Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အမ်ဳိးသားမ်ား၌ ရင္ သားကင္ဆာ ျဖစ္ပြားမႈသည္ ကမၻာတြင္သာမက ျမန္မာႏိုင္ငံ၌လည္း ရွိလာၿပီျဖစ္သည္။ ယင္းေရာဂါ သည္ ယခုအခါ ျမန္မာအမ်ဳိး သမီးထုကိုသာမက အမ်ဳိးသား မ်ားကိုပါ ၿခိမ္းေျခာက္ေနသည့္ ေရာဂါတစ္ခုျဖစ္လာသည္။

‘‘အခုမွသိတာ။ ၾကားကို မၾကားဖူးဘူးဗ်။ အမ်ဳိးသမီးေတြ မွာပဲ ျဖစ္မယ္ထင္ထားတာ။ ဒီပံုစံ အတုိင္းသာဆို ေန႔တိုင္း ကိုယ့္ရင္ သားကို စမ္းရမလိုျဖစ္ေနၿပီ’’ဟု အသက္ (၄၀)အရြယ္ တကၠစီ ယာဥ္ေမာင္း ဦးအုန္းက ဆိုသည္။

ရန္ကုန္ေဆး႐ံုႀကီး စာရင္း မွတ္တမ္းမ်ားအရ အမ်ဳိးသားမ်ား ၌ ရင္သားကင္ဆာျဖစ္ပြားမႈသည္ ၂၀၁၃ က စတင္၍ အမ်ဳိးသား တစ္ဦး၊ ၂၀၁၄ ကတစ္ဦးႏွင့္ ၂၀၁၅ တြင္ ေျခာက္ဦးအထိ တုိး ပြားလာသည္။ ထို႔ေၾကာင့္ အမ်ဳိး သားမ်ားပါ သတိျပဳရမည့္ ရင္ သား ကင္ဆာျဖစ္ေပသည္။

အမ်ဳိးသားမ်ားတြင္ ရင္သား ကင္ဆာျဖစ္ပြားရသည့္ အေၾကာင္း ရင္းကို မသိရေသာ္လည္း ေဆး လိပ္ႏွင့္ အရက္ေသာက္သံုးျခင္း၊ ကိုယ္လက္လႈပ္ရွားမႈ မရွိျခင္းႏွင့္ အဝလြန္ျခင္းတို႔ေၾကာင့္ ယင္း ေရာဂါ ျဖစ္ႏိုင္မႈ အႏၲရာယ္ ျမင့္ မားေၾကာင္း ေလ့လာမႈမ်ားက ေဖာ္ျပသည္။

‘‘အမ်ဳိးသားေတြမွာ ဘာ ေၾကာင့္ျဖစ္တာလဲဆုိေတာ့ ျဖစ္ ႏုိင္ေျခမ်ားတာက ေဆးလိပ္ ေသာက္တာ၊ အရက္ေသာက္တာ ေနာက္ တခ်ဳိ႕ေရာဂါသည္ေတြရွိ တယ္။ အဲဒီေရာဂါသည္ေတြက် သူတို႔ ကုသရတဲ့ ေဆးေတြေပါ့ ေနာ္။ အဲဒီေဆးေတြကို တာရွည္ ေသာက္ရတဲ့သူေတြရွိတယ္။ အထူးသျဖင့္ကေတာ့ အရက္၊ ေဆးလိပ္ေပါ့။ ေနာက္ အဝလြန္ တဲ့သူေတြမွာ ျဖစ္တာေတြ႕တယ္’’ ဟု ရန္ကုန္ေဆး႐ံုႀကီး ဓာတ္ ေရာင္ျခည္ ကင္ဆာဌာန ပါေမာကၡ၊ဌာနမွဴး ေဒါက္တာ ခင္ခ်ဳိဝင္းက ဆုိသည္။

ရင္သားကင္ဆာ ျဖစ္ပြားႏိုင္ သည့္အခ်က္ကို တိက်စြာ မေျပာ ႏုိင္ေသာ္လည္း အျဖစ္မ်ားေသာ အုပ္စုႏွင့္ ျဖစ္ႏိုင္ေျခ အႏၲရာယ္ရွိ ေသာ အုပ္စုဟူ၍ သတ္မွတ္ထား သည္။ အရက္၊ ေဆးလိပ္ေသာက္ သံုးသူမ်ား၊ အဝလြန္သူမ်ား၊ ကေလးမေမြးဖူးသူမ်ား၊ သေႏၶ တားေဆး သံုးစြဲသူမ်ား၊ ကိုယ္ လက္လႈပ္ရွားမႈနည္းသူမ်ား၊ ရင္ သားကင္ဆာ မ်ဳိး႐ိုးရွိသူမ်ားဟူ၍ သတ္မွတ္ထားသည္။ ယင္းအုပ္စု ထဲ၌ အမ်ဳိးသားမ်ား ထပ္ကာ တလဲလဲ က်င့္သံုးေလ့ရွိသည့္ အေလ့အထမ်ား ပါဝင္ေနသျဖင့္ အမ်ဳိးသားမ်ားတြင္ပါ ရင္သား ကင္ဆာ ျဖစ္ေပၚရျခင္းျဖစ္သည္။

‘‘ကြၽန္ေတာ္လည္း သတင္း ေတြမွာေတြ႕တာ။ အမ်ဳိးသားေတြ မွာ ရင္သားကင္ဆာျဖစ္တယ္ဆုိ တာကို အံ့ၾသသြားတယ္။ ကြၽန္ ေတာ္ထင္တာကေတာ့ အခု ေနာက္ပိုင္းက အမ်ဳိးသားေတြက ေဆးလိပ္ေသာက္၊ အရက္ ေသာက္တာေတြက ပိုမ်ားလာ တာေၾကာင့္လည္း ပါမယ္ထင္ တယ္’’ဟု အသက္ (၃၀)ေက်ာ္ အရြယ္ ကုမၸဏီဝန္ထမ္း ကိုေက်ာ္ က ဆုိသည္။

ရန္ကုန္ေဆး႐ံုႀကီးသို႔ လာ ေရာက္ျပသသူ ရင္သားကင္ဆာ ျဖစ္ပြားသည့္ အမ်ဳိးသားမ်ားတြင္ အသက္ (၃၀)အရြယ္ကစ၍ (၆၀)အရြယ္မ်ား ပါဝင္ၿပီး အသက္ငယ္သူမ်ား၌  ယင္း ေရာဂါ မေတြ႕ရေပ။

‘‘သူတို႔က်ေတာ့ အမ်ဳိးသမီး ေတြထက္ ကိုယ့္ကိုယ္ကိုယ္ သတိထားမိၾကတယ္။ ဘာလို႔ဆို အမ်ဳိးသားေတြဆုိေတာ့၊   အစ ကတည္းကမွ ရင္သားမရွိတဲ့သူ ေတြဆိုေတာ့ ရင္သားက အလံုး ႀကီးျဖစ္လာတယ္၊ သိတာနဲ႔ ခ်က္ ခ်င္းျပေတာ့ နည္းနည္းေတာ္ေသး တာေပါ့။ ဒါေပမဲ့ တစ္ခု သတိ ထားရမွာက အမ်ဳိးသားေတြမွာ ျဖစ္တဲ့ ရင္သားကင္ဆာေတြက အမ်ဳိးသမီးေတြထက္စာရင္ ပိုဆုိး တယ္။ ပိုကုသရခက္တာေတြ ေတြ႕လာတယ္’’ဟု ေဒါက္တာ ခင္ခ်ဳိဝင္းက သံုးသပ္သည္။

အမ်ဳိးသားမ်ားတြင္ အမ်ဳိး သမီးမ်ားကဲ့သို႔ ရင္သားမ်ဳိးမရွိ ေသာ္လည္း ၎တို႔တြင္ ေသးငယ္ ေသာ ရင္သားတစ္သွ်ဴးပမာဏ ပါရွိသည္။ အရြယ္ေရာက္ၿပီး အမ်ဳိးသားတစ္ဦး၏ ရင္သားမ်ား သည္ အပ်ဳိေဖာ္ဝင္စ မိန္းကေလး တစ္ဦး၏ ရင္သားမ်ားႏွင့္ ဆင္တူ သည္။ အမ်ဳိးသမီးမ်ားတြင္ ယင္း တစ္သွ်ဴး ဖြံ႕ၿဖိဳးႀကီးထြားလာေသာ္ လည္း အမ်ဳိးသားမ်ားတြင္ ယင္း ကဲ့သို႔ ဖြံ႕ၿဖိဳးႀကီးထြားလာျခင္း မရွိ ေပ။

သို႔ေသာ္လည္း ယင္းမွာ ရင္ သားကင္ဆာ ျဖစ္ေစႏိုင္သည့္ တစ္သွ်ဴးပင္ ျဖစ္ေသာေၾကာင့္ အမ်ဳိးသားမ်ားတြင္လည္း ရင္ သားကင္ဆာ ျဖစ္ေပၚႏုိင္သည္။ အသက္ (၃၅)ႏွစ္ေအာက္ အမ်ဳိး သားမ်ားတြင္ ရင္သားကင္ဆာ ျဖစ္ပြားမႈ အလြန္နည္းပါးၿပီး အသက္ႀကီးလာေလေလ၊ ရင္ သားကင္ဆာ ျဖစ္ႏိုင္ေျခ ပိုမ်ား ေလျဖစ္ေၾကာင္း ေလ့လာမႈမ်ား က ေဖာ္ျပသည္။ အမ်ဳိးသားမ်ား သည္ အသက္ (၆၀)ႏွင့္အထက္ အရြယ္မ်ားတြင္ ရင္သားကင္ဆာ ျဖစ္ပြားမႈ အမ်ားဆံုးျဖစ္သည္။

အမ်ဳိးသားမ်ားအတြက္ ရင္ သားကင္ဆာကို စစ္ေဆးေဖာ္ ထုတ္ေသာ နည္းလမ္းမွာ အမ်ဳိး သမီးမ်ားႏွင့္ ပံုစံတူပင္ျဖစ္ၿပီး ႐ုပ္ ပိုင္းဆိုင္ရာ စမ္းသပ္စစ္ေဆးျခင္း၊ ရင္သား ဓာတ္မွန္႐ိုက္ျခင္း၊ အသားစ ထုတ္ယူစစ္ေဆးျခင္း စသည့္ နည္းလမ္းမ်ား အသံုးျပဳရ သည္။

ထို႔အျပင္ ေရာဂါျဖစ္ပြားပါ က အမ်ဳိးသမီးမ်ားကို ကုသေသာ နည္းလမ္းမ်ားပင္ အသံုးျပဳသည္။ ခြဲစိတ္ကုသျခင္း၊ ဓာတ္ေရာင္ ျခည္ျဖင့္ကုသျခင္း၊ ေဆးသြင္း ကုသျခင္းတို႔ျဖစ္သည္။

အမ်ဳိးသားမ်ားတြင္ ျဖစ္ပြား သည့္ ရင္သားကင္ဆာသည္ အမ်ဳိးသမီးမ်ားတြင္ ျဖစ္ပြားသည့္ ရင္သားကင္ဆာႏွင့္ ေရာဂါလကၡ ဏာ အတူတူပင္ျဖစ္သည္။ ရင္သားတြင္ အဖုအက်ိတ္မ်ား ထြက္ေပၚျခင္း၊ ရင္သားအေရာင္ ေျပာင္းလဲလာျခင္း၊ တစ္ဖက္ႏွင့္ တစ္ဖက္ အရြယ္အစားမတူညီ ျခင္း၊ ရင္သားႏွင့္ႏို႔သီးထိပ္ အေရ ခံြမ်ား ယားယံျခင္း၊ ႏို႔သီးေခါင္း ကိုညႇစ္ရာတြင္ အရည္၊ ေသြးမ်ား ထြက္ျခင္းႏွင့္ ခ်ဳိင္းမ်ား၌ အက်ိတ္ ထြက္ျခင္းတို႔ျဖစ္သည္။

‘‘ရင္သားမွာ အက်ိတ္ျဖစ္ လာတယ္။ ခ်ဳိင္းမွာ အက်ိတ္ရွိ တယ္။ နာတာေတာ့ သိပ္မရိွိဘူး ေပါ့။ သိပ္ဆိုးမွပဲ၊ ေပါက္ၿပဲ ထြက္မွပဲ နာတာေပါ့’’ဟု ေဒါက္ တာ ခင္ခ်ဳိဝင္းက ရွင္းျပသည္။

ထို႔ေၾကာင့္ အမ်ဳိးသားမ်ား အေနျဖင့္ အမ်ဳိးသမီးမ်ားနည္းတူ မိမိတို႔ရင္သားတြင္ မသကၤာဖြယ္ အခ်က္မ်ား ေတြ႕ရွိလာပါက တတ္ကြၽမ္းနားလည္သည့္ ဆရာ ဝန္မ်ားႏွင့္ ျပသရမည္ျဖစ္သည္။ ထုိ႔အျပင္ အေနအထိုင္၊ အစား အေသာက္ပံုစံမ်ား ေျပာင္းလဲ ျခင္းျဖင့္လည္း ရင္သားကင္ဆာ ျဖစ္ပြားမႈကို ကာကြယ္ႏုိင္သည္။ အဆီေလွ်ာ့စားျခင္း၊ ဟင္းသီး ဟင္းရြက္မ်ား စားသံုးျခင္း၊ ကုိယ္ လက္လႈပ္ရွား အားကစားျပဳလုပ္ ျခင္း၊ အရက္၊ ေဆးလိပ္ ေလွ်ာ့ ေသာက္ျခင္းတို႔ျဖင့္ ကာကြယ္ႏိုင္ သည္။

အခ်ဳပ္ဆိုရေသာ္ အိမ္ ေထာင္ဦးစီး တာဝန္ယူထားရ ေသာ အမ်ဳိးသားမ်ား၌ ရင္သား ကင္ဆာျဖစ္ပြားပါက ေနာက္ ဆက္တြဲ အက်ဳိးသက္ေရာက္မႈ အျဖစ္ ႏိုင္ငံ့လုပ္အား ဆံုး႐ံႈးမည့္ အျပင္ ၎၏မိသားစုအတြက္ လည္း ဒုကၡအခက္အခဲမ်ားစြာႏွင့္ရင္ဆိုင္ရမည္ျဖစ္သည္။

‘‘ရင္သားကင္ဆာက ေၾကာက္စရာမဟုတ္ပါဘူး။ အဓိ ကက အႏၲရာယ္ရွိတဲ့အျပဳအမူ ေတြ(အရက္၊ ေဆးလိပ္)ကို ေရွာင္ရွားရမယ္။ ၿပီးေတာ့ အမ်ဳိး သားေတြအေနနဲ႔ မိမိရင္သား အေရာင္ေျပာင္းသြားတာတို႔ဆို ရင္ ဆရာဝန္ႀကီးေတြနဲ႔ စစ္ေဆး သင့္တယ္။ ေစာေစာစီးစီးသိၿပီး ေစာေစာကုမယ္ဆိုရင္ ေပ်ာက္ ကင္းႏိုင္ေျခ အရမ္းမ်ားပါတယ္’’ ဟု အေထြေထြေရာဂါကု ဆရာဝန္ တစ္ဦးက တိုက္တြန္းသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
အမျိုးသားများ၌ ရင် သားကင်ဆာ ဖြစ်ပွားမှုသည် ကမ္ဘာတွင်သာမက မြန်မာနိုင်ငံ၌လည်း ရှိလာပြီဖြစ်သည်။ ယင်းရောဂါ သည် ယခုအခါ မြန်မာအမျိုး သမီးထုကိုသာမက အမျိုးသား များကိုပါ ခြိမ်းခြောက်နေသည့် ရောဂါတစ်ခုဖြစ်လာသည်။

‘‘အခုမှသိတာ။ ကြားကို မကြားဖူးဘူးဗျ။ အမျိုးသမီးတွေ မှာပဲ ဖြစ်မယ်ထင်ထားတာ။ ဒီပုံစံ အတိုင်းသာဆို နေ့တိုင်း ကိုယ့်ရင် သားကို စမ်းရမလိုဖြစ်နေပြီ’’ဟု အသက် (၄၀)အရွယ် တက္ကစီ ယာဉ်မောင်း ဦးအုန်းက ဆိုသည်။

ရန်ကုန်ဆေးရုံကြီး စာရင်း မှတ်တမ်းများအရ အမျိုးသားများ ၌ ရင်သားကင်ဆာဖြစ်ပွားမှုသည် ၂၀၁၃ က စတင်၍ အမျိုးသား တစ်ဦး၊ ၂၀၁၄ ကတစ်ဦးနှင့် ၂၀၁၅ တွင် ခြောက်ဦးအထိ တိုး ပွားလာသည်။ ထို့ကြောင့် အမျိုး သားများပါ သတိပြုရမည့် ရင် သား ကင်ဆာဖြစ်ပေသည်။

အမျိုးသားများတွင် ရင်သား ကင်ဆာဖြစ်ပွားရသည့် အကြောင်း ရင်းကို မသိရသော်လည်း ဆေး လိပ်နှင့် အရက်သောက်သုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းနှင့် အဝလွန်ခြင်းတို့ကြောင့် ယင်း ရောဂါ ဖြစ်နိုင်မှု အန္တရာယ် မြင့် မားကြောင်း လေ့လာမှုများက ဖော်ပြသည်။

‘‘အမျိုးသားတွေမှာ ဘာ ကြောင့်ဖြစ်တာလဲဆိုတော့ ဖြစ် နိုင်ခြေများတာက ဆေးလိပ် သောက်တာ၊ အရက်သောက်တာ နောက် တချို့ရောဂါသည်တွေရှိ တယ်။ အဲဒီရောဂါသည်တွေကျ သူတို့ ကုသရတဲ့ ဆေးတွေပေါ့ နော်။ အဲဒီဆေးတွေကို တာရှည် သောက်ရတဲ့သူတွေရှိတယ်။ အထူးသဖြင့်ကတော့ အရက်၊ ဆေးလိပ်ပေါ့။ နောက် အဝလွန် တဲ့သူတွေမှာ ဖြစ်တာတွေ့တယ်’’ ဟု ရန်ကုန်ဆေးရုံကြီး ဓာတ် ရောင်ခြည် ကင်ဆာဌာန ပါမောက္ခ၊ဌာနမှူး ဒေါက်တာ ခင်ချိုဝင်းက ဆိုသည်။

ရင်သားကင်ဆာ ဖြစ်ပွားနိုင် သည့်အချက်ကို တိကျစွာ မပြော နိုင်သော်လည်း အဖြစ်များသော အုပ်စုနှင့် ဖြစ်နိုင်ခြေ အန္တရာယ်ရှိ သော အုပ်စုဟူ၍ သတ်မှတ်ထား သည်။ အရက်၊ ဆေးလိပ်သောက် သုံးသူများ၊ အဝလွန်သူများ၊ ကလေးမမွေးဖူးသူများ၊ သန္ဓေ တားဆေး သုံးစွဲသူများ၊ ကိုယ် လက်လှုပ်ရှားမှုနည်းသူများ၊ ရင် သားကင်ဆာ မျိုးရိုးရှိသူများဟူ၍ သတ်မှတ်ထားသည်။ ယင်းအုပ်စု ထဲ၌ အမျိုးသားများ ထပ်ကာ တလဲလဲ ကျင့်သုံးလေ့ရှိသည့် အလေ့အထများ ပါဝင်နေသဖြင့် အမျိုးသားများတွင်ပါ ရင်သား ကင်ဆာ ဖြစ်ပေါ်ရခြင်းဖြစ်သည်။

‘‘ကျွန်တော်လည်း သတင်း တွေမှာတွေ့တာ။ အမျိုးသားတွေ မှာ ရင်သားကင်ဆာဖြစ်တယ်ဆို တာကို အံ့သြသွားတယ်။ ကျွန် တော်ထင်တာကတော့ အခု နောက်ပိုင်းက အမျိုးသားတွေက ဆေးလိပ်သောက်၊ အရက် သောက်တာတွေက ပိုများလာ တာကြောင့်လည်း ပါမယ်ထင် တယ်’’ဟု အသက် (၃၀)ကျော် အရွယ် ကုမ္ပဏီဝန်ထမ်း ကိုကျော် က ဆိုသည်။

ရန်ကုန်ဆေးရုံကြီးသို့ လာ ရောက်ပြသသူ ရင်သားကင်ဆာ ဖြစ်ပွားသည့် အမျိုးသားများတွင် အသက် (၃၀)အရွယ်ကစ၍ (၆၀)အရွယ်များ ပါဝင်ပြီး အသက်ငယ်သူများ၌  ယင်း ရောဂါ မတွေ့ရပေ။

‘‘သူတို့ကျတော့ အမျိုးသမီး တွေထက် ကိုယ့်ကိုယ်ကိုယ် သတိထားမိကြတယ်။ ဘာလို့ဆို အမျိုးသားတွေဆိုတော့၊   အစ ကတည်းကမှ ရင်သားမရှိတဲ့သူ တွေဆိုတော့ ရင်သားက အလုံး ကြီးဖြစ်လာတယ်၊ သိတာနဲ့ ချက် ချင်းပြတော့ နည်းနည်းတော်သေး တာပေါ့။ ဒါပေမဲ့ တစ်ခု သတိ ထားရမှာက အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာတွေက အမျိုးသမီးတွေထက်စာရင် ပိုဆိုး တယ်။ ပိုကုသရခက်တာတွေ တွေ့လာတယ်’’ဟု ဒေါက်တာ ခင်ချိုဝင်းက သုံးသပ်သည်။

အမျိုးသားများတွင် အမျိုး သမီးများကဲ့သို့ ရင်သားမျိုးမရှိ သော်လည်း ၎င်းတို့တွင် သေးငယ် သော ရင်သားတစ်သျှူးပမာဏ ပါရှိသည်။ အရွယ်ရောက်ပြီး အမျိုးသားတစ်ဦး၏ ရင်သားများ သည် အပျိုဖော်ဝင်စ မိန်းကလေး တစ်ဦး၏ ရင်သားများနှင့် ဆင်တူ သည်။ အမျိုးသမီးများတွင် ယင်း တစ်သျှူး ဖွံ့ဖြိုးကြီးထွားလာသော် လည်း အမျိုးသားများတွင် ယင်း ကဲ့သို့ ဖွံ့ဖြိုးကြီးထွားလာခြင်း မရှိ ပေ။

သို့သော်လည်း ယင်းမှာ ရင် သားကင်ဆာ ဖြစ်စေနိုင်သည့် တစ်သျှူးပင် ဖြစ်သောကြောင့် အမျိုးသားများတွင်လည်း ရင် သားကင်ဆာ ဖြစ်ပေါ်နိုင်သည်။ အသက် (၃၅)နှစ်အောက် အမျိုး သားများတွင် ရင်သားကင်ဆာ ဖြစ်ပွားမှု အလွန်နည်းပါးပြီး အသက်ကြီးလာလေလေ၊ ရင် သားကင်ဆာ ဖြစ်နိုင်ခြေ ပိုများ လေဖြစ်ကြောင်း လေ့လာမှုများ က ဖော်ပြသည်။ အမျိုးသားများ သည် အသက် (၆၀)နှင့်အထက် အရွယ်များတွင် ရင်သားကင်ဆာ ဖြစ်ပွားမှု အများဆုံးဖြစ်သည်။

အမျိုးသားများအတွက် ရင် သားကင်ဆာကို စစ်ဆေးဖော် ထုတ်သော နည်းလမ်းမှာ အမျိုး သမီးများနှင့် ပုံစံတူပင်ဖြစ်ပြီး ရုပ် ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း၊ ရင်သား ဓာတ်မှန်ရိုက်ခြင်း၊ အသားစ ထုတ်ယူစစ်ဆေးခြင်း စသည့် နည်းလမ်းများ အသုံးပြုရ သည်။

ထို့အပြင် ရောဂါဖြစ်ပွားပါ က အမျိုးသမီးများကို ကုသသော နည်းလမ်းများပင် အသုံးပြုသည်။ ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင် ခြည်ဖြင့်ကုသခြင်း၊ ဆေးသွင်း ကုသခြင်းတို့ဖြစ်သည်။

အမျိုးသားများတွင် ဖြစ်ပွား သည့် ရင်သားကင်ဆာသည် အမျိုးသမီးများတွင် ဖြစ်ပွားသည့် ရင်သားကင်ဆာနှင့် ရောဂါလက္ခ ဏာ အတူတူပင်ဖြစ်သည်။ ရင်သားတွင် အဖုအကျိတ်များ ထွက်ပေါ်ခြင်း၊ ရင်သားအရောင် ပြောင်းလဲလာခြင်း၊ တစ်ဖက်နှင့် တစ်ဖက် အရွယ်အစားမတူညီ ခြင်း၊ ရင်သားနှင့်နို့သီးထိပ် အရေ ခွံများ ယားယံခြင်း၊ နို့သီးခေါင်း ကိုညှစ်ရာတွင် အရည်၊ သွေးများ ထွက်ခြင်းနှင့် ချိုင်းများ၌ အကျိတ် ထွက်ခြင်းတို့ဖြစ်သည်။

‘‘ရင်သားမှာ အကျိတ်ဖြစ် လာတယ်။ ချိုင်းမှာ အကျိတ်ရှိ တယ်။ နာတာတော့ သိပ်မရှိဘူး ပေါ့။ သိပ်ဆိုးမှပဲ၊ ပေါက်ပြဲ ထွက်မှပဲ နာတာပေါ့’’ဟု ဒေါက် တာ ခင်ချိုဝင်းက ရှင်းပြသည်။

ထို့ကြောင့် အမျိုးသားများ အနေဖြင့် အမျိုးသမီးများနည်းတူ မိမိတို့ရင်သားတွင် မသင်္ကာဖွယ် အချက်များ တွေ့ရှိလာပါက တတ်ကျွမ်းနားလည်သည့် ဆရာ ဝန်များနှင့် ပြသရမည်ဖြစ်သည်။ ထို့အပြင် အနေအထိုင်၊ အစား အသောက်ပုံစံများ ပြောင်းလဲ ခြင်းဖြင့်လည်း ရင်သားကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်နိုင်သည်။ အဆီလျှော့စားခြင်း၊ ဟင်းသီး ဟင်းရွက်များ စားသုံးခြင်း၊ ကိုယ် လက်လှုပ်ရှား အားကစားပြုလုပ် ခြင်း၊ အရက်၊ ဆေးလိပ် လျှော့ သောက်ခြင်းတို့ဖြင့် ကာကွယ်နိုင် သည်။

အချုပ်ဆိုရသော် အိမ် ထောင်ဦးစီး တာဝန်ယူထားရ သော အမျိုးသားများ၌ ရင်သား ကင်ဆာဖြစ်ပွားပါက နောက် ဆက်တွဲ အကျိုးသက်ရောက်မှု အဖြစ် နိုင်ငံ့လုပ်အား ဆုံးရှုံးမည့် အပြင် ၎င်း၏မိသားစုအတွက် လည်း ဒုက္ခအခက်အခဲများစွာနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။

‘‘ရင်သားကင်ဆာက ကြောက်စရာမဟုတ်ပါဘူး။ အဓိ ကက အန္တရာယ်ရှိတဲ့အပြုအမူ တွေ(အရက်၊ ဆေးလိပ်)ကို ရှောင်ရှားရမယ်။ ပြီးတော့ အမျိုး သားတွေအနေနဲ့ မိမိရင်သား အရောင်ပြောင်းသွားတာတို့ဆို ရင် ဆရာဝန်ကြီးတွေနဲ့ စစ်ဆေး သင့်တယ်။ စောစောစီးစီးသိပြီး စောစောကုမယ်ဆိုရင် ပျောက် ကင်းနိုင်ခြေ အရမ်းများပါတယ်’’ ဟု အထွေထွေရောဂါကု ဆရာဝန် တစ်ဦးက တိုက်တွန်းသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top