Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

အိပ္ေရးမဝျခင္း ရဲ႕ အက်ိဳးဆက္ကေတာ့ မေကာင္းဘူး ဆုိတာ လူတိုင္း ေျပာစရာမလို ခံစား သိရွိထားမွာ ျဖစ္ပါတယ္။ အိပ္ေရးမဝျခင္းျဖင့္ ျဖစ္ႏိုင္တဲ့ ဆိုးက်ဳိဳး မ်ား ကေတ့

၁။ ကိုယ္ခံအားနည္းျခင္း
ကိုယ္ခံအားနည္းျခင္း အက်ိဳးဆက္ေၾကာင့္ ဘယ္လို ေရာဂါမ်ိဳးမဆုိ အလြယ္တကူ ဝင္ေရာက္ေစႏိုင္မွာ ျဖစ္ပါတယ္။

၂။ ေသြးခ်ိဳ၊ ဆီးခ်ိဳ အျဖစ္လြယ္ျခင္း
တစ္ရက္ကို ၅ နာရီထက္ ေလ်ာ့အိပ္ေနသူ မ်ားဟာ ခႏၶာကိုယ္တြင္းက ေသြး ထဲက ဂလူးကိုစ့္ဓာတ္ကို မ်ားလာ ေစျပီး ေသြးခ်ဳိ၊ ဆီးခ်ဳိ ေရာဂါ တို႔ကို အလြယ္တကူ ျဖစ္လာေစမွာ ျဖစ္ပါတယ ္။

၃။ မ်ိဳးပြားႏိုင္ႏွုန္း က်ဆင္းျခင္း
အိပ္ေရးမဝတဲ့ သူဟာ အမ်ိဳးသမီးျဖစ္ျဖစ္၊ အမ်ိဳးသား ျဖစ္ျဖစ္ မ်ိဳးပြားႏိုင္တဲ့ ဆဲလ္မ်ား ေမြးဖြားမွု နည္းျပီး ကေလး မရႏိုင္တဲ့ အေျခအေန အထိ ဆုိးသြား ႏိုင္ပါတယ္။

၄။ ႏွလံုးေရာဂါ ျဖစ္လြယ္ေစျခင္း
အိပ္ေရးမဝသူရဲ႕ ကိုယ္တြင္း ေသြးလည္ပတ္မွုဟာ သာမန္လူထက္ ျမန္ျခင္း၊ ေႏွးျဖစ္ ျဖစ္တတ္ျပီး Blood pressure မမွန္ ပါဘူး။ ဆုိးက်ိဳး အကိ်ဳးဆက္ အေနနဲ႔ ကေတာ့ ႏွလံုး ေရာဂါ ျဖစ္ေစမွာ ျဖစ္ပါတယ္။

၅။ အဆီတက္၍ ဝလာေစျခင္း
အိပ္ေရးမဝသူတို႔ရဲ႕ ကုိယ္တြင္းမွာ Leptin လို႔ေခၚတဲ့ ဓာတ္တစ္မ်ိဳး ျမင့္တက္ျပီး ဝလာေစပါတယ္။ ဝတာက က်န္းမာေရးနဲ႔ ဆီေလ်ာ္စြာ ဝျခင္း မဟုတ္ပဲ အဆီပိုမ်ား ထြက္ရွိလာျခင္း ျဖစ္ ပါတယ္။ အမ်ားစု အထင္မွားတာက အိပ္ေရးပ်က္ရင္ ပိန္မယ္ ဆိုတဲ့ အခ်က္ ျဖစ္ျပီး ယင္းဟာ မွားယြင္း ပါတယ္။ အိပ္ေရး ပ်က္ေလေလ ပိုဝလာ ေလေလ ျဖစ္ပါတယ္။ နဂို ပိန္ေနသူမ်ား အေနနဲ႔ ghrelin ဓာတ္ ေလ်ာ့က်ျပီး ပိုပိန္ ပါတယ္။ သူက ဝဖုိ႔ ဓာတ္ခံရွိသူကို ပိုဝေစျပီး၊ ပိန္ဖို႔ ဓာတ္ခံ ရွိသူကို ပိုပိန္ ေစပါတယ္။ ဒီေတာ့ အိပ္ေရးဝေအာင္ ပံုမွန္ အိပ္ျခင္းကသာ က်န္းမာေရးနဲ႔ နည္းလမ္းက်က် ဝေစ၊ ပိန္ေစမွာ ျဖစ္ပါတယ္။

ဒီေတာ့ အရြယ္ေရာက္ျပီး သူမ်ား အေနနဲ႔ တစ္ရက္ကို အနည္းဆံုး ၇ နာရီ အိပ္ရန္ လိုအပ္ ပါတယ္။ အိပ္ေရး ပ်က္သူမ်ား အတြက္ ေျဖရွင္းတဲ့ နည္းလမ္း ရွိပါတယ္။ ယင္းကေတာ့ အားလပ္ရပ္၊ အနားယူရက္ေတြမွာ ကိုယ္ အိပ္ေရးပ်က္ခဲ့တဲ့ နာရီေတြအစား ျပန္လည္ အိပ္စက္ေပးျခင္း ျဖစ္ပါတယ္။ ျပီးေတာ့ တစ္ရက္က မျဖစ္မေန အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ အိပ္ေရးပ်က္ထားရင္ ေနာက္ေန႔မွာ အိပ္ေရးမပ်က္ေအာင္ ဂရုစိုက္ျပီး ေစာေစာ အိပ္ေပးဖို႔ လိုအပ္ပါတယ္။ အိပ္ရန္ အေကာင္းဆံုး အခ်ိန္ အေနနဲ႔ ၁၀ နာရီကေန မနက္ ၈ နာရီၾကား ျဖစ္ပါတယ္။ ရိုးရာေလး စာဖတ္သူတို႔ အိပ္စက္ျခင္းျဖင့္ က်န္းမာေရး ေကာင္းမြန္ေအာင္ ဆႏၵျဖင့္ ေရးသား မွ်ေဝ လိုက္ရ ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေအာင္ခမ္း (ရိုးရာေလး)

# Unicode Version ျဖင့္ ဖတ္ပါ #

အိပ်ရေးမဝခြင်း ရဲ့ အကျိုးဆက်ကတော့ မကောင်းဘူး ဆိုတာ လူတိုင်း ပြောစရာမလို ခံစား သိရှိထားမှာ ဖြစ်ပါတယ်။ အိပ်ရေးမဝခြင်းဖြင့် ဖြစ်နိုင်တဲ့ ဆိုးကျိုး များ ကတေ့

၁။ ကိုယ်ခံအားနည်းခြင်း
ကိုယ်ခံအားနည်းခြင်း အကျိုးဆက်ကြောင့် ဘယ်လို ရောဂါမျိုးမဆို အလွယ်တကူ ဝင်ရောက်စေနိုင်မှာ ဖြစ်ပါတယ်။

၂။ သွေးချို၊ ဆီးချို အဖြစ်လွယ်ခြင်း
တစ်ရက်ကို ၅ နာရီထက် လျော့အိပ်နေသူ များဟာ ခန္ဓာကိုယ်တွင်းက သွေး ထဲက ဂလူးကိုစ့်ဓာတ်ကို များလာ စေပြီး သွေးချို၊ ဆီးချို ရောဂါ တို့ကို အလွယ်တကူ ဖြစ်လာစေမှာ ဖြစ်ပါတယ ်။

၃။ မျိုးပွားနိုင်နှုန်း ကျဆင်းခြင်း
အိပ်ရေးမဝတဲ့ သူဟာ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသား ဖြစ်ဖြစ် မျိုးပွားနိုင်တဲ့ ဆဲလ်များ မွေးဖွားမှု နည်းပြီး ကလေး မရနိုင်တဲ့ အခြေအနေ အထိ ဆိုးသွား နိုင်ပါတယ်။

၄။ နှလုံးရောဂါ ဖြစ်လွယ်စေခြင်း
အိပ်ရေးမဝသူရဲ့ ကိုယ်တွင်း သွေးလည်ပတ်မှုဟာ သာမန်လူထက် မြန်ခြင်း၊ နှေးဖြစ် ဖြစ်တတ်ပြီး Blood pressure မမှန် ပါဘူး။ ဆိုးကျိုး အကျိုးဆက် အနေနဲ့ ကတော့ နှလုံး ရောဂါ ဖြစ်စေမှာ ဖြစ်ပါတယ်။

၅။ အဆီတက်၍ ဝလာစေခြင်း
အိပ်ရေးမဝသူတို့ရဲ့ ကိုယ်တွင်းမှာ Leptin လို့ခေါ်တဲ့ ဓာတ်တစ်မျိုး မြင့်တက်ပြီး ဝလာစေပါတယ်။ ဝတာက ကျန်းမာရေးနဲ့ ဆီလျော်စွာ ဝခြင်း မဟုတ်ပဲ အဆီပိုများ ထွက်ရှိလာခြင်း ဖြစ် ပါတယ်။ အများစု အထင်မှားတာက အိပ်ရေးပျက်ရင် ပိန်မယ် ဆိုတဲ့ အချက် ဖြစ်ပြီး ယင်းဟာ မှားယွင်း ပါတယ်။ အိပ်ရေး ပျက်လေလေ ပိုဝလာ လေလေ ဖြစ်ပါတယ်။ နဂို ပိန်နေသူများ အနေနဲ့ ghrelin ဓာတ် လျော့ကျပြီး ပိုပိန် ပါတယ်။ သူက ဝဖို့ ဓာတ်ခံရှိသူကို ပိုဝစေပြီး၊ ပိန်ဖို့ ဓာတ်ခံ ရှိသူကို ပိုပိန် စေပါတယ်။ ဒီတော့ အိပ်ရေးဝအောင် ပုံမှန် အိပ်ခြင်းကသာ ကျန်းမာရေးနဲ့ နည်းလမ်းကျကျ ဝစေ၊ ပိန်စေမှာ ဖြစ်ပါတယ်။

ဒီတော့ အရွယ်ရောက်ပြီး သူများ အနေနဲ့ တစ်ရက်ကို အနည်းဆုံး ၇ နာရီ အိပ်ရန် လိုအပ် ပါတယ်။ အိပ်ရေး ပျက်သူများ အတွက် ဖြေရှင်းတဲ့ နည်းလမ်း ရှိပါတယ်။ ယင်းကတော့ အားလပ်ရပ်၊ အနားယူရက်တွေမှာ ကိုယ် အိပ်ရေးပျက်ခဲ့တဲ့ နာရီတွေအစား ပြန်လည် အိပ်စက်ပေးခြင်း ဖြစ်ပါတယ်။ ပြီးတော့ တစ်ရက်က မဖြစ်မနေ အကြောင်း အမျိုးမျိုးကြောင့် အိပ်ရေးပျက်ထားရင် နောက်နေ့မှာ အိပ်ရေးမပျက်အောင် ဂရုစိုက်ပြီး စောစော အိပ်ပေးဖို့ လိုအပ်ပါတယ်။ အိပ်ရန် အကောင်းဆုံး အချိန် အနေနဲ့ ၁၀ နာရီကနေ မနက် ၈ နာရီကြား ဖြစ်ပါတယ်။ ရိုးရာလေး စာဖတ်သူတို့ အိပ်စက်ခြင်းဖြင့် ကျန်းမာရေး ကောင်းမွန်အောင် ဆန္ဒဖြင့် ရေးသား မျှဝေ လိုက်ရ ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: အောင်ခမ်း (ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top