ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

လႈိင္ၿမိဳ႕နယ္ လႈိင္သီရိအိမ္ရာ၌ ကေလးတစ္ဦးအပါအ၀င္ သုံးေလာင္ၿပဳိင္ လူသတ္မႈ ျဖစ္ပြားေၾကာင္း အဆိုပါ ပတ္၀န္းက်င္တြင္ ေနထိုင္သူမ်ားထံမွ သိရသည္။

လူသတ္မႈျဖစ္ပြားခဲ့သည့္ေနရာမွာ လႈိင္ၿမိဳ႕နယ္ ( ၉) ရပ္ကြက္ရိွ လိႈင္သီရိအိမ္ရာ တိုက္ (၃) ေျခာက္လႊာ အခန္း ၅၀၃ တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း လႈိင္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ထံမွ သိရသည္။

အဆိုပါ တုိက္ခန္းတြင္ အပုပ္နံ႔မ်ား ထြက္ေပၚလာရာမွတစ္ဆင့္ ပတ္၀န္းက်င္တြင္ ေနထိုင္သူမ်ားက ႏို၀င္ဘာ ၁၅ ရက္ ညေန ၆ နာရီခန္႔္တြင္ ရဲတပ္ဖြဲ႕ထံ အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရၿပီး ရဲတပ္ဖြဲ႕က လာေရာက္စစ္ေဆးရာတြင္ အသက္ ၁၁ ႏွစ္အရြယ္ ကေလးတစ္ဦး (မိန္းကေလး) အပါအ၀င္ အမ်ဳိးသမီးသုံးဦးတို႔၏ အေလာင္းမ်ားကို ေတြ႕ရိွခဲ့ျခင္း ျဖစ္သည္။

ေတြ႕ရိွခဲ့သည့္ အေလာင္းမ်ားတြင္ ဒဏ္ရာအခ်ိဳ႕ကို ေတြ႕ရိွရေၾကာင္း အေလာင္းအား လာေရာက္စစ္ေဆးသူမ်ားထံမွ သိရသည္။

အခန္း၀တြင္ ကေလးငယ္အေလာင္းႏွင့္ အမ်ဳိးသမီးတစ္ဦး၏ အေလာင္းကို ေတြ႕ရွိခဲ့ၿပီး အိပ္ခန္းတြင္ အမ်ဳိးသမီးတစ္ဦးအေလာင္းကို ထပ္မံေတြ႕ရွိခဲ့ျခင္းျဖစ္ကာ အသတ္ခံရသူမ်ားမွာ အဆုိပါ တုိက္ခန္းတြင္ ေနထုိင္ေနသည္မွာ ငါးႏွစ္ခန္႔ ၾကာျမင့္ေနၿပီျဖစ္ေၾကာင္း ပတ္၀န္းက်င္တြင္ ေနထုိင္သူမ်ားက ေျပာၾကားသည္။

“သူတို႔ဆီကို လူစိမ္းေတြ သိပ္မလာဘူး။ ကေလးတစ္ေယာက္ ရွိေသးတယ္။ အဲဒီေကာင္မေလးကေတာ့ အေဆာင္မွာေနၿပီး ေက်ာင္းတက္ေနတာ သူ႔အမ်ဳိးသားကေတာ့ ဘယ္သြားလဲ မသိဘူး။ မေတြ႕တာ သုံးေလးလေလာက္ရွိၿပီ” ဟု ပတ္၀န္းက်င္တြင္ ေနထုိင္သူတစ္ဦးက ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
လှိုင်မြို့နယ် လှိုင်သီရိအိမ်ရာ၌ ကလေးတစ်ဦးအပါအဝင် သုံးလောင်ပြိုင် လူသတ်မှု ဖြစ်ပွားကြောင်း အဆိုပါ ပတ်ဝန်းကျင်တွင် နေထိုင်သူများထံမှ သိရသည်။

လူသတ်မှုဖြစ်ပွားခဲ့သည့်နေရာမှာ လှိုင်မြို့နယ် ( ၉) ရပ်ကွက်ရှိ လှိုင်သီရိအိမ်ရာ တိုက် (၃) ခြောက်လွှာ အခန်း ၅၀၃ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လှိုင်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ တိုက်ခန်းတွင် အပုပ်နံ့များ ထွက်ပေါ်လာရာမှတစ်ဆင့် ပတ်ဝန်းကျင်တွင် နေထိုင်သူများက နိုဝင်ဘာ ၁၅ ရက် ညနေ ၆ နာရီခန့်တွင် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးရာတွင် အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦး (မိန်းကလေး) အပါအဝင် အမျိုးသမီးသုံးဦးတို့၏ အလောင်းများကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တွေ့ရှိခဲ့သည့် အလောင်းများတွင် ဒဏ်ရာအချို့ကို တွေ့ရှိရကြောင်း အလောင်းအား လာရောက်စစ်ဆေးသူများထံမှ သိရသည်။

အခန်းဝတွင် ကလေးငယ်အလောင်းနှင့် အမျိုးသမီးတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ပြီး အိပ်ခန်းတွင် အမျိုးသမီးတစ်ဦးအလောင်းကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကာ အသတ်ခံရသူများမှာ အဆိုပါ တိုက်ခန်းတွင် နေထိုင်နေသည်မှာ ငါးနှစ်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း ပတ်ဝန်းကျင်တွင် နေထိုင်သူများက ပြောကြားသည်။

“သူတို့ဆီကို လူစိမ်းတွေ သိပ်မလာဘူး။ ကလေးတစ်ယောက် ရှိသေးတယ်။ အဲဒီကောင်မလေးကတော့ အဆောင်မှာနေပြီး ကျောင်းတက်နေတာ သူ့အမျိုးသားကတော့ ဘယ်သွားလဲ မသိဘူး။ မတွေ့တာ သုံးလေးလလောက်ရှိပြီ” ဟု ပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top