လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

အေဖ့ဆီက မ်ိဳး႐ိုးဗီဇက်ေတာ့ ဘာမွမထူးဘူး။

မိခင္တစ္ေယာက္ရဲ႕ မ်ိဳး႐ိုးဗီဇဟာ ေမြးဖြားလာမယ့္ ကေလးေတြရဲ႕ ဉာဏ္ရည္ဉာဏ္ေသြးနဲ႔ ထက္ျမက္မႈကို အဆံုးအျဖတ္ေပးတယ္လို႔ သုေတသီေတြက ဆုိလိုက္ပါတယ္။ အမ်ိဳးသမီးေတြဟာ ဉာဏ္ရည္ဉာဏ္ေသြးဆုိင္ရာ မ်ိဳး႐ိုးဗီဇေတြကို သူတို႔ရဲ႕ ရင္ေသြးေတြဆီ ထုတ္လုပ္ေပးၾကပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ဉာဏ္ရည္ဉာဏ္ေသြးဆုိင္ရာ မ်ိဳး႐ိုးဗီဇေတြကို X ခ႐ိုမိုဇုမ္းေတြက သယ္ေဆာင္ေပးရလို႔ပါ။ အမ်ိဳးသမီးေတြမွာက အဲ့ဒီအရာ ႏွစ္မ်ိဳးလံုး႐ွိၿပီး အမ်ိဳးသားေတြမွာေတာ့ တစ္ခုသာ ႐ွိပါတယ္။

ဖခင္ဆီက ရလာတဲ့ ဉာဏ္ရည္ဉာဏ္ေသြးဆုိင္ရာ မ်ိဳး႐ိုးဗီဇေတြဟာလည္း အလိုအေလ်ာက္ ဓာတ္ျပယ္သြားတာ ျဖစ္ႏုိင္တယ္လို႔ သိပၸံပညာ႐ွင္ေတြက ယံုၾကည္ၾကတယ္။ မ်ိဳး႐ိုးဗီဇ ျပဳျပင္မြမ္းမံေပးထားတဲ့ ၾကြက္ေတြကို  မိခင္ဘက္က မ်ိဳး႐ိုးဗီဇ ပိုထည့္သြင္းေပးၿပီးေနာက္ ဓာတ္ခြဲခန္းထဲမွာ စမ္းသပ္ေလ့လာၾကည့္ရာမွာ ယင္းမ်ိဳး႐ိုးဗီဇေတြက ဦးေႏွာက္နဲ႔ ဦးေခါင္းမွာ ပိုမိုဖြံ႕ၿဖိဳးလာခဲ့ပါတယ္။ ဒါေပမဲ့ ခႏၶာကိုယ္မွာေတာ့ အနည္းငယ္သာ ဖြံ႕ၿဖိဳးမႈ႐ွိတာ ေတြ႔ခဲ့ရပါတယ္။ ဖခင္ရဲ႕မ်ိဳး႐ိုးဗီဇကို ထိုးသြင္းေပးၾကည့္တဲ့ အခါမွာေတာ့ ခႏၶာကိုယ္ ဖြံ႕ၿဖိဳးမႈ ပိုလာၿပီး ဦးေႏွာက္ဖြံ႕ၿဖိဳးမႈကေတာ့ အနည္းငယ္သာ တိုးတက္လာတာကို ေတြ႔ခဲ့ရတယ္။

ၾကြက္ရဲ႕ဦးေႏွာက္က မတူညီတဲ့ အစိတ္အပိုင္း ၆ ေနရာဆီကို မိခင္မ်ိဳးရိုးဗီဇ သို႔မဟုတ္ ဖခင္မ်ိဳးရိုးဗီဇ တစ္မ်ိဳးတည္းကိုသာ တိတိက်က် ထိုးသြင္းၿပီး ထပ္မံ ေလ့လာခဲ့ၾကျပန္ပါတယ္။ ယင္း ဦးေႏွာက္အစိတ္အပိုင္းေတြဟာ မတူညီတဲ့ ထိုးထြင္းသိျမင္မႈဆိုင္ရာ လုပ္ေဆာင္ခ်က္ေတြကို ထိန္းခ်ဳပ္တဲ့ ေနရာေတြျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ကေလးျဖစ္သူဟာ ဉာဏ္ရည္ဉာဏ္ေသြးပိုင္းဆုိင္ရာကို မိခင္ထံမွ အေမြဆက္ခံတာျဖစ္ေၾကာင္း ေကာက္ခ်က္ခ်ခဲ့ပါတယ္။

လူေတြဟာ ၾကြက္ေတြနဲ႔ေတာ့ တူမွာမဟုတ္ပါဘူး။ ဒါေၾကာင့္မုိ႔လို႔ ဂလတ္စကိုၿမိဳ႕က သုေတသီေတြဟာ ဉာဏ္ရည္ဉာဏ္ေသြးပိုင္းစြမ္းရည္ကို ေလ့လာေဖာ္ထုတ္ဖုိ႔အတြက္ လူေတြနဲ႔ ပိုနီးကပ္ေအာင္ ခ်ဥ္းကပ္ခဲ့ၾကပါတယ္။ အသက္ ၁၄ နွစ္မွ ၂၂ ႏွစ္ၾကား လူငယ္ ၁၂၆၈၆ ဦးကို ၁၉၉၄ ခုႏွစ္မွ စတင္ၿပီး ႏွစ္စဥ္ေမးျမန္းခဲ့ၾကပါေသးတယ္။ လက္ရွိအခ်ိန္မွာေတာ့ ေလ့လာသူေတြအေနနဲ႔ ကေလးေတြဟာ IQ ပိုင္းဆုိင္ရာမွာ မိခင္ရဲ႕အေမြကို ဆက္ခံရရွိတယ္လို႔ပဲ ယံုၾကည္ၾကဆဲပါ။ ဒါေပမဲ့ မ်ိဳး႐ိုးဗီဇေတြကပဲ ဉာဏ္ရည္ဉာဏ္ေသြးကို သတ္မွတ္တာေတာ့ မဟုတ္ပါဘူး။ ၄၀ % မွ ၆၀% အထိသာ မ်ိဳး႐ိုးလိုက္တာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
အဖေ့ဆီက မျိုးရိုးဗီဇကျတော့ ဘာမှမထူးဘူး။

မိခင်တစ်ယောက်ရဲ့ မျိုးရိုးဗီဇဟာ မွေးဖွားလာမယ့် ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ထက်မြက်မှုကို အဆုံးအဖြတ်ပေးတယ်လို့ သုတေသီတွေက ဆိုလိုက်ပါတယ်။ အမျိုးသမီးတွေဟာ ဉာဏ်ရည်ဉာဏ်သွေးဆိုင်ရာ မျိုးရိုးဗီဇတွေကို သူတို့ရဲ့ ရင်သွေးတွေဆီ ထုတ်လုပ်ပေးကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဉာဏ်ရည်ဉာဏ်သွေးဆိုင်ရာ မျိုးရိုးဗီဇတွေကို X ခရိုမိုဇုမ်းတွေက သယ်ဆောင်ပေးရလို့ပါ။ အမျိုးသမီးတွေမှာက အဲ့ဒီအရာ နှစ်မျိုးလုံးရှိပြီး အမျိုးသားတွေမှာတော့ တစ်ခုသာ ရှိပါတယ်။

ဖခင်ဆီက ရလာတဲ့ ဉာဏ်ရည်ဉာဏ်သွေးဆိုင်ရာ မျိုးရိုးဗီဇတွေဟာလည်း အလိုအလျောက် ဓာတ်ပြယ်သွားတာ ဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြတယ်။ မျိုးရိုးဗီဇ ပြုပြင်မွမ်းမံပေးထားတဲ့ ကြွက်တွေကို  မိခင်ဘက်က မျိုးရိုးဗီဇ ပိုထည့်သွင်းပေးပြီးနောက် ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်လေ့လာကြည့်ရာမှာ ယင်းမျိုးရိုးဗီဇတွေက ဦးနှောက်နဲ့ ဦးခေါင်းမှာ ပိုမိုဖွံ့ဖြိုးလာခဲ့ပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်မှာတော့ အနည်းငယ်သာ ဖွံ့ဖြိုးမှုရှိတာ တွေ့ခဲ့ရပါတယ်။ ဖခင်ရဲ့မျိုးရိုးဗီဇကို ထိုးသွင်းပေးကြည့်တဲ့ အခါမှာတော့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှု ပိုလာပြီး ဦးနှောက်ဖွံ့ဖြိုးမှုကတော့ အနည်းငယ်သာ တိုးတက်လာတာကို တွေ့ခဲ့ရတယ်။

ကြွက်ရဲ့ဦးနှောက်က မတူညီတဲ့ အစိတ်အပိုင်း ၆ နေရာဆီကို မိခင်မျိုးရိုးဗီဇ သို့မဟုတ် ဖခင်မျိုးရိုးဗီဇ တစ်မျိုးတည်းကိုသာ တိတိကျကျ ထိုးသွင်းပြီး ထပ်မံ လေ့လာခဲ့ကြပြန်ပါတယ်။ ယင်း ဦးနှောက်အစိတ်အပိုင်းတွေဟာ မတူညီတဲ့ ထိုးထွင်းသိမြင်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်တဲ့ နေရာတွေဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ကလေးဖြစ်သူဟာ ဉာဏ်ရည်ဉာဏ်သွေးပိုင်းဆိုင်ရာကို မိခင်ထံမှ အမွေဆက်ခံတာဖြစ်ကြောင်း ကောက်ချက်ချခဲ့ပါတယ်။

လူတွေဟာ ကြွက်တွေနဲ့တော့ တူမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ဂလတ်စကိုမြို့က သုတေသီတွေဟာ ဉာဏ်ရည်ဉာဏ်သွေးပိုင်းစွမ်းရည်ကို လေ့လာဖော်ထုတ်ဖို့အတွက် လူတွေနဲ့ ပိုနီးကပ်အောင် ချဉ်းကပ်ခဲ့ကြပါတယ်။ အသက် ၁၄ နှစ်မှ ၂၂ နှစ်ကြား လူငယ် ၁၂၆၈၆ ဦးကို ၁၉၉၄ ခုနှစ်မှ စတင်ပြီး နှစ်စဉ်မေးမြန်းခဲ့ကြပါသေးတယ်။ လက်ရှိအချိန်မှာတော့ လေ့လာသူတွေအနေနဲ့ ကလေးတွေဟာ IQ ပိုင်းဆိုင်ရာမှာ မိခင်ရဲ့အမွေကို ဆက်ခံရရှိတယ်လို့ပဲ ယုံကြည်ကြဆဲပါ။ ဒါပေမဲ့ မျိုးရိုးဗီဇတွေကပဲ ဉာဏ်ရည်ဉာဏ်သွေးကို သတ်မှတ်တာတော့ မဟုတ်ပါဘူး။ ၄၀ % မှ ၆၀% အထိသာ မျိုးရိုးလိုက်တာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top