Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

၂၀၁၇ခုႏွစ္၊ နိုဝင္ဘာလ ၁၄ ရက္ေန႔ နံနက္ ၉ နာရီ မိနစ္ ၃၀ အခ်ိန္ခန္ ့တြင္ မႏၱေလးတုိင္းေဒသၾကီး စဥ့္ကူးၿမိဳ႕နယ္၊ ငါးျပားေပးေက်းရြာရိွ ျပည္သာနိုင္ ေရႊသတၱဳတူးေဖာ္ေရး ကုမၸဏီအတြင္း ေရႊခိုးတူးေသာ အမ်ိဳးသား(၄)ဦး အင္းနံရံၿပိဳက်ကာ အင္းအတြင္း ပိတ္မိေနေၾကာင္း သိရပါသည္။

 ျပည္သာနိုင္ ေရႊသတၱဳတူးေဖာ္ေရး ကုမၸဏီအတြင္းရွိ ဦးညြန္႔ဝင္း(၄၂)ႏွစ္၏ အင္းအတြင္းသို႔ ေအာင္မ်ိဳးဦး(၂၇)ႏွစ္၊ က်ည္ေတာက္ေပါက္ ေက်းရြာေနသူပါ (၄)ဦးတို႔ ဝင္ေရာက္ ခိုးယူတူးေဖာ္စဥ္ အင္းနံရံၿပိဳက်ကာ ပိတ္မိေနျခင္း ျဖစ္သည္။

အဆုိပါ ပိတ္မိေနေၾကာင္း နံနက္ ၁၁ နာရီ ၁၅ မိနစ္ အခ်ိန္တြင္ စဥ့္ကူးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွူးဦးၾကည္သက္ေမာင္၊ စဥ့္ကူး ေခတၱၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွူး ဒုရဲမွူး ဝင္းနိုင္ထြန္းတို႔အဖြဲ႕မွ သြားေရာက္၍ ေရအနက္(၁၈၀)ေပရွိ အင္းအတြင္းမွေရမ်ားအား ေရစုပ္စက္(၃)လုံးျဖင့္ စုပ္ထုတ္ခဲ့ရာ ေရအနက္(၄၅)ေပခန္႔က်န္ရွိ ေနၿပီး ညေန ၄ နာရီ ၄၅ မိနစ္ အခ်ိန္ထိ ဒုရဲအုပ္ သန္႔ဇင္ဦး အဖြဲ႕တို႔မွ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ဆက္လက္ လုပ္ေဆာင္လ်က္ရွိပါေၾကာင္း ျပည္ထဲေရး၀န္ၾကီးဌာန သတင္းထုတ္ျပန္ခ်က္အရ သိရပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thithtoolwin
#Unicode Version#
၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်၊ ငါးပြားပေးကျေးရွာရှိ ပြည်သာနိုင် ရွှေသတ္တုတူးဖော်ရေး ကုမ္ပဏီအတွင်း ရွှေခိုးတူးသော အမျိုးသား(၄)ဦး အင်းနံရံပြိုကျကာ အင်းအတွင်း ပိတ်မိနေကြောင်း သိရပါသည်။

 ပြည်သာနိုင် ရွှေသတ္တုတူးဖော်ရေး ကုမ္ပဏီအတွင်းရှိ ဦးညွန့်ဝင်း(၄၂)နှစ်၏ အင်းအတွင်းသို့ အောင်မျိုးဦး(၂၇)နှစ်၊ ကျည်တောက်ပေါက် ကျေးရွာနေသူပါ (၄)ဦးတို့ ဝင်ရောက် ခိုးယူတူးဖော်စဉ် အင်းနံရံပြိုကျကာ ပိတ်မိနေခြင်း ဖြစ်သည်။

အဆိုပါ ပိတ်မိနေကြောင်း နံနက် ၁၁ နာရီ ၁၅ မိနစ် အချိန်တွင် စဉ့်ကူးမြို့နယ်အုပ်ချုပ်ရေးမှူးဦးကြည်သက်မောင်၊ စဉ့်ကူး ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဝင်းနိုင်ထွန်းတို့အဖွဲ့မှ သွားရောက်၍ ရေအနက်(၁၈၀)ပေရှိ အင်းအတွင်းမှရေများအား ရေစုပ်စက်(၃)လုံးဖြင့် စုပ်ထုတ်ခဲ့ရာ ရေအနက်(၄၅)ပေခန့်ကျန်ရှိ နေပြီး ညနေ ၄ နာရီ ၄၅ မိနစ် အချိန်ထိ ဒုရဲအုပ် သန့်ဇင်ဦး အဖွဲ့တို့မှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျက်ရှိပါကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top