Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေအာင္လအင္ဆန္ (အဂၤလိပ္: Aung La Nsang)သည္ အေမရိကန္နိုင္ငံ၊ အသုံးခ် ကိုယ္ခံပညာ တိုက္ခိုက္ေရး ေလာက ေၾကးစား ပြဲစဥ္ မ်ားတြင္ ျမန္မာ့ စပါးႀကီးေႁမြ (Burmese Python) ဟု နာမည္ နွင့္ ယွဥ္ၿပိဳင္ ေနေသာ ကခ်င္ တိုင္းရင္းသား တစ္ဦး ျဖစ္သည္။ အရပ္ ၆ ေပ ၁ လက္မႏွင့္ ခႏၶာကိုယ္ အေလးခ်ိန္ ၁၈၅ ေပါင္ရွိၿပီး ေက်ာျပင္ပုခုံးေနရာတြင္ “Jinghpaw” ဟု တက္တူးေရးထိုးထားေသာ MMA မက္ဒယ္လ္ ဝိတ္တန္းရွင္ ျဖစ္သည္။ ေအာင္လအင္ဆန္ သည္ MMA (One Championship) မစ္ဒယ္ ဝိတ္တန္း  ကမာၻ ခ်န္ပီယံ ဆု ဆြတ္ခူးနိုင္ေသာ ပထမဆုံး ျမန္မာ တစ္ဦး ျဖစ္သည္။

ေအာင္လ သည္ ရတနာ လုပ္ငန္းရွင္ ဦးအင္ဆန္တူးေအာင္ႏွင့္ ေဒၚရွဒန္နန္ဘူတို႔၏ ေမြးခ်င္း ၅ ေယာက္ထဲက စတုထၱေျမာက္သား ျဖစ္သည္။ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ ဒူကေထာင္ ရပ္ကြက္ မွ ကခ်င္ တိုင္းရင္းသား တဦး ျဖစ္ကာ အတန္းပညာကို ရန္ကုန္ International School တြင္ တက္ေရာက္ သင္ၾကားခဲ့ၿပီး၊ ၂၀၀၁ ခုႏွစ္ အကုန္ ၂၀၀၂ ခုႏွစ္တြင္ အေမရိကားမွာ စတင္ အေျခခ်ေနထိုင္၍ အေမရိကန္နိုင္ငံ မစ္ရွီဂန္ျပည္နယ္၊ အင္ဒ႐ူး တကၠသိုလ္ မွ စိုက္ပ်ိဳးေရး ဘာသာရပ္ႏွင့္ ဘြဲ႕ရရွိထားသူ ျဖစ္သည္။ ၂၀၀၅ ခုႏွစ္၊ တကၠသိုလ္ တက္ေနစဥ္ ကာလမွာပင္  အေပ်ာ္တမ္း ကလပ္ပြဲ မ်ား၌ ယွဥ္ၿပိဳင္ ထိုးသတ္ေနခဲ့ၿပီး ၊ ေၾကးစားလက္ေဝွ႕ ေလာကထဲ ဝင္ေရာက္ လာသူျဖစ္သည္။

ေအာင္လသည္ No-Gi ေခၚ အားကစား ကို ေကာလိပ္ ေက်ာင္းသား ဘဝ ၂၀၀၅ ခုႏွစ္မွာ စတင္ ကစားရာမွ Martial Art သို႔ ကူးေျပာင္း လာသူျဖစ္သည္။ သူသည္ ဘီေဂ်ေဂ် (B.J.J) ေခၚ ဂ်ပန္သိုင္း ကစားနည္း တမ်ိဳးမွ ဆင္းသက္လာေသာ ဘရာဇီးလီးယမ္း ဂ်ဴးဂ်စ္ဆု (Brazilian Jiu Jitsu) ႏွင့္ ထိုင္းနိုင္ငံ မွ ေမြထိုင္းလက္ေဝွ႕ (Muay Thai) ကို လိုက္စားခဲ့သူ ျဖစ္သည္။

၂၀၀၈ ခုႏွစ္တြင္ ေမရီလန္းျပည္နယ္ ေဘာ္လ္တီမိုးလ္ၿမိဳ႕သို႔ ေျပာင္းေ႐ႊ႕လာခဲ့ၿပီး ဘရာဇီးလီယမ္း Crazy 88 အမည္ရွိ MMA ကလပ္အသင္းတြင္ ဝင္ေရာက္ ေလ့က်င့္ေနခဲ့သည္။ ၂၀၀၅ ခုႏွစ္တြင္ ပြဲဦးထြက္ Emerson Rushing ရႈံးႏွိမ့္ခဲ့ၿပီး ၂၀၀၆ ခုႏွစ္တြင္ ၃ပြဲ ဆက္တိုက္ အနိုင္ရ ခဲ့သည္။ ေမလ ၂၀၀၉ ခုႏွစ္ အင္ဒီယားနားျပည္နယ္တြင္ ထိုးသတ္ခဲ့သည့္ စစ္ျပန္ေဟာင္း ၿပိဳင္ဖက္ ခရစၥပရိုက္စ္ (Chris Price) ကို ပထမ အခ်ီမွာပင္ Guillotine Choke ျဖင့္ အနိုင္ယူခဲ့ကာ နာမည္ရလာခဲ့သည္။ ထိုတိုက္ကြက္မွာ ၿပိဳင္ဖက္၏ ဦးေခါင္း ကို ဂ်ိဳင္းေအာက္ထဲ ညွပ္ထဲ့ထားကာ အသက္ရႈ မရေအာင္ ညစ္ၿပီး ခ်ဳပ္တိုက္ေသာ တိုက္ကြက္တစ္ခု ျဖစ္သည္။

၂၀၁၀ ဒီဇင္ဘာ ၃ ရက္ေန႕ နယူးဂ်ာစီျပည္နယ္ အက္တလန္တစ္ၿမိဳ႕တြင္ က်င္းပေသာ Ring of Combat XXXIII ၿပိဳင္ပြဲတြင္ Constantinos Philippou ကို ရႈံးႏွိမ့္ ခဲ့ကာ UFC (Ultimate Fighting Champion) အတန္းဆီ တက္ေရာက္နိုင္ရန္ ေႏွာင့္ေႏွးခဲ့သည္။ ၂၀၁၁ ခုႏွစ္ စက္တင္ဘာလ ၉ ရက္ေန႕တြင္ နယူးဂ်ာစီ ျပည္နယ္၊ အတၱလန္တစ္ၿမိဳ႕တြင္ မယ္ဒယ္လ္ ဝိတ္တန္း R.O.C -37 ( Ring of Combat – 37) ၌ Casey Manrique ႏွင့္ ယွဥ္ၿပိဳင္ ထိုးသတ္ရာ ဒုတိယ အခ်ီတြင္ အနိုင္ရခဲ့သည္။

၂၀၁၇ ခုႏွစ္ ဇြန္လ ၃၀ ရက္ေန႕တြင္ ရန္ကုန္ၿမိဳ႕ ၌ က်င္းပေသာ ကိုယ္ခံပညာေပါင္းစုံ အသုံးျပဳယွဥ္ၿပိဳင္သည့္ MMA (One Championship) ၿပိဳင္ပြဲ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ ခ်န္ပီယံ လုပြဲတြင္ ေအာင္လအန္ဆန္က လက္ရွိ ခ်န္ပီယံ ဘစ္ဒက္ရွ္ကို လက္ရည္အသာျဖင့္ ထိုးသတ္ၿပီး အမွတ္ျဖင့္ အနိုင္ရကာ ကမာၻ႔ ခ်န္ပီယံ ဆု ဆြတ္ခူးနိုင္ေသာ ပထမဆုံး ျမန္မာတစ္ဦး ျဖစ္လာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
အောင်လအင်ဆန် (အင်္ဂလိပ်: Aung La Nsang)သည် အမေရိကန်နိုင်ငံ၊ အသုံးချ ကိုယ်ခံပညာ တိုက်ခိုက်ရေး လောက ကြေးစား ပွဲစဉ် များတွင် မြန်မာ့ စပါးကြီးမြွေ (Burmese Python) ဟု နာမည် နှင့် ယှဉ်ပြိုင် နေသော ကချင် တိုင်းရင်းသား တစ်ဦး ဖြစ်သည်။ အရပ် ၆ ပေ ၁ လက်မနှင့် ခန္ဓာကိုယ် အလေးချိန် ၁၈၅ ပေါင်ရှိပြီး ကျောပြင်ပုခုံးနေရာတွင် “Jinghpaw” ဟု တက်တူးရေးထိုးထားသော MMA မက်ဒယ်လ် ဝိတ်တန်းရှင် ဖြစ်သည်။ အောင်လအင်ဆန် သည် MMA (One Championship) မစ်ဒယ် ဝိတ်တန်း  ကမ္ဘာ ချန်ပီယံ ဆု ဆွတ်ခူးနိုင်သော ပထမဆုံး မြန်မာ တစ်ဦး ဖြစ်သည်။

အောင်လ သည် ရတနာ လုပ်ငန်းရှင် ဦးအင်ဆန်တူးအောင်နှင့် ဒေါ်ရှဒန်နန်ဘူတို့၏ မွေးချင်း ၅ ယောက်ထဲက စတုထ္တမြောက်သား ဖြစ်သည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဒူကထောင် ရပ်ကွက် မှ ကချင် တိုင်းရင်းသား တဦး ဖြစ်ကာ အတန်းပညာကို ရန်ကုန် International School တွင် တက်ရောက် သင်ကြားခဲ့ပြီး၊ ၂၀၀၁ ခုနှစ် အကုန် ၂၀၀၂ ခုနှစ်တွင် အမေရိကားမှာ စတင် အခြေချနေထိုင်၍ အမေရိကန်နိုင်ငံ မစ်ရှီဂန်ပြည်နယ်၊ အင်ဒရူး တက္ကသိုလ် မှ စိုက်ပျိုးရေး ဘာသာရပ်နှင့် ဘွဲ့ရရှိထားသူ ဖြစ်သည်။ ၂၀၀၅ ခုနှစ်၊ တက္ကသိုလ် တက်နေစဉ် ကာလမှာပင်  အပျော်တမ်း ကလပ်ပွဲ များ၌ ယှဉ်ပြိုင် ထိုးသတ်နေခဲ့ပြီး ၊ ကြေးစားလက်ဝှေ့ လောကထဲ ဝင်ရောက် လာသူဖြစ်သည်။

အောင်လသည် No-Gi ခေါ် အားကစား ကို ကောလိပ် ကျောင်းသား ဘဝ ၂၀၀၅ ခုနှစ်မှာ စတင် ကစားရာမှ Martial Art သို့ ကူးပြောင်း လာသူဖြစ်သည်။ သူသည် ဘီဂျေဂျေ (B.J.J) ခေါ် ဂျပန်သိုင်း ကစားနည်း တမျိုးမှ ဆင်းသက်လာသော ဘရာဇီးလီးယမ်း ဂျူးဂျစ်ဆု (Brazilian Jiu Jitsu) နှင့် ထိုင်းနိုင်ငံ မှ မွေထိုင်းလက်ဝှေ့ (Muay Thai) ကို လိုက်စားခဲ့သူ ဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် မေရီလန်းပြည်နယ် ဘော်လ်တီမိုးလ်မြို့သို့ ပြောင်းရွှေ့လာခဲ့ပြီး ဘရာဇီးလီယမ်း Crazy 88 အမည်ရှိ MMA ကလပ်အသင်းတွင် ဝင်ရောက် လေ့ကျင့်နေခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ပွဲဦးထွက် Emerson Rushing ရှုံးနှိမ့်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ၃ပွဲ ဆက်တိုက် အနိုင်ရ ခဲ့သည်။ မေလ ၂၀၀၉ ခုနှစ် အင်ဒီယားနားပြည်နယ်တွင် ထိုးသတ်ခဲ့သည့် စစ်ပြန်ဟောင်း ပြိုင်ဖက် ခရစ္စပရိုက်စ် (Chris Price) ကို ပထမ အချီမှာပင် Guillotine Choke ဖြင့် အနိုင်ယူခဲ့ကာ နာမည်ရလာခဲ့သည်။ ထိုတိုက်ကွက်မှာ ပြိုင်ဖက်၏ ဦးခေါင်း ကို ဂျိုင်းအောက်ထဲ ညှပ်ထဲ့ထားကာ အသက်ရှု မရအောင် ညစ်ပြီး ချုပ်တိုက်သော တိုက်ကွက်တစ်ခု ဖြစ်သည်။

၂၀၁၀ ဒီဇင်ဘာ ၃ ရက်နေ့ နယူးဂျာစီပြည်နယ် အက်တလန်တစ်မြို့တွင် ကျင်းပသော Ring of Combat XXXIII ပြိုင်ပွဲတွင် Constantinos Philippou ကို ရှုံးနှိမ့် ခဲ့ကာ UFC (Ultimate Fighting Champion) အတန်းဆီ တက်ရောက်နိုင်ရန် နှောင့်နှေးခဲ့သည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် နယူးဂျာစီ ပြည်နယ်၊ အတ္တလန်တစ်မြို့တွင် မယ်ဒယ်လ် ဝိတ်တန်း R.O.C -37 ( Ring of Combat – 37) ၌ Casey Manrique နှင့် ယှဉ်ပြိုင် ထိုးသတ်ရာ ဒုတိယ အချီတွင် အနိုင်ရခဲ့သည်။

၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ ၌ ကျင်းပသော ကိုယ်ခံပညာပေါင်းစုံ အသုံးပြုယှဉ်ပြိုင်သည့် MMA (One Championship) ပြိုင်ပွဲ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ လုပွဲတွင် အောင်လအန်ဆန်က လက်ရှိ ချန်ပီယံ ဘစ်ဒက်ရှ်ကို လက်ရည်အသာဖြင့် ထိုးသတ်ပြီး အမှတ်ဖြင့် အနိုင်ရကာ ကမ္ဘာ့ ချန်ပီယံ ဆု ဆွတ်ခူးနိုင်သော ပထမဆုံး မြန်မာတစ်ဦး ဖြစ်လာသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top