ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

 ဂ်ပန္ဦးေႏွာက္ေရာင္ ကာကြယ္ေဆးထုိးႏွံရမည့္ရက္ကို လိုအပ္ပါက ထပ္မံတုိးျမႇင့္မည္ ျဖစ္ၿပီး ေဆးထုိးရန္က်န္ရွိသည့္ ကေလးငယ္မ်ားကို ႏိုဝင္ဘာ ၂၀ ရက္ကစတင္ကာ ဆရာဝန္စစ္ေဆးခ်က္ျဖင့္သာ ထုိးႏွံမည္ျဖစ္ ေၾကာင္း  ေနျပည္ေတာ္ျပည္သူ႔ က်န္းမာေရးဦးစီးဌာန ဒုတိယ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာ သန္းထြန္းေအာင္က ေျပာသည္။

ကာကြယ္ေဆးထုိးႏွံမႈေၾကာင့္ ကေလးငယ္မ်ား ေဘးဥပဒ္မျဖစ္ ေစရန္ ဆရာဝန္မ်ားႏွင့္ အဆင့္ ဆင့္ ခ်ိတ္ဆက္ရျခင္း၊ စာရင္း မ်ားေကာက္ယူရျခင္း၊ ေကာလာ ဟလမ်ားေၾကာင့္ ကေလးငယ္ အခ်ဳိ႕ ကာကြယ္ေဆးထုိးႏွံမႈ မရွိေတာ့ျခင္း စသည့္အေျခအေန မ်ားေၾကာင့္ ကာကြယ္ေဆးထုိးႏွံ မည့္ရက္ကို တုိးျမႇင့္ရန္ စီစဥ္ ထားေၾကာင္း ၎ကဆိုသည္။

ထို႔အျပင္ ကာကြယ္ေဆး စတင္ထုိးႏွံသည့္ ႏိုဝင္ဘာ ၁၅ ရက္မွ ၁၇ ရက္အထိ ကေလးငယ္ ငါးသန္းေက်ာ္ကို ကာကြယ္ေဆး ထုိးႏွံခဲ့ရာ ရန္ကုန္တိုင္း၊ မႏၲေလး တိုင္း၊ ရွမ္းျပည္နယ္ႏွင့္ တနသၤာရီ တိုင္းတို႔မွ ကေလးငယ္ေလးဦး ခန္႔သည္ ကာကြယ္ေဆးထုိးၿပီး ေနာက္ ေဆး႐ံုသို႔တက္ေရာက္ကု သမႈခံယူရသည့္ ျဖစ္ရပ္မ်ား ေပၚ ေပါက္ခဲ့ၿပီး ေသဆံုးသူတစ္ဦးကို ကာကြယ္ေဆးႏွင့္ သက္ဆိုင္မႈရွိ၊ မရွိ ဓာတ္ခြဲစစ္ေဆးေနသည္။

ထို႔ေၾကာင့္ ေနာက္ပုိင္းေဆး ထုိးႏွံမည့္ ကေလးငယ္မ်ား ထိ ခိုက္မႈမရွိေစရန္ ၿမိဳ႕နယ္ေဆး႐ံုမွ ဆရာဝန္မ်ား၊ တုိက္နယ္ေဆး႐ံုမွ ဆရာဝန္မ်ား၊ ျမန္မာႏိုင္ငံ ဆရာဝန္အသင္းမွ ဆရာဝန္မ်ား ၏ အကူအညီကိုရယူကာ  ထုိးႏွံ ေပးမည္ျဖစ္ေၾကာင္း ေဒါက္တာသန္းထြန္းေအာင္က ေျပာသည္။

‘‘ဒီလိုလုပ္ဖို႔အတြက္ သက္ ဆိုင္ရာဆရာဝန္ေတြကို မေန႔ ကတည္းက ၫႊန္ၾကားခ်က္ထုတ္ ၿပီးသြားပါၿပီ။ တနလၤာေန႔ကစၿပီး ကာကြယ္ေဆးထုိးမယ့္ ကေလး ေတြရဲ႕ က်န္းမာေရးအေျခအေန ကို စစ္ေဆးမယ္။ ေရာဂါအခံရွိ တာတို႔၊ ဖ်ားေနတဲ့ကေလးေတြကို မထုိးဘဲ လံုးဝ က်န္းမာေရးေကာင္း မြန္တဲ့ ကေလးေတြကိုပဲ ထုိးႏွံေပး သြားမွာပါ’’ဟု  ေဒါက္တာသန္း ထြန္းေအာင္က ရွင္းျပသည္။

ျမန္မာႏိုင္ငံတြင္ ဆရာဝန္ ဦးေရ နည္းပါးသျဖင့္ ေက်ာင္းတိုင္းတြင္ ဆရာဝန္တစ္ဦးႏႈန္း ထားႏိုင္ျခင္းမရွိဘဲ ေက်ာင္းသံုးေက်ာင္းလွ်င္ ဆရာဝန္တစ္ဦးႏႈန္းထားရွိမည္ျဖစ္ၿပီး လိုအပ္ပါက သူနာျပဳမ်ားႏွင့္ က်န္းမာေရးမွဴးမ်ားကလည္း က်န္းမာေရးစစ္ေဆးေပးရန္ ၫႊန္ၾကားထားၿပီးျဖစ္ေၾကာင္း ၎က ဆိုသည္။

‘‘ကာကြယ္ေဆးထုိးဆိုတာ က လူဦးေရတစ္သန္းမွာ တစ္ဦး ႏႈန္းေလာက္ ေဆးမတည့္တာျဖစ္ ႏိုင္တယ္။ ဒါေၾကာင့္ ေဆးမတည့္ တဲ့ကိစၥ တစ္စံုတစ္ရာျဖစ္လာမယ္ ဆိုရင္ေတာ့ ေျဖေဆးေတြျပန္ထုိး ေပးတာေတြ လုပ္ဖုိ႔ ၫႊန္ၾကား ထားသလို ေဆးေတြလည္း ျဖန္႔ ေပးထားပါတယ္။ ဂ်ပန္ဦးေႏွာက္ ေရာင္အပါအဝင္ ဦးေႏွာက္ အေျမႇးေရာင္ေရာဂါေတြေၾကာင့္ ျမန္မာႏိုင္ငံမွာ တတိယေျမာက္ ကေလးေသဆံုးႏႈန္းမ်ားေနတဲ့ အတြက္ ကေလးမိဘေတြအေနနဲ႔ ကာကြယ္ေဆးကို မျဖစ္မေနထိုး ေပးသင့္ပါတယ္’’ဟု ကေလး အထူးကုဆရာဝန္ ေဒါက္တာ ေစာဝင္းက ေျပာသည္။

ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါ ျဖစ္ပြားသူအေရအတြက္သည္ ၂၀၁၇ ေအာက္တုိဘာအထိ ၃၀၆ ဦးရွိသည့္အနက္  ၉၀ဦးခန္႔ ေသဆံုးခဲ့ၿပီး ၆၂ ဦးမွာ နာတာရွည္ကိုယ္လက္အဂၤါမသန္စြမ္းျခင္း၊ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈပိုင္းဆိုင္ရာ ခၽြတ္ယြင္းျခင္းတို႔ ျဖစ္ပြားေၾကာင္းက်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္သည္။

‘‘ေဆး႐ံုကို ေရာက္မလာႏိုင္ ဘဲ ေရာဂါျဖစ္ပြားေသဆံုးခဲ့တဲ့ ကေလးေတြလည္း ရွိေနပါတယ္။ အက်ဳိးနဲ႔အျပစ္ Risk and Benefit ကို ခ်ိန္ဆၾကည့္တဲ့အခါ ေကာင္းက်ဳိးက အင္မတန္ကို သာလြန္ေနၿပီး အျပစ္က နည္းပါး ရွားပါးလြန္းတဲ့အတြက္ ကေလး မိဘေတြအေနနဲ႔ အစိုးရိမ္မလြန္ ၾကဖို႔၊ ေကာလာဟလေတြကိုမယံု ၾကဖို႔ ေျပာလိုပါတယ္’’ဟု ေျမာက္ ဥကၠလာပေဆး႐ံုႀကီးမွ နား၊ ႏွာေခါင္း၊ လည္ေခ်ာင္း ဒုတိယႏွစ္ ဘြဲ႕လြန္ဆရာဝန္ ေဒါက္တာစိမ္းမိုးစက္က ရွင္းျပသည္။

ကာကြယ္ေဆးကို ေမြးရာပါ ေရာဂါအခံရွိသူမ်ား၊ နာတာရွည္ ေရာဂါခံစားေနရသူမ်ား၊ ကုိယ္ ဝန္ေဆာင္မ်ား၊ အတက္ေရာဂါ ရွိသူမ်ား၊ HIV ေဆးေသာက္သံုး ေနရသူမ်ား၊ တီဘီေဆးႏွစ္လ ေအာက္ ေသာက္သံုးေနရသူမ်ား လတ္တေလာ အပူႀကီးၿပီး ဖ်ားေန ေသာကေလးမ်ား၊ ကူးစက္ေရာဂါ ျဖစ္ပြားသူမ်ား ထုိးႏွံရန္မသင့္ ေၾကာင္း က်န္းမာေရးႏွင့္အား ကစားဝန္ႀကီးဌာနက ထုတ္ျပန္ ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံရမည့်ရက်ကို လိုအပ်ပါက ထပ်မံတိုးမြှင့်မည် ဖြစ်ပြီး ဆေးထိုးရန်ကျန်ရှိသည့် ကလေးငယ်များကို နိုဝင်ဘာ ၂၀ ရက်ကစတင်ကာ ဆရာဝန်စစ်ဆေးချက်ဖြင့်သာ ထိုးနှံမည်ဖြစ် ကြောင်း  နေပြည်တော်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။

ကာကွယ်ဆေးထိုးနှံမှုကြောင့် ကလေးငယ်များ ဘေးဥပဒ်မဖြစ် စေရန် ဆရာဝန်များနှင့် အဆင့် ဆင့် ချိတ်ဆက်ရခြင်း၊ စာရင်း များကောက်ယူရခြင်း၊ ကောလာ ဟလများကြောင့် ကလေးငယ် အချို့ ကာကွယ်ဆေးထိုးနှံမှု မရှိတော့ခြင်း စသည့်အခြေအနေ များကြောင့် ကာကွယ်ဆေးထိုးနှံ မည့်ရက်ကို တိုးမြှင့်ရန် စီစဉ် ထားကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ကာကွယ်ဆေး စတင်ထိုးနှံသည့် နိုဝင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ကလေးငယ် ငါးသန်းကျော်ကို ကာကွယ်ဆေး ထိုးနှံခဲ့ရာ ရန်ကုန်တိုင်း၊ မန္တလေး တိုင်း၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီ တိုင်းတို့မှ ကလေးငယ်လေးဦး ခန့်သည် ကာကွယ်ဆေးထိုးပြီး နောက် ဆေးရုံသို့တက်ရောက်ကု သမှုခံယူရသည့် ဖြစ်ရပ်များ ပေါ် ပေါက်ခဲ့ပြီး သေဆုံးသူတစ်ဦးကို ကာကွယ်ဆေးနှင့် သက်ဆိုင်မှုရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးနေသည်။

ထို့ကြောင့် နောက်ပိုင်းဆေး ထိုးနှံမည့် ကလေးငယ်များ ထိ ခိုက်မှုမရှိစေရန် မြို့နယ်ဆေးရုံမှ ဆရာဝန်များ၊ တိုက်နယ်ဆေးရုံမှ ဆရာဝန်များ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ဆရာဝန်များ ၏ အကူအညီကိုရယူကာ  ထိုးနှံ ပေးမည်ဖြစ်ကြောင်း ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

‘‘ဒီလိုလုပ်ဖို့အတွက် သက် ဆိုင်ရာဆရာဝန်တွေကို မနေ့ ကတည်းက ညွှန်ကြားချက်ထုတ် ပြီးသွားပါပြီ။ တနင်္လာနေ့ကစပြီး ကာကွယ်ဆေးထိုးမယ့် ကလေး တွေရဲ့ ကျန်းမာရေးအခြေအနေ ကို စစ်ဆေးမယ်။ ရောဂါအခံရှိ တာတို့၊ ဖျားနေတဲ့ကလေးတွေကို မထိုးဘဲ လုံးဝ ကျန်းမာရေးကောင်း မွန်တဲ့ ကလေးတွေကိုပဲ ထိုးနှံပေး သွားမှာပါ’’ဟု  ဒေါက်တာသန်း ထွန်းအောင်က ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ဆရာဝန် ဦးရေ နည်းပါးသဖြင့် ကျောင်းတိုင်းတွင် ဆရာဝန်တစ်ဦးနှုန်း ထားနိုင်ခြင်းမရှိဘဲ ကျောင်းသုံးကျောင်းလျှင် ဆရာဝန်တစ်ဦးနှုန်းထားရှိမည်ဖြစ်ပြီး လိုအပ်ပါက သူနာပြုများနှင့် ကျန်းမာရေးမှူးများကလည်း ကျန်းမာရေးစစ်ဆေးပေးရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘ကာကွယ်ဆေးထိုးဆိုတာ က လူဦးရေတစ်သန်းမှာ တစ်ဦး နှုန်းလောက် ဆေးမတည့်တာဖြစ် နိုင်တယ်။ ဒါကြောင့် ဆေးမတည့် တဲ့ကိစ္စ တစ်စုံတစ်ရာဖြစ်လာမယ် ဆိုရင်တော့ ဖြေဆေးတွေပြန်ထိုး ပေးတာတွေ လုပ်ဖို့ ညွှန်ကြား ထားသလို ဆေးတွေလည်း ဖြန့် ပေးထားပါတယ်။ ဂျပန်ဦးနှောက် ရောင်အပါအဝင် ဦးနှောက် အမြှေးရောင်ရောဂါတွေကြောင့် မြန်မာနိုင်ငံမှာ တတိယမြောက် ကလေးသေဆုံးနှုန်းများနေတဲ့ အတွက် ကလေးမိဘတွေအနေနဲ့ ကာကွယ်ဆေးကို မဖြစ်မနေထိုး ပေးသင့်ပါတယ်’’ဟု ကလေး အထူးကုဆရာဝန် ဒေါက်တာ စောဝင်းက ပြောသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားသူအရေအတွက်သည် ၂၀၁၇ အောက်တိုဘာအထိ ၃၀၆ ဦးရှိသည့်အနက်  ၉၀ဦးခန့် သေဆုံးခဲ့ပြီး ၆၂ ဦးမှာ နာတာရှည်ကိုယ်လက်အင်္ဂါမသန်စွမ်းခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ချွတ်ယွင်းခြင်းတို့ ဖြစ်ပွားကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။

‘‘ဆေးရုံကို ရောက်မလာနိုင် ဘဲ ရောဂါဖြစ်ပွားသေဆုံးခဲ့တဲ့ ကလေးတွေလည်း ရှိနေပါတယ်။ အကျိုးနဲ့အပြစ် Risk and Benefit ကို ချိန်ဆကြည့်တဲ့အခါ ကောင်းကျိုးက အင်မတန်ကို သာလွန်နေပြီး အပြစ်က နည်းပါး ရှားပါးလွန်းတဲ့အတွက် ကလေး မိဘတွေအနေနဲ့ အစိုးရိမ်မလွန် ကြဖို့၊ ကောလာဟလတွေကိုမယုံ ကြဖို့ ပြောလိုပါတယ်’’ဟု မြောက် ဥက္ကလာပဆေးရုံကြီးမှ နား၊ နှာခေါင်း၊ လည်ချောင်း ဒုတိယနှစ် ဘွဲ့လွန်ဆရာဝန် ဒေါက်တာစိမ်းမိုးစက်က ရှင်းပြသည်။

ကာကွယ်ဆေးကို မွေးရာပါ ရောဂါအခံရှိသူများ၊ နာတာရှည် ရောဂါခံစားနေရသူများ၊ ကိုယ် ဝန်ဆောင်များ၊ အတက်ရောဂါ ရှိသူများ၊ HIV ဆေးသောက်သုံး နေရသူများ၊ တီဘီဆေးနှစ်လ အောက် သောက်သုံးနေရသူများ လတ်တလော အပူကြီးပြီး ဖျားနေ သောကလေးများ၊ ကူးစက်ရောဂါ ဖြစ်ပွားသူများ ထိုးနှံရန်မသင့် ကြောင်း ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top