Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အစိုးရအေနနဲ႔ လွ်ပ္စစ္ မီတာ ခေတြေျပာင္းလဲ ေကာက္ခံရာမွာ မီတာ အမ်ိဳးအစားေလးမ်ိဳးခြဲျခားသတ္မွတ္ၿပီး ေကာက္ခံသြားဖို႔ ျပင္ဆင္ေနတယ္လို႔ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနမွသိရပါတယ္။ေျပာင္းလဲမယ့္ မီတာ အမ်ိဳးအစားေလးမ်ိဳးကေတာ့  အေျခခံလူတန္းစားေတြအတြက္ ေကာက္ခံမယ့္ အမ်ိဳးအစားက တစ္မ်ိဳး၊ လူလတ္တန္းစားေတြအ တြက္ေကာက္ခံမယ့္ ႏႈန္းထားကတစ္မ်ိဳး၊ စီးပြားေရးလုပ္ငန္းရွင္ေတြအတြက္ သီးသန္႔ ေကာက္ခံမယ့္ အမ်ိဳးအစားနဲ႔ စက္မႈလုပ္ငန္းရွင္ေတြအတြက္ သီးသန္႔ အမ်ိဳးအစားတစ္မ်ိဳး စုစုေပါင္းအမ်ိဳးအစားေလးမ်ိဳးနဲ႔ ေျပာင္းလဲေကာက္ခံသြားမွာျဖစ္တယ္လို႔သိရပါတယ္။

လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၊ ဒုတိယအၿမဲတမ္းအတြင္းဝန္ ဦးစိုးျမင့္က ျပည္သူသံုးစြဲသူ ေက်နပ္သည္အထိဝန္ေဆာင္မႈေပးႏိုင္မႈေပါ့၊ တစ္ဖက္ကေက်နပ္ မႈေတြရွိေအာင္လုပ္ေပးႏိုင္မယ္၊ တစ္ဖက္က ျပင္တဲ့ဟာလုပ္ေပးမယ္၊ ျပင္တဲ့ေနရာမွာလဲအေျခခံလူတန္းစားကိုမထိခိုက္တဲ့ႏႈန္းနဲ႔ ကြ်န္ေတာ္တို႔ ေဆာင္ ရြက္သြားမွာျဖစ္ပါတယ္လိုု႔ ေျပာပါတယ္။လွ်ပ္စစ္ဓာတ္အား ျဖန္႔ျဖဴးေပးတဲ့ေနရာမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အစိုးရကစိုက္ထုတ္ေနရတဲ့ အေနအထားမွာရွိေနပါတယ္။ အခုလိုစိုက္ထုတ္ေနရတာေၾကာင့္ မီတာခႏႈန္းထားေတြ ေျပာင္းလဲေကာက္ခံဖို႔ စီစဥ္ေနရတယ္လို႔သိရပါတယ္။

ေျပာင္းလဲေကာက္ခံဖို႔ကိုေတာ့ လက္ရွိမွာမေဆာင္ရြက္ႏိုင္ေသးဘဲ လွ်ပ္စစ္မီးသံုးစဲြတဲ့ေနရာမွာ ျပည္သူေတြဝန္ေဆာင္မႈအျပည့္အဝရရွိႏိုင္ေရးအပိုင္းကို အရင္ဆံုးေဆာင္ရြက္ေနတယ္လို႔ဆိုပါတယ္။
တစ္ဖက္မွာလည္း တရားမဝင္ဓာတ္အားသံုးစြဲမႈေလွ်ာ့ခ်ႏိုင္ေရးစစ္ေဆးလုပ္ေဆာင္ေနပါတယ္။ရန္ကုန္တိုင္းေဒသႀကီးမွာေတာ့ ၿပီးခဲ့တဲ့စက္တင္ဘာလအတြင္းက တရားမဝင္ဓာတ္အားသံုးစြဲမႈ ၁၄ ခုအထိရွိခဲ့ၿပီး တရားမဝင္ဓာတ္အားသံုးစြဲမႈနစ္နာေၾကး အတြက္ စုစုေပါင္း က်ပ္ေျခာက္သန္းေက်ာ္ရရွိခဲ့တယ္လို႔သိရပါတယ္။သည္ႏွစ္မွာ တစ္ႏိုင္ငံလံုးအတိုင္းအတာနဲ႔ မီးရရွိမႈအေျခအေနကေတာ့ စက္တင္ဘာလအထိ ၃၉.ဝ၈ ရာခိုင္ႏႈန္းျဖစ္ၿပီး အိမ္ေထာင္စုေပါင္း ၄ ့၂သန္းအထိ လွ်ပ္စစ္မီးျဖန္႔ျဖဴးႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kumudra
#Unicode Version#
အစိုးရအနေနဲ့ လျှပ်စစ် မီတာ ခတွေပြောင်းလဲ ကောက်ခံရာမှာ မီတာ အမျိုးအစားလေးမျိုးခွဲခြားသတ်မှတ်ပြီး ကောက်ခံသွားဖို့ ပြင်ဆင်နေတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှသိရပါတယ်။ပြောင်းလဲမယ့် မီတာ အမျိုးအစားလေးမျိုးကတော့  အခြေခံလူတန်းစားတွေအတွက် ကောက်ခံမယ့် အမျိုးအစားက တစ်မျိုး၊ လူလတ်တန်းစားတွေအ တွက်ကောက်ခံမယ့် နှုန်းထားကတစ်မျိုး၊ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် သီးသန့် ကောက်ခံမယ့် အမျိုးအစားနဲ့ စက်မှုလုပ်ငန်းရှင်တွေအတွက် သီးသန့် အမျိုးအစားတစ်မျိုး စုစုပေါင်းအမျိုးအစားလေးမျိုးနဲ့ ပြောင်းလဲကောက်ခံသွားမှာဖြစ်တယ်လို့သိရပါတယ်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြည်သူသုံးစွဲသူ ကျေနပ်သည်အထိဝန်ဆောင်မှုပေးနိုင်မှုပေါ့၊ တစ်ဖက်ကကျေနပ် မှုတွေရှိအောင်လုပ်ပေးနိုင်မယ်၊ တစ်ဖက်က ပြင်တဲ့ဟာလုပ်ပေးမယ်၊ ပြင်တဲ့နေရာမှာလဲအခြေခံလူတန်းစားကိုမထိခိုက်တဲ့နှုန်းနဲ့ ကျွန်တော်တို့ ဆောင် ရွက်သွားမှာဖြစ်ပါတယ်လိုု့ ပြောပါတယ်။လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးတဲ့နေရာမှာ အကြောင်းအမျိုးမျိုးကြောင့် အစိုးရကစိုက်ထုတ်နေရတဲ့ အနေအထားမှာရှိနေပါတယ်။ အခုလိုစိုက်ထုတ်နေရတာကြောင့် မီတာခနှုန်းထားတွေ ပြောင်းလဲကောက်ခံဖို့ စီစဉ်နေရတယ်လို့သိရပါတယ်။

ပြောင်းလဲကောက်ခံဖို့ကိုတော့ လက်ရှိမှာမဆောင်ရွက်နိုင်သေးဘဲ လျှပ်စစ်မီးသုံးစွဲတဲ့နေရာမှာ ပြည်သူတွေဝန်ဆောင်မှုအပြည့်အဝရရှိနိုင်ရေးအပိုင်းကို အရင်ဆုံးဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
တစ်ဖက်မှာလည်း တရားမဝင်ဓာတ်အားသုံးစွဲမှုလျှော့ချနိုင်ရေးစစ်ဆေးလုပ်ဆောင်နေပါတယ်။ရန်ကုန်တိုင်းဒေသကြီးမှာတော့ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းက တရားမဝင်ဓာတ်အားသုံးစွဲမှု ၁၄ ခုအထိရှိခဲ့ပြီး တရားမဝင်ဓာတ်အားသုံးစွဲမှုနစ်နာကြေး အတွက် စုစုပေါင်း ကျပ်ခြောက်သန်းကျော်ရရှိခဲ့တယ်လို့သိရပါတယ်။သည်နှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မီးရရှိမှုအခြေအနေကတော့ စက်တင်ဘာလအထိ ၃၉.ဝ၈ ရာခိုင်နှုန်းဖြစ်ပြီး အိမ်ထောင်စုပေါင်း ၄့၂သန်းအထိ လျှပ်စစ်မီးဖြန့်ဖြူးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Kumudra
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top