ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အသက္မျပည့္ေသး ေသာအိမ္အကူကို  အလိုတူ၍ ဆုိကာ တည္းခိုခန္းေခၚ၍ ေပါင္း သင္းသူကို အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္  ၁၀ႏွစ္က်ခံရန္ ႏိုဝင္ဘာ ၁၅ ရက္တြင္ အေနာက္ပိုင္း ခ႐ိုင္တရား႐ံုးက အမိန္႔ခ်သည္။

ျဖစ္စဥ္မွာ လသာၿမိဳ႕နယ္ရွိ ေနအိမ္တစ္အိမ္တြင္ အိမ္အကူ လုပ္ကိုင္ေသာ မိန္းကေလးကို အိမ္ရွင္က ေခါင္းေလွ်ာ္ရည္ဝယ္ ခုိင္းရာတြင္ အိမ္အကူသည္ တည္း ခိုခန္းသို႔ သြားေနေၾကာင္း သိရွိ၍ အိမ္ရွင္က တည္းခိုခန္းေခၚသြား သူ ကိုစိန္ေရႊ  (၃၄) ႏွစ္ကို တရားလိုျပဳလုပ္ တုိင္တန္းျခင္းျဖစ္သည္။ ထို႔ေနာက္ ႏိုဝင္ဘာ ၁၅ ရက္ ႐ံုးခ်ိန္းတြင္ ကိုစိန္ေရႊအားပုဒ္မ ၃၇၆ အရ ျပစ္ဒဏ္ခ်မွတ္ခဲ့ သည္။

အေနာက္ပိုင္းခ႐ိုင္တရား႐ံုး မွ အမိန္႔ခ်မွတ္သူ ဒုခ႐ိုင္တရားသူ ႀကီး (၉)က ‘‘အတင္းကာမျပဳက်င့္ ေၾကာင္း မေပၚလြင္ေသာ္လည္း (၁၆)ႏွစ္ေအာက္ မိန္းကေလးကို အလိုတူတူ၊ မတူတူ ကာမျပဳက်င့္ပါက မုဒိမ္းမႈက်ဴး လြန္ရာေရာက္ ေၾကာင္း ဥပေဒတြင္ ျပ႒ာန္းထား သျဖင့္ အမိန္႔ခ်သည္’’ဟု တရား ခြင္တြင္ ေျပာၾကားသည္။

အမိန္႔ခ်ခံရၿပီးေနာက္ တရား ခြင္အတြင္းမွ ျပန္လည္ထြက္ခြာ လာေသာ ကိုစိန္ေရႊက ‘‘ကြၽန္ ေတာ္ နားမလည္ဘူး။ သူနဲ႔ ကြၽန္ ေတာ္နဲ႔က ရည္းစားေတြ။ အိမ္ရွင္ က ႐ိုက္တယ္ေျပာတယ္။ ယူဖို႔ကို လစာမရေသးဘူး။ အလုပ္မထြက္ ရေသးဘူး။ ေနာက္မွ လိုက္မယ္ ေျပာတယ္။ အခုကိစၥကို နားမလည္ဘူး’’ဟု 7Day Daily သတင္းစာအား ေျဖၾကားသည္။

ကိုစိန္ေရႊက ၎သည္ အိမ္ အကူမိန္းကေလးႏွင့္ ရည္းစားျဖစ္ သည္မွာ ငါးလရွိၿပီျဖစ္ေၾကာင္း ႏွင့္ အိမ္အကူမိန္းကေလးကို လက္ထပ္ရန္ ကိုစိန္ေရႊ၏ မိဘ မ်ားကိုယ္တိုင္ ကမ္းလွမ္းထား ေၾကာင္း တရားခံျပသက္ေသမ်ား ႏွင့္အတူ တရားခြင္တြင္ ထြက္ဆုိ ထားေၾကာင္း ဒုခ႐ိုင္တရားသူႀကီး (၉)က အမိန္႔တြင္ ထည့္သြင္းေျပာ ၾကားသည္။

တရားခြင္၌ စစ္ေဆးစဥ္ သမီးရည္းစားမျဖစ္ဘဲ တည္းခိုခန္း လိုက္သြားစရာအေၾကာင္းမရွိဟု ေမးျမန္းခ်က္ကို သမီးရည္းစားျဖစ္ သည္မွာ မွန္ကန္ေၾကာင္း အိမ္အကူမိန္းကေလးက ေျဖဆုိသည္။

၂၀၁၆ တြင္ ျပင္ဆင္သည့္ ဥပေဒအရ အသက္ (၁၆) ႏွစ္ေအာက္ မိန္းကေလးႏွင့္ ေပါင္းသင္းပါက  လင္ေယာက်္ားပင္ျဖစ္ ေသာ္လည္း မုဒိမ္းမႈေျမာက္မည္ ျဖစ္သည္။

၂၀၁၇ ဇန္နဝါရီမွ စက္တင္ ဘာအထိ ကိုးလအတြင္း ရန္ကုန္ တုိင္းေဒသႀကီး၌ ျဖစ္ပြားခဲ့သည့္ မုဒိမ္းမႈ ၁၉၂ မႈရွိေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕မွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


အသက်မပြည့်သေး သောအိမ်အကူကို  အလိုတူ၍ ဆိုကာ တည်းခိုခန်းခေါ်၍ ပေါင်း သင်းသူကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်  ၁၀နှစ်ကျခံရန် နိုဝင်ဘာ ၁၅ ရက်တွင် အနောက်ပိုင်း ခရိုင်တရားရုံးက အမိန့်ချသည်။

ဖြစ်စဉ်မှာ လသာမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် အိမ်အကူ လုပ်ကိုင်သော မိန်းကလေးကို အိမ်ရှင်က ခေါင်းလျှော်ရည်ဝယ် ခိုင်းရာတွင် အိမ်အကူသည် တည်း ခိုခန်းသို့ သွားနေကြောင်း သိရှိ၍ အိမ်ရှင်က တည်းခိုခန်းခေါ်သွား သူ ကိုစိန်ရွှေ  (၃၄) နှစ်ကို တရားလိုပြုလုပ် တိုင်တန်းခြင်းဖြစ်သည်။ ထို့နောက် နိုဝင်ဘာ ၁၅ ရက် ရုံးချိန်းတွင် ကိုစိန်ရွှေအားပုဒ်မ ၃၇၆ အရ ပြစ်ဒဏ်ချမှတ်ခဲ့ သည်။

အနောက်ပိုင်းခရိုင်တရားရုံး မှ အမိန့်ချမှတ်သူ ဒုခရိုင်တရားသူ ကြီး (၉)က ‘‘အတင်းကာမပြုကျင့် ကြောင်း မပေါ်လွင်သော်လည်း (၁၆)နှစ်အောက် မိန်းကလေးကို အလိုတူတူ၊ မတူတူ ကာမပြုကျင့်ပါက မုဒိမ်းမှုကျူး လွန်ရာရောက် ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထား သဖြင့် အမိန့်ချသည်’’ဟု တရား ခွင်တွင် ပြောကြားသည်။

အမိန့်ချခံရပြီးနောက် တရား ခွင်အတွင်းမှ ပြန်လည်ထွက်ခွာ လာသော ကိုစိန်ရွှေက ‘‘ကျွန် တော် နားမလည်ဘူး။ သူနဲ့ ကျွန် တော်နဲ့က ရည်းစားတွေ။ အိမ်ရှင် က ရိုက်တယ်ပြောတယ်။ ယူဖို့ကို လစာမရသေးဘူး။ အလုပ်မထွက် ရသေးဘူး။ နောက်မှ လိုက်မယ် ပြောတယ်။ အခုကိစ္စကို နားမလည်ဘူး’’ဟု 7Day Daily သတင်းစာအား ဖြေကြားသည်။

ကိုစိန်ရွှေက ၎င်းသည် အိမ် အကူမိန်းကလေးနှင့် ရည်းစားဖြစ် သည်မှာ ငါးလရှိပြီဖြစ်ကြောင်း နှင့် အိမ်အကူမိန်းကလေးကို လက်ထပ်ရန် ကိုစိန်ရွှေ၏ မိဘ များကိုယ်တိုင် ကမ်းလှမ်းထား ကြောင်း တရားခံပြသက်သေများ နှင့်အတူ တရားခွင်တွင် ထွက်ဆို ထားကြောင်း ဒုခရိုင်တရားသူကြီး (၉)က အမိန့်တွင် ထည့်သွင်းပြော ကြားသည်။

တရားခွင်၌ စစ်ဆေးစဉ် သမီးရည်းစားမဖြစ်ဘဲ တည်းခိုခန်း လိုက်သွားစရာအကြောင်းမရှိဟု မေးမြန်းချက်ကို သမီးရည်းစားဖြစ် သည်မှာ မှန်ကန်ကြောင်း အိမ်အကူမိန်းကလေးက ဖြေဆိုသည်။

၂၀၁၆ တွင် ပြင်ဆင်သည့် ဥပဒေအရ အသက် (၁၆) နှစ်အောက် မိန်းကလေးနှင့် ပေါင်းသင်းပါက  လင်ယောကျ်ားပင်ဖြစ် သော်လည်း မုဒိမ်းမှုမြောက်မည် ဖြစ်သည်။

၂၀၁၇ ဇန်နဝါရီမှ စက်တင် ဘာအထိ ကိုးလအတွင်း ရန်ကုန် တိုင်းဒေသကြီး၌ ဖြစ်ပွားခဲ့သည့် မုဒိမ်းမှု ၁၉၂ မှုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top