Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

 ယခုႏွစ္ ၁၀ လအတြင္း ျမန္မာႏိုင္ငံတြင္ တရားမ၀င္လိုင္ စင္မဲ့ ကားအစီးေရ သံုးရာေက်ာ္ဖမ္းမိထားၿပီး    ရန္ကုန္တိုင္းအတြင္း အမ်ားဆံုး ဖမ္းမိထားေၾကာင္း ေနျပည္ေတာ္ယာဥ္ထိန္း ရဲတပ္ဖြဲ႕႐ုံးမွ ယာဥ္ထိန္းရဲအရာရွိ ႀကီးတစ္ဦးက ေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီးအ တြင္း ၁၀ လတာကာလအတြင္း လိုင္စင္မဲ့  ကားအစီးေရ ၁၃၀ ကို ဖမ္းဆီး အေရးယူထားေၾကာင္း ၎က ေျပာသည္။

‘‘ရန္ကုန္မွာေတာ့ ကားက မ်ားၿပီး လိုင္စင္မရွိဘဲ စီးေနတဲ့ ကားေတြလည္း ရွိတယ္။ ဖမ္းဆီး တဲ့အခါမွာလည္း ရွိတဲ့အင္အားနဲ႔ ဖမ္းေနရေတာ့ ေနရာတိုင္းမဖမ္း ႏိုင္ဘူး။ အရင္တုန္းကလည္း စီမံ ခ်က္ေတြနဲ႔ ဖမ္းေနတာေတြရွိပါ တယ္’’ဟု ေနျပည္ေတာ္ယာဥ္ ထိန္းရဲတပ္ဖြဲ႕႐ုံးမွ ယာဥ္ထိန္းရဲ အရာရွိႀကီးက ေျပာသည္။

ျမန္မာႏိုင္ငံအတြင္း တစ္လလွ်င္ လိုင္စင္မဲ့ကားအစီးေရ  ၂၀ ေက်ာ္ဖမ္းမိေနၿပီး ယခုႏွစ္ ၁၀  လအတြင္း    ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္ တို႔တြင္ လုိင္စင္မဲ့ကားမ်ား ဖမ္းဆီး ရမိမႈမရွိေၾကာင္း ၎က ေျပာ ၾကားသည္။

ယခုႏွစ္အတြင္း ေမလတြင္ လိုင္စင္မဲ့ကား ၅၉ စီးျဖင့္ အမ်ား ဆံုးဖမ္းဆီးရမိခဲ့ၿပီး ၁၀ လတာ ကာလအတြင္း ရန္ကုန္တိုင္းတြင္ ကားအစီးေရ ၁၃၀၊ မြန္ျပည္နယ္ တြင္ ၈၅ စီးႏွင့္ မႏၲေလးတိုင္းတြင္ ၄၃ စီးျဖင့္ အမ်ားဆံုးဖမ္းဆီးရမိ ထားသည္။

‘‘တခ်ဳိ႕အိမ္စီးကားေတြဆို ရင္ ပံုစံတူပြားၿပီး စီးေနတာေတြရွိ တယ္။ တခ်ဳိ႕ကလည္း မသိဘဲ ၀ယ္စီးမိတယ္။ တစ္ခါကဆို အြန္ လိုင္းမွာေတာင္တက္လာေသး တယ္။ ဧရာ၀တီတိုင္းမွာ တကၠစီ နဲ႔ ရန္ကုန္တကၠစီနံပါတ္တူ၊ ေမာ္ ဒယ္တူပံုစံတူျဖစ္ေနတာ။ ဒါေတြ ကိုလည္း ကား၀ယ္စီးမယ့္သူေတြ သတိထားရမယ္’’ဟု ကား၀ယ္ ေရာင္းလုပ္ကိုင္သူ ကိုရခိုင္က ေျပာသည္။

ကားအင္ဂ်င္နံပါတ္ႏွင့္ ကားေဘာင္နံပါတ္မ်ားကို ပံုစံတူအမ်ဳိး အစားကားမ်ားတြင္ ႐ိုက္ႏွိပ္၍ ေမာင္းႏွင္ေနသည့္ ကားအခ်ဳိ႕ကို ဖမ္းဆီးရမိထားၿပီး ကား၀ယ္မည့္သူမ်ားအေနျဖင့္ မိမိ၀ယ္ယူမည့္ကားသည္ တရား၀င္လိုင္စင္ ရွိ၊ မရွိ ကညန႐ုံးသို႔ သြားေရာက္စစ္ေဆးသင့္ေၾကာင္း ယာဥ္ထိန္းရဲအရာရွိတစ္ဦးကအႀကံျပဳသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 ယခုနှစ် ၁၀ လအတွင်း မြန်မာနိုင်ငံတွင် တရားမဝင်လိုင် စင်မဲ့ ကားအစီးရေ သုံးရာကျော်ဖမ်းမိထားပြီး    ရန်ကုန်တိုင်းအတွင်း အများဆုံး ဖမ်းမိထားကြောင်း နေပြည်တော်ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးမှ ယာဉ်ထိန်းရဲအရာရှိ ကြီးတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်း ၁၀ လတာကာလအတွင်း လိုင်စင်မဲ့  ကားအစီးရေ ၁၃၀ ကို ဖမ်းဆီး အရေးယူထားကြောင်း ၎င်းက ပြောသည်။


‘‘ရန်ကုန်မှာတော့ ကားက များပြီး လိုင်စင်မရှိဘဲ စီးနေတဲ့ ကားတွေလည်း ရှိတယ်။ ဖမ်းဆီး တဲ့အခါမှာလည်း ရှိတဲ့အင်အားနဲ့ ဖမ်းနေရတော့ နေရာတိုင်းမဖမ်း နိုင်ဘူး။ အရင်တုန်းကလည်း စီမံ ချက်တွေနဲ့ ဖမ်းနေတာတွေရှိပါ တယ်’’ဟု နေပြည်တော်ယာဉ် ထိန်းရဲတပ်ဖွဲ့ရုံးမှ ယာဉ်ထိန်းရဲ အရာရှိကြီးက ပြောသည်။

မြန်မာနိုင်ငံအတွင်း တစ်လလျှင် လိုင်စင်မဲ့ကားအစီးရေ  ၂၀ ကျော်ဖမ်းမိနေပြီး ယခုနှစ် ၁၀  လအတွင်း    ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး ရမိမှုမရှိကြောင်း ၎င်းက ပြော ကြားသည်။

ယခုနှစ်အတွင်း မေလတွင် လိုင်စင်မဲ့ကား ၅၉ စီးဖြင့် အများ ဆုံးဖမ်းဆီးရမိခဲ့ပြီး ၁၀ လတာ ကာလအတွင်း ရန်ကုန်တိုင်းတွင် ကားအစီးရေ ၁၃၀၊ မွန်ပြည်နယ် တွင် ၈၅ စီးနှင့် မန္တလေးတိုင်းတွင် ၄၃ စီးဖြင့် အများဆုံးဖမ်းဆီးရမိ ထားသည်။

‘‘တချို့အိမ်စီးကားတွေဆို ရင် ပုံစံတူပွားပြီး စီးနေတာတွေရှိ တယ်။ တချို့ကလည်း မသိဘဲ ဝယ်စီးမိတယ်။ တစ်ခါကဆို အွန် လိုင်းမှာတောင်တက်လာသေး တယ်။ ဧရာဝတီတိုင်းမှာ တက္ကစီ နဲ့ ရန်ကုန်တက္ကစီနံပါတ်တူ၊ မော် ဒယ်တူပုံစံတူဖြစ်နေတာ။ ဒါတွေ ကိုလည်း ကားဝယ်စီးမယ့်သူတွေ သတိထားရမယ်’’ဟု ကားဝယ် ရောင်းလုပ်ကိုင်သူ ကိုရခိုင်က ပြောသည်။

ကားအင်ဂျင်နံပါတ်နှင့် ကားဘောင်နံပါတ်များကို ပုံစံတူအမျိုး အစားကားများတွင် ရိုက်နှိပ်၍ မောင်းနှင်နေသည့် ကားအချို့ကို ဖမ်းဆီးရမိထားပြီး ကားဝယ်မည့်သူများအနေဖြင့် မိမိဝယ်ယူမည့်ကားသည် တရားဝင်လိုင်စင် ရှိ၊ မရှိ ကညနရုံးသို့ သွားရောက်စစ်ဆေးသင့်ကြောင်း ယာဉ်ထိန်းရဲအရာရှိတစ်ဦးကအကြံပြုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top