Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အေမရိကန္ႏိုင္ငံ တကၠဆက္ျပည္နယ္က ေကာလိပ္ ေက်ာင္းသူ တစ္ဦး ၿပီးခဲ့တဲ့ ႏို၀င္ဘာ ၇ ရက္က ပုဂံ ဘုရားတစ္ဆူေပၚကေန ေန၀င္ဆည္းဆာျမင္ကြင္းကို တက္ၾကည့္ဖို႔ ႀကိဳးစားရင္း ေအာက္ျပဳတ္က်ၿပီး ေဆးရံုသုိ႔ တင္ပို႔စဥ္ ေသဆံုးသြားခဲ့ပါတယ္။

အဆိုပါ အေမရိကန္ေက်ာင္းသူကေတာ့ အသက္ ၂၀ အရြယ္ Kassandra Braun ဆိုသူ ျဖစ္ၿပီး သူမဟာ Semester At Sea ဆိုသည့္ ပင္လယ္ကူးသေဘၤာေပၚတြင္ ပညာသင္ၾကားသည့္ အစီအစဥ္ ႏွင့္အတူ လုိက္ပါလာရင္း ယခုကဲ့သို႔ အျဖစ္ဆုိးႏွင့္ ႀကံဳေတြ႕လိုက္ရျခင္း ျဖစ္ပါတယ္။ Braun ဟာ ပုဂံ သုိ႔ သြားေရာက္ခဲ့ၿပီး ဘုရားေပၚမွ ျပဳတ္က်ခဲ့ျခင္းေၾကာင့္ ျပင္းထန္စြာ ဒဏ္ရာရရွိခဲ့ျခင္းျဖစ္ေၾကာင္း အဆိုပါ Semester At Sea ပရုိဂရမ္မွ ထုတ္ျပန္ပါတယ္။

ယင္းေနာက္ Braun ကို မႏၱေလး အေထြေထြေဆးရံုသုိ႔ ပို႔ေဆာင္စဥ္ လူနာတင္ယာဥ္ေပၚမွာပဲ ေသဆံုး သြားခဲ့ျခင္း ျဖစ္ပါတယ္။
Braun ဟာ ႏို၀င္ဘာ ၇ ရက္ ညေန ၄ နာရီ ခြဲခန္႔က ပုဂံဘုရားေပၚကေန မေတာ္တဆလိမ့္က်ခဲ့ျခင္း ျဖစ္ေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာန ထုတ္ျပန္ခ်က္ကုိ ကိုးကားၿပီး Arab News သတင္းဌာနက ေဖာ္ျပထားပါတယ္။

သူမဟာ ဆိုရင္ တကၠဆက္ျပည္နယ္ ေအာ္စတင္ၿမိဳ႕မွာ ရွိတဲ့ St. Edward’s University မွာ ဆက္သြယ္ေရး ဘာသာရပ္ကို ေလ့လာသင္ၾကားေနသူျဖစ္ေၾကာင္း ယင္းတကၠသိုလ္ရဲ႕ ေဖ့ဘြတ္ခ္ ပို႔စ္မွာ တင္ထားပါတယ္။
သူမရဲ႕ မိဘႏွစ္ပါးျဖစ္တဲ့ Chalene နဲ႔ Dave Braun တို႔ကလည္း ၎တို႔အေနဲ႔ သမီးျဖစ္သူ ေသဆံုးမႈနဲ႔ ပတ္သက္လို႔ အေသးစိတ္အခ်က္အလက္ေတြ ပိုမိုရရွိဖုိ႔ ေစာင့္ေမွ်ာ္ေနေၾကာင္း ထုတ္ျပန္ခ်က္ တစ္ေစာင္ ထုတ္ျပန္သြားပါတယ္။ သူမရဲ႕ သမီးျဖစ္သူဟာ ႏိုင္ငံျခားကို ခရီးသြားရင္း အေပ်ာ္ရႊင္ဆံုးအခ်ိန္ေတြကို ပိုင္ဆုိင္ခဲ့ရပါေၾကာင္း မိဘေတြက ေျပာၾကားထားပါတယ္။

” သူမဟာ Cathedral အထက္တန္းေက်ာင္းနဲ႔ St.Edward’s တကၠသိုလ္က သူ႔သူငယ္ခ်င္းေတြနဲ႔ ဆရာ၊ ဆရာမေတြကို အလြန္တရာ ခ်စ္ျမတ္ႏိုးခဲ့သူ ျဖစ္ပါတယ္” ဆိုၿပီး Braun ရဲ႕ မိဘႏွစ္ပါးက ေျပာသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က ကောလိပ် ကျောင်းသူ တစ်ဦး ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်က ပုဂံ ဘုရားတစ်ဆူပေါ်ကနေ နေဝင်ဆည်းဆာမြင်ကွင်းကို တက်ကြည့်ဖို့ ကြိုးစားရင်း အောက်ပြုတ်ကျပြီး ဆေးရုံသို့ တင်ပို့စဉ် သေဆုံးသွားခဲ့ပါတယ်။

အဆိုပါ အမေရိကန်ကျောင်းသူကတော့ အသက် ၂၀ အရွယ် Kassandra Braun ဆိုသူ ဖြစ်ပြီး သူမဟာ Semester At Sea ဆိုသည့် ပင်လယ်ကူးသင်္ဘောပေါ်တွင် ပညာသင်ကြားသည့် အစီအစဉ် နှင့်အတူ လိုက်ပါလာရင်း ယခုကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံတွေ့လိုက်ရခြင်း ဖြစ်ပါတယ်။ Braun ဟာ ပုဂံ သို့ သွားရောက်ခဲ့ပြီး ဘုရားပေါ်မှ ပြုတ်ကျခဲ့ခြင်းကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ Semester At Sea ပရိုဂရမ်မှ ထုတ်ပြန်ပါတယ်။

ယင်းနောက် Braun ကို မန္တလေး အထွေထွေဆေးရုံသို့ ပို့ဆောင်စဉ် လူနာတင်ယာဉ်ပေါ်မှာပဲ သေဆုံး သွားခဲ့ခြင်း ဖြစ်ပါတယ်။
Braun ဟာ နိုဝင်ဘာ ၇ ရက် ညနေ ၄ နာရီ ခွဲခန့်က ပုဂံဘုရားပေါ်ကနေ မတော်တဆလိမ့်ကျခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး Arab News သတင်းဌာနက ဖော်ပြထားပါတယ်။

သူမဟာ ဆိုရင် တက္ကဆက်ပြည်နယ် အော်စတင်မြို့မှာ ရှိတဲ့ St. Edward’s University မှာ ဆက်သွယ်ရေး ဘာသာရပ်ကို လေ့လာသင်ကြားနေသူဖြစ်ကြောင်း ယင်းတက္ကသိုလ်ရဲ့ ဖေ့ဘွတ်ခ် ပို့စ်မှာ တင်ထားပါတယ်။
သူမရဲ့ မိဘနှစ်ပါးဖြစ်တဲ့ Chalene နဲ့ Dave Braun တို့ကလည်း ၎င်းတို့အနေဲ့ သမီးဖြစ်သူ သေဆုံးမှုနဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေ ပိုမိုရရှိဖို့ စောင့်မျှော်နေကြောင်း ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်သွားပါတယ်။ သူမရဲ့ သမီးဖြစ်သူဟာ နိုင်ငံခြားကို ခရီးသွားရင်း အပျော်ရွှင်ဆုံးအချိန်တွေကို ပိုင်ဆိုင်ခဲ့ရပါကြောင်း မိဘတွေက ပြောကြားထားပါတယ်။

” သူမဟာ Cathedral အထက်တန်းကျောင်းနဲ့ St.Edward’s တက္ကသိုလ်က သူ့သူငယ်ချင်းတွေနဲ့ ဆရာ၊ ဆရာမတွေကို အလွန်တရာ ချစ်မြတ်နိုးခဲ့သူ ဖြစ်ပါတယ်” ဆိုပြီး Braun ရဲ့ မိဘနှစ်ပါးက ပြောသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top