ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေလယာဥ္ၿဗိတိန္ႏိုင္ငံ ဘက္ကင္ဟမ္ရႈိင္းယားေကာင္တီမွာ ၿပီးခဲ့ဲတဲ့ ႏိုဝင္ဘာ ၁၇ ရက္က ေလယာဥ္ တစ္စင္းနဲ႔ ရဟတ္ယာဥ္တစ္စင္းတို႔ ေလထဲမွာ တိုက္မိပ်က္က်သြားခဲ့ၿပီး ေလးဦး ေသဆုံးသြားတဲ့ျဖစ္စဥ္ တစ္ခု ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါ ေလယာဥ္နဲ႔ ရဟတ္ယာဥ္တို႔ဟာ ေလထဲမွာ ေခါင္းခ်င္းဆိုင္ တိုက္မိၿပီးေနာက္ ဝက္ဒ္စ္ဒန္ မန္နာ ေဒသမွာ ရွိတဲ့ ေတာအုပ္တစ္ခုထဲ က်သြားခဲ့တာျဖစ္ေၾကာင္း ေဒသခံ ရဲတပ္ဖြဲ႕က ထုတ္ျပန္ပါတယ္။

ယခုလို ေလယာဥ္ခ်င္း တိုက္မိပ်က္က်မႈျဖစ္စဥ္ ျဖစ္ရျခင္းရဲ႕ အေၾကာင္းရင္းကို ေဖာ္ထုတ္ဖို႔ ပူးတြဲစုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းလုပ္ေဆာင္ေနၿပီ ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕နဲ႔ ေလယာဥ္မေတာ္တဆမႈမ်ား စုံစမ္းေရးဌာန AAIB တို႔က ေျပာပါတယ္။

လက္တေလာအခ်ိန္ထိေတာ့ ေသဆုံးသူေတြ ဘယ္သူဘယ္ဝါ ဆိုတာကို ေဖာ္ထုတ္ေျပာၾကားဖို႔ ေစာေသးတယ္ဆိုၿပီး ရဲတပ္ဖြဲ႕အႀကီးအကဲ ရီဘက္ကာ မီရာစ္က ေျပာပါတယ္။

ယင္းျဖစ္စဥ္မွာ ေလယာဥ္ေတြမွာ လူႏွစ္ဦးစီ ပါရွိသြားတာျဖစ္ၿပီး ယခုလို တိုက္မိမႈေၾကာင့္ အားလုံး ေသဆုံးခဲ့ရပါတယ္။

အဆိုပါ ေလယာဥ္နဲ႔ ရဟတ္ယာဥ္တို႔ဟာ အနီးအနားေဒသ ဝိုင္ကြန္ ေလယာဥ္ကြင္းကေန ပ်ံသန္းထြက္ခြာသြားခဲ့ျခင္း ျဖစ္ေၾကာင္းလည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
ဗြိတိန်နိုင်ငံ ဘက်ကင်ဟမ်ရှိုင်းယားကောင်တီမှာ ပြီးခဲ့ဲတဲ့ နိုဝင်ဘာ ၁၇ ရက်က လေယာဉ် တစ်စင်းနဲ့ ရဟတ်ယာဉ်တစ်စင်းတို့ လေထဲမှာ တိုက်မိပျက်ကျသွားခဲ့ပြီး လေးဦး သေဆုံးသွားတဲ့ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လေယာဉ်နဲ့ ရဟတ်ယာဉ်တို့ဟာ လေထဲမှာ ခေါင်းချင်းဆိုင် တိုက်မိပြီးနောက် ဝက်ဒ်စ်ဒန် မန်နာ ဒေသမှာ ရှိတဲ့ တောအုပ်တစ်ခုထဲ ကျသွားခဲ့တာဖြစ်ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ယခုလို လေယာဉ်ချင်း တိုက်မိပျက်ကျမှုဖြစ်စဉ် ဖြစ်ရခြင်းရဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့ ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလုပ်ဆောင်နေပြီ ဖြစ်ကြောင်း ရဲတပ်ဖွဲ့နဲ့ လေယာဉ်မတော်တဆမှုများ စုံစမ်းရေးဌာန AAIB တို့က ပြောပါတယ်။

လက်တလောအချိန်ထိတော့ သေဆုံးသူတွေ ဘယ်သူဘယ်ဝါ ဆိုတာကို ဖော်ထုတ်ပြောကြားဖို့ စောသေးတယ်ဆိုပြီး ရဲတပ်ဖွဲ့အကြီးအကဲ ရီဘက်ကာ မီရာစ်က ပြောပါတယ်။

ယင်းဖြစ်စဉ်မှာ လေယာဉ်တွေမှာ လူနှစ်ဦးစီ ပါရှိသွားတာဖြစ်ပြီး ယခုလို တိုက်မိမှုကြောင့် အားလုံး သေဆုံးခဲ့ရပါတယ်။

အဆိုပါ လေယာဉ်နဲ့ ရဟတ်ယာဉ်တို့ဟာ အနီးအနားဒေသ ဝိုင်ကွန် လေယာဉ်ကွင်းကနေ ပျံသန်းထွက်ခွာသွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top