Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကခ်င္ျပည္နယ္ မိုးညႇင္းခ႐ိုင္ မိုးညႇင္းၿမိဳ႕နယ္ ေညာင္ကိုင္းေက်းရြာအနီး ေရႊဘို-ျမစ္ႀကီးနား ျပည္ေထာင္စု ကားလမ္းမႀကီးေပၚတြင္ ႏိုဝင္ဘာ၁၁ရက္ နံနက္ ၇ နာရီက အမိုနီယမ္ႏိုက္ထရိတ္အိတ္မ်ား တင္ေဆာင္ လာေသာ NISSAN UD အမ်ိဳးအစား(၁၀)ဘီးယာဥ္အား နယ္ေျမခံတပ္မွ ဖမ္းမိခဲ့ေၾကာင္း သိရသည္။

မိုးညႇင္းၿမိဳ႕နယ္ ေညာင္ကိုင္းေက်းရြာအနီး ေရႊဘို-ျမစ္ႀကီးနား ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ နယ္ေျမခံတပ္မွ လံုၿခံဳေရးေဆာင္ရြက္ေနစဥ္ မႏၲေလးဘက္မွ ဖားကန္႔ဘက္သို႔ စစ္ကိုင္းတိုင္းေဒသႀကီး ထီးခ်ိဳင့္ၿမိဳ႕နယ္ ေမာင္းကုန္းေက်းရြာေန ေအာင္မ်ိဳးေထြး(၂၆)ႏွစ္ေမာင္းႏွင္ၿပီး မႏၲေလးတိုင္းေဒသႀကီး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ စက္မႈ(၁)ရပ္ကြက္ေန ေဇာ္မိုးေအာင္(၁၉)ႏွစ္ လိုက္ပါလာသည့္ ေမာ္ေတာ္ယာဥ္အား ရပ္တန္႔စစ္ေဆး႐ွာေဖြရာ ယာဥ္ေပၚရိွကုန္ပစၥည္းမ်ားေအာက္တြင္ စကၠဴဂ်ပ္ဖာပံုးမ်ားျဖင့္ သိုဝွက္၍ထည့္ထားသည့္ တရားမဝင္ အမိုနီယမ္ ႏိုက္ထရိတ္အိတ္ တစ္အိတ္လွ်င္(၄၀)ကီလိုဂရမ္ပါ(၇၅)အိတ္ စုစုေပါင္းအေလးခ်ိန္(၃၀၀၀)ကီလိုဂရမ္အား သိမ္းဆည္းရမိေၾကာင္း နယ္ေျမခံတပ္ရင္းမွ သိရသည္။

အဆိုပါ သိမ္းဆည္းရမိေသာ အမိုနီယမ္ႏိုက္ထရိတ္အိတ္မ်ားအား လံုၿခံဳမႈရိွေစရန္အတြက္ မိုးညႇင္းၿမိဳ႕နယ္ ေမာ္ဟန္ေက်းရြာ နယ္ေျမခံတပ္တြင္ေခတၱသိမ္းဆည္းထားၿပီး ေအာင္မ်ိဳးေထြးႏွင့္ ေဇာ္မိုးေအာင္တို႔ႏွစ္ဦးအား မိုးညႇင္းၿမိဳ႕မရဲစခန္းမွ အေရးယူထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာအနီး ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် နိုဝင်ဘာ၁၁ရက် နံနက် ၇ နာရီက အမိုနီယမ်နိုက်ထရိတ်အိတ်များ တင်ဆောင် လာသော NISSAN UD အမျိုးအစား(၁၀)ဘီးယာဉ်အား နယ်မြေခံတပ်မှ ဖမ်းမိခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာအနီး ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် နယ်မြေခံတပ်မှ လုံခြုံရေးဆောင်ရွက်နေစဉ် မန္တလေးဘက်မှ ဖားကန့်ဘက်သို့ စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာနေ အောင်မျိုးထွေး(၂၆)နှစ်မောင်းနှင်ပြီး မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် စက်မှု(၁)ရပ်ကွက်နေ ဇော်မိုးအောင်(၁၉)နှစ် လိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ရှိကုန်ပစ္စည်းများအောက်တွင် စက္ကူဂျပ်ဖာပုံးများဖြင့် သိုဝှက်၍ထည့်ထားသည့် တရားမဝင် အမိုနီယမ် နိုက်ထရိတ်အိတ် တစ်အိတ်လျှင်(၄၀)ကီလိုဂရမ်ပါ(၇၅)အိတ် စုစုပေါင်းအလေးချိန်(၃၀၀၀)ကီလိုဂရမ်အား သိမ်းဆည်းရမိကြောင်း နယ်မြေခံတပ်ရင်းမှ သိရသည်။

အဆိုပါ သိမ်းဆည်းရမိသော အမိုနီယမ်နိုက်ထရိတ်အိတ်များအား လုံခြုံမှုရှိစေရန်အတွက် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ နယ်မြေခံတပ်တွင်ခေတ္တသိမ်းဆည်းထားပြီး အောင်မျိုးထွေးနှင့် ဇော်မိုးအောင်တို့နှစ်ဦးအား မိုးညှင်းမြို့မရဲစခန်းမှ အရေးယူထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top