ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ပုဂံေရွးေဟာင္းယဥ္ ေက်းမႈနယ္ေျမရွိ ျပာသာဒ္ႀကီး ဘုရားမွ ဆင္းတုေတာ္ေလးဆူ ကုိ နီညိဳေရာင္ေဆးမ်ား သုတ္ ထားေသာ ဓာတ္ပုံအခ်ိဳ႕ လူမႈ ကြန္ရက္တြင္ ႏုိ၀င္ဘာ ၁၉ ရက္ ညက ထြက္ေပၚလာသည္။

ျပာသာဒ္ႀကီးဘုရားရွိ ရပ္ ေတာ္မူဆင္းတုေတာ္မ်ား အပါအ၀င္ ဆင္းတုေတာ္ေလးဆူကုိ မိသားစုအလွဴအျဖစ္ ေရာင္ေတာ္ ဖြင့္ ေဆးအသစ္သုတ္လိမ္းခဲ့ၿပီး ဒီဇင္ဘာ ၁ ရက္တြင္ အေနကဇာ တင္ ေရစက္ခ်လွဴဒါန္းမည္ျဖစ္ ေၾကာင္း Phu sone အမည္ျဖင့္ ေဖ့စ္ဘြတ္ခ္သုံးစြဲသူတစ္ဦးက ႏုိ၀င္ဘာ ၁၉ ရက္ ညေန၌ ဓာတ္ပုံ မ်ားႏွင့္တကြ ေဖာ္ျပခဲ့သည္။


ထိုသုိ႔ ဆင္းတုေတာ္မ်ားကုိ ေဆးအသစ္ သုတ္လိမ္းသည့္အ ေပၚ ေဖ့စ္ဘြတ္ခ္အသုံးျပဳသူမ်ား က ေရွးေဟာင္းအေမြအႏွစ္ကုိ ဖ်က္ဆီးျခင္းျဖစ္ေၾကာင္း ေ၀ဖန္ ျပစ္တင္ခဲ့သည္။

သုိ႔ေသာ္ အဆုိပါ ဆင္းတု ေတာ္မ်ားသည္ ေရွးေဟာင္းဆင္း တုေတာ္မ်ား မဟုတ္ဘဲ အသစ္ ျပန္လည္တည္ထားသည့္ ဆင္း တုေတာ္မ်ားျဖစ္ေၾကာင္း ပုဂံဟုိ တယ္ဇုန္ ဧည့္လမ္းၫႊန္အသင္း နာယက ဦးေဇာ္၀င္းခ်ိဳက ေျပာ သည္။

 ‘‘ျပာသာဒ္ႀကီးဘုရားက ဆင္းတုေတာ္က အသစ္ႀကီးပါ။ ေရႊခ်တာလည္း မဟုတ္ဘူး။ ေရွး ေဟာင္းဘုရားလည္း မဟုတ္ဘူး။ အရင္ကတည္းကလည္း ေဆး ခ်ည္းသုတ္ထားတာ အညိဳေရာင္ ခ်ည္းပဲ။ ဟိုတုန္းက အပ်က္ႀကီး ကုိ အသစ္ျပန္လုပ္ထားတဲ့ ႐ုပ္ ပြားေတာ္ႀကီးပါ။ ေရွးေဟာင္း ဘုရား လုံး၀မဟုတ္ပါဘူး’’ဟု ၎ကေျပာသည္။

ေ၀ဖန္မႈမ်ား ထြက္ေပၚၿပီး နာရီပုိင္းအတြင္း Phu Sone အ မည္ျဖင့္ ေဖ့စ္ဘြတ္ခ္သုံးစြဲသူက ၎တင္ထားသည့္ ဓာတ္ပုံမ်ား ကုိ ျပန္လည္ျဖဳတ္ခ်ခဲ့သည္။

‘‘ကြၽန္မ ဘုရားကုိ ေရွးမူ လက္ရာအတုိင္း ျပန္လည္ျပဳျပင္ တာပါရွင္။ ဘုရားကုိ ယခုလုိ ေရာင္ေတာ္ဖြင့္ဖုိ႔အတြက္ ေရွး၊သု ႐ုံးခ်ဳပ္ ေနျပည္ေတာ္ကုိ စာတင္ရ ပါတယ္။ အဲဒီကေနမွ တစ္ဆင့္ ေရွး၊သု႐ုံးခြဲ ပုဂံ စာထပ္တင္ရပါ တယ္။ အဆင့္ဆင့္စာတင္ၿပီးခါမွ ပန္းရန္ပညာရွင္ေတြကုိ ႐ုံးခ်ဳပ္ ကပဲ ခ်ေပးပါတယ္။ ဘာမွထိ ခိုက္မႈမရွိဖုိ႔ကုိ လက္မွတ္ထုိးထား ရပါတယ္။ တာ၀န္ယူထားရပါ တယ္။ ကြၽန္မတို႔သေဘာနဲ႔ ေရွး အေမြအႏွစ္မ်ားကို ဘာမွမထိခဲ့ပါ ရွင္။ ေက်းဇူးတင္ပါတယ္။ ဘုရား ႀကီးတင့္တယ္သပၸာယ္ဖုိ႔နဲ႔ ဘုရား ဖူးျပည္သူေတြ ပုိမုိၾကည္ညိဳေစရန္ ျဖစ္ပါတယ္ရွင္’’ဟု Phu Sone အေကာင့္ပုိင္ရွင္က ျပန္လည္ေရး သား ေျဖရွင္းခဲ့သည္။

အဆုိပါျဖစ္ရပ္ႏွင့္ ပတ္ သက္၍ ႏုိ၀င္ဘာ ၁၉ ရက္ ည ၁၀ နာရီခြဲခန္႔တြင္ ေရွးေဟာင္းသုေတ သနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီး ဌာန(ပုဂံ)သုိ႔ ဆက္သြယ္ေမးျမန္း ခဲ့ေသာ္လည္း ျပန္လည္ေျဖၾကား သူမရွိေပ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေရှိ ပြာသာဒ်ကြီး ဘုရားမှ ဆင်းတုတော်လေးဆူ ကို နီညိုရောင်ဆေးများ သုတ် ထားသော ဓာတ်ပုံအချို့ လူမှု ကွန်ရက်တွင် နိုဝင်ဘာ ၁၉ ရက် ညက ထွက်ပေါ်လာသည်။

ပြာသာဒ်ကြီးဘုရားရှိ ရပ် တော်မူဆင်းတုတော်များ အပါအဝင် ဆင်းတုတော်လေးဆူကို မိသားစုအလှူအဖြစ် ရောင်တော် ဖွင့် ဆေးအသစ်သုတ်လိမ်းခဲ့ပြီး ဒီဇင်ဘာ ၁ ရက်တွင် အနေကဇာ တင် ရေစက်ချလှူဒါန်းမည်ဖြစ် ကြောင်း Phu sone အမည်ဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူတစ်ဦးက နိုဝင်ဘာ ၁၉ ရက် ညနေ၌ ဓာတ်ပုံ များနှင့်တကွ ဖော်ပြခဲ့သည်။


ထိုသို့ ဆင်းတုတော်များကို ဆေးအသစ် သုတ်လိမ်းသည့်အ ပေါ် ဖေ့စ်ဘွတ်ခ်အသုံးပြုသူများ က ရှေးဟောင်းအမွေအနှစ်ကို ဖျက်ဆီးခြင်းဖြစ်ကြောင်း ဝေဖန် ပြစ်တင်ခဲ့သည်။

သို့သော် အဆိုပါ ဆင်းတု တော်များသည် ရှေးဟောင်းဆင်း တုတော်များ မဟုတ်ဘဲ အသစ် ပြန်လည်တည်ထားသည့် ဆင်း တုတော်များဖြစ်ကြောင်း ပုဂံဟို တယ်ဇုန် ဧည့်လမ်းညွှန်အသင်း နာယက ဦးဇော်ဝင်းချိုက ပြော သည်။

 ‘‘ပြာသာဒ်ကြီးဘုရားက ဆင်းတုတော်က အသစ်ကြီးပါ။ ရွှေချတာလည်း မဟုတ်ဘူး။ ရှေး ဟောင်းဘုရားလည်း မဟုတ်ဘူး။ အရင်ကတည်းကလည်း ဆေး ချည်းသုတ်ထားတာ အညိုရောင် ချည်းပဲ။ ဟိုတုန်းက အပျက်ကြီး ကို အသစ်ပြန်လုပ်ထားတဲ့ ရုပ် ပွားတော်ကြီးပါ။ ရှေးဟောင်း ဘုရား လုံးဝမဟုတ်ပါဘူး’’ဟု ၎င်းကပြောသည်။

ဝေဖန်မှုများ ထွက်ပေါ်ပြီး နာရီပိုင်းအတွင်း Phu Sone အ မည်ဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူက ၎င်းတင်ထားသည့် ဓာတ်ပုံများ ကို ပြန်လည်ဖြုတ်ချခဲ့သည်။

‘‘ကျွန်မ ဘုရားကို ရှေးမူ လက်ရာအတိုင်း ပြန်လည်ပြုပြင် တာပါရှင်။ ဘုရားကို ယခုလို ရောင်တော်ဖွင့်ဖို့အတွက် ရှေး၊သု ရုံးချုပ် နေပြည်တော်ကို စာတင်ရ ပါတယ်။ အဲဒီကနေမှ တစ်ဆင့် ရှေး၊သုရုံးခွဲ ပုဂံ စာထပ်တင်ရပါ တယ်။ အဆင့်ဆင့်စာတင်ပြီးခါမှ ပန်းရန်ပညာရှင်တွေကို ရုံးချုပ် ကပဲ ချပေးပါတယ်။ ဘာမှထိ ခိုက်မှုမရှိဖို့ကို လက်မှတ်ထိုးထား ရပါတယ်။ တာဝန်ယူထားရပါ တယ်။ ကျွန်မတို့သဘောနဲ့ ရှေး အမွေအနှစ်များကို ဘာမှမထိခဲ့ပါ ရှင်။ ကျေးဇူးတင်ပါတယ်။ ဘုရား ကြီးတင့်တယ်သပ္ပာယ်ဖို့နဲ့ ဘုရား ဖူးပြည်သူတွေ ပိုမိုကြည်ညိုစေရန် ဖြစ်ပါတယ်ရှင်’’ဟု Phu Sone အကောင့်ပိုင်ရှင်က ပြန်လည်ရေး သား ဖြေရှင်းခဲ့သည်။

အဆိုပါဖြစ်ရပ်နှင့် ပတ် သက်၍ နိုဝင်ဘာ ၁၉ ရက် ည ၁၀ နာရီခွဲခန့်တွင် ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန(ပုဂံ)သို့ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ပြန်လည်ဖြေကြား သူမရှိပေ။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top