Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေျပးလႊားျခင္းဟာ ရိုးရွင္းတယ္လို႔ထင္ရေပမယ့္ ေျပးလႊားရင္း ျဖစ္လာနိုင္တဲ့ မေကာင္းတဲ့ အႏၱရာယ္ေတြရွိပါတယ္။ မာရသြန္ေျပးရင္း လူေတြမူးေမ့နိုင္ေခ် (သို႔) ထိခိုက္ဒဏ္ရာရနိုင္ေခ် ဟာ အလြန္မ်ားပါတယ္။

အဲဒါေၾကာင့္ အေျပးသမားေတြအတြက္ ဒီလို မေရွာင္ရွားနိုင္တဲ့ အႏၱရာယ္ေတြကို ဘယ္လိုေျဖရွင္းရမယ္ ဆိုတာ အေျပးေလ့က်င့္သူေတြ အတြက္ သိမွ ျဖစ္မယ့္ အခ်က္ေတြပဲျဖစ္ပါတယ္။
ၾကြက္တက္ျခင္း။

ေျပးလႊားတဲ့အခါမွာ ၾကြက္တက္ျခင္းဟာ ျဖစ္ေလ့ျဖစ္ထရွိပါတယ္။ လူေတြက အခ်ိန္တိုင္းမွာ ၾကြက္တက္ျခင္း ျဖစ္နိုု္င္ပါတယ္။ ေဘာလံုးကြင္းေတြမွာ၊ ေလ်ွာက္လမ္းေတြမွာ၊ တင္းနစ္ကြင္းေတြမွာ တစ္စံုတစ္ေယာက္က ေျခေထာက္ကို ကိုင္ျပီး ေျမျပင္၊ ကြင္းျပင္ေပၚထိုင္ေနတာေတြက အျမဲတမ္းျမင္ေနက် ေတြပါ။

ၾကြက္တက္တယ္ဆိုတာကေတာ့ ၾကြက္သားေတြ အလြန္အကၽြံ အလုပ္လုပ္ရတဲ့ အတြက္ ၾကြက္သားေတြ မက်ံဳ႕သင့္တဲ့အခ်ိန္မွာ လည္း က်ံဳ႕ေနတာေတြေၾကာင့္ ျဖစ္လာရတာပါ။ ၾကြက္တက္ျခင္း ျဖစ္လာျပီဆိုရင္ သင္ အေကာင္းဆံုးလုပ္နိုင္တာေတြက အသက္ျပင္းျပင္းရႈ၊ စိတ္ျငိမ္ျငိမ္ထား၊ ထိုင္ခ်ျပီး အေၾကာေလ်ွာ့ျခင္းစတင္လုပ္ေဆာင္ပါ။

အေၾကာေလ်ွာ့ျခင္းက  ၾကြက္တက္တာကို အေတာ္အသင့္ ထိေရာက္မႈရွိတယ္လို႔ သိရပါတယ္။ ရိုးရွင္းတဲ့ အေၾကာေလ်ွာ့ျခင္းေလ့က်င့္ခန္းေတြ ဟာ ကို လုပ္ေဆာင္ဖို႔လြယ္ကူပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ သင္လုပ္ဖို႔လိုအပ္တာက ၾကြက္တက္ေနတဲ့ေနရာေတြကို အေၾကာေလ်ွာ့တဲ့ အေနအထားနဲ႔ ၃မိနစ္မွ ၅ မိနစ္ေလာက္ထိ ထားဖို႔ပါပဲ။

ျပိဳင္ပြဲမွ ရပ္နားလိုက္ျခင္း (သို႔) တျဖည္းျဖည္းမွ ျပန္လည္စတင္ျခင္းက ပိုေကာင္းပါတယ္။ အရင္ေျပးႏႈန္းအတိုင္း ဆက္ေျပးေနဖို႔  မသင့္ေတာ္ပါဘူး။
အဆစ္မ်ား ထိခိုက္ဒဏ္ရာရပ်က္စီးျခင္း။

ေျပးလႊားျခင္းမွာ အဆစ္ေတြဟာ အေျခခံအစိတ္အပိုင္းတစ္ခု အေနနဲ႕ လုပ္ငန္းေတြ လုပ္ေဆာင္ေပးနိုင္တဲ့အတြက္ ကၽြနု္ပ္တို႔ရဲ႕ အဆစ္ေတြဟာ တန္ဖိုးရွိျပီး အေရးၾကီးပါတယ္။ ေျပးလႊားတဲ့အခ်ိန္မွာ ကၽြနု္ပ္တို႔ရဲ႕ အဆစ္ျမစ္ေတြကို ၾကားခံျပီးခႏၶာကုိယ္နဲ႔ ေျမျပင္နဲ႔ထိရပါတယ္။ တစ္နည္းအားျဖင့္ အဆစ္ေတြက မၾကာခဏ အၾကိတ္ခံရျပီး ဒူးေခါင္းဒဏ္ရာရရွိျခင္း ျဖစ္ေစနိုင္ပါတယ္။

အမ်ိဳးသားေတြက အမ်ိဳးသမီးေတြထက္ အေလးခ်ိန္ပိုမ်ားတဲ့ အတြက္ ဒဏ္ရာရနိုင္ေခ်လည္း ပိုမ်ားပါတယ္။ အဆစ္အျမစ္ေတြ ဒဏ္ရာရတာကို ေရွာင္ၾကင္ဖို႔အတြက္ ဘယ္ေနရာမွာ ေျပးမလဲဆိုတာေသခ်ာ ေရြးခ်ယ္ဖို႔ အေရးၾကီးပါတယ္။ ေျမျပင္ညီတဲ့ (သို႔) ေပ်ာ့တဲ့ေနရာေတြ ျဖစ္တဲ့ အေျပးေလ့က်င့္ေရးကြင္း၊ ေျမျပင္ အက်ယ္ၾကီးမ်ား၊ ျမက္ခင္းျပင္ (သို႕) သဲခင္းလမ္းမ်ားမွာ ေျပးတာဟာ ေျမၾကီးနဲ႔ ထိတဲ့ အားကို ေလ်ာ့ေစပါတယ္။

သင့္ ဒူူးေခါင္းမွာ ျပသနာျဖစ္ေနျပီလို႔ ခံစားရျပီးဆိုတာနဲ႔ ျပိဳင္ပြဲ ၊ (သို႔) ေျပးတာကို ရပ္ျပီး ေဆးကုသမႈခံယူရမွာပါ။ မိမိကိုယ္ကို တြန္းအားေပးျခင္းက အေျခအေနကို ပိုဆိုးေစတာပဲ ရွိမွာပါ။  ဒါ့အျပင္ မေျပးခင္မွာ သင့္ရဲ႕ ကိုယ္အေလးခ်ိန္ကို လည္းစဥ္းစားၾကည့္ထားရပါမယ္။ ဘာေၾကာင့္လည္းဆိုေတာ့ အေလးခ်ိန္ပိုမ်ားတဲ့သူေတြဟာ ထိခိုက္ဒဏ္ရာရနိုင္ဖို႔ အခြင့္အလမ္းပိုမ်ားနိုင္လို႔ပါ။
ႏွလံုးနဲ႔ ပတ္သက္ေသာ အႏၱရာယ္မ်ား။

ဒီ ေဖာ္ျပခဲတဲ့ အခ်က္၃ခုထဲမွာ အႏၱရာယ္ အမ်ားဆံုးျဖစ္တဲ့ ႏွလံုးနဲ႔ ပတ္သတ္တဲ့ အႏၱရာယ္ေတြမွာ မူးေမ့ျခင္း (သို႔) အဲဒါထက္ပိုဆိုးတာေတြ၊ ရုတ္တရက္ နွလံုးခုန္ရပ္သြားျခင္း ေတြပါ၀င္နိုင္ပါတယ္။ မိသားစုမွာ နွလံုးေရာဂါ အခံရွိတဲ့ သူေတြ (သို႔) ကိုလက္စတီေရာ မ်ားေနသူေတြဟာ ပိုျပီး အႏၱရာယ္မ်ားပါတယ္။

နွလံုးနဲ႔ သက္ဆိုင္တဲ့ အေျခအေနေတြ ျဖစ္လာျပီဆိ္ုရင္ေတာ့ အကူအညီ ေတာင္းဖို႔က လြဲျပီး ဘာမွ လုပ္နိုင္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ေလ့က်င့္တဲ့ အခ်ိန္ဇယားကို ေသခ်ာဆြဲထားသင့္ပါတယ္။ ဒါ့အျပင္ ဆရာ၀န္ေထာက္ခံခ်က္လည္းရယူထားသင့္ပါတယ္။သင့္ ခႏၶာကုိယ္က ဘာလုပ္နိုင္တယ္ဆိုတာ ကို အျမဲတမ္း သတိထားေနရမွာ ျဖစ္ျပီး အဲဒီလုပ္နိုင္တာထက္ပိုျပီး မလုပ္ေဆာင္သင့္ပါဘူး။

ေျပးလႊားတဲ့ အခ်ိန္အမ်ားစုဟာ သင္အနားရယူနိုင္ျခင္း၊ သင့္ဘ၀ အေၾကာင္းစဥ္းစားနိုင္ျခင္း၊ သင့္ကိုယ္သင္ ပိုနားလည္လာနိုင္ျခင္း၊ အလုပ္မ်ားမယ့္ေနာက္ရက္ေတြ အတြက္ ကိုယ့္ကိုကိုယ္ျပင္ဆင္နိုင္ျခင္း စတဲ့ ေပ်ာ္ရႊင္ဖြယ္ အခ်ိန္ေတြပဲျဖစ္ပါတယ္။

အေၾကာေလ်ွာ့ျခင္း၊ ေသြးပူေလ့က်င့္ခန္းေသခ်ာလုပ္ျခင္း၊ (သို႔) သင္လိုခ်င္တဲ့ အရွိန္ကို တျဖည္းျဖည္း ခ်င္းရေအာင္ယူျခင္း စတဲ့ သင့္ရဲ႕ ေျပးလႊားျခင္းလုပ္ေဆာင္ရန္အတြက္ လုပ္သင့္တဲ့ လုပ္ငန္းေဆာင္တာေတြကို ပံုမွန္လုပ္ေဆာင္ပါက အရာရာ အဆင္ေျပေစနိုင္မွာပါ။

ဒါေပမယ့္ အေပၚမွာ ေဖာ္ျပခဲ့တဲ့ အႏၱရာယ္တစ္ခုခုေတြ႕ၾကံဳလာျပီဆိုရင္ေတာ့ စိတ္ျငိမ္ျငိမ္ထား၊ အေျခအေနကိုေသခ်ာေလ့လာျပီး လုပ္သင့္တာေတြကို လုပ္ေဆာင္ရပါမယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hellosayarwon
#Unicode Version#
ပြေးလွှားခြင်းဟာ ရိုးရှင်းတယ်လို့ထင်ရပေမယ့် ပြေးလွှားရင်း ဖြစ်လာနိုင်တဲ့ မကောင်းတဲ့ အန္တရာယ်တွေရှိပါတယ်။ မာရသွန်ပြေးရင်း လူတွေမူးမေ့နိုင်ချေ (သို့) ထိခိုက်ဒဏ်ရာရနိုင်ချေ ဟာ အလွန်များပါတယ်။

အဲဒါကြောင့် အပြေးသမားတွေအတွက် ဒီလို မရှောင်ရှားနိုင်တဲ့ အန္တရာယ်တွေကို ဘယ်လိုဖြေရှင်းရမယ် ဆိုတာ အပြေးလေ့ကျင့်သူတွေ အတွက် သိမှ ဖြစ်မယ့် အချက်တွေပဲဖြစ်ပါတယ်။
ကြွက်တက်ခြင်း။

ပြေးလွှားတဲ့အခါမှာ ကြွက်တက်ခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ လူတွေက အချိန်တိုင်းမှာ ကြွက်တက်ခြင်း ဖြစ်နိုု်င်ပါတယ်။ ဘောလုံးကွင်းတွေမှာ၊ လျှောက်လမ်းတွေမှာ၊ တင်းနစ်ကွင်းတွေမှာ တစ်စုံတစ်ယောက်က ခြေထောက်ကို ကိုင်ပြီး မြေပြင်၊ ကွင်းပြင်ပေါ်ထိုင်နေတာတွေက အမြဲတမ်းမြင်နေကျ တွေပါ။

ကြွက်တက်တယ်ဆိုတာကတော့ ကြွက်သားတွေ အလွန်အကျွံ အလုပ်လုပ်ရတဲ့ အတွက် ကြွက်သားတွေ မကျုံ့သင့်တဲ့အချိန်မှာ လည်း ကျုံ့နေတာတွေကြောင့် ဖြစ်လာရတာပါ။ ကြွက်တက်ခြင်း ဖြစ်လာပြီဆိုရင် သင် အကောင်းဆုံးလုပ်နိုင်တာတွေက အသက်ပြင်းပြင်းရှု၊ စိတ်ငြိမ်ငြိမ်ထား၊ ထိုင်ချပြီး အကြောလျှော့ခြင်းစတင်လုပ်ဆောင်ပါ။

အကြောလျှော့ခြင်းက  ကြွက်တက်တာကို အတော်အသင့် ထိရောက်မှုရှိတယ်လို့ သိရပါတယ်။ ရိုးရှင်းတဲ့ အကြောလျှော့ခြင်းလေ့ကျင့်ခန်းတွေ ဟာ ကို လုပ်ဆောင်ဖို့လွယ်ကူပါတယ်။ ဘာကြောင့်လည်းဆိုတော့ သင်လုပ်ဖို့လိုအပ်တာက ကြွက်တက်နေတဲ့နေရာတွေကို အကြောလျှော့တဲ့ အနေအထားနဲ့ ၃မိနစ်မှ ၅ မိနစ်လောက်ထိ ထားဖို့ပါပဲ။

ပြိုင်ပွဲမှ ရပ်နားလိုက်ခြင်း (သို့) တဖြည်းဖြည်းမှ ပြန်လည်စတင်ခြင်းက ပိုကောင်းပါတယ်။ အရင်ပြေးနှုန်းအတိုင်း ဆက်ပြေးနေဖို့  မသင့်တော်ပါဘူး။
အဆစ်များ ထိခိုက်ဒဏ်ရာရပျက်စီးခြင်း။

ပြေးလွှားခြင်းမှာ အဆစ်တွေဟာ အခြေခံအစိတ်အပိုင်းတစ်ခု အနေနဲ့ လုပ်ငန်းတွေ လုပ်ဆောင်ပေးနိုင်တဲ့အတွက် ကျွနု်ပ်တို့ရဲ့ အဆစ်တွေဟာ တန်ဖိုးရှိပြီး အရေးကြီးပါတယ်။ ပြေးလွှားတဲ့အချိန်မှာ ကျွနု်ပ်တို့ရဲ့ အဆစ်မြစ်တွေကို ကြားခံပြီးခန္ဓာကိုယ်နဲ့ မြေပြင်နဲ့ထိရပါတယ်။ တစ်နည်းအားဖြင့် အဆစ်တွေက မကြာခဏ အကြိတ်ခံရပြီး ဒူးခေါင်းဒဏ်ရာရရှိခြင်း ဖြစ်စေနိုင်ပါတယ်။

အမျိုးသားတွေက အမျိုးသမီးတွေထက် အလေးချိန်ပိုများတဲ့ အတွက် ဒဏ်ရာရနိုင်ချေလည်း ပိုများပါတယ်။ အဆစ်အမြစ်တွေ ဒဏ်ရာရတာကို ရှောင်ကြင်ဖို့အတွက် ဘယ်နေရာမှာ ပြေးမလဲဆိုတာသေချာ ရွေးချယ်ဖို့ အရေးကြီးပါတယ်။ မြေပြင်ညီတဲ့ (သို့) ပျော့တဲ့နေရာတွေ ဖြစ်တဲ့ အပြေးလေ့ကျင့်ရေးကွင်း၊ မြေပြင် အကျယ်ကြီးများ၊ မြက်ခင်းပြင် (သို့) သဲခင်းလမ်းများမှာ ပြေးတာဟာ မြေကြီးနဲ့ ထိတဲ့ အားကို လျော့စေပါတယ်။

သင့် ဒူူးခေါင်းမှာ ပြသနာဖြစ်နေပြီလို့ ခံစားရပြီးဆိုတာနဲ့ ပြိုင်ပွဲ ၊ (သို့) ပြေးတာကို ရပ်ပြီး ဆေးကုသမှုခံယူရမှာပါ။ မိမိကိုယ်ကို တွန်းအားပေးခြင်းက အခြေအနေကို ပိုဆိုးစေတာပဲ ရှိမှာပါ။  ဒါ့အပြင် မပြေးခင်မှာ သင့်ရဲ့ ကိုယ်အလေးချိန်ကို လည်းစဉ်းစားကြည့်ထားရပါမယ်။ ဘာကြောင့်လည်းဆိုတော့ အလေးချိန်ပိုများတဲ့သူတွေဟာ ထိခိုက်ဒဏ်ရာရနိုင်ဖို့ အခွင့်အလမ်းပိုများနိုင်လို့ပါ။
နှလုံးနဲ့ ပတ်သက်သော အန္တရာယ်များ။

ဒီ ဖော်ပြခဲတဲ့ အချက်၃ခုထဲမှာ အန္တရာယ် အများဆုံးဖြစ်တဲ့ နှလုံးနဲ့ ပတ်သတ်တဲ့ အန္တရာယ်တွေမှာ မူးမေ့ခြင်း (သို့) အဲဒါထက်ပိုဆိုးတာတွေ၊ ရုတ်တရက် နှလုံးခုန်ရပ်သွားခြင်း တွေပါဝင်နိုင်ပါတယ်။ မိသားစုမှာ နှလုံးရောဂါ အခံရှိတဲ့ သူတွေ (သို့) ကိုလက်စတီရော များနေသူတွေဟာ ပိုပြီး အန္တရာယ်များပါတယ်။

နှလုံးနဲ့ သက်ဆိုင်တဲ့ အခြေအနေတွေ ဖြစ်လာပြီဆိုရင်တော့ အကူအညီ တောင်းဖို့က လွဲပြီး ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လေ့ကျင့်တဲ့ အချိန်ဇယားကို သေချာဆွဲထားသင့်ပါတယ်။ ဒါ့အပြင် ဆရာဝန်ထောက်ခံချက်လည်းရယူထားသင့်ပါတယ်။သင့် ခန္ဓာကိုယ်က ဘာလုပ်နိုင်တယ်ဆိုတာ ကို အမြဲတမ်း သတိထားနေရမှာ ဖြစ်ပြီး အဲဒီလုပ်နိုင်တာထက်ပိုပြီး မလုပ်ဆောင်သင့်ပါဘူး။

ပြေးလွှားတဲ့ အချိန်အများစုဟာ သင်အနားရယူနိုင်ခြင်း၊ သင့်ဘ၀ အကြောင်းစဉ်းစားနိုင်ခြင်း၊ သင့်ကိုယ်သင် ပိုနားလည်လာနိုင်ခြင်း၊ အလုပ်များမယ့်နောက်ရက်တွေ အတွက် ကိုယ့်ကိုကိုယ်ပြင်ဆင်နိုင်ခြင်း စတဲ့ ပျော်ရွှင်ဖွယ် အချိန်တွေပဲဖြစ်ပါတယ်။

အကြောလျှော့ခြင်း၊ သွေးပူလေ့ကျင့်ခန်းသေချာလုပ်ခြင်း၊ (သို့) သင်လိုချင်တဲ့ အရှိန်ကို တဖြည်းဖြည်း ချင်းရအောင်ယူခြင်း စတဲ့ သင့်ရဲ့ ပြေးလွှားခြင်းလုပ်ဆောင်ရန်အတွက် လုပ်သင့်တဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်ပါက အရာရာ အဆင်ပြေစေနိုင်မှာပါ။

ဒါပေမယ့် အပေါ်မှာ ဖော်ပြခဲ့တဲ့ အန္တရာယ်တစ်ခုခုတွေ့ကြုံလာပြီဆိုရင်တော့ စိတ်ငြိမ်ငြိမ်ထား၊ အခြေအနေကိုသေချာလေ့လာပြီး လုပ်သင့်တာတွေကို လုပ်ဆောင်ရပါမယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top