Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မိုးကုတ္ၿမိဳ႕နယ္ သစ္ စိမ့္ကုန္းေက်းရြာတြင္ ေအာက္ တိုဘာက ျဖစ္ေပၚခဲ့သည့္ ေျမသားနိမ့္က်မႈ ျဖစ္စဥ္ႏွင့္ပတ္သက္၍ အေၾကာင္းရင္းသိရွိႏုိင္ရန္ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ အစီအစဥ္ျဖင့္ ကြင္းဆင္းစစ္ေဆး ေနေၾကာင္း မိုးကုတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီဥကၠ႒ ဦးဝင္းတင့္က ေျပာသည္။

‘‘ေက်ာက္မ်က္နဲ႔ Geologi-cal (ဘူမိေဗဒဆိုင္ရာ)အဖြဲ႕ေတြ ကြင္းဆင္းၿပီး တိုင္းတယ္။ ျပတ္ေရြ႕တဲ့ အေနအထားေပါ့။ ရြာေရႊ႕ရမလား၊ မေရႊ႕ရဘူးလားဆိုေတာ့ ဘာမွ အေၾကာင္းမျပန္ေသးဘူး။ စစ္ေဆးေနတာကေတာ့ နည္း နည္းၾကာၿပီ’’ဟု ဦးဝင္းတင့္က ေျပာသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာ အတြင္းက မိုးကုတ္ၿမိဳ႕ႏွင့္ ၁၅ မိုင္ခန္႔ကြာေဝးသည့္ သစ္စိမ့္ကုန္း (လီဆူ)ရြာတြင္ ေျမသားနိမ့္က်မႈ မ်ားျဖစ္ေပၚခဲ့ၿပီး ေနအိမ္ရွစ္လံုး ေဘးလြတ္ရာသို႔ ေျပာင္းေရႊ႕ခဲ့ရ သည္။ ထို႔အျပင္ ေျမသားအက္ကြဲ ေၾကာင္းမ်ား ျဖစ္ေပၚျခင္းေၾကာင့္ မႏၲေလး-မိုးကုတ္ကားလမ္းတစ္ ေနရာတြင္လည္း ကတၱရာလမ္း နိမ့္ဆင္းခဲ့သည္။ အဆိုပါေက်းရြာ တြင္ လီဆူတိုင္းရင္းသားမ်ား ေန ထုိင္ၿပီး လူဦးေရ ၂၅၀ ခန္႔ (အိမ္ေျခ၆၀ ခန္႔)ရွိသည္။

‘‘တစ္အိမ္နဲ႔တစ္အိမ္က ခုနစ္လက္မေလာက္ နိမ့္သြားတာမ်ိဳး ေတြရွိတယ္။ တခ်ိဳ႕လမ္းပိုင္းေတြ က တစ္ေပေလာက္ နိမ့္က်သြား တာရွိတယ္’’ဟု ဦးဝင္းတင့္က ေျပာသည္။

ရြာေျမသားမ်ား နိမ့္က်မႈျဖစ္ ပြားခဲ့ရာ မိမိတို႔ကို ေျပာင္းေရႊ႕ေပး ရန္ ေက်းရြာေန ျပည္သူမ်ားက ေတာင္းဆိုခဲ့ေသာ္လည္း လက္ရွိ တြင္ ေျမသားနိမ့္က်မႈ ဆက္လက္ ျဖစ္ပြားျခင္း မရွိေတာ့သျဖင့္ ေနအိမ္ေျပာင္းေရႊ႕ရန္ ေတာင္းဆိုမႈ မ်ားမရွိေတာ့ဟု ၎က ဆိုသည္။

‘‘အစကေတာ့ သူတို႔ေတြက (ေဒသခံမ်ား) ေျပာင္းခ်င္ၾက တယ္။ ေျပာင္းရမယ့္ ေနရာက အတြင္းနည္းနည္းက်တယ္။ အခု ေတာ့လည္း တည္ၿငိမ္သြားပါၿပီ’’ ဟု ဦးဝင္းတင့္က ေျပာသည္။

ေျမသားနိမ့္က်မႈေၾကာင့္ ေျပာင္းေရႊ႕ခဲ့ရသည့္ ေနအိမ္ရွစ္ လံုးမွ လူဦးေရ ၂၀ ခန္႔သည္ လက္ရွိအခ်ိန္အထိ ေက်းရြာခရစ္ယာန္ ဘုရားေက်ာင္းတြင္ ေနထုိင္ေနၿပီး ေက်းရြာေျပာင္းေရႊ႕ရမည္၊ မ ေျပာင္းေရႊ႕ရမည္ကို စစ္ေဆးေရး အဖြဲ႕က မွတ္ခ်က္ေပးျခင္း မရွိ ေသးေၾကာင္း ဦးဝင္းတင့္က ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


မိုးကုတ်မြို့နယ် သစ် စိမ့်ကုန်းကျေးရွာတွင် အောက် တိုဘာက ဖြစ်ပေါ်ခဲ့သည့် မြေသားနိမ့်ကျမှု ဖြစ်စဉ်နှင့်ပတ်သက်၍ အကြောင်းရင်းသိရှိနိုင်ရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ကွင်းဆင်းစစ်ဆေး နေကြောင်း မိုးကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းတင့်က ပြောသည်။

‘‘ကျောက်မျက်နဲ့ Geologi-cal (ဘူမိဗေဒဆိုင်ရာ)အဖွဲ့တွေ ကွင်းဆင်းပြီး တိုင်းတယ်။ ပြတ်ရွေ့တဲ့ အနေအထားပေါ့။ ရွာရွှေ့ရမလား၊ မရွှေ့ရဘူးလားဆိုတော့ ဘာမှ အကြောင်းမပြန်သေးဘူး။ စစ်ဆေးနေတာကတော့ နည်း နည်းကြာပြီ’’ဟု ဦးဝင်းတင့်က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ အတွင်းက မိုးကုတ်မြို့နှင့် ၁၅ မိုင်ခန့်ကွာဝေးသည့် သစ်စိမ့်ကုန်း (လီဆူ)ရွာတွင် မြေသားနိမ့်ကျမှု များဖြစ်ပေါ်ခဲ့ပြီး နေအိမ်ရှစ်လုံး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရ သည်။ ထို့အပြင် မြေသားအက်ကွဲ ကြောင်းများ ဖြစ်ပေါ်ခြင်းကြောင့် မန္တလေး-မိုးကုတ်ကားလမ်းတစ် နေရာတွင်လည်း ကတ္တရာလမ်း နိမ့်ဆင်းခဲ့သည်။ အဆိုပါကျေးရွာ တွင် လီဆူတိုင်းရင်းသားများ နေ ထိုင်ပြီး လူဦးရေ ၂၅၀ ခန့် (အိမ်ခြေ၆၀ ခန့်)ရှိသည်။

‘‘တစ်အိမ်နဲ့တစ်အိမ်က ခုနစ်လက်မလောက် နိမ့်သွားတာမျိုး တွေရှိတယ်။ တချို့လမ်းပိုင်းတွေ က တစ်ပေလောက် နိမ့်ကျသွား တာရှိတယ်’’ဟု ဦးဝင်းတင့်က ပြောသည်။

ရွာမြေသားများ နိမ့်ကျမှုဖြစ် ပွားခဲ့ရာ မိမိတို့ကို ပြောင်းရွှေ့ပေး ရန် ကျေးရွာနေ ပြည်သူများက တောင်းဆိုခဲ့သော်လည်း လက်ရှိ တွင် မြေသားနိမ့်ကျမှု ဆက်လက် ဖြစ်ပွားခြင်း မရှိတော့သဖြင့် နေအိမ်ပြောင်းရွှေ့ရန် တောင်းဆိုမှု များမရှိတော့ဟု ၎င်းက ဆိုသည်။

‘‘အစကတော့ သူတို့တွေက (ဒေသခံများ) ပြောင်းချင်ကြ တယ်။ ပြောင်းရမယ့် နေရာက အတွင်းနည်းနည်းကျတယ်။ အခု တော့လည်း တည်ငြိမ်သွားပါပြီ’’ ဟု ဦးဝင်းတင့်က ပြောသည်။

မြေသားနိမ့်ကျမှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်ရှစ် လုံးမှ လူဦးရေ ၂၀ ခန့်သည် လက်ရှိအချိန်အထိ ကျေးရွာခရစ်ယာန် ဘုရားကျောင်းတွင် နေထိုင်နေပြီး ကျေးရွာပြောင်းရွှေ့ရမည်၊ မ ပြောင်းရွှေ့ရမည်ကို စစ်ဆေးရေး အဖွဲ့က မှတ်ချက်ပေးခြင်း မရှိ သေးကြောင်း ဦးဝင်းတင့်က ပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top