Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×

# Zawgyi Version ဖြင့် ဖတ်ပါ #

ခင်​ဗျားတို့.......


ခင်​ဗျားတို့......


ခင်​ဗျားတို့.....


ခင်​ဗျားတို့......





မိတ်​​ဆွေ.....



# Unicode Version ဖြင့် ဖတ်ပါ #

ခင်ဗျားတို့.......

အိပ်မက်တွေချိုနေဆဲမှာ
အုန်းမောင်းခေါက်ပြီး ဝတ်တက်ကြတယ်

ခင်ဗျားတို့......

ဆံပင်တွေကောက်လိုက်ဖြောင့်လိုက်အလှဆင်ချိန်မှာ
ကတုံးပြောင်ပြောင်နဲ့ နေပူဒဏ်ကို သည်းခံကြတယ်

ခင်ဗျားတို့.....

နောက်ဆုံးပေါ်အဝတ်အစားတွေနဲ့အရောင်စုံချိန်မှာ
တစ်ရောင်တည်းသောအထည်ကို ချွေးပေတာတောင် မဖယ်ခဲ့ဘူး

ခင်ဗျားတို့......

ဖိနပ်ကောင်းတွေနဲ့ကြွကြွလေး လှမ်းချိန်မှာ
ခြေဗလာကို မြေမရွေးပဲ ဆွမ်းရေးအတွက် ထွက်ရတယ်

သူတော်စင်စစ်စစ်လို့ မဆိုလိုပါဘူး
ဗိုက်ဟောင်းလောင်းနဲ့စာကျက်ခက်လို့

ညနေဘက်မှာ စားမိတဲ့အခါလည်း ရှိလိမ့်မယ်
သိက္ခာပုဒ်တွေကို ဘေးဖယ်ထားလိုက်
သိန်းချီတန်တဲ့ကျောက်ကောင်းတစ်ပွင့်ဖြစ်ဖို့ဆိုတာ

အဖြုန်းလေးတွေ သွေးမှ ဖြစ်မှာလေ
နောင်သာသနာကို မျှော်တွေးပြီး

မိတ်ဆွေ.....

ကိုရင်လေးတွေ အလှူခံ လာတဲ့အခါ....
ကန်တော့ဆွမ်းလောင်းရင် လက်အုပ်လေးတော့ ချီတတ်ပါစေဗျာ..။

ဖိုးသူတော် (www.phothutaw.com)
Credit: PK(ကျောင်းစောင့်ကြီး)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top