Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေလာင္းကစားကိစၥႏွင့္ ပတ္သက္၍ လႊတ္ေတာ္တြင္ အဆုိတင္သြင္းခဲ့သျဖင့္ ဓားရွည္ ကိုင္ ေလာင္းကစားသမားတစ္စု ၏ လုိက္လံရွာေဖြျခင္းခံရေၾကာင္း အမ်ဳိးသားဒီမုိကေရစီအဖဲြ႕ခ်ဳပ္ ပါတီမွ သဲကုန္းၿမိဳ႕နယ္အမတ္ ဦးေဇာ္ႏုိင္ဦးက ေျပာၾကားသည္။

ပဲခူးတုိင္းေဒသႀကီး သဲကုန္း ၿမိဳ႕နယ္ ပုတီးကုန္းၿမိဳ႕တြင္ ႏုိ၀င္ ဘာ ၅ ရက္ ညေနက ဓားရွည္ ကိုင္သူေလးဦးအပါအ၀င္ ေလာင္းကစားသမားမ်ား ပါရွိေသာ အမ်ဳိး သား ၁၅ ဦးခန္႔က အသက္အႏၲ ရာယ္ကို ၿခိမ္းေျခာက္ခဲ့ေၾကာင္း အမွတ္(၁) တုိင္းေဒသႀကီး လႊတ္ ေတာ္ကိုယ္စားလွယ္ ဦးေဇာ္ႏုိင္ဦးက ေျပာသည္။

၎ကုိရွာေဖြေပးရန္ ပုတီး ကုန္းၿမိဳ႕ ေဘာလုံးအားကစားကြင္း အတြင္းရွိ ဒီခ်ဳပ္ပါတီ၀င္မ်ားထံ ေတာင္းဆိုခဲ့ေၾကာင္း ဦးေဇာ္ႏုိင္ ဦးကေျပာသည္။‘‘ကၽြန္ေတာ့္ေရွ႕မွာလာၿပီး တုိက္႐ိုက္ ရမ္းကားတာေတာ့ မဟုတ္ဘူး။ ဒီခ်ဳပ္ပါတီ၀င္ေတြ ေရွ႕မွာ ကၽြန္ေတာ့္ကိုရွာေပးဖို႔၊ ကၽြန္ေတာ္တို႔တုိင္လို႔ သူတို႔ေလာင္းကစားကိစၥေတြ ခံေနရတာေၾကာင့္ သတ္မယ္ဆိုတဲ့အေၾကာင္း ၿခိမ္း ေျခာက္တာပါ။ ကၽြန္ေတာ္တင္မ ကဘူး။ ဒီခ်ဳပ္ပါတီ၀င္ ေလးဦးရဲ႕ အိမ္ေရွ႕ေတြအထိသြားၿပီး စိန္ေခၚ ၿခိမ္းေျခာက္ခံခဲ့ရတယ္’’ ဟု ၎က ေျပာသည္။

ၿပီးခဲ့သည့္ သတၱမအႀကိမ္ ေျမာက္ ပဲခူးတုိင္းေဒသႀကီး လႊတ္ ေတာ္အစည္းအေ၀းတြင္ တုိင္း ေဒသႀကီးအတြင္း ေလာင္းကစား ကိစၥမ်ားျဖစ္ပြားေနျခင္းႏွင့္ပတ္ သက္ၿပီး အဆုိျပဳ ေဆြးေႏြးခဲ့ျခင္း မ်ားေၾကာင့္ ယခုကဲ့သို႔ ၿခိမ္းေျခာက္ခံရျခင္းျဖစ္ေၾကာင္း ဦးေဇာ္ႏုိင္ဦးက သုံးသပ္သည္။

လႊတ္ေတာ္ကုိယ္စားလွယ္ မ်ား၏ အသက္အုိးအိမ္လုံၿခံဳေရး အတြက္ စိုးရိမ္စရာျဖစ္ေနရၿပီး မင္းမဲ့စ႐ိုက္ျဖင့္ ရမ္းကားျခင္း၊ၿခိမ္းေျခာက္ျခင္း ျပဳလုပ္သူမ်ားကို အေရးယူေပးရန္ ပုတီးကုန္းနယ္ ေျမ ရဲစခန္းတြင္ ယမန္ေန႔နံနက္ က သြားေရာက္တုိင္ၾကားထား ေၾကာင္း ၎ကေျပာသည္။

ထို႔အျပင္ အသက္အႏၲ ရာယ္ၿခိမ္းေျခာက္ခံရျခင္းကို ပဲခူး တုိင္းေဒသႀကီး လႊတ္ေတာ္ဥကၠ႒ ႏွင့္ လုံၿခံဳေရးႏွင့္ နယ္စပ္ေရးရာ ၀န္ႀကီးထံသို႔လည္း တင္ျပထား ေၾကာင္း ဦးေဇာ္ႏိုင္ဦးက ေျပာသည္။ စိန္ေခၚၿခိမ္းေျခာက္ခံရခ်ိန္တြင္ အစည္းအေ၀းခန္းမ တစ္ခု၌ ေရာက္ရွိေနၿပီး ေနအိမ္သို႔ျပန္ေရာက္သည့္အခါ ဒီခ်ဳပ္ ပါတီ၀င္တစ္ဦး၏ ေျပာျပခ်က္အရ ၎ကို သတ္ရန္ ရွာေနသည္ ဟု သိရသည့္အခါ စိုးရိမ္စိတ္ျဖစ္ ေပၚခ့ဲၿပီး လက္ရွိတြင္ သတိထားေနရေၾကာင္း ေျပာသည္။

ရဲတပ္ဖဲြ႕၀င္မ်ား ကင္းလွည့္ သည့္အခါ ၎ေနအိမ္ဘက္သို႔ သြားေရာက္ရန္ ရဲစခန္းမွဴးက ကင္းအဖဲြ႕ကိုမွာၾကားထားၿပီး ေန အိမ္တြင္ မူ သီးသန္႔လုံၿခံဳေရးေပး ထားျခင္း မရွိေၾကာင္း ေျပာသည္။

မတ္လ ၂၁ ရက္က က်င္းပ ေသာ ပဲခူးတုိင္းေဒသႀကီးလႊတ္ ေတာ္ အစည္းအေ၀းတြင္ ေဒသ တြင္း တရားဥပေဒစုိးမုိးေရးႏွင့္ နယ္ေျမေအးခ်မ္းသာယာေရးအ တြက္ ေလာင္းကစားျပဳလုပ္ေန ျခင္းႏွင့္ ရဲတပ္ဖဲြ႕၏ လုပ္ထုံးလုပ္ နည္းအားေပ်ာ့ေနျခင္းအေပၚ ရဲ လုပ္ငန္းမ်ားကို တင္းတင္းက်ပ္ က်ပ္ ေဆာင္ရြက္ေပးရန္ ဦးေဇာ္ ႏုိင္ဦးက အဆိုတင္သြင္းၿပီး မဲခဲြ ရာ လႊတ္ေတာ္က တစ္ခဲနက္ ေထာက္ခံခဲ့သည္။

ထို႔ေၾကာင့္ ရဲတပ္ဖဲြ႕၀င္မ်ား  က သဲကုန္းၿမိဳ႕နယ္အတြင္း ေလာင္ ကစားျပဳလုပ္ေနသူမ်ားကို ဖမ္း ဆီးအေရးယူမႈမ်ား ရွိလာသျဖင့္ ေလာင္းကစားသမားမ်ားကရန္ရွာ ၿခိမ္းေျခာက္ျခင္းျဖစ္ ေၾကာင္း ဦးေဇာ္ႏုိင္ဦးက ေျပာ သည္။ အဆုိပါ ကိစၥႏွင့္ပတ္သက္ ၍ ပါတီ႐ုံးခ်ဳပ္သို႔ မတင္ျပရေသး ေၾကာင္း၊ အမႈဖြင့္တုိင္ၾကားသူမ်ား တြင္ ဒီခ်ဳပ္ပါတီ၀င္သုံးဦးလည္း ပါ၀င္ေၾကာင္း ဦးေဇာ္ႏုိင္ဦးက ဆုိသည္။

လႊတ္ေတာ္ကုိယ္စားလွယ္ ႏွင့္ ဒီခ်ဳပ္ပါတီ၀င္မ်ား၏ တုိင္ ၾကားခ်က္အရ ညစ္ညမ္းစြာေျပာဆုိျခင္းႏွင့္ အသက္အႏၲရာယ္ ၿခိမ္းေျခာက္မႈဆုိင္ရာ ရာဇသတ္ႀကီးပုဒ္မ ၅၀၆/ ၂၉၄ တို႔ျဖင့္ ပုတီးကုန္းၿမိဳ႕ေန အသက္(၆၀)ေက်ာ္ အရြယ္ ဦးစန္းေမာင္ႏွင့္အဖဲြ႕၀င္၁၅ ဦးခန္႔ကို အမႈဖြင့္အေရး ယူထားၿပီး ဖမ္းဆီးႏုိင္ရန္ စုံစမ္း ေနေၾကာင္း ပုတီးကုန္းနယ္ေျမရဲစခန္းမွဴး ရဲအုပ္လွ၀င္းက ေျပာ ၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


လောင်းကစားကိစ္စနှင့် ပတ်သက်၍ လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သဖြင့် ဓားရှည် ကိုင် လောင်းကစားသမားတစ်စု ၏ လိုက်လံရှာဖွေခြင်းခံရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ သဲကုန်းမြို့နယ်အမတ် ဦးဇော်နိုင်ဦးက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး သဲကုန်း မြို့နယ် ပုတီးကုန်းမြို့တွင် နိုဝင် ဘာ ၅ ရက် ညနေက ဓားရှည် ကိုင်သူလေးဦးအပါအဝင် လောင်းကစားသမားများ ပါရှိသော အမျိုး သား ၁၅ ဦးခန့်က အသက်အန္တ ရာယ်ကို ခြိမ်းခြောက်ခဲ့ကြောင်း အမှတ်(၁) တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးဇော်နိုင်ဦးက ပြောသည်။

၎င်းကိုရှာဖွေပေးရန် ပုတီး ကုန်းမြို့ ဘောလုံးအားကစားကွင်း အတွင်းရှိ ဒီချုပ်ပါတီဝင်များထံ တောင်းဆိုခဲ့ကြောင်း ဦးဇော်နိုင် ဦးကပြောသည်။‘‘ကျွန်တော့်ရှေ့မှာလာပြီး တိုက်ရိုက် ရမ်းကားတာတော့ မဟုတ်ဘူး။ ဒီချုပ်ပါတီဝင်တွေ ရှေ့မှာ ကျွန်တော့်ကိုရှာပေးဖို့၊ ကျွန်တော်တို့တိုင်လို့ သူတို့လောင်းကစားကိစ္စတွေ ခံနေရတာကြောင့် သတ်မယ်ဆိုတဲ့အကြောင်း ခြိမ်း ခြောက်တာပါ။ ကျွန်တော်တင်မ ကဘူး။ ဒီချုပ်ပါတီဝင် လေးဦးရဲ့ အိမ်ရှေ့တွေအထိသွားပြီး စိန်ခေါ် ခြိမ်းခြောက်ခံခဲ့ရတယ်’’ ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် သတ္တမအကြိမ် မြောက် ပဲခူးတိုင်းဒေသကြီး လွှတ် တော်အစည်းအဝေးတွင် တိုင်း ဒေသကြီးအတွင်း လောင်းကစား ကိစ္စများဖြစ်ပွားနေခြင်းနှင့်ပတ် သက်ပြီး အဆိုပြု ဆွေးနွေးခဲ့ခြင်း များကြောင့် ယခုကဲ့သို့ ခြိမ်းခြောက်ခံရခြင်းဖြစ်ကြောင်း ဦးဇော်နိုင်ဦးက သုံးသပ်သည်။

လွှတ်တော်ကိုယ်စားလှယ် များ၏ အသက်အိုးအိမ်လုံခြုံရေး အတွက် စိုးရိမ်စရာဖြစ်နေရပြီး မင်းမဲ့စရိုက်ဖြင့် ရမ်းကားခြင်း၊ခြိမ်းခြောက်ခြင်း ပြုလုပ်သူများကို အရေးယူပေးရန် ပုတီးကုန်းနယ် မြေ ရဲစခန်းတွင် ယမန်နေ့နံနက် က သွားရောက်တိုင်ကြားထား ကြောင်း ၎င်းကပြောသည်။

ထို့အပြင် အသက်အန္တ ရာယ်ခြိမ်းခြောက်ခံရခြင်းကို ပဲခူး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးထံသို့လည်း တင်ပြထား ကြောင်း ဦးဇော်နိုင်ဦးက ပြောသည်။ စိန်ခေါ်ခြိမ်းခြောက်ခံရချိန်တွင် အစည်းအဝေးခန်းမ တစ်ခု၌ ရောက်ရှိနေပြီး နေအိမ်သို့ပြန်ရောက်သည့်အခါ ဒီချုပ် ပါတီဝင်တစ်ဦး၏ ပြောပြချက်အရ ၎င်းကို သတ်ရန် ရှာနေသည် ဟု သိရသည့်အခါ စိုးရိမ်စိတ်ဖြစ် ပေါ်ခဲ့ပြီး လက်ရှိတွင် သတိထားနေရကြောင်း ပြောသည်။

ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့် သည့်အခါ ၎င်းနေအိမ်ဘက်သို့ သွားရောက်ရန် ရဲစခန်းမှူးက ကင်းအဖွဲ့ကိုမှာကြားထားပြီး နေ အိမ်တွင် မူ သီးသန့်လုံခြုံရေးပေး ထားခြင်း မရှိကြောင်း ပြောသည်။

မတ်လ ၂၁ ရက်က ကျင်းပ သော ပဲခူးတိုင်းဒေသကြီးလွှတ် တော် အစည်းအဝေးတွင် ဒေသ တွင်း တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးအ တွက် လောင်းကစားပြုလုပ်နေ ခြင်းနှင့် ရဲတပ်ဖွဲ့၏ လုပ်ထုံးလုပ် နည်းအားပျော့နေခြင်းအပေါ် ရဲ လုပ်ငန်းများကို တင်းတင်းကျပ် ကျပ် ဆောင်ရွက်ပေးရန် ဦးဇော် နိုင်ဦးက အဆိုတင်သွင်းပြီး မဲခွဲ ရာ လွှတ်တော်က တစ်ခဲနက် ထောက်ခံခဲ့သည်။

ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များ  က သဲကုန်းမြို့နယ်အတွင်း လောင် ကစားပြုလုပ်နေသူများကို ဖမ်း ဆီးအရေးယူမှုများ ရှိလာသဖြင့် လောင်းကစားသမားများကရန်ရှာ ခြိမ်းခြောက်ခြင်းဖြစ် ကြောင်း ဦးဇော်နိုင်ဦးက ပြော သည်။ အဆိုပါ ကိစ္စနှင့်ပတ်သက် ၍ ပါတီရုံးချုပ်သို့ မတင်ပြရသေး ကြောင်း၊ အမှုဖွင့်တိုင်ကြားသူများ တွင် ဒီချုပ်ပါတီဝင်သုံးဦးလည်း ပါဝင်ကြောင်း ဦးဇော်နိုင်ဦးက ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ် နှင့် ဒီချုပ်ပါတီဝင်များ၏ တိုင် ကြားချက်အရ ညစ်ညမ်းစွာပြောဆိုခြင်းနှင့် အသက်အန္တရာယ် ခြိမ်းခြောက်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၆/ ၂၉၄ တို့ဖြင့် ပုတီးကုန်းမြို့နေ အသက်(၆၀)ကျော် အရွယ် ဦးစန်းမောင်နှင့်အဖွဲ့ဝင်၁၅ ဦးခန့်ကို အမှုဖွင့်အရေး ယူထားပြီး ဖမ်းဆီးနိုင်ရန် စုံစမ်း နေကြောင်း ပုတီးကုန်းနယ်မြေရဲစခန်းမှူး ရဲအုပ်လှဝင်းက ပြော ကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top