာဆက်လုပ်နော်။”
နောက်တနေ့မှာပဲ ကျွန်တော့ရွာမှာအလူှလုပ်တယ်ဗျ။ ကျွန်တော်ကတော့ရာသက်ပန်ဘုန်းကြီးဝတ်ပြီး ကျွန်တော်ဖွက်ခဲ့တဲ့ရတနာတွေကိုဘုရားမှာဋ္ဌာပနာလိုက်ပါတယ်။ သေဆုံးသူအတွက်လည်းအမျှပေးဝြေပိး တရားဘာဝနာပွားများကာ ကြောက်ဖို့ကောင်းတဲ့သံသရာဝဋ်ဆင်းရဲကနေ လွတ်မြောက်အောင်အစွမ်းကုန်ကြိုးစားပါတော့တယ်။
စာဖတ်ပရိတ်သတ်ကြီးရော…ဒီနေ့အထိဘာကောင်းမှုတွေလုပ်ခဲ့ပြီးပြီလဲ။ မနက်ဖြန်အထိမစောင့်နဲ့နော်။ ခုထလုပ်လိုက်တော့။ အချိန်မရွေးဘဝကြီးကအဆုံးသတ်သွားနိူင်တယ်။ ကုသိုလ်တရားမမေ့ကြပါနဲ့….။
ပြီးပါပြီ။
မိုးမခ (တောင်တွင်း)

ဖိုးသူတော် (www.phothutaw.com)
Credit: မိုးမခ(တောင်တွင်း)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top