Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

စာဖတ္သူဟာ အဆီျပန္တတ္တဲ့အသားအေရပိုင္ရွင္ဆိုရင္ေတာ့ ဒီနည္းလမ္းကို သိထားသင့္ပါတယ္။

အဆီထြက္တာဟာ အဆီဂရင္းကေန အဆီေတြ အမ်ားႀကီးထုတ္ေပးတာေၾကာင့္ပါ။ တကယ္ေတာ့ မ်က္ႏွာမွာ အဆီထြက္တာဟာ ေကာင္းပါတယ္။ အိုမင္းရင့္ေရာ္မႈကိုလည္း တားဆီးေပးႏိုင္ပါတယ္။ ဒါေပမယ့္လည္း အဆီအလြန္အကၽြံထြက္ၿပီး အဆီျပန္တာကေတာ့ သင့္အသားအေရ အတြက္မေကာင္းပါဘူး။

သင့္ကို ဆြဲေဆာင္မႈေလ်ာ့ေစသလို လိမ္းထားတဲ့ မိတ္ကပ္ေတြကိုလည္း အလြယ္တကူ ပ်က္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အဆီျပန္တဲ့အသားအေရကို ဘယ္လိုထိန္းသိမ္းမလဲဆိုတာ မွ်ေဝေပးခ်င္ပါတယ္။

မ်က္ႏွာသစ္ပါ

မ်က္ႏွာသစ္ဖို႔က သိပ္ကိုအေရးႀကီးပါတယ္။ တစ္ေန႔ကို အနည္းဆံုး ၂ ႀကိမ္မနက္တစ္ႀကိမ္နဲ႔ ညအိပ္ယာမဝင္ခ္င တစ္ႀကိမ္သစ္ေပးပါ။ မ်က္ႏွာသစ္ေပးရင္ ေသခ်ာေျပာင္ေအာင္သစ္ေပးပါ။

အဆီစုပ္စကၠဴသံုးပါ

အဆီျပန္တဲ့အသားအေရအတြက္ အဆီစုပ္စကၠဴကို ေဆာင္ထားသင့္ပါတယ္။ သင္အျပင္သြားတဲ့အခါမွာပဲျဖစ္ျဖစ္ ေန႕လည္ေန႔ခင္ အဆီျပန္လာတဲ့အခါ အဆီစုပ္စကၠဴေလးနဲ႔ သုတ္ေပးသင့္ပါတယ္။ ခပ္ၾကမ္းၾကမ္းပြတ္တာမ်ိဳးမဟုတ္ဘဲ ခပ္ဖြဖြေလး အဆီေတြစုပ္သြားေအာင္ လုပ္ေပးပါ။

ပ်ားရည္သံုးပါ

ပ်ားရည္နဲ႔ မ်က္ႏွာကို ႏွိပ္နယ္ေပးတာဟာ အဆီျပန္တဲ့အသားအေရအတြက္ ေကာင္းမြန္ပါတယ္။ အဆီျပန္တဲ့အသားအေရဟာ ဝက္ၿခံထြက္တတ္ၿပီး ယားယံတတ္ပါတယ္။ ပ်ားရည္ဟာ ဘက္တီးရီးယားပိုးေတြကို ေသေစႏိုင္လို႔ ဝက္ၿခံနဲ႔ ယားယံတာကို သက္သာေစပါတယ္။ ပ်ားရည္ကို မ်က္ႏွာေပၚမွာလိမ္းေပးၿပီး ၅ မိနစ္ေလာက္ ႏွိပ္ေပးပါ။ ၿပီးရင္ မိနစ္ ၂၀ ေလာက္ထားၿပီး ေႏြးေႏြးေလးနဲ႔ ေဆးခ်ပါ။ ၿပီးရင္ ေရေအးေအးနဲ႔ ထပ္ေဆးခ်ပါ။ ေခၽြးေပါက္ေတြ ပိတ္သြားေအာင္ျဖစ္ပါတယ္။

အုတ္ဂံ်ဳနဲ႔ ပ်ားရည္

အုတ္ဂ်ံဳနဲ႔ ပ်ားရည္ကိုသံုးၿပီး ေပါင္းတင္ေပးႏိုင္ပါတယ္။ ဆဲလ္ေသေတြကို ဖယ္ရွားေပးရံုသာမက အဆီပိုေတြကိုလည္း ဖယ္ရွားေပးၿပီး သင့္အသားအေရကို သဘာဝအတိုင္း ႏုပ်ိဳေစမွာျဖစ္ပါတယ္။

အုတ္ဂ်ံဳခြက္တစ္ဝက္နဲ႔ ပ်ားရည္ကိုလိုသေဘာက္ထည့္ပါ။ ၿပီးရင္ ေရေႏြးနည္းနည္းထည့္ပါ။ အဲဒီေနာက္ မ်က္ႏွာေပၚမွာလိမ္းေပးၿပီး ၁၅ မိနစ္ေလာက္ထားကာ ေရေႏြးေလးနဲ႔ ေဆးခ်ပါ။ ၿပီးရင္ ေရေအးေအးနဲ႔ထပ္ေဆးခ်ပါ။ အဲဒီေနာက္ ေျခာက္ေအာင္သုတ္ေပးၿပီး အဆီမပါတဲ့ Moisturizer သံုးေပးပါ။

ညအိပ္ယာမဝင္ခင္ လုပ္ေပးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
စာဖတ်သူဟာ အဆီပြန်တတ်တဲ့အသားအရေပိုင်ရှင်ဆိုရင်တော့ ဒီနည်းလမ်းကို သိထားသင့်ပါတယ်။

အဆီထွက်တာဟာ အဆီဂရင်းကနေ အဆီတွေ အများကြီးထုတ်ပေးတာကြောင့်ပါ။ တကယ်တော့ မျက်နှာမှာ အဆီထွက်တာဟာ ကောင်းပါတယ်။ အိုမင်းရင့်ရော်မှုကိုလည်း တားဆီးပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း အဆီအလွန်အကျွံထွက်ပြီး အဆီပြန်တာကတော့ သင့်အသားအရေ အတွက်မကောင်းပါဘူး။

သင့်ကို ဆွဲဆောင်မှုလျော့စေသလို လိမ်းထားတဲ့ မိတ်ကပ်တွေကိုလည်း အလွယ်တကူ ပျက်စေနိုင်ပါတယ်။ ဒါ့ကြောင့် အဆီပြန်တဲ့အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

မျက်နှာသစ်ပါ

မျက်နှာသစ်ဖို့က သိပ်ကိုအရေးကြီးပါတယ်။ တစ်နေ့ကို အနည်းဆုံး ၂ ကြိမ်မနက်တစ်ကြိမ်နဲ့ ညအိပ်ယာမဝင်ခ်င တစ်ကြိမ်သစ်ပေးပါ။ မျက်နှာသစ်ပေးရင် သေချာပြောင်အောင်သစ်ပေးပါ။

အဆီစုပ်စက္ကူသုံးပါ

အဆီပြန်တဲ့အသားအရေအတွက် အဆီစုပ်စက္ကူကို ဆောင်ထားသင့်ပါတယ်။ သင်အပြင်သွားတဲ့အခါမှာပဲဖြစ်ဖြစ် နေ့လည်နေ့ခင် အဆီပြန်လာတဲ့အခါ အဆီစုပ်စက္ကူလေးနဲ့ သုတ်ပေးသင့်ပါတယ်။ ခပ်ကြမ်းကြမ်းပွတ်တာမျိုးမဟုတ်ဘဲ ခပ်ဖွဖွလေး အဆီတွေစုပ်သွားအောင် လုပ်ပေးပါ။

ပျားရည်သုံးပါ

ပျားရည်နဲ့ မျက်နှာကို နှိပ်နယ်ပေးတာဟာ အဆီပြန်တဲ့အသားအရေအတွက် ကောင်းမွန်ပါတယ်။ အဆီပြန်တဲ့အသားအရေဟာ ဝက်ခြံထွက်တတ်ပြီး ယားယံတတ်ပါတယ်။ ပျားရည်ဟာ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်လို့ ဝက်ခြံနဲ့ ယားယံတာကို သက်သာစေပါတယ်။ ပျားရည်ကို မျက်နှာပေါ်မှာလိမ်းပေးပြီး ၅ မိနစ်လောက် နှိပ်ပေးပါ။ ပြီးရင် မိနစ် ၂၀ လောက်ထားပြီး နွေးနွေးလေးနဲ့ ဆေးချပါ။ ပြီးရင် ရေအေးအေးနဲ့ ထပ်ဆေးချပါ။ ချွေးပေါက်တွေ ပိတ်သွားအောင်ဖြစ်ပါတယ်။

အုတ်ဂံျုနဲ့ ပျားရည်

အုတ်ဂျုံနဲ့ ပျားရည်ကိုသုံးပြီး ပေါင်းတင်ပေးနိုင်ပါတယ်။ ဆဲလ်သေတွေကို ဖယ်ရှားပေးရုံသာမက အဆီပိုတွေကိုလည်း ဖယ်ရှားပေးပြီး သင့်အသားအရေကို သဘာဝအတိုင်း နုပျိုစေမှာဖြစ်ပါတယ်။

အုတ်ဂျုံခွက်တစ်ဝက်နဲ့ ပျားရည်ကိုလိုသဘောက်ထည့်ပါ။ ပြီးရင် ရေနွေးနည်းနည်းထည့်ပါ။ အဲဒီနောက် မျက်နှာပေါ်မှာလိမ်းပေးပြီး ၁၅ မိနစ်လောက်ထားကာ ရေနွေးလေးနဲ့ ဆေးချပါ။ ပြီးရင် ရေအေးအေးနဲ့ထပ်ဆေးချပါ။ အဲဒီနောက် ခြောက်အောင်သုတ်ပေးပြီး အဆီမပါတဲ့ Moisturizer သုံးပေးပါ။

ညအိပ်ယာမဝင်ခင် လုပ်ပေးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top