Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

“က်ေနာ္တို႔ စစ္ေတြ ကိုေရာက္တာ ႏွစ္ ၂၀ ေက်ာ္ပါၿပီ။ ခုထိ အိမ္ပိုင္ ေျမပိုင္ မရွိေသးပါဘူး။ ေျမဝယ္မယ္လို႔ စုထားလိုက္၊ ေျမေဈး ေတြက တက္လိုက္၊ ဝယ္မယ္လို႔ စဥ္းစားလိုက္၊ ေျမေဈးေတြ ထပ္တက္လိုက္နဲ႔ က်ေနာ္တို႔ လက္လွမ္းမမီတဲ့ အရာကို ျဖစ္ေနပါတယ္။ အရင္ ဆယ္သိန္း၊ ငါးသိန္းနဲ႔ ရႏိုင္တာေတာင္ မဝယ္ႏုိင္ခဲ့တာ အခု ေထာင္ခ်ီ၊ ေသာင္းခ်ီ ျဖစ္သြားတဲ့အခါ ပိုၿပီး မဝယ္ႏုိင္ေတာ့ပါဘူး။ ဒီတသက္ အိမ္ နဲ႔ ေျမ ဝယ္ဖို႔ဟာ မျဖစ္ႏိုင္ေတာ့ပါဘူး’’ ဟု စစ္ေတြၿမိဳ႕ ႐ူပရပ္ကြက္တြင္ အိမ္ငွားေနထိုင္ေသာ ဦးလွသာထြန္းမွ ေျပာၾကားသည္။

ဦးလွသာထြန္းတို႔ စစ္ေတြ ကို ေရာက္စဥ္တုန္းက အိမ္ၿခံေျမတကြက္ကို ေပ ၄၀ ေပ ၆၀ ဆိုလၽွင္ ၿမိဳ႕ေပၚတြင္ ၅ သိန္းခန္႔သာရွိၿပီး ၿမိဳ႕စြန္ရပ္ကြက္မ်ားျဖစ္ေသာ မင္းကံ ရပ္ကြက္ တို႔တြင္ဆိုလၽွင္ အိမ္ရာေျမ တကြက္ကို ၁ သိန္းမွသည္ ၃ သိန္း စသည့္ ေပါက္ေဈး သာ ရွိခဲ့သည္။

ထိုစဥ္က ေငြေၾကး ပမာဏ သည္ မ်ားသည္ဆိုေသာ္လည္း အလြန္တရာမွ ေဝးလြန္းသည္ဟု မထင္ခဲ့ဟု ဦးလွသာထြန္းမွ ဆိုသည္။ သူတို႔က စုေဆာင္းေနရင္း ၿမိဳ႕စြန္ ရပ္ကြက္ က ေျမေစ်း မ်ားေတာင္ သိန္း ၂၀၀၊ သိန္း ၅၀၀ စသည့္ကိန္းဂဏာန္းမ်ား ရွိလာသည့္အခါ သူတုိ ႔ဘဝ နွင့္ လက္လွမ္းမမီေသာအရာမ်ား ျဖစ္လာသည္ဟု သူကဆိုသည္။

“မွန္းထားတဲ့ေငြပမာဏ ရလာၿပီဆုိရင္ ေျမေစ်းက  ႀကီးသြားတယ္။ သိန္းဆယ္ဂဏာန္းကိုရရင္ ေျမကြက္က သိန္းရာခ်ီၿပီး တက္သြားတယ္။ ေသာင္းဂဏန္းတုန္းကလည္း သိန္းျပည့္ေအာင္ ႀကိဳးစားခဲ့တယ္။ သိန္းျပည့္ ရင္ ေျမကြက္ေစ်း က ဆယ္သိန္းဂဏန္း ခ်ီသြားတယ္။ ဒီလိုနဲ႔ လုိက္ေလေဝးေလ ျဖစ္ေနတာ ခုခ်ိန္ထိ အိမ္ငွား ဘဝ ကကုိ မတက္ဘူးျဖစ္ေနတာပါ’’ ဟု ေျပာဆိုလာသူက စစ္ေတြၿမိဳ႕ ေပၚပလုတ္ေတာင္ရပ္ကြက္ေန အိမ္ငွား ေဒၚေက်ာ့စိန္ဦး ျဖစ္သည္။

စစ္ေတြၿမိဳ႕ကို ဝင္လာလိုက္သည့္ လမ္းတေလွ်ာက္တြင္ စိမ္းလန္းသည့္ လယ္ေျမမ်ား၊ လယ္ကြင္းျပင္မ်ားကို ေတြ႔လိုက္လွ်င္ ေျမေနရာမ်ားမွာ လူေနထူထပ္မႈ ရွိလာသည့္တိုင္ ရွားပါးသည့္ ကုန္ပစၥည္းဟု ထင္စရာမရွိေပ။

သို႔ေသာ္ တကယ္တမ္း စံုစမ္း ၾကည့္လွ်င္ လူမေနဘဲ ပိုင္ဆိုင္မႈျပဳထားသည့္ ၿခံကြက္ ေတြက သာမန္ ဘဝ မ်ားကို ၿခိမ္းေျခာက္လုိက္သလို ရွိေနသည္။ စစ္ေတြၿမိဳ႕စြန္ ရပ္ကြက္ မ်ားျဖစ္သည့္ မင္းကံ ရပ္ကြက္ တြင္လည္း အိမ္ရာလပ္မ်ား မရွိေတာ့။

ၾကည့္လိုက္လွ်င္ ၿခံကြက္ က လပ္လပ္ေနသည့္ လူမရွိသည့္ ျခံကြက္၊ သို႔ေသာ္ သာမန္လူမ်ား မတို႔မထိႏိုင္သည့္ ေစ်းႏႈန္းမ်ားျဖင့္ တန္ဖိုးျမင့္အိမ္ရာေျမ ျဖစ္ေနသည္။ လူဦးေရထူထပ္လာမႈသည္ ေျမ ေစ်းကြက္ ေစ်းတက္ျခင္းႏွင့္ တိုက္႐ုိက္အခ်ိဳးက်ေသာ္လညး္ ရခိုင္ျပည္တြင္ေတာ့ ယင္းသီအိုရီႏွင့္ ေျပာင္းျပန္ျဖစ္ေနသည္။

လူဦးေရ ၃ ဒသမ ၂ သန္းသာရွိသည့္ ရခိုင္ျပည္နယ္ တြင္ ေန႔စဥ္ႏွင့္အမွ် လူဦးေရ ၃၀၀ ခန္႔ ျပည္ပကို ထြက္ခြာသြားေနၾကသည္မွာ ဆယ္စုႏွစ္တခုနီးပါး ၾကာခဲ့ၿပီျဖစ္သည္။

လူငယ္အရြယ္ေကာင္းမ်ားက ျပည္ပကိုထြက္ခြာျခင္း၊ က်န္ရစ္ခဲ့ေသာ လူလတ္ပိုင္းမ်ားကလည္း စက္႐ုံ၊ အလုပ္႐ုံ ရွားပါးသည့္အတြက္ မိသားစုအလုိက္ ရန္ကုန္၊ ဖားကန္႔၊ ထိုင္း၊ မေလး စသည့္ေနရာမ်ား၊ ႏုိင္ငံမ်ားသို႔ မိသားစုလိုက္ ေရႊ႕ေျပာင္းသူမ်ားကလည္း မ်ားလာသည္။ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ေမာင္ေတာေဒသတြင္လည္း တိုင္းရင္းသား ရခိုင္လူမ်ိဳးမ်ားမွာ လူနည္းစုသာ ျဖစ္ေနသည္။

သည္လိုအေျခအေနမ်ားတြင္ လူေနသိပ္သည္းမႈ က်ဲပါးၿပီး ကြက္လပ္ျဖစ္သည့္ ေျမမ်ားက ပိုလာသည္။ သို႔ေသာ္ ေျမေစ်းက လူမေနသည့္အတြက္ က်သြားသည္ဟူ၍ မရွိဘဲ ေစ်းက ေခါင္ခိုက္ေနသည္။ အေၾကာင္းမွာ ယင္းေျမမ်ားကို လူတခ်ိဳ႕က မိမိတို႔၏ ေငြမည္းမ်ားကို ေငြျဖဴျဖစ္ေအာင္ ေလွ်ာ္ဖြပ္ရန္အတြက္ ရင္းႏွီးျမႇဳပ္ႏွံၾကျခင္းျဖစ္သည္ဟု အိမ္ရာေျမ ေစ်းတက္သည့္ကိစၥကို စိတ္ဝင္စားသူမ်ားမွ သံုးသပ္သည္။

တဖက္တြင္လည္း အစုိးရစီမံကိန္းမ်ား၏ မက္လံုးမ်ားေၾကာင့္ အိမ္ရာေျမေစ်းကြက္မ်ား၏ တန္ဖိုးမ်ား ျမင့္တက္လာသည္။ တခ်ဳိ႕စက္မႈဇုန္ အနီးတဝုိက္တြင္ရွိသည့္ ေျမေနရာမ်ားကို အစိုးရအသိုင္းအဝုိင္းမွ ပုဂၢိဳလ္မ်ားက ေစ်းသတ္မွတ္ကာဝယ္ျခင္း၊ အကြက္႐ုိက္ ေရာင္းခ်ျခင္းမ်ားကို ျပဳလုပ္ၾကသည္။

လက္ရွိ ရခိုင္ျပည္နယ္ အစိုးရ အဖြဲ႔ဝင္မ်ား လုပ္ေဆာင္သည့္ ကက္ဘိနက္မ်ားတြင္လည္း ေျမေစ်းထိန္းညႇိရန္အတြက္ လုပ္ေဆာင္ၾကသည္ကို မေတြ႔ရေသးဟု ေျမာက္ဦးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္တဦးျဖစ္သူ ဦးဦးလွေစာမွ သံုးသပ္ေျပာၾကားသည္။

“ေျမာက္ဦး မွာျဖစ္တဲ့ ျပႆနာေတြဆိုရင္ သက္ဆိုင္ရာအစိုးရကိုယ္တိုင္က ဒီအထဲမွာ ဝင္ကစားဖို႔အတြက္ ဘာစီမံကိန္းခ်မယ္၊ ဘာၿမိဳ႕သစ္လုပ္မယ္ ဘာညာဆိုၿပီး လုပ္လိုက္ေတာ့ ေငြနည္းနည္းရိွတဲ့သူေတြကလည္း ဝင္တယ္။ အဲဒီတုန္းကေတာ့ ေျမာက္ဦးမွာ မူးယစ္ေဆးဝါးေတြ ဘာေတြ မေပၚေသးဘူး။ ဒါမ်ိဳးေတြလည္း ရွိတယ္။ မူးယစ္ေဆးဝါးလုပ္ငန္းေတြေၾကာင့္ ပိုက္ဆံရလာတဲ့သူေတြ အေနနဲ႔လည္း ေျမကို အဆမတန္ေစ်းေပးၿပီး ဝယ္ယူၾကတာမ်ိဳးရိွသလို အစိုးရစီမံခန္႔ခြဲမႈ အားနည္းတာေၾကာင့္လည္း ပါပါတယ္။

အစိုးရ စီမံခန္႔ခြဲ မႈ ညံ႔ဖ်င္းတယ္ဆိုတာက အစိုးရကက္ဘိနက္မွာ ကိုယ္တိုင္က ေဒသဆိုင္ရာဖြံ႔ၿဖိဳးဖို႔ ၿမိဳ႕ျပစီမံကိန္းေတြေဆာက္ၿပီး အမ်ားျပည္သူအတြက္ အဆင္ေျပေအာင္ လုပ္ေဆာင္ေပးမယ္ဆိုတဲ့ အိုင္ဒီယာမရွိဘဲ ေျမကြက္ေတြခ်မယ္၊ ၿမိဳ႕သစ္ေတြခ်မယ္၊ ဒီလိုခ်လိုက္ရင္ ငါတို႔အတြက္ ဘယ္ေလာက္ပိုက္ဆံရမလဲ၊ ဘယ္ခြင္က ဘယ္လိုရမလဲဆိုတဲ့ လုပ္ေနၾကသူေတြေၾကာင့္လည္း ပါပါတယ္’’ ဟု ၎၏အျမင္ကို ေျပာသည္။

မူးယစ္ေဆးဝါးလုပ္ငန္းႏွင့္ ေငြေၾကးမ်ားစြာ ပိုင္ဆိုင္ထားသူမ်ားမွာလည္း ေငြမည္းကို ေငြျဖဴလုပ္ရန္အတြက္ ေျမကြက္မ်ားကို ေစ်းအဆမတန္ေပး၍ ဝယ္ယူျခင္းရွိလာသလို ေျမဆိုသည္မွာ အလြန္တရာမွ တန္ဖိုးရွိသည့္ပစၥည္းျဖစ္သည္ ဆုိသည္ကို စစ္အုပ္ခ်ဳပ္ေရး လက္ထက္ကတည္းက သိျမင္လာၾကသည့္အတြက္ ေျမေစ်းကြက္ကို ကိုင္ၿပီး လုပ္ကိုင္လာၾကသူမ်ားလည္း ရွိသည္။

ဘူးသီးေတာင္ေဒသခံတဦးျဖစ္သူ ဦးေအာင္လင္းက “အရင္သံုးေလးႏွစ္ကဆိုရင္ စားဝတ္ေနေရးအတြက္ေတာင္ မနည္း႐ုန္းကန္ေနရတာပါ။ အခုေတာ့ သိန္းကို ေသာင္းခ်ီၿပီး ခ်မ္းသာသြားၾကပါၿပီ။ ေန႔ခ်င္းညခ်င္း အိမ္ၿခံေျမေတြ တကြက္ၿပီးတကြက္ ပိုင္တယ္၊ တိုက္ႀကီးေတြ ေဆာက္ၾကတယ္၊ စစ္ေတြမွာေရာ ရန္ကုန္မွာေရာ၊ ခ်မ္းသာတာဟာ မုဒိတာပြားစရာ ျဖစ္ေပမယ့္ သူတို႔လုပ္တဲ့ေဆးဝါးေတြက ျပည္ထဲမွာပါ ပ်ံ႔ႏွံ႔ေနေတာ့ လူငယ္ေတြလက္ထဲ ေရာက္ကုန္ၿပီး အကုန္ဘဝပ်က္ကုန္တာေပါ့’’ ဟု ေျပာၾကားသည္။

ေဒသခံ အထက္တန္းေရွ႕ေနတဦးျဖစ္သူ ဦးၿငိမ္းခ်မ္းကေတာ့ ေျမေစ်းေတြတက္တာဟာ ပိုက္ဆံခ်မ္းသာသူေတြရဲ႕ ေျမကစားမႈေၾကာင့္ျဖစ္တယ္လို႔ ဆုိပါတယ္။

“အဓိက တခ်ိဳ႕ၿမိဳ႕ေတြမွာဆိုရင္ ၿမိဳ႕ေပၚမွာ ေျမေစ်းေတြတက္လာတယ္၊ ဒါဟာ စီးပြားေရးဖြံ႔ၿဖိဳးလာလို႔လား၊ လူလတ္တန္းစားျဖစ္တဲ့ စီးပြားေရးလုပ္ကိုင္တဲ့သူေတြ၊ ဝန္ထမ္းေတြႏွင့္ ေအာက္ေျခလူတန္းစားအတြက္ စီးပြားေရးတိုးတက္စရာေတြ သိပ္မေတြ႔ရဘူး။ ဘယ္လိုလူမ်ိဳးေတြက ဝယ္လဲဆိုေတာ့ အလြန္အကၽြံ ပိုက္ဆံခ်မ္းသာတဲ့သူေတြက ဝယ္ယူၾကတာကို ေတြ႔ရပါတယ္။ အလြန္အကၽြံ ပိုက္ဆံခ်မ္းသာတယ္ ဆုိတာမွာလည္း သမား႐ုိးက် စီးပြားေရးလုပ္တဲ့လူေတြ ရွိတယ္၊ ေနာက္ၿပီးရင္ ျဗဳန္းခနဲ ဒိုင္းခနဲနဲ႔ ခ်မ္းသာလာတဲ့သူေတြ ရွိတယ္။ ကေ်နာ္တုိ႔မျမင္ႏိုင္တဲ့ ပိုက္ဆံေတြေပါ့၊ သူတို႔က လိုက္ၿပီးဝယ္ၾကတယ္။ ၿပီးရင္ အခ်င္းခ်င္း ေျမေစ်းကစားၾကတယ္။ ဒီလုိကစားတာေၾကာင့္ ေစ်းေတြျမင့္တက္လာတယ္’’ ဟု ေျပာၾကားသည္။

စစ္ေတြၿမိဳ႕ေပၚတြင္ သာမန္ရပ္ကြက္တခုမွာ ေျမႏွင့္အိမ္ ဝယ္မည္ဆိုေသာ စိတ္ကူးမွာ အိပ္မက္တခုလို ျဖစ္သြားသည္။ လခစားဝန္ထမ္းမ်ား၊ ဝင္ေငြ တလမွာ သံုးေလးငါးသိန္းရိွေနေသာ သူမ်ားအတြက္ေတာင္ လြယ္ကူသည့္ကိစၥ မဟုတ္ေတာ့ေပ။

ဦးစီးအရာရွိတေယာက္ဆိုလွ်င္ တလမွာ ႏွစ္သိန္းေက်ာ္၊ ညႊန္ၾကားေရးမႉး တေယာက္ဆိုလွ်င္ ၅ သိန္း ၆သိန္းဝန္းက်င္၊ အုိင္အန္ဂ်ီအုိ၊ အန္ဂ်ီအုိ အဖြဲ႔အစည္းမ်ားတြင္ ၄ သိန္း ၅ သိန္းအထက္ရရွိသူမ်ား ရွိေသာ္လည္း တႏွစ္မွသည္ ေလးငါးေျခာက္ႏွစ္ထိ စုေဆာင္းေသာ္လည္း ေျမတကြက္ဝယ္မည့္အေရးမွာ မလြယ္ကူေၾကာင္း၊ စုေဆာင္းေနရင္း ေျမေစ်းကြက္မ်ားက ျမင့္တက္သြားသည္ဟု သိရသည္။

၂၀၁၂ ခုႏွစ္တြင္ စစ္ေတြၿမိဳ႕ မင္းကံရပ္ကြက္ရွိ ေျမကြက္မ်ားမွာ သိန္း ၄၀-၇၀ ႏွင့္ ရႏိုင္ခဲ့ေသာ္လည္း ယခုအခ်ိန္တြင္ သိန္း ၂၀၀- ၅၀၀ ခန္႔ ရွိလာၿပီျဖစ္သည္။

မၾကာေသးမီက ျဖစ္ပြားခဲ့ေသာ ဆတ္႐ုိးက်ေျမယာျပႆနာတြင္လည္း သာမန္ ဝန္ထမ္းအိမ္ရာမ်ားအတြက္ တည္ေထာင္ေပးျခင္းမ်ိဳး မဟုတ္ဘဲ အစိုးရအရာရွိႀကီးတခ်ိဳ႕က စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ ပူးေပါင္းကာ အကြက္႐ုိက္ေရာင္းစားရန္ ႀကံေဆာင္ခဲ့သည့္အတြက္သာ ျဖစ္သည္။

အဆိုပါ ဆတ္႐ုိးက်ေျမယာျပႆနာတြင္ အစိုးရအရာရွိႀကီးမ်ား အပါအဝင္ ရခိုင္အမ်ိဳးသားပါတီမွ ေခါင္းေဆာင္တခ်ိဳ႕ႏွင့္ ရခိုင္ျပည္နယ္လႊတ္ေတာ္ဥကၠ႒တို႔လည္း ပါ၀င္ခဲ့သည္။

လယ္သမားမ်ားဘက္မွ သံုးႀကိမ္တိုင္ေအာင္ထိ ဆႏၵျပခဲ့သည့္ေနာက္ပိုင္းတြင္ ျပည္နယ္လႊတ္ေတာ္ဥကၠ႒ ဦးစံေက်ာ္လွမွ ၎ပိုင္ေျမအား ရခိုင္ျပည္နယ္အစိုးရထံ လႊဲေျပာင္းေပးခဲ့သည္ကို ေတြ႔ရသည္ဟု ဦးၿငိမ္းခ်မ္းမွ ဆိုသည္။

အဆိုပါေျမကြက္မ်ားကို သိမ္းဆည္းထားသူမ်ားထဲတြင္ ဥပေဒအရာရွိႀကီးမ်ား၊ တရားေရးအရာရွိႀကီးမ်ားႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ား ပါဝင္ေနသည္ဟု သိရသည္။

ရခိုင္ျပည္၏ လက္ရွိစီးပြားေရး အေျခအေနမွာ စက္႐ုံအလုပ္႐ုံမ်ား ရွားပါးျခင္းေၾကာင့္ လူတန္းစားမ်ိဳးစံု အလုပ္အကိုင္ရရွိမႈ အခြင့္အလမ္းမ်ားလည္း နည္းပါးေနသည္။ ၂၀၁၂ မွ အစျပဳေသာ ေဒသမတည္ၿငိမ္မႈမ်ားမွာလည္း ယခုထိ ေနသားမက်ေသးေပ။ ယင္းအေျခအေနမ်ားတြင္ ေနရပ္စြန္႔ခြာသူမ်ား တေန႔တျခား ပိုမ်ားလာသလို မူးယစ္ေဆးဝါး လုပ္ကိုင္သူမ်ားမွာလည္း တေန႔တျခား ပိုပိုၿပီးမ်ားလာသည္။

ႏိုင္ငံရပ္ျခားကို သြားေရာက္လုပ္ကိုင္သူမ်ားနည္းတူ တိုင္းျပည္ထဲတြင္ေနရင္း တဟုန္ထိုး ခ်မ္းသာလိုသူမ်ားကလည္း ျဖတ္လမ္းနည္းႏွင့္ စီးပြားေရးကို ရွာလာၾကသည္ဟု ေလ့လာသူမ်ားက ဆိုသည္။

မူးယစ္ေဆးမ်ားႏွင့္ ဝင္ေငြအေျမာက္အျမား ရွိသူမ်ားမွာ ၎တို႔၏ အမည္နာမမ်ားႏွင့္ ေျမကြက္မ်ား ဝယ္ယူမႈမ်ား ရွိသည့္နည္းတူ နီးစပ္ရာမိသားစု၊ မိတ္ေဆြမ်ား၏ နာမည္မ်ားႏွင့္ ပထမဝယ္ယူၿပီးသူတို႔မွ တဆင့္ ျပန္ဝယ္ျခင္းမ်ားကိုလည္း ျပဳလုပ္ၾကသည္ဟု သိရသည္။

တဖက္တြင္လည္း မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈမ်ားႏွင့္ ေျမယာမ်ားကို ေစ်းျမင့္ေပးမႈမ်ားမွာ ဆက္စပ္ေနသည္ဟု သံုးသပ္စရာျဖစ္သည္။ WY ဟုေခၚေသာ ေဆးျပားမ်ားမွာ ဝေဒသမွ ထုတ္လုပ္သည္ဟု သိရၿပီး ရခိုင္ျပည္မွတဆင့္ ဘဂၤလားေဒ့ခ်္ဘက္ကို ပို႔ေဆာင္ေပးၿပီး ထိုမွတဆင့္ အာရပ္ႏုိင္ငံမ်ားဘက္သုိ႔လည္း တင္ပို႔သြားသည္ဟု သိရသည္။

သို႔ေသာ္ အဆင့္ဆင့္ ျဖတ္ေက်ာ္လာေနသည့္ လမ္းေၾကာင္းမ်ားကို လမ္းခုလတ္တြင္ ျဖတ္ေတာက္ႏိုင္မႈ အလြန္တရာမွ အားနည္းသည္ကို ေတြ႔ရသည္။

ရခုိင္ျပည္နယ္ေျမအတြင္း ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလမွ စက္တင္ဘာလအထိ ဖမ္းဆီးရမိေသာ မူးယစ္ေဆးဝါးမ်ားစာရင္းကို ၾကည့္လိုက္လွ်င္ WY စာရင္းက ပိုမ်ားေနသည္ကို ေတြ႔ရသည္။ စုစုေပါင္း အမႈေပါင္း ၆၆ မႈ၊ WY ေဆးျပား ၅၉၁၉၁၉၅ ျပား၊ စုစုေပါင္း ကာလတန္ဖိုး သိန္းေပါင္း ၁၇၇၅၇၅၈၅၀၀၀ က်ပ္တို႔ျဖစ္သည္။ ယင္းအရာမ်ားကိုၾကည့္ျခင္းမွာ WY ၏ ခရီးလမ္းေၾကာင္းသည္ ဝေဒသမွ စီးဆင္းလာၿပီး ရခိုင္ေဒသထိ တိုးဝင္လာပံုကို ေတြးဆၾကည့္ႏိုင္သည္။ အထက္ပါ အခ်က္အလက္မ်ားကို ၾကည့္ျခင္းျဖင့္ ေနရာအႏွံ႔ စိမ့္ဝင္ပ်႔ံႏွ႔ံမႈမ်ားကို ေတြ႔ရွိလာရသည္ကို သိႏုိင္သည္။

အလုပ္အကိုင္ အခြင့္အလမ္း ရွားပါးမႈ၊ လူတန္းေစ့ေနထိုင္လိုမႈ၊ တရားဥပေဒကို မသိနားမလည္မႈတို႔ေၾကာင့္ လုပ္ကိုင္လာၾကသူမ်ား ရွိသကဲ့သို႔ ရေလလိုေလ အိုတေစၦဘဝျဖင့္ ေျမမ်ားစြာကို ပိုင္ၿပီးရင္းပိုင္ဆိုင္ဖို႔ ယင္းလုပ္ငန္းကို မစြန္႔လႊတ္ဘဲ ေနာက္ကြယ္က အေကာင္ႀကီးႀကီးမ်ားလညး္ ရွိေနသည္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္တဦးျဖစ္သူ ဦးဦးထြန္းဝင္းက “က်ေနာ္တို႔ ေက်ာက္ေတာ္ၿမိဳ႕မွာဆိုရင္လည္း ၿခံေစ်းကြက္ေတြက ဒီေလးငါးႏွစ္အတြင္းမွာကို အံ့မခန္းေလာက္ေအာင္အထိကို ၿခံေစ်းကြက္ေတြ တက္ေနတာကို ျမင္ရပါတယ္။ ျပည္တြင္းမွာက အလုပ္အကိုင္ အခြင့္အလမ္းေတြက နည္းပါတယ္။ အဲလိုနည္းၿပီး ဘာေၾကာင့္ အိမ္ၿခံေစ်းကြက္ေတြက ဘာေၾကာင့္တက္ေနလဲဆိုရင္ ကေ်နာ္တုိ႔စဥ္းစားရင္ အခ်က္ ၂ ခ်က္ရိွပါတယ္။ တခ်က္က ေငြမည္းတလိုင္းေပါ့၊ ေနာက္တခ်က္က ေနာက္ျဖစ္လာမည့္ အေနအထားေတြကိုၾကည့္ၿပီး စီးပြားေရးသမားေတြက ဝင္လာတာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ က်ေန္ာတို႔ ေက်ာက္ေတာ္ၿမိဳ႕မွာဆိုရင္ ၾကားရတာက ေဒသခံေတြမဟုတ္ဘဲ ေနာက္ျဖစ္လာမယ့္ အေနအထားေတြကိုၾကည့္ၿပီး လာဝယ္ၾကတာေတြရွိတယ္လို႔ သိရပါတယ္။’’ ဟု ေျပာၾကားသည္။

အဖမ္းအဆီးမ်ား ရွိေနေသာ္လည္း မူးယစ္ေစ်းကြက္က ပန္းပန္လွ်က္ရွိေနဆဲသာ ျဖစ္သည္။ ထို႔အတူ အိမ္ၿခံေျမေစ်းကြက္မ်ားကလည္း သာမန္လူတို႔ အိပ္မက္မ်ားႏွင့္ ေဝးေနဆဲပဲျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
“ကျနော်တို့ စစ်တွေ ကိုရောက်တာ နှစ် ၂၀ ကျော်ပါပြီ။ ခုထိ အိမ်ပိုင် မြေပိုင် မရှိသေးပါဘူး။ မြေဝယ်မယ်လို့ စုထားလိုက်၊ မြေဈေး တွေက တက်လိုက်၊ ဝယ်မယ်လို့ စဉ်းစားလိုက်၊ မြေဈေးတွေ ထပ်တက်လိုက်နဲ့ ကျနော်တို့ လက်လှမ်းမမီတဲ့ အရာကို ဖြစ်နေပါတယ်။ အရင် ဆယ်သိန်း၊ ငါးသိန်းနဲ့ ရနိုင်တာတောင် မဝယ်နိုင်ခဲ့တာ အခု ထောင်ချီ၊ သောင်းချီ ဖြစ်သွားတဲ့အခါ ပိုပြီး မဝယ်နိုင်တော့ပါဘူး။ ဒီတသက် အိမ် နဲ့ မြေ ဝယ်ဖို့ဟာ မဖြစ်နိုင်တော့ပါဘူး’’ ဟု စစ်တွေမြို့ ရူပရပ်ကွက်တွင် အိမ်ငှားနေထိုင်သော ဦးလှသာထွန်းမှ ပြောကြားသည်။

ဦးလှသာထွန်းတို့ စစ်တွေ ကို ရောက်စဉ်တုန်းက အိမ်ခြံမြေတကွက်ကို ပေ ၄၀ ပေ ၆၀ ဆိုလျှင် မြို့ပေါ်တွင် ၅ သိန်းခန့်သာရှိပြီး မြို့စွန်ရပ်ကွက်များဖြစ်သော မင်းကံ ရပ်ကွက် တို့တွင်ဆိုလျှင် အိမ်ရာမြေ တကွက်ကို ၁ သိန်းမှသည် ၃ သိန်း စသည့် ပေါက်ဈေး သာ ရှိခဲ့သည်။

ထိုစဉ်က ငွေကြေး ပမာဏ သည် များသည်ဆိုသော်လည်း အလွန်တရာမှ ဝေးလွန်းသည်ဟု မထင်ခဲ့ဟု ဦးလှသာထွန်းမှ ဆိုသည်။ သူတို့က စုဆောင်းနေရင်း မြို့စွန် ရပ်ကွက် က မြေဈေး များတောင် သိန်း ၂၀၀၊ သိန်း ၅၀၀ စသည့်ကိန်းဂဏာန်းများ ရှိလာသည့်အခါ သူတို့ဘဝ နှင့် လက်လှမ်းမမီသောအရာများ ဖြစ်လာသည်ဟု သူကဆိုသည်။

“မှန်းထားတဲ့ငွေပမာဏ ရလာပြီဆိုရင် မြေဈေးက  ကြီးသွားတယ်။ သိန်းဆယ်ဂဏာန်းကိုရရင် မြေကွက်က သိန်းရာချီပြီး တက်သွားတယ်။ သောင်းဂဏန်းတုန်းကလည်း သိန်းပြည့်အောင် ကြိုးစားခဲ့တယ်။ သိန်းပြည့် ရင် မြေကွက်ဈေး က ဆယ်သိန်းဂဏန်း ချီသွားတယ်။ ဒီလိုနဲ့ လိုက်လေဝေးလေ ဖြစ်နေတာ ခုချိန်ထိ အိမ်ငှား ဘဝ ကကို မတက်ဘူးဖြစ်နေတာပါ’’ ဟု ပြောဆိုလာသူက စစ်တွေမြို့ ပေါ်ပလုတ်တောင်ရပ်ကွက်နေ အိမ်ငှား ဒေါ်ကျော့စိန်ဦး ဖြစ်သည်။

စစ်တွေမြို့ကို ဝင်လာလိုက်သည့် လမ်းတလျှောက်တွင် စိမ်းလန်းသည့် လယ်မြေများ၊ လယ်ကွင်းပြင်များကို တွေ့လိုက်လျှင် မြေနေရာများမှာ လူနေထူထပ်မှု ရှိလာသည့်တိုင် ရှားပါးသည့် ကုန်ပစ္စည်းဟု ထင်စရာမရှိပေ။

သို့သော် တကယ်တမ်း စုံစမ်း ကြည့်လျှင် လူမနေဘဲ ပိုင်ဆိုင်မှုပြုထားသည့် ခြံကွက် တွေက သာမန် ဘဝ များကို ခြိမ်းခြောက်လိုက်သလို ရှိနေသည်။ စစ်တွေမြို့စွန် ရပ်ကွက် များဖြစ်သည့် မင်းကံ ရပ်ကွက် တွင်လည်း အိမ်ရာလပ်များ မရှိတော့။

ကြည့်လိုက်လျှင် ခြံကွက် က လပ်လပ်နေသည့် လူမရှိသည့် ခြံကွက်၊ သို့သော် သာမန်လူများ မတို့မထိနိုင်သည့် ဈေးနှုန်းများဖြင့် တန်ဖိုးမြင့်အိမ်ရာမြေ ဖြစ်နေသည်။ လူဦးရေထူထပ်လာမှုသည် မြေ ဈေးကွက် ဈေးတက်ခြင်းနှင့် တိုက်ရိုက်အချိုးကျသော်လည်း ရခိုင်ပြည်တွင်တော့ ယင်းသီအိုရီနှင့် ပြောင်းပြန်ဖြစ်နေသည်။

လူဦးရေ ၃ ဒသမ ၂ သန်းသာရှိသည့် ရခိုင်ပြည်နယ် တွင် နေ့စဉ်နှင့်အမျှ လူဦးရေ ၃၀၀ ခန့် ပြည်ပကို ထွက်ခွာသွားနေကြသည်မှာ ဆယ်စုနှစ်တခုနီးပါး ကြာခဲ့ပြီဖြစ်သည်။

လူငယ်အရွယ်ကောင်းများက ပြည်ပကိုထွက်ခွာခြင်း၊ ကျန်ရစ်ခဲ့သော လူလတ်ပိုင်းများကလည်း စက်ရုံ၊ အလုပ်ရုံ ရှားပါးသည့်အတွက် မိသားစုအလိုက် ရန်ကုန်၊ ဖားကန့်၊ ထိုင်း၊ မလေး စသည့်နေရာများ၊ နိုင်ငံများသို့ မိသားစုလိုက် ရွှေ့ပြောင်းသူများကလည်း များလာသည်။ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောဒေသတွင်လည်း တိုင်းရင်းသား ရခိုင်လူမျိုးများမှာ လူနည်းစုသာ ဖြစ်နေသည်။

သည်လိုအခြေအနေများတွင် လူနေသိပ်သည်းမှု ကျဲပါးပြီး ကွက်လပ်ဖြစ်သည့် မြေများက ပိုလာသည်။ သို့သော် မြေဈေးက လူမနေသည့်အတွက် ကျသွားသည်ဟူ၍ မရှိဘဲ ဈေးက ခေါင်ခိုက်နေသည်။ အကြောင်းမှာ ယင်းမြေများကို လူတချို့က မိမိတို့၏ ငွေမည်းများကို ငွေဖြူဖြစ်အောင် လျှော်ဖွပ်ရန်အတွက် ရင်းနှီးမြှုပ်နှံကြခြင်းဖြစ်သည်ဟု အိမ်ရာမြေ ဈေးတက်သည့်ကိစ္စကို စိတ်ဝင်စားသူများမှ သုံးသပ်သည်။

တဖက်တွင်လည်း အစိုးရစီမံကိန်းများ၏ မက်လုံးများကြောင့် အိမ်ရာမြေဈေးကွက်များ၏ တန်ဖိုးများ မြင့်တက်လာသည်။ တချို့စက်မှုဇုန် အနီးတဝိုက်တွင်ရှိသည့် မြေနေရာများကို အစိုးရအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များက ဈေးသတ်မှတ်ကာဝယ်ခြင်း၊ အကွက်ရိုက် ရောင်းချခြင်းများကို ပြုလုပ်ကြသည်။

လက်ရှိ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်များ လုပ်ဆောင်သည့် ကက်ဘိနက်များတွင်လည်း မြေဈေးထိန်းညှိရန်အတွက် လုပ်ဆောင်ကြသည်ကို မတွေ့ရသေးဟု မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ ဦးဦးလှစောမှ သုံးသပ်ပြောကြားသည်။

“မြောက်ဦး မှာဖြစ်တဲ့ ပြဿနာတွေဆိုရင် သက်ဆိုင်ရာအစိုးရကိုယ်တိုင်က ဒီအထဲမှာ ဝင်ကစားဖို့အတွက် ဘာစီမံကိန်းချမယ်၊ ဘာမြို့သစ်လုပ်မယ် ဘာညာဆိုပြီး လုပ်လိုက်တော့ ငွေနည်းနည်းရှိတဲ့သူတွေကလည်း ဝင်တယ်။ အဲဒီတုန်းကတော့ မြောက်ဦးမှာ မူးယစ်ဆေးဝါးတွေ ဘာတွေ မပေါ်သေးဘူး။ ဒါမျိုးတွေလည်း ရှိတယ်။ မူးယစ်ဆေးဝါးလုပ်ငန်းတွေကြောင့် ပိုက်ဆံရလာတဲ့သူတွေ အနေနဲ့လည်း မြေကို အဆမတန်ဈေးပေးပြီး ဝယ်ယူကြတာမျိုးရှိသလို အစိုးရစီမံခန့်ခွဲမှု အားနည်းတာကြောင့်လည်း ပါပါတယ်။

အစိုးရ စီမံခန့်ခွဲ မှု ညံ့ဖျင်းတယ်ဆိုတာက အစိုးရကက်ဘိနက်မှာ ကိုယ်တိုင်က ဒေသဆိုင်ရာဖွံ့ဖြိုးဖို့ မြို့ပြစီမံကိန်းတွေဆောက်ပြီး အများပြည်သူအတွက် အဆင်ပြေအောင် လုပ်ဆောင်ပေးမယ်ဆိုတဲ့ အိုင်ဒီယာမရှိဘဲ မြေကွက်တွေချမယ်၊ မြို့သစ်တွေချမယ်၊ ဒီလိုချလိုက်ရင် ငါတို့အတွက် ဘယ်လောက်ပိုက်ဆံရမလဲ၊ ဘယ်ခွင်က ဘယ်လိုရမလဲဆိုတဲ့ လုပ်နေကြသူတွေကြောင့်လည်း ပါပါတယ်’’ ဟု ၎င်း၏အမြင်ကို ပြောသည်။

မူးယစ်ဆေးဝါးလုပ်ငန်းနှင့် ငွေကြေးများစွာ ပိုင်ဆိုင်ထားသူများမှာလည်း ငွေမည်းကို ငွေဖြူလုပ်ရန်အတွက် မြေကွက်များကို ဈေးအဆမတန်ပေး၍ ဝယ်ယူခြင်းရှိလာသလို မြေဆိုသည်မှာ အလွန်တရာမှ တန်ဖိုးရှိသည့်ပစ္စည်းဖြစ်သည် ဆိုသည်ကို စစ်အုပ်ချုပ်ရေး လက်ထက်ကတည်းက သိမြင်လာကြသည့်အတွက် မြေဈေးကွက်ကို ကိုင်ပြီး လုပ်ကိုင်လာကြသူများလည်း ရှိသည်။

ဘူးသီးတောင်ဒေသခံတဦးဖြစ်သူ ဦးအောင်လင်းက “အရင်သုံးလေးနှစ်ကဆိုရင် စားဝတ်နေရေးအတွက်တောင် မနည်းရုန်းကန်နေရတာပါ။ အခုတော့ သိန်းကို သောင်းချီပြီး ချမ်းသာသွားကြပါပြီ။ နေ့ချင်းညချင်း အိမ်ခြံမြေတွေ တကွက်ပြီးတကွက် ပိုင်တယ်၊ တိုက်ကြီးတွေ ဆောက်ကြတယ်၊ စစ်တွေမှာရော ရန်ကုန်မှာရော၊ ချမ်းသာတာဟာ မုဒိတာပွားစရာ ဖြစ်ပေမယ့် သူတို့လုပ်တဲ့ဆေးဝါးတွေက ပြည်ထဲမှာပါ ပျံ့နှံ့နေတော့ လူငယ်တွေလက်ထဲ ရောက်ကုန်ပြီး အကုန်ဘဝပျက်ကုန်တာပေါ့’’ ဟု ပြောကြားသည်။

ဒေသခံ အထက်တန်းရှေ့နေတဦးဖြစ်သူ ဦးငြိမ်းချမ်းကတော့ မြေဈေးတွေတက်တာဟာ ပိုက်ဆံချမ်းသာသူတွေရဲ့ မြေကစားမှုကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

“အဓိက တချို့မြို့တွေမှာဆိုရင် မြို့ပေါ်မှာ မြေဈေးတွေတက်လာတယ်၊ ဒါဟာ စီးပွားရေးဖွံ့ဖြိုးလာလို့လား၊ လူလတ်တန်းစားဖြစ်တဲ့ စီးပွားရေးလုပ်ကိုင်တဲ့သူတွေ၊ ဝန်ထမ်းတွေနှင့် အောက်ခြေလူတန်းစားအတွက် စီးပွားရေးတိုးတက်စရာတွေ သိပ်မတွေ့ရဘူး။ ဘယ်လိုလူမျိုးတွေက ဝယ်လဲဆိုတော့ အလွန်အကျွံ ပိုက်ဆံချမ်းသာတဲ့သူတွေက ဝယ်ယူကြတာကို တွေ့ရပါတယ်။ အလွန်အကျွံ ပိုက်ဆံချမ်းသာတယ် ဆိုတာမှာလည်း သမားရိုးကျ စီးပွားရေးလုပ်တဲ့လူတွေ ရှိတယ်၊ နောက်ပြီးရင် ဗြုန်းခနဲ ဒိုင်းခနဲနဲ့ ချမ်းသာလာတဲ့သူတွေ ရှိတယ်။ ကျေနာ်တို့မမြင်နိုင်တဲ့ ပိုက်ဆံတွေပေါ့၊ သူတို့က လိုက်ပြီးဝယ်ကြတယ်။ ပြီးရင် အချင်းချင်း မြေဈေးကစားကြတယ်။ ဒီလိုကစားတာကြောင့် ဈေးတွေမြင့်တက်လာတယ်’’ ဟု ပြောကြားသည်။

စစ်တွေမြို့ပေါ်တွင် သာမန်ရပ်ကွက်တခုမှာ မြေနှင့်အိမ် ဝယ်မည်ဆိုသော စိတ်ကူးမှာ အိပ်မက်တခုလို ဖြစ်သွားသည်။ လခစားဝန်ထမ်းများ၊ ဝင်ငွေ တလမှာ သုံးလေးငါးသိန်းရှိနေသော သူများအတွက်တောင် လွယ်ကူသည့်ကိစ္စ မဟုတ်တော့ပေ။

ဦးစီးအရာရှိတယောက်ဆိုလျှင် တလမှာ နှစ်သိန်းကျော်၊ ညွှန်ကြားရေးမှူး တယောက်ဆိုလျှင် ၅ သိန်း ၆သိန်းဝန်းကျင်၊ အိုင်အန်ဂျီအို၊ အန်ဂျီအို အဖွဲ့အစည်းများတွင် ၄ သိန်း ၅ သိန်းအထက်ရရှိသူများ ရှိသော်လည်း တနှစ်မှသည် လေးငါးခြောက်နှစ်ထိ စုဆောင်းသော်လည်း မြေတကွက်ဝယ်မည့်အရေးမှာ မလွယ်ကူကြောင်း၊ စုဆောင်းနေရင်း မြေဈေးကွက်များက မြင့်တက်သွားသည်ဟု သိရသည်။

၂၀၁၂ ခုနှစ်တွင် စစ်တွေမြို့ မင်းကံရပ်ကွက်ရှိ မြေကွက်များမှာ သိန်း ၄၀-၇၀ နှင့် ရနိုင်ခဲ့သော်လည်း ယခုအချိန်တွင် သိန်း ၂၀၀- ၅၀၀ ခန့် ရှိလာပြီဖြစ်သည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော ဆတ်ရိုးကျမြေယာပြဿနာတွင်လည်း သာမန် ဝန်ထမ်းအိမ်ရာများအတွက် တည်ထောင်ပေးခြင်းမျိုး မဟုတ်ဘဲ အစိုးရအရာရှိကြီးတချို့က စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ အကွက်ရိုက်ရောင်းစားရန် ကြံဆောင်ခဲ့သည့်အတွက်သာ ဖြစ်သည်။

အဆိုပါ ဆတ်ရိုးကျမြေယာပြဿနာတွင် အစိုးရအရာရှိကြီးများ အပါအဝင် ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်တချို့နှင့် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့လည်း ပါဝင်ခဲ့သည်။

လယ်သမားများဘက်မှ သုံးကြိမ်တိုင်အောင်ထိ ဆန္ဒပြခဲ့သည့်နောက်ပိုင်းတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှမှ ၎င်းပိုင်မြေအား ရခိုင်ပြည်နယ်အစိုးရထံ လွှဲပြောင်းပေးခဲ့သည်ကို တွေ့ရသည်ဟု ဦးငြိမ်းချမ်းမှ ဆိုသည်။

အဆိုပါမြေကွက်များကို သိမ်းဆည်းထားသူများထဲတွင် ဥပဒေအရာရှိကြီးများ၊ တရားရေးအရာရှိကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်နေသည်ဟု သိရသည်။

ရခိုင်ပြည်၏ လက်ရှိစီးပွားရေး အခြေအနေမှာ စက်ရုံအလုပ်ရုံများ ရှားပါးခြင်းကြောင့် လူတန်းစားမျိုးစုံ အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းများလည်း နည်းပါးနေသည်။ ၂၀၁၂ မှ အစပြုသော ဒေသမတည်ငြိမ်မှုများမှာလည်း ယခုထိ နေသားမကျသေးပေ။ ယင်းအခြေအနေများတွင် နေရပ်စွန့်ခွာသူများ တနေ့တခြား ပိုများလာသလို မူးယစ်ဆေးဝါး လုပ်ကိုင်သူများမှာလည်း တနေ့တခြား ပိုပိုပြီးများလာသည်။

နိုင်ငံရပ်ခြားကို သွားရောက်လုပ်ကိုင်သူများနည်းတူ တိုင်းပြည်ထဲတွင်နေရင်း တဟုန်ထိုး ချမ်းသာလိုသူများကလည်း ဖြတ်လမ်းနည်းနှင့် စီးပွားရေးကို ရှာလာကြသည်ဟု လေ့လာသူများက ဆိုသည်။

မူးယစ်ဆေးများနှင့် ဝင်ငွေအမြောက်အမြား ရှိသူများမှာ ၎င်းတို့၏ အမည်နာမများနှင့် မြေကွက်များ ဝယ်ယူမှုများ ရှိသည့်နည်းတူ နီးစပ်ရာမိသားစု၊ မိတ်ဆွေများ၏ နာမည်များနှင့် ပထမဝယ်ယူပြီးသူတို့မှ တဆင့် ပြန်ဝယ်ခြင်းများကိုလည်း ပြုလုပ်ကြသည်ဟု သိရသည်။

တဖက်တွင်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများနှင့် မြေယာများကို ဈေးမြင့်ပေးမှုများမှာ ဆက်စပ်နေသည်ဟု သုံးသပ်စရာဖြစ်သည်။ WY ဟုခေါ်သော ဆေးပြားများမှာ ဝဒေသမှ ထုတ်လုပ်သည်ဟု သိရပြီး ရခိုင်ပြည်မှတဆင့် ဘင်္ဂလားဒေ့ချ်ဘက်ကို ပို့ဆောင်ပေးပြီး ထိုမှတဆင့် အာရပ်နိုင်ငံများဘက်သို့လည်း တင်ပို့သွားသည်ဟု သိရသည်။

သို့သော် အဆင့်ဆင့် ဖြတ်ကျော်လာနေသည့် လမ်းကြောင်းများကို လမ်းခုလတ်တွင် ဖြတ်တောက်နိုင်မှု အလွန်တရာမှ အားနည်းသည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်မြေအတွင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများစာရင်းကို ကြည့်လိုက်လျှင် WY စာရင်းက ပိုများနေသည်ကို တွေ့ရသည်။ စုစုပေါင်း အမှုပေါင်း ၆၆ မှု၊ WY ဆေးပြား ၅၉၁၉၁၉၅ ပြား၊ စုစုပေါင်း ကာလတန်ဖိုး သိန်းပေါင်း ၁၇၇၅၇၅၈၅၀၀၀ ကျပ်တို့ဖြစ်သည်။ ယင်းအရာများကိုကြည့်ခြင်းမှာ WY ၏ ခရီးလမ်းကြောင်းသည် ဝဒေသမှ စီးဆင်းလာပြီး ရခိုင်ဒေသထိ တိုးဝင်လာပုံကို တွေးဆကြည့်နိုင်သည်။ အထက်ပါ အချက်အလက်များကို ကြည့်ခြင်းဖြင့် နေရာအနှံ့ စိမ့်ဝင်ပျံ့နှံ့မှုများကို တွေ့ရှိလာရသည်ကို သိနိုင်သည်။

အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု၊ လူတန်းစေ့နေထိုင်လိုမှု၊ တရားဥပဒေကို မသိနားမလည်မှုတို့ကြောင့် လုပ်ကိုင်လာကြသူများ ရှိသကဲ့သို့ ရလေလိုလေ အိုတစ္ဆေဘဝဖြင့် မြေများစွာကို ပိုင်ပြီးရင်းပိုင်ဆိုင်ဖို့ ယင်းလုပ်ငန်းကို မစွန့်လွှတ်ဘဲ နောက်ကွယ်က အကောင်ကြီးကြီးများလည်း ရှိနေသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ ဦးဦးထွန်းဝင်းက “ကျနော်တို့ ကျောက်တော်မြို့မှာဆိုရင်လည်း ခြံဈေးကွက်တွေက ဒီလေးငါးနှစ်အတွင်းမှာကို အံ့မခန်းလောက်အောင်အထိကို ခြံဈေးကွက်တွေ တက်နေတာကို မြင်ရပါတယ်။ ပြည်တွင်းမှာက အလုပ်အကိုင် အခွင့်အလမ်းတွေက နည်းပါတယ်။ အဲလိုနည်းပြီး ဘာကြောင့် အိမ်ခြံဈေးကွက်တွေက ဘာကြောင့်တက်နေလဲဆိုရင် ကျေနာ်တို့စဉ်းစားရင် အချက် ၂ ချက်ရှိပါတယ်။ တချက်က ငွေမည်းတလိုင်းပေါ့၊ နောက်တချက်က နောက်ဖြစ်လာမည့် အနေအထားတွေကိုကြည့်ပြီး စီးပွားရေးသမားတွေက ဝင်လာတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျနေ်ာတို့ ကျောက်တော်မြို့မှာဆိုရင် ကြားရတာက ဒေသခံတွေမဟုတ်ဘဲ နောက်ဖြစ်လာမယ့် အနေအထားတွေကိုကြည့်ပြီး လာဝယ်ကြတာတွေရှိတယ်လို့ သိရပါတယ်။’’ ဟု ပြောကြားသည်။

အဖမ်းအဆီးများ ရှိနေသော်လည်း မူးယစ်ဈေးကွက်က ပန်းပန်လျှက်ရှိနေဆဲသာ ဖြစ်သည်။ ထို့အတူ အိမ်ခြံမြေဈေးကွက်များကလည်း သာမန်လူတို့ အိပ်မက်များနှင့် ဝေးနေဆဲပဲဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top