ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×

# Zawgyi Version ဖြင့် ဖတ်ပါ #






Credit: original

# Unicode Version ဖြင့် ဖတ်ပါ #

မိန်းမတစ်ယောက်ဟာ အယုံအကြည် လွယ်တယ်… ခံစားရလွယ်တယ်… အားနာတတ်တယ်… အစွဲအလမ်း ကြီးနေတတ်တယ် ဆိုရင် အဲဒီ မိန်းမတစ်ယောက်ဟာ နောင်တတွေနဲ့ အလိမ်အညာ တွေပဲ ခဏခဏ ရနေလိမ့်မယ်…

မပြတ်သားရင် အကြိမ်ကြိမ် နာကျင်ရမယ်… မစွန့်လွှတ်ရင် ဘဝပါ ပေးဆပ်နေရမယ်… ဖတ်တွယ်ထားမိရင် လှည့်စားတာ ခံရမယ်… အဲဒီတော့ ရက်စက်တတ်တဲ့ မိန်းမတစ်ယောက် အဖြစ် နေကြည့်ပါ…

အရမ်းချစ်ပြရင် အထင်သေးတာ ခံရမယ် သူမရှိရင် မနေတတ်ဘူး… ခံစားပြနေရင် အမြဲ အရှုံးပေးနေရမယ်…
သစ္စာရှိရှိ ကိုးကွယ်ဖို့ ဆိုတာကလဲ တန်တဲ့သူက ရှားတယ်လေ… အဲဒီတော့ မာနကြီးတဲ့ မိန်းမတစ်ယောက် အဖြစ် နေကြည့်ပါ…

နုံလွန်းရင် အချိုးအဖဲ့ ခံရမယ်… အားနာတတ်ရင် တတ်နင်းခံရမယ်… သနားစိတ် ဝင်သွားရင် ချောင်ပိတ် ရိုက်ခံထိမယ်… အဲ့ဒီတော့ ထက်မြက်တဲ့ မိန်းမတစ်ယောက်အဖြစ် နေကြည့်ပါ…

စိတ်ရင်းအမှန်နဲ့ ဂရုစိုက်ပြရင် အစော်ကားခံရမယ်… အသည်းအသန် ဖြစ်ပြရင် ပစ်ချခံရမယ်… အချိန်ပြည့် သတိရနေရင် မျက်ရည်မျက်ခွက် ဖြစ်နေရမယ်… အဲဒီတော့ အေးစက်စက် မိန်းမတစ်ယောက်အဖြစ် နေကြည့်ပါ…

ဖိုးသူတော် (www.phothutaw.com)
Credit: original
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top