Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ျဖစ္စဥ္မွာ လားရႈိးၿမိဳ႕၊ ရပ္ကြက္ (၃)၊ ဗြီ ဘဏ္ေရွ႕တြင္ ႏိုဝင္ဘာ ၉ ရက္ နံနက္ပိုင္းက ရဲတပ္ဖြဲ႕ဝင္မ်ား ေစာင့္ၾကပ္ၾကည့္ရႈေရး တာဝန္ေဆာင္႐ြက္ေနစဥ္ လမ္းမေတာ္လမ္းအတိုင္း ၿမိဳ႕ေတာ္ခန္းမဘက္မွ မႏၲေလးလမ္းဆုံဘက္သို႔ အေပၚပိုင္း အဝတ္ဗလာ၊ ေအာက္ပိုင္း ေျပာက္က်ားေဘာင္းဘီရွည္ ဝတ္ဆင္ထားေသာ အမ်ိဳးသားတစ္ဦးသည္ မိမိဝဲလည္ပင္းအား ကိုယ္တိုင္ဓားျဖင့္ ေထာက္လ်က္ ဆိုင္ကယ္ကို ေမာင္းႏွင္ၿပီး ဘဏ္ေရွ႕မွ ျဖတ္သန္းသြားသည္ကို ေတြ႕ရွိသျဖင့္ ဆိုင္ကယ္ေနာက္သို႔ လိုက္လံၾကည့္ရႈခဲ့ရာ ဆိုက္ကယ္မွာ ေရကန္လမ္း – ခိုင္ေ႐ႊဝါလမ္း – တ႐ုတ္ဘုံေက်ာင္းလမ္းအတိုင္း ေမာင္းႏွင္သြားသည္ကို ေတြ႕ရွိရေၾကာင္း သိရသည္။

အဆိုပါ ဆိုင္ကယ္ေမာင္းႏွင္သူ အမ်ိဳးသားသည္ တ႐ုတ္ဘုံေက်ာင္းအတြင္းသို႔ ဝင္ေရာက္ၿပီး ဘုံေက်ာင္းအေပၚထပ္သို႔ တက္ေရာက္သြားခဲ့သျဖင့္ ဘုံေက်ာင္းအတြင္း ေရာက္ရွိလာသည့္ အမွတ္ (၃) နယ္ေျမ ရဲကင္းမႉး၊ ရပ္ကြက္ (၄) အုပ္ခ်ဳပ္ေရးမႉး၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ားက ဘုံေက်ာင္းေပၚမွ ျပန္ဆင္းရန္ ဝိုင္းဝန္းေဖ်ာင္းဖ်ေနစဥ္ အဆိုပါ အမ်ိဳးသားသည္ ဘုံေက်ာင္းေပၚမွ ခုန္ခ်ခဲ့ေၾကာင္း သိရသည္။

ဘုံေက်ာင္းေပၚမွ ခုန္ခ်သူသည္ လားရႈိးၿမိဳ႕ ရပ္ကြက္(၁)၊ နယ္ေျမ (၇) ေန လီက်ီျမင့္ (၅၀ ႏွစ္) ျဖစ္ၿပီး ဘုံေက်ာင္းေပၚမွ ခုန္ခ်မႈေၾကာင့္ ယာနားထင္ေပါက္ၿပဲ၊ ႏွားေခါင္း၊ ပါးစပ္ေသြးထြက္၊ ဝဲေပါင္က်ိဳးဒဏ္ရာ (စိုးရိမ္ရ) ဒဏ္ရာမ်ားရရွိခဲ့ရာ လားရႈိးျပည္သူ႔ေဆး႐ုံႀကီး ခြဲစိတ္ကုသေဆာင္တြင္ ကုသလ်က္ရွိၿပီး ၎အား ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္ႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Eleven
#Unicode Version#


ဖြစ်စဉ်မှာ လားရှိုးမြို့၊ ရပ်ကွက် (၃)၊ ဗွီ ဘဏ်ရှေ့တွင် နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်ကြည့်ရှုရေး တာဝန်ဆောင်ရွက်နေစဉ် လမ်းမတော်လမ်းအတိုင်း မြို့တော်ခန်းမဘက်မှ မန္တလေးလမ်းဆုံဘက်သို့ အပေါ်ပိုင်း အဝတ်ဗလာ၊ အောက်ပိုင်း ပြောက်ကျားဘောင်းဘီရှည် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် မိမိဝဲလည်ပင်းအား ကိုယ်တိုင်ဓားဖြင့် ထောက်လျက် ဆိုင်ကယ်ကို မောင်းနှင်ပြီး ဘဏ်ရှေ့မှ ဖြတ်သန်းသွားသည်ကို တွေ့ရှိသဖြင့် ဆိုင်ကယ်နောက်သို့ လိုက်လံကြည့်ရှုခဲ့ရာ ဆိုက်ကယ်မှာ ရေကန်လမ်း – ခိုင်ရွှေဝါလမ်း – တရုတ်ဘုံကျောင်းလမ်းအတိုင်း မောင်းနှင်သွားသည်ကို တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားသည် တရုတ်ဘုံကျောင်းအတွင်းသို့ ဝင်ရောက်ပြီး ဘုံကျောင်းအပေါ်ထပ်သို့ တက်ရောက်သွားခဲ့သဖြင့် ဘုံကျောင်းအတွင်း ရောက်ရှိလာသည့် အမှတ် (၃) နယ်မြေ ရဲကင်းမှူး၊ ရပ်ကွက် (၄) အုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်များက ဘုံကျောင်းပေါ်မှ ပြန်ဆင်းရန် ဝိုင်းဝန်းဖျောင်းဖျနေစဉ် အဆိုပါ အမျိုးသားသည် ဘုံကျောင်းပေါ်မှ ခုန်ချခဲ့ကြောင်း သိရသည်။

ဘုံကျောင်းပေါ်မှ ခုန်ချသူသည် လားရှိုးမြို့ ရပ်ကွက်(၁)၊ နယ်မြေ (၇) နေ လီကျီမြင့် (၅၀ နှစ်) ဖြစ်ပြီး ဘုံကျောင်းပေါ်မှ ခုန်ချမှုကြောင့် ယာနားထင်ပေါက်ပြဲ၊ နှားခေါင်း၊ ပါးစပ်သွေးထွက်၊ ဝဲပေါင်ကျိုးဒဏ်ရာ (စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ရာ လားရှိုးပြည်သူ့ဆေးရုံကြီး ခွဲစိတ်ကုသဆောင်တွင် ကုသလျက်ရှိပြီး ၎င်းအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Eleven
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top