မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×
# Zawgyi Version ဖြင့် ဖတ်ရန် #
ကိုယ့်​မှာ ဘာမှမရှိဘူးဆိုရင်​​တောင်​ ကို့ရဲ့ ဥာဏ်​အားနဲ့ ကို့ချစ်​သူကို​ပျော်​ရွှင်​​အောင်​ထားတတ်​ကြတယ်​ !!
# Unicode Version ဖြင့် ဖတ်ရန် #
လူတိုင်းက ကို့ချစ်သူကို အကောင်းဆုံးဆိုတဲ့အရာတွေဘဲ ပေးချင်ကြတာပါ !!
ကိုယ့်မှာ ဘာမှမရှိဘူးဆိုရင်တောင် ကို့ရဲ့ ဉာဏ်အားနဲ့ ကို့ချစ်သူကိုပျော်ရွှင်အောင်ထားတတ်ကြတယ် !!
ကို့ချစ်သူ ဘဝကို အမြင့်ထိတင်ပေးချင်တာ လှပအောင်ထားချင်တာ အဲ့စိတ်တွေက အချစ်ကို ခံစားတတ်တဲ့လူတိုင်းမှာရှိကြတယ် !!
ကိုယ်က ပိုက်ဆံမရှိတဲ့အခါ ကိုယ်ကအောင်မြင်သူမဟုတ်တဲ့အခါ ကို့မှာ ကိုယ်ပိုင်အရည်အချင်းမရှိသေးတဲ့အခါတွေမှာ သူနဲ့ကိုယ်နဲ့ ပေါင်းဖက်နိုင်ပါ့မလားဆိုတဲ့ အတွေးတွေဝင်လာတတ်ကြတယ် !!
ဟုတ်ပါတယ် ဒါတွေးသင့်တဲ့အတွေးတစ်ခုပါ !!
ဥပမာ ။ ။ သူက သူ့မိဘတွေနဲ့ ကို့ကိုယ် မိတ်ဆက်ပေးချင်တယ် !!
ကိုယ့်မှာ ဘာတစ်ခုမှလက်ဆုပ်လက်ကိုင်မပြနိုင်သေးတဲ့အခြေအနေမှာ သူ့မိဘတွေနဲ့ ကို့ကိုယ်ဘယ်လိုမိတ်ဆက်ပေးမလဲ !! ကိုယ်ကရော ဘယ်လိုမျက်နှာမျိုးနဲ့ သွားတွေ့မလဲ !! ဒါ ကိုယ်ချစ်တဲ့သူနဲ့ ဝေးကွာခြင်းဆိုတဲ့ ပထမဆုံးခြေလှမ်းတစ်ခုဘဲ !!
ဒါဆို ကိုယ်ဘာလုပ်ရမလဲ စဉ်စားပါ !!
ဘဝတစ်ခု တည်ဆောက်ဖို့ အချစ်တစ်ခုဘဲလိုတယ်ဆိုတဲ့အတွေးဟာ အလွန်ကို မိုက်ရူးရဲဆန်တဲ့အတွေးတစ်ခုပါ !!
အချစ်မှာ ငွေ ဆွေမျိုးအသိုင်းအဝိုင်း ပတ်ဝန်းကျင် မလိုဘူး အချစ်မှာအချစ်ဘဲလိုတယ်ဆိုရင် စမ်းသက်ကြည့်ပါ !!
သူ ကရော ထမင်းရည်အတူသောက်နိုင်မလား !!
ကိုယ်ကရော တဲအိုပျက်မှာအတူနေနိုင်မလား !!
ခု popping ဖြစ်နေတဲ့စကားလိုဘဲ >>ရူးတောင်သွားအုံးမယ် !!
အချစ်ဆိုတဲ့ ဝေါဟာရကို ငွေ ၅၀ % / ဆွေမျိုးအသိုင်းအဝိုင်း ၂၀ % / ပတ်ဝန်းကျင် ၁၅ %/ အချစ် ၁၅ % နဲ့တည်ဆောက်ထားတာပါ !!
မယုံကြည်ရင် အိမ်ထောင်သည်တွေ မိဘတွေကိုမေးကြည့်ပါ !!
အချစ်ဆိုတာ ဘဝရဲ့ ၅ ပုံ ၁ပုံဘဲအရေးပါတာပါ !!
ဒါပေမဲ့ အဲ့ ၁ ပုံကိုပိုင်ဆိုင်ဖို့အတွက် ပေးဆပ်မှုတွေအများကြီးပေးရတယ် !!
အဲ့ဒါကြောင့် ကို့ချစ်သူကို ချစ်တယ် တန်ဖိုးထားတယ်ဆိုရင် ကို့ဘဝကို အောင်မြင်အောင် အရင်ကြိုးစားပါ !!
ဒါမှ သူ့ကို ကိုယ်တန်ဖိုးထားရာရောက်မယ် !!
ကို့အချစ်ကို လူတိုင်းယုံကြည်လက်ခံလာမယ် !!
ကို့ချစ်သူလဲ အပေါင်းအသင်း သူငယ်ချင်းတွေကြားမှာ ခေါင်းမော့ရင်ကော့နိုင်မယ် !!
ကိုယ်ကိုတိုင်လဲ ကြည်နူးပျော်ရွှင်စရာကေားင်တဲ့ အချစ်တစ်ခုကို ဖန်တီး ပိုင်ဆိုင်နိုင်မယ် !!
သူ့ ဘဝ လှပပြီး ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အချစ်တစ်ခုပိုင်ဆိုင်ဖို့ဟာ ကို့ရဲ့အောင်မြင်မှုတွေကြိုးစားမှုတွေနဲ့အများကြီးသက်ဆိုင်နေတယ်ဆိုတာ သတိပြုပေးပါ !!
ဖိုးသူတော် (www.phothutaw.com)
Credit: Aung Ko Latt  (ရာမညမြေ)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top