Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အသက္ ၃၃ႏွစ္ ရွိၿပီျဖစ္တဲ့ ေလာရာပလမ္မားဟာ ယူေကမွာ တရားဝင္ေပမယ့္ အီဂ်စ္မွာ တားျမစ္ထားတဲ့ အကိုက္အခဲေပ်ာက္ေဆး အလုံး ၃ဝဝ သယ္ေဆာင္မႈနဲ႔ စြပ္စြဲခံရၿပီး လြန္ခဲ့တဲ့ လက အဖမ္းခံရတာ ျဖစ္ပါတယ္။
ၾကာရွည္မွာ မဟုတ္ဘူးလို႔ ေမွ်ာ္လင့္ရတဲ့ ၾကားနာမႈမွာ တရားသူႀကီးအေနနဲ႔ သူ႔ကို ဆက္လက္ ထိန္းသိမ္းထားႏိုင္သလို အာမခံနဲ႔လည္း လြတ္ေျမာက္ႏိုင္ပါတယ္။

ဟားလ္မွာ ဆိုင္အကူလုပ္ေနတဲ့သူက သူသယ္လာတဲ့ အကိုက္အခဲေပ်ာက္ေဆးေတြဟာ ဒီႏိုင္ငံမွာ တားျမစ္ထားမွန္း လုံးဝ မသိခဲ့ဘူးလို႔ ေျပာပါတယ္။
ဒါေပမဲ့ ကိုယ့္ရဲ႕ ဂ႐ုမစိုက္ လ်စ္လ်ဳရႈမႈက အေၾကာင္းျပခ်က္ မဟုတ္ဘူးလို႔ ေဒသခံရဲေတြက ေျပာပါတယ္။
အီဂ်စ္မွာ မူးယစ္ေဆးဝါး တရားမဝင္ သယ္ေဆာင္မႈဟာ ေသဒဏ္အထိ ျပစ္ဒဏ္ က်ခံရႏိုင္တဲ့အတြက္ သူမရဲ႕ အမွားဟာ အျပစ္မရွိဘူးလို႔ တရားသူႀကီးက လက္ခံယုံၾကည္မယ္လို႔ သူ႔မိသားစုက ေမွ်ာ္လင့္ေနပါတယ္။
သူယူလာတဲ့ ထရာမေဒါလ္ဟာ ဆရာဝန္ေဆးစာနဲ႔ တရားဝင္ သုံးစြဲခြင့္ ရွိေပမယ့္ ေဆးမွာပါတဲ့ ဘိန္းကို စြဲတတ္တဲ့အတြက္ ပိတ္ပင္တာျဖစ္ပါတယ္။

ဘီဘီစီက ဖုန္းနဲ႔ ဆက္သြယ္ေမးျမန္းမႈမွာ မစၥပလမ္မာက ဒီေဆးေတြကို သူ႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္ က အီဂ်စ္က ေက်ာနာ ေရာဂါရွိတဲ့ မိတ္ေဆြ အိုမာကဘူး အတြက္ ေပးလိုက္တာလို႔ ေျပာပါတယ္။
သူမရဲ႕ လုပ္ေဖာ္ကိုင္ဖက္က ေဆးဝါးထည့္တဲ့ စကၠဴအိတ္ထဲ ထည့္ေပးလိုက္တာကို ခရီးေဆာင္အိတ္ထဲ ထည့္ယူလာခဲ့တာပါ။

ကြၽန္မ အိတ္ထဲကိုေတာင္ မၾကည့္ခဲ့ပါဘူး။ ဘယ္ေလာက္ေတာင္ ကြၽန္မတုံးအတယ္ဆိုတာ ကိုယ့္ဘာသာ မေျပာႏိုင္ေလာက္ေအာင္ပဲလို႔ သူမက ဆိုခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: BBC
#Unicode Version#
အသက် ၃၃နှစ် ရှိပြီဖြစ်တဲ့ လောရာပလမ်မားဟာ ယူကေမှာ တရားဝင်ပေမယ့် အီဂျစ်မှာ တားမြစ်ထားတဲ့ အကိုက်အခဲပျောက်ဆေး အလုံး ၃ဝဝ သယ်ဆောင်မှုနဲ့ စွပ်စွဲခံရပြီး လွန်ခဲ့တဲ့ လက အဖမ်းခံရတာ ဖြစ်ပါတယ်။
ကြာရှည်မှာ မဟုတ်ဘူးလို့ မျှော်လင့်ရတဲ့ ကြားနာမှုမှာ တရားသူကြီးအနေနဲ့ သူ့ကို ဆက်လက် ထိန်းသိမ်းထားနိုင်သလို အာမခံနဲ့လည်း လွတ်မြောက်နိုင်ပါတယ်။

ဟားလ်မှာ ဆိုင်အကူလုပ်နေတဲ့သူက သူသယ်လာတဲ့ အကိုက်အခဲပျောက်ဆေးတွေဟာ ဒီနိုင်ငံမှာ တားမြစ်ထားမှန်း လုံးဝ မသိခဲ့ဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ ကိုယ့်ရဲ့ ဂရုမစိုက် လျစ်လျုရှုမှုက အကြောင်းပြချက် မဟုတ်ဘူးလို့ ဒေသခံရဲတွေက ပြောပါတယ်။
အီဂျစ်မှာ မူးယစ်ဆေးဝါး တရားမဝင် သယ်ဆောင်မှုဟာ သေဒဏ်အထိ ပြစ်ဒဏ် ကျခံရနိုင်တဲ့အတွက် သူမရဲ့ အမှားဟာ အပြစ်မရှိဘူးလို့ တရားသူကြီးက လက်ခံယုံကြည်မယ်လို့ သူ့မိသားစုက မျှော်လင့်နေပါတယ်။
သူယူလာတဲ့ ထရာမဒေါလ်ဟာ ဆရာဝန်ဆေးစာနဲ့ တရားဝင် သုံးစွဲခွင့် ရှိပေမယ့် ဆေးမှာပါတဲ့ ဘိန်းကို စွဲတတ်တဲ့အတွက် ပိတ်ပင်တာဖြစ်ပါတယ်။

ဘီဘီစီက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းမှုမှာ မစ္စပလမ်မာက ဒီဆေးတွေကို သူ့ရဲ့လုပ်ဖော်ကိုင်ဖက် က အီဂျစ်က ကျောနာ ရောဂါရှိတဲ့ မိတ်ဆွေ အိုမာကဘူး အတွက် ပေးလိုက်တာလို့ ပြောပါတယ်။
သူမရဲ့ လုပ်ဖော်ကိုင်ဖက်က ဆေးဝါးထည့်တဲ့ စက္ကူအိတ်ထဲ ထည့်ပေးလိုက်တာကို ခရီးဆောင်အိတ်ထဲ ထည့်ယူလာခဲ့တာပါ။

ကျွန်မ အိတ်ထဲကိုတောင် မကြည့်ခဲ့ပါဘူး။ ဘယ်လောက်တောင် ကျွန်မတုံးအတယ်ဆိုတာ ကိုယ့်ဘာသာ မပြောနိုင်လောက်အောင်ပဲလို့ သူမက ဆိုခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: BBC
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top