ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

စကၤာပူႏုိင္ငံမွာ အမ်ဳိးသမီးေတြ ေရခ်ဳိးခန္းဝင္ေနပုံကုိ လွဳိ႕ဝွက္ဗီဒီယုိရုိက္ကူးခဲ့မွဳအတြက္ ျမန္မာႏုိင္ငံသား သေဘၤာအရာရွိေလာင္းတဦးကုိ မေန႔က ေထာင္ဒဏ္ ၅ လခ်မွတ္လုိက္ပါတယ္။

အဲဒီ အသက္ ၃၃ ႏွစ္ရွိ ကုိ--ေအာင္ဆုိသူဟာ သူငွားရမ္းေနထုိင္တဲ့တုိက္က ေရခ်ဳိးခန္းထဲမွာ ေဖါင္တိန္သဖြယ္ျပဳလုပ္ထားတဲ့ ဗီဒီယုိကင္မရာကေလးတခုကုိ ျပီးခဲ့တဲ့ ၂ဝ၁၆ ေအာက္တုိဘာလက လွဳိ႕ဝွက္တပ္ဆင္ျပီး တျခားအခန္းေဖၚ အမ်ဳိးသမီးေတြ ေရခ်ဳိးပုံကုိ ရုိက္ကူးခဲ့တယ္လုိ႔ ဆုိပါတယ္။

အဲဒီ လွုဳိ႕ဝွက္ကင္မရာကုိ အခန္းေဖၚအမ်ဳိးသမီးတဦးက ေရခ်ဳိးခန္းသန္႔ရွင္းေရးျပဳလုပ္စဥ္မွာ ေတြ႔ရွိျပီး တုိင္တန္းခဲ့တာျဖစ္ပါတယ္။ ကုိ--ေအာင္ဟာ အဲဒီတုန္းက Singapore Polytechnic ေက်ာင္းကုိ တက္ေနသူျဖစ္ျပီး ၂ဝ စကၠန႔္ကေန ၁ဝ မိနစ္အထိရွည္လွ်ားတဲ့ ဗီဒီယုိ ၉ ခုကုိ ရုိက္ကူးကာ သူ႔ရဲ႕ laptop ကြန္ျပဴတာမွာ ၾကည့္ရွခဲ့ေၾကာင္း ဝန္ခံခဲ့ပါတယ္။

သူ႔ရဲ႕ေရွ႕ေနက ကုိ--ေအာင္ဟာ အခု သူ႔ရဲ႕ျပစ္မွဳကုိေနာင္တရေနျပီး ေရေၾကာင္းသင္တန္းေအာင္ျမင္ကာ သေဘၤာအရာရွိေလာင္း တဦးလည္းျဖစ္ေနပါျပီ။ လုိအပ္တဲ့ စိတ္ပုိင္းဆုိင္ရာ အၾကံေပးေဆြးေႏြးမွဳေတြကုိလည္း ခံယူခဲ့ျပီးပါျပီလုိ႔ ေျပာပါတယ္။

အခုလုိ အမ်ဳိးသမီးေတြရဲ႕ ကုိယ္ေရးကုိယ္တာ ထိခုိက္ေစမွဳနဲ႔ ဂုဏ္သိကၡာညွိးႏြမ္းေစမွဳအတြက္ စကၤာပူမွာ ေထာင္ဒဏ္ ၁ ႏွစ္အထိ က်ခံရႏုိင္သလုိ ဒဏ္ေငြလည္း ခ်မွတ္ခံရႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
စင်္ကာပူနိုင်ငံမှာ အမျိုးသမီးတွေ ရေချိုးခန်းဝင်နေပုံကို လှို့ဝှက်ဗီဒီယိုရိုက်ကူးခဲ့မှုအတွက် မြန်မာနိုင်ငံသား သင်္ဘောအရာရှိလောင်းတဦးကို မနေ့က ထောင်ဒဏ် ၅ လချမှတ်လိုက်ပါတယ်။

အဲဒီ အသက် ၃၃ နှစ်ရှိ ကို--အောင်ဆိုသူဟာ သူငှားရမ်းနေထိုင်တဲ့တိုက်က ရေချိုးခန်းထဲမှာ ဖေါင်တိန်သဖွယ်ပြုလုပ်ထားတဲ့ ဗီဒီယိုကင်မရာကလေးတခုကို ပြီးခဲ့တဲ့ ၂ဝ၁၆ အောက်တိုဘာလက လှို့ဝှက်တပ်ဆင်ပြီး တခြားအခန်းဖေါ် အမျိုးသမီးတွေ ရေချိုးပုံကို ရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ လှိုု့ဝှက်ကင်မရာကို အခန်းဖေါ်အမျိုးသမီးတဦးက ရေချိုးခန်းသန့်ရှင်းရေးပြုလုပ်စဉ်မှာ တွေ့ရှိပြီး တိုင်တန်းခဲ့တာဖြစ်ပါတယ်။ ကို--အောင်ဟာ အဲဒီတုန်းက Singapore Polytechnic ကျောင်းကို တက်နေသူဖြစ်ပြီး ၂ဝ စက္ကန့်ကနေ ၁ဝ မိနစ်အထိရှည်လျှားတဲ့ ဗီဒီယို ၉ ခုကို ရိုက်ကူးကာ သူ့ရဲ့ laptop ကွန်ပြူတာမှာ ကြည့်ရှခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

သူ့ရဲ့ရှေ့နေက ကို--အောင်ဟာ အခု သူ့ရဲ့ပြစ်မှုကိုနောင်တရနေပြီး ရေကြောင်းသင်တန်းအောင်မြင်ကာ သင်္ဘောအရာရှိလောင်း တဦးလည်းဖြစ်နေပါပြီ။ လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ အကြံပေးဆွေးနွေးမှုတွေကိုလည်း ခံယူခဲ့ပြီးပါပြီလို့ ပြောပါတယ်။

အခုလို အမျိုးသမီးတွေရဲ့ ကိုယ်ရေးကိုယ်တာ ထိခိုက်စေမှုနဲ့ ဂုဏ်သိက္ခာညှိးနွမ်းစေမှုအတွက် စင်္ကာပူမှာ ထောင်ဒဏ် ၁ နှစ်အထိ ကျခံရနိုင်သလို ဒဏ်ငွေလည်း ချမှတ်ခံရနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top