ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေလတက္ ရင္ ေလျဖတ္ နိုင္သလား။ နွိပ္တာနဲ႕ ေလတတ္ တာ ဘယ္လိုဆက္စပ္မႈရွိလဲ။ ေမးခြန္းက အေမးမ်ားတယ္။ သက္ၾကီးရြယ္အိုလူနာေတြ မၾကာခဏေမးတတ္တဲ့ေမးခြန္းမ်ိဳးပါ။ ကိုယ့္ မိသားစု မွာ သက္ၾကီးရြယ္အိုေတြရွိရင္ သတိထားမိမယ္။ တေနရာရာကို နွိပ္လိုက္တိုင္း တေဂ့ေဂ့နဲ႕ ေလထြက္တာမ်ိဳး။ ေဘးလူေတြအတြက္ေတာ ့ စိတ္ပ်က္စရာၾကီးေပါ့။မသိရင္ တမင္တကာလုပ္ေနတယ္ထင္ရေအာင္က္ို ေလတက္ၾကတာလား။

ဒီလုိ ေလတက္ တာ ေရာဂါ လား၊ဘာျဖစ္တာလဲ ဘာ့ေၾကာင့္လဲ၊စိုးရိမ္ရလား သိခ်င္ၾကမွာပဲ။ အဲဒီေတာ့ ဆရာဝန္ေတြကို ေမးၾကတယ္။ ဘာ့ေၾကာင့္ ျဖစ္ရလဲ။ ေဆးပညာ က တိုးတက္ေနျပီဆိုေပမယ့္ ဇီဝကမၼေျပာငိးလဲမႈ၊သက္ေရာက္မႈေတြ မသိတာ၊နားမလည္ေသးတာေတြ အမ်ားၾကီးရွိေနပါေသးတယ္။ အေနာက္တိုင္း ဆရာ က အေနာက္တိုင္းဆန္ဆန္၊တိုင္းရင္းေဆးဆရာက တိုင္းရင္းေဆးပညာအလိုအရ ေျပာပါလိမ့္မယ္။

ပံုမွန္အားျဖင့္ ဗိုက္ ထဲမွာ ေလ ေတြျပည့္ေနတဲ့အခါ ေလထြက္တာ၊ေလတက္တာရွိတယ္။ ဂတ္စ္ပါတဲ့အခ်ိဳရည္၊ဟင္းရည္ပူပူေသာက္တဲ့ စုပ္တဲ့အခါ ေလ ေတြအမ်ားၾကီး အစားအေသာက္နဲ႕အတူ ဗိုက္ထဲဝင္သြားတယ္ ဟုတ္ပါတယ္။ ဒါေပမယ့္ အဲလိုဝင္သြားတဲ့ေလမ်ိဳးက စားျပီးမၾကာဘူး။ ခ်က္ခ်င္းတန္းထြက္ပါတယ္။ နာရီဝက္ အတြင္း ဝင္သြားတဲ့ေလေတြ ျပန္ထြက္သြားလိမ့္မယ္။ အစာအိမ္ထဲမွာေလေတြျပည့္ေနလို႕ အေပၚ ျပန္ထြက္တာရွင္းတယ္။ အူထဲေရာက္တဲ့ေလက်ေတာ့ အထက္ကမထြက္ေတာ့ဘူး။ ေအာက္ကေနျပန္ထြက္တယ္။ ဒါက အူလမ္းေၾကာင္းက ေလထြက္တဲ့ အေျခခံသီအိုရီျဖစ္ပါတယ္။

လူ႕ခႏၶာကိုယ္ မွာ ေလဝင္ျပီး ထြက္တဲ့ေနရာသံုးေနရာ ရွိတယ္။တခုကပါးစပ္။ စားေသာက္တဲ့အခါ ဝင္လာတဲ့ေလက အစာအိမ္ နဲ႕အူလမ္းေၾကာင္း ေရာက္တယ္။ ဝင္ျပီးတာနဲ႕ အေပၚ(သို႕)ေအာက္အေပါက္က ထြက္လိမ့္မယ္။ ေနာက္ေနရာတခုက အဆုတ္ျဖစ္ပါတယ္။ ေလကိုရႈသြင္းတဲ့အခါ နွာေခါင္းကတဆင့္ေလျပြန္ထဲေရာက္ ေနာက္ဆံုးအဆုတ္မွာ ရွိတဲ့ေလအိတ္(alveoli)ထဲ ဝင္ေရာက္တယ္။ ဝင္သြားတဲ့ေလကေအာက္စီဂ်င္ျဖစ္ေပမယ့္ ျပန္ထြက္တဲ့ေလက်ေတာ့ ကာဗြန္ဒိုင္ေအာက္ဆိုက္ျဖစ္တယ္။

ေနာက္ဆံုးေလဝင္တဲ့ ေနရာတခုက နား ျဖစ္ပါတယ္။ နား ဆိုတာ ေလဝင္ေလထြက္ဖို႕ သဘာဝကေပးထားတဲ့ ျပတင္းေပါက္နဲ႕ တင္စားၾကတယ္။ ေလထုဖိအားေျပာင္းလဲမႈကို သူက ခံစားနိုင္တယ္။ ေတာင္တက္ေတာင္ဆင္း ကားစီး၊ေလယာဥ္စီးတဲ့အခါမ်ိဳးမွာ နားအူတာ၊ေခါင္းမူးတာေတြ ခံစားရတယ္။ အိမ္ပတ္ေျပးတဲ့အခါ ခ်ာခ်ာလည္မူးရင္လည္း အတူတူပဲ။ နားအတြင္းပိုင္းမွာ ေလထုဖိအား ရုတ္တရက္ ေျပာင္းလဲမႈေၾကာင့္ ျဖစ္ပါတယ္။

ဒါေပမယ့္ အခုဟာက စားျပီေသာက္ျပီးလို႕ ထြက္တဲ့ေလမ်ိဳး မဟုတ္ဘူး။ ခႏၶာကိုယ္တေနရာရာ(ကုတ္၊ေက်ာျပင္၊ေျခေထာက္)စတဲ့ေနရာေတြကို နွိပ္လိုက္တိုင္း ေလထြက္တာျဖစ္တယ္။ တမ်ိဳးေျပာရရင္ အေၾကာတခုခုကို ထိလိုက္တိုင္း ခႏၶာကိုယ္က ျပန္တုံ႕ျပန္တဲ့သေဘာမ်ိဳးပါ။ ဘာမွ မထိရင္ေတာ့ ဘာမွမျဖစ္ပါဘူး။

အမ်ားစုက အသက္(၆၀)ေက်ာ္ အ ဖုိး၊အဖြားအရြယ္ ေတြမွာ ျဖစ္တယ္။ ဇရာလကၡဏာဆိုရင္ မွန္သလိုလိုရွိေပမယ့္ ကေလးေတြလည္း ရိ္ွပါတယ္။ ရွားေတာ့ရွားတာေပါ့။ ဒီလိုျဖစ္ၾကေတာ့ လူ႕သေဘာ ေရာဂါမ်ားလားဆိုျပီး ေသြးစစ္၊ဆီးစစ္၊ဓာတ္မွန္ရိုက္ၾကတယ္။ အမ်ားစုက အကုန္ေကာင္းပါတယ္။ ေရာဂါေၾကာငိ့ မဟုတ္ရင္ဘာေၾကာင့္မ်ားလဲ ေတြးစရာရွိလာပါျပီ။

ဘာ့ေၾကာင့္ ဒီလိုျဖစ္ရလဲ

ေဆးေက်ာင္းသား တိုင္း ဒုတိယနွစ္ ေရာက္ရင္ ခႏၶာေဗဒ၊ ဇီဝ ကမၼ နဲ့ ဇီဝ ဓာတုဆိုျပီး သင္ရပါတယ္။ ဇီဝ ကမၼဆိုတာ ကိုယ္ခႏၶာ ဇီဝ ျဖစ္စဥ္ေျပာင္းလဲျခင္းကို ေလ့လာရတာျဖစ္တယ္။ လူ႕ခႏၶာကိုယ္ မွာ သိစိတ္မဲ့ အာရံုေၾကာလႈပ္ရွားမႈကို ျဖစ္ေစတဲ့ စနစ္ေတြထဲမွာ parasympatheticဆိုတဲ့ စနစ္တခု ရွိပါတယ္။ လူတေယာက္ အနားယူတဲ့အခ်ိန္မွာ ျဖစ္ေပၚတဲ့ ဇီဝေျပာင္းလဲမႈကို ဒီစနစ္က ထိန္းခ်ဳပ္ေပးတယ္။

ဥပမာအားျဖင့္ ကၽြန္ေတာ္ တို႕စိတ္ကမသိဘဲ အသက္ရႈေနတာ သူ႕ေက်းဇူးပါ။ ထမင္းစားျပီး ထိုင္ေနေပမယ့္ ဗိုက္ထဲက အစာအိမ္လႈပ္ရွားေအာင္၊အစားအစာ ေခ်ဖ်က္ေအာင္ ဒီ စနစ္ က သူ႕ဘာသာလုပ္ေဆာင္ေပးေနတယ္။ ဒီစနစ္ကို ထိန္းခ်ဳပ္ေပးတဲ့ အာရံုခံဆဲလ္ေတြက ဦးေနွာက္နဲ႕ ေက်ာရုိးဆစ္မၾကီး က ထြက္လာတယ္။ အထူးသျဖင့္ အေပၚဆံုး ဦးေနွာက္ကထြက္လာတဲ့ cranial nerveနဲ႕ ေအာက္ဆံုး ျမွီးေညာင့္ရိုးဆစ္ကထြက္လာတဲ့ sacral nerveက ေတြက parasympathetic ေျပာင္းလဲမႈကို ထိန္းခ်ဳပ္ေပးတယ္။

အဲဒီထဲမွာမွ ဦးေနွာက္ က ထြက္လာတဲ့ vagus nerve ဆိုတာ ခႏၶာကိုယ္အတြက္ အခရာက်တယ္။ သူ႕ရဲ႕ တာဝန္ေတြက မေသးပါဘူး။ နွလံုး ခုန္တာ၊အစာေျခတာ၊ေခၽြးထြက္တာ စတဲ့သိစိတ္မဲ့တုံ့ျပန္မႈ မွန္သမွ်ကို ထိ္န္းခ်ဳပ္ေပးတယ္။ လည္ေခ်ာင္း၊လည္ျမိဳမွာရွိတဲ့ ၾကြက္သားေတြရဲ႕ လႈပ္ရွားမႈကို ျဖစ္ေပၚေစတာေၾကာင့္ အသံထြက္ တာ၊အသက္ရႈတာစတဲ့ျဖစ္စဥ္ေတြေပၚ သက္ေရာက္ေစသတဲ့။

လူ႕ခႏၶာကိုယ္ ကို နွိပ္တဲ့အခါ vagus nerveကို သြားေရာက္လံႈ႕ေဆာ္လို႕ လည္ပင္းၾကြက္သား၊အစာျမိဳျပြန္ေတြ သိစိတ္မဲ့လႈပ္ရွားလာပါတယ္။ အဲလို လႈပ္ရွားမႈ ေတြကေန အသံေတြထြက္လာတယ္။ ဒါ့ေၾကာင့္ ခႏၶာကိုယ္ကို နွိပ္တဲ့အခါ တေဂ့ေဂ့နဲ႕ ေလထြက္တာ vagus nerveေၾကာင့္ပါ။ နွိပ္တဲ့အခါ ေသြးေၾကာ(ျမန္မာလို ေလေၾကာေခၚမလား)ကို ဖိမိတဲ့အခါ ေသြးလည္ပတ္မႈအားေကာင္းလာတယ္။

ဒီလိုနည္းနဲ႕ skeletal muscle ၾကြက္သား ေတြ ေျပေလွ်ာ့လာျပီး အေၾကာအျခင္ေတြ၊အေညာင္းအညာေတြ သက္သာေစတယ္။ အေညာင္းအညာ ေျပေပ်ာက္သြားျပီး ေနလို႕ထိုင္လို႕ ပိုေကာင္းလာတယ္။ လူနာကေတာ့ နွိပ္လိုက္လို႕ ေလတက္၊ေလတက္လို႕ အေနရခက္တာေတြ သက္သာသြားတယ္လို႕ ထင္ပါတယ္။ ဒါ့ေၾကာင့္ နွိပ္လိုက္တိုင္း ေလတက္တာ စိုးရိမ္စရာမဟုတိပါဘူး။ ေရာဂါ လည္းမဟုတ္ပါဘူး။ တခ်ိဳ႕ေတြးသလို ေလျဖတ္ တာမ်ိဳးလည္း မျဖစ္နိုင္ဘူး။ ဒီတပတ္အတြက္ ေလျဖတ္တာနဲ႕ ေလတက္တာ ဘာမွမဆိုင္တဲ့အေၾကာင္း ေျပာၾကားရင္း နိဂံုးခ်ဳပ္အပ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာေအးမင္းထူး
#Unicode Version#
လေတက် ရင် လေဖြတ် နိုင်သလား။ နှိပ်တာနဲ့ လေတတ် တာ ဘယ်လိုဆက်စပ်မှုရှိလဲ။ မေးခွန်းက အမေးများတယ်။ သက်ကြီးရွယ်အိုလူနာတွေ မကြာခဏမေးတတ်တဲ့မေးခွန်းမျိုးပါ။ ကိုယ့် မိသားစု မှာ သက်ကြီးရွယ်အိုတွေရှိရင် သတိထားမိမယ်။ တနေရာရာကို နှိပ်လိုက်တိုင်း တဂေ့ဂေ့နဲ့ လေထွက်တာမျိုး။ ဘေးလူတွေအတွက်တော့ စိတ်ပျက်စရာကြီးပေါ့။မသိရင် တမင်တကာလုပ်နေတယ်ထင်ရအောင်ကို လေတက်ကြတာလား။

ဒီလို လေတက် တာ ရောဂါ လား၊ဘာဖြစ်တာလဲ ဘာ့ကြောင့်လဲ၊စိုးရိမ်ရလား သိချင်ကြမှာပဲ။ အဲဒီတော့ ဆရာဝန်တွေကို မေးကြတယ်။ ဘာ့ကြောင့် ဖြစ်ရလဲ။ ဆေးပညာ က တိုးတက်နေပြီဆိုပေမယ့် ဇီဝကမ္မပြောငိးလဲမှု၊သက်ရောက်မှုတွေ မသိတာ၊နားမလည်သေးတာတွေ အများကြီးရှိနေပါသေးတယ်။ အနောက်တိုင်း ဆရာ က အနောက်တိုင်းဆန်ဆန်၊တိုင်းရင်းဆေးဆရာက တိုင်းရင်းဆေးပညာအလိုအရ ပြောပါလိမ့်မယ်။

ပုံမှန်အားဖြင့် ဗိုက် ထဲမှာ လေ တွေပြည့်နေတဲ့အခါ လေထွက်တာ၊လေတက်တာရှိတယ်။ ဂတ်စ်ပါတဲ့အချိုရည်၊ဟင်းရည်ပူပူသောက်တဲ့ စုပ်တဲ့အခါ လေ တွေအများကြီး အစားအသောက်နဲ့အတူ ဗိုက်ထဲဝင်သွားတယ် ဟုတ်ပါတယ်။ ဒါပေမယ့် အဲလိုဝင်သွားတဲ့လေမျိုးက စားပြီးမကြာဘူး။ ချက်ချင်းတန်းထွက်ပါတယ်။ နာရီဝက် အတွင်း ဝင်သွားတဲ့လေတွေ ပြန်ထွက်သွားလိမ့်မယ်။ အစာအိမ်ထဲမှာလေတွေပြည့်နေလို့ အပေါ် ပြန်ထွက်တာရှင်းတယ်။ အူထဲရောက်တဲ့လေကျတော့ အထက်ကမထွက်တော့ဘူး။ အောက်ကနေပြန်ထွက်တယ်။ ဒါက အူလမ်းကြောင်းက လေထွက်တဲ့ အခြေခံသီအိုရီဖြစ်ပါတယ်။

လူ့ခန္ဓာကိုယ် မှာ လေဝင်ပြီး ထွက်တဲ့နေရာသုံးနေရာ ရှိတယ်။တခုကပါးစပ်။ စားသောက်တဲ့အခါ ဝင်လာတဲ့လေက အစာအိမ် နဲ့အူလမ်းကြောင်း ရောက်တယ်။ ဝင်ပြီးတာနဲ့ အပေါ်(သို့)အောက်အပေါက်က ထွက်လိမ့်မယ်။ နောက်နေရာတခုက အဆုတ်ဖြစ်ပါတယ်။ လေကိုရှုသွင်းတဲ့အခါ နှာခေါင်းကတဆင့်လေပြွန်ထဲရောက် နောက်ဆုံးအဆုတ်မှာ ရှိတဲ့လေအိတ်(alveoli)ထဲ ဝင်ရောက်တယ်။ ဝင်သွားတဲ့လေကအောက်စီဂျင်ဖြစ်ပေမယ့် ပြန်ထွက်တဲ့လေကျတော့ ကာဗွန်ဒိုင်အောက်ဆိုက်ဖြစ်တယ်။

နောက်ဆုံးလေဝင်တဲ့ နေရာတခုက နား ဖြစ်ပါတယ်။ နား ဆိုတာ လေဝင်လေထွက်ဖို့ သဘာဝကပေးထားတဲ့ ပြတင်းပေါက်နဲ့ တင်စားကြတယ်။ လေထုဖိအားပြောင်းလဲမှုကို သူက ခံစားနိုင်တယ်။ တောင်တက်တောင်ဆင်း ကားစီး၊လေယာဉ်စီးတဲ့အခါမျိုးမှာ နားအူတာ၊ခေါင်းမူးတာတွေ ခံစားရတယ်။ အိမ်ပတ်ပြေးတဲ့အခါ ချာချာလည်မူးရင်လည်း အတူတူပဲ။ နားအတွင်းပိုင်းမှာ လေထုဖိအား ရုတ်တရက် ပြောင်းလဲမှုကြောင့် ဖြစ်ပါတယ်။

ဒါပေမယ့် အခုဟာက စားပြီသောက်ပြီးလို့ ထွက်တဲ့လေမျိုး မဟုတ်ဘူး။ ခန္ဓာကိုယ်တနေရာရာ(ကုတ်၊ကျောပြင်၊ခြေထောက်)စတဲ့နေရာတွေကို နှိပ်လိုက်တိုင်း လေထွက်တာဖြစ်တယ်။ တမျိုးပြောရရင် အကြောတခုခုကို ထိလိုက်တိုင်း ခန္ဓာကိုယ်က ပြန်တုံ့ပြန်တဲ့သဘောမျိုးပါ။ ဘာမှ မထိရင်တော့ ဘာမှမဖြစ်ပါဘူး။

အများစုက အသက်(၆၀)ကျော် အ ဖိုး၊အဖွားအရွယ် တွေမှာ ဖြစ်တယ်။ ဇရာလက္ခဏာဆိုရင် မှန်သလိုလိုရှိပေမယ့် ကလေးတွေလည်း ရိှပါတယ်။ ရှားတော့ရှားတာပေါ့။ ဒီလိုဖြစ်ကြတော့ လူ့သဘော ရောဂါများလားဆိုပြီး သွေးစစ်၊ဆီးစစ်၊ဓာတ်မှန်ရိုက်ကြတယ်။ အများစုက အကုန်ကောင်းပါတယ်။ ရောဂါကြောငိ့ မဟုတ်ရင်ဘာကြောင့်များလဲ တွေးစရာရှိလာပါပြီ။

ဘာ့ကြောင့် ဒီလိုဖြစ်ရလဲ

ဆေးကျောင်းသား တိုင်း ဒုတိယနှစ် ရောက်ရင် ခန္ဓာဗေဒ၊ ဇီဝ ကမ္မ နဲ့ ဇီဝ ဓာတုဆိုပြီး သင်ရပါတယ်။ ဇီဝ ကမ္မဆိုတာ ကိုယ်ခန္ဓာ ဇီဝ ဖြစ်စဉ်ပြောင်းလဲခြင်းကို လေ့လာရတာဖြစ်တယ်။ လူ့ခန္ဓာကိုယ် မှာ သိစိတ်မဲ့ အာရုံကြောလှုပ်ရှားမှုကို ဖြစ်စေတဲ့ စနစ်တွေထဲမှာ parasympatheticဆိုတဲ့ စနစ်တခု ရှိပါတယ်။ လူတယောက် အနားယူတဲ့အချိန်မှာ ဖြစ်ပေါ်တဲ့ ဇီဝပြောင်းလဲမှုကို ဒီစနစ်က ထိန်းချုပ်ပေးတယ်။

ဥပမာအားဖြင့် ကျွန်တော် တို့စိတ်ကမသိဘဲ အသက်ရှုနေတာ သူ့ကျေးဇူးပါ။ ထမင်းစားပြီး ထိုင်နေပေမယ့် ဗိုက်ထဲက အစာအိမ်လှုပ်ရှားအောင်၊အစားအစာ ချေဖျက်အောင် ဒီ စနစ် က သူ့ဘာသာလုပ်ဆောင်ပေးနေတယ်။ ဒီစနစ်ကို ထိန်းချုပ်ပေးတဲ့ အာရုံခံဆဲလ်တွေက ဦးနှောက်နဲ့ ကျောရိုးဆစ်မကြီး က ထွက်လာတယ်။ အထူးသဖြင့် အပေါ်ဆုံး ဦးနှောက်ကထွက်လာတဲ့ cranial nerveနဲ့ အောက်ဆုံး မြှီးညောင့်ရိုးဆစ်ကထွက်လာတဲ့ sacral nerveက တွေက parasympathetic ပြောင်းလဲမှုကို ထိန်းချုပ်ပေးတယ်။

အဲဒီထဲမှာမှ ဦးနှောက် က ထွက်လာတဲ့ vagus nerve ဆိုတာ ခန္ဓာကိုယ်အတွက် အခရာကျတယ်။ သူ့ရဲ့ တာဝန်တွေက မသေးပါဘူး။ နှလုံး ခုန်တာ၊အစာခြေတာ၊ချွေးထွက်တာ စတဲ့သိစိတ်မဲ့တုံ့ပြန်မှု မှန်သမျှကို ထိန်းချုပ်ပေးတယ်။ လည်ချောင်း၊လည်မြိုမှာရှိတဲ့ ကြွက်သားတွေရဲ့ လှုပ်ရှားမှုကို ဖြစ်ပေါ်စေတာကြောင့် အသံထွက် တာ၊အသက်ရှုတာစတဲ့ဖြစ်စဉ်တွေပေါ် သက်ရောက်စေသတဲ့။

လူ့ခန္ဓာကိုယ် ကို နှိပ်တဲ့အခါ vagus nerveကို သွားရောက်လှုံ့ဆော်လို့ လည်ပင်းကြွက်သား၊အစာမြိုပြွန်တွေ သိစိတ်မဲ့လှုပ်ရှားလာပါတယ်။ အဲလို လှုပ်ရှားမှု တွေကနေ အသံတွေထွက်လာတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ကို နှိပ်တဲ့အခါ တဂေ့ဂေ့နဲ့ လေထွက်တာ vagus nerveကြောင့်ပါ။ နှိပ်တဲ့အခါ သွေးကြော(မြန်မာလို လေကြောခေါ်မလား)ကို ဖိမိတဲ့အခါ သွေးလည်ပတ်မှုအားကောင်းလာတယ်။

ဒီလိုနည်းနဲ့ skeletal muscle ကြွက်သား တွေ ပြေလျှော့လာပြီး အကြောအခြင်တွေ၊အညောင်းအညာတွေ သက်သာစေတယ်။ အညောင်းအညာ ပြေပျောက်သွားပြီး နေလို့ထိုင်လို့ ပိုကောင်းလာတယ်။ လူနာကတော့ နှိပ်လိုက်လို့ လေတက်၊လေတက်လို့ အနေရခက်တာတွေ သက်သာသွားတယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် နှိပ်လိုက်တိုင်း လေတက်တာ စိုးရိမ်စရာမဟုတိပါဘူး။ ရောဂါ လည်းမဟုတ်ပါဘူး။ တချို့တွေးသလို လေဖြတ် တာမျိုးလည်း မဖြစ်နိုင်ဘူး။ ဒီတပတ်အတွက် လေဖြတ်တာနဲ့ လေတက်တာ ဘာမှမဆိုင်တဲ့အကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာအေးမင်းထူး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top