အသက္ ၂၈ ႏွစ္ရွိ အမ်ိဳးသမီးတစ္ဦးဟာ သူမရဲ႕ နာတာရွည္ အစားအေသာက္ပုံမမွန္တဲ႕ ေရာဂါ ကို ဖုံုးကြယ္ဖို႕ ကင္ဆာေရာဂါရွိခ်င္ေယာင္ေဆာင္ခဲ့ၿပီး သူမ မေသခင္ တစ္ေန႕ကို ဝမ္းႏွဳတ္ ေဆးျပား ၈၀၀ အထိေသာက္ခဲ့တယ္လို႕ဆိုပါတယ္။
ကင္ဆာရွိဟန္ေဆာင္ခဲ့တဲ့ ကေလးမိခင္တစ္ဦးဟာ တစ္ေန႕ကို ဝမ္းႏွဳတ္ေဆးျပား ၈၀၀ ထိေသာက္ခဲ့တယ္လို႕ တရားဝင္ေလ့လာခ်က္ေတြက ေျပာပါတယ္။
ကေလးမိခင္အမ်ိဳးသမိးငယ္ ကေလာ္ဒီယာလာဘယ္လာ ရဲ့ေသဆံုးမွဳနဲ႕ပတ္သက္ၿပီး တရားဝင္ စံုစမ္းစစ္ေနပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ သူမဟာ သူငယ္ခ်င္းေတြနဲ႕ သူမအမ်ိဳးသားကို သူမမွာ ကင္ဆာေရာဂါရွိေနေၾကာင္း လိမ္ေျပာၿပီးေနာက္ ေသဆံုးသြားခဲ့တာပါ။
သူမရဲ့ စိုးရိမ္စရာေကာင္းတဲ့ အစားအေသာက္ပံုမွန္မဟုတ္တဲ့ ေရာဂါ (eating disorder) ကို ဖံုးကြယ္ဖို႕ ျပင္းထန္တဲ႕ေရာဂါတစ္ခုရွိေၾကာင္းလိမ္ညာခဲ့တာပါ။ သူမေသဆံုးမွဳနဲ႕ပတ္သက္ၿပီး စစ္ေဆးမွဳေတြကို တနလၤာေန႕က စတင္ခံပါတယ္။

သူမဟာ ဇြန္လ ၂၉ရက္၊ ၂၀၁၄ မွာ ဝမ္းႏွဳတ္ေဆးအလြန္အကြ်ံသံုးစဲြမွဳနဲ႕ေသဆံုးသြားခဲ့တာပဲျဖစ္ပါတယ္။ သူမေသဆံုးခ်ိန္မွာေတာ့ မိသားစု၊ သူငယ္ခ်င္းေတြ နဲ႕ သူမအမ်ိဳးသား ဂြ်န္ တို႕ကေတာ့ သူမဟာ သားအိမ္ကင္ဆာေၾကာင့္ဆံုးသြားတာလုိ႕ပဲ ထင္ခဲ့ၾကပါတယ္။
Nine News မွာေတာ့ သူတို႕ဟာ သူမအေနနဲ႕ ကုသလုိ႕မရေတာ့တဲ့ ေရာဂါရွိေနေၾကာင္းလိမ္ေျပာခဲ့တယ္ဆိုတာ သိခဲ့ၾကေပမယ့္ အစားအေသာက္မူမမွန္တဲ့ ေရာဂါခံစားေနရတာကိုေတာ့ မသိခဲ့ၾကပါဘူးလို႕ ေျပာပါတယ္။
ဂြ်န္က သူမအေနနဲ႕ ဆရာဝန္နဲ႕ေတြ႕ဖို႕ သူမကိုယ္တိုင္ပဲသြားဖို႕ အျမဲတမ္းအတိုက္အခံလုပ္ေတာင္းဆုိခဲ့တယ္လို႕ေျပာပါတယ္။ သူအေနနဲ႕လဲ သူမကို ယံုၾကည့္ခဲ့ပါတယ္တဲ့။

“သူ(မ) ကလူႀကီးတစ္ေယာက္ျဖစ္ေနၿပီေလ၊ ကေလးမွမဟုတ္ေတာ့တာ၊ ဒါ့ေၾကာင့္ သူ႕စကားကိုယံုခဲ့တာေပါ့”။
လာဘယ္လာ ဆံုးေတာ့ သူမရဲ့ ကိုယ္အေလးခ်ိန္ဟာ ၃၅ ကီလုိပဲရွိခဲ့ၿပီး CT scan မွာ ေဆးအလံုးေပါင္းမ်ားစြာ စားထားတာကို ျမင္ခဲ့ရပါတယ္။ တရားရံုးကေတာ့ သူမ မေသခင္ ဝမ္းႏွဳတ္ေဆးဝယ္ဖို႕ တစ္ပတ္ကို ေဒၚလာ ၅၀၀ သံုးစြဲခဲ့တယ္လို႕ဆိုပါတယ္။
သူမ အလုပ္ရွင္ကေတာ့ ကုမၸဏီရဲ့ ပိုက္ဆံ ေဒၚလာ ၃၇၄၀၀၀ ကို သူမခိုးယူခဲ့တယ္လုိ႕ထြက္ဆိုပါတယ္။ စံုးစမ္းစစ္ေဆးမွဳေတြကိုေတာ့ အနည္းဆံုး ၅ ရက္ေလာက္လုပ္ရလိမ့္မယ္လို႕ေမွ်ာ္လင့္ထားၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hello Myanmar
#Unicode Version#
အသက် ၂၈ နှစ်ရှိ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ နာတာရှည် အစားအသောက်ပုံမမှန်တဲ့ ရောဂါ ကို ဖုံးကွယ်ဖို့ ကင်ဆာရောဂါရှိချင်ယောင်ဆောင်ခဲ့ပြီး သူမ မသေခင် တစ်နေ့ကို ဝမ်းနှုတ် ဆေးပြား ၈၀၀ အထိသောက်ခဲ့တယ်လို့ဆိုပါတယ်။
ကင်ဆာရှိဟန်ဆောင်ခဲ့တဲ့ ကလေးမိခင်တစ်ဦးဟာ တစ်နေ့ကို ဝမ်းနှုတ်ဆေးပြား ၈၀၀ ထိသောက်ခဲ့တယ်လို့ တရားဝင်လေ့လာချက်တွေက ပြောပါတယ်။
ကလေးမိခင်အမျိုးသမိးငယ် ကလော်ဒီယာလာဘယ်လာ ရဲ့သေဆုံးမှုနဲ့ပတ်သက်ပြီး တရားဝင် စုံစမ်းစစ်နေပါတယ်။ အသက် ၂၈ နှစ်အရွယ် သူမဟာ သူငယ်ချင်းတွေနဲ့ သူမအမျိုးသားကို သူမမှာ ကင်ဆာရောဂါရှိနေကြောင်း လိမ်ပြောပြီးနောက် သေဆုံးသွားခဲ့တာပါ။
သူမရဲ့ စိုးရိမ်စရာကောင်းတဲ့ အစားအသောက်ပုံမှန်မဟုတ်တဲ့ ရောဂါ (eating disorder) ကို ဖုံးကွယ်ဖို့ ပြင်းထန်တဲ့ရောဂါတစ်ခုရှိကြောင်းလိမ်ညာခဲ့တာပါ။ သူမသေဆုံးမှုနဲ့ပတ်သက်ပြီး စစ်ဆေးမှုတွေကို တနင်္လာနေ့က စတင်ခံပါတယ်။

သူမဟာ ဇွန်လ ၂၉ရက်၊ ၂၀၁၄ မှာ ဝမ်းနှုတ်ဆေးအလွန်အကျွံသုံးစွဲမှုနဲ့သေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။ သူမသေဆုံးချိန်မှာတော့ မိသားစု၊ သူငယ်ချင်းတွေ နဲ့ သူမအမျိုးသား ဂျွန် တို့ကတော့ သူမဟာ သားအိမ်ကင်ဆာကြောင့်ဆုံးသွားတာလို့ပဲ ထင်ခဲ့ကြပါတယ်။
Nine News မှာတော့ သူတို့ဟာ သူမအနေနဲ့ ကုသလို့မရတော့တဲ့ ရောဂါရှိနေကြောင်းလိမ်ပြောခဲ့တယ်ဆိုတာ သိခဲ့ကြပေမယ့် အစားအသောက်မူမမှန်တဲ့ ရောဂါခံစားနေရတာကိုတော့ မသိခဲ့ကြပါဘူးလို့ ပြောပါတယ်။
ဂျွန်က သူမအနေနဲ့ ဆရာဝန်နဲ့တွေ့ဖို့ သူမကိုယ်တိုင်ပဲသွားဖို့ အမြဲတမ်းအတိုက်အခံလုပ်တောင်းဆိုခဲ့တယ်လို့ပြောပါတယ်။ သူအနေနဲ့လဲ သူမကို ယုံကြည့်ခဲ့ပါတယ်တဲ့။

“သူ(မ) ကလူကြီးတစ်ယောက်ဖြစ်နေပြီလေ၊ ကလေးမှမဟုတ်တော့တာ၊ ဒါ့ကြောင့် သူ့စကားကိုယုံခဲ့တာပေါ့”။
လာဘယ်လာ ဆုံးတော့ သူမရဲ့ ကိုယ်အလေးချိန်ဟာ ၃၅ ကီလိုပဲရှိခဲ့ပြီး CT scan မှာ ဆေးအလုံးပေါင်းများစွာ စားထားတာကို မြင်ခဲ့ရပါတယ်။ တရားရုံးကတော့ သူမ မသေခင် ဝမ်းနှုတ်ဆေးဝယ်ဖို့ တစ်ပတ်ကို ဒေါ်လာ ၅၀၀ သုံးစွဲခဲ့တယ်လို့ဆိုပါတယ်။
သူမ အလုပ်ရှင်ကတော့ ကုမ္ပဏီရဲ့ ပိုက်ဆံ ဒေါ်လာ ၃၇၄၀၀၀ ကို သူမခိုးယူခဲ့တယ်လို့ထွက်ဆိုပါတယ်။ စုံးစမ်းစစ်ဆေးမှုတွေကိုတော့ အနည်းဆုံး ၅ ရက်လောက်လုပ်ရလိမ့်မယ်လို့မျှော်လင့်ထားကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hello Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top