Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

စာဖတ္တတ္လွ်င္ စာတတ္သည္ဟု သာမန္အားျဖင့္ ဆုိႏုိင္ေသာ္လည္း စာတတ္တိုင္း စာဖတ္ တတ္သည္ေတာ့ မဟုတ္ေပ။ စာေပျဖင့္ မိမိဘဝကို အက်ဳိးရွိေအာင္ အသံုးခ် ႏိုင္ပါက စာဖတ္ တတ္သည္ဟု ဆုိႏုိင္သည္။ အက်ဳိးျပဳေသာ စာေပကို ေရြးခ်ယ္ ဖတ္တတ္မွ သာလွ်င္ စာဖတ္တတ္ သည္ဟု ဆိုႏိုင္သည္။ စာဖတ္၍ ထူးကဲေသာ အက်ဳိးမ်ား ခံစားရပါမွ စာဖတ္ရ က်ဳိးနပ္သည္။

'' လူကို စိတ္က ခ်ဳပ္၏ စိတ္ကို ဉာဏ္ပညာက ခ်ဳပ္၏။ ဉာဏ္ပညာ ကို ဗဟုသုတက ခ်ဳပ္၏။ သို႔ျဖစ္၍ ဗဟုသုတ ျဖစ္ေအာင္ စာအုပ္စာတမ္း အမ်ဳိးမ်ဳိးကို ဖတ္ၾကကုန္ ''ဟု ဆရာႀကီး ပီမိုးနင္း က ဆိုခဲ့သည္။ စာေပ အသိ ပညာရွင္ အတတ္ ပညာရွင္ မ်ားသည္ မိမိတို႔၏ ဝါသနာ၊ ေစတနာ၊ ယံုၾကည္ခ်က ္မ်ားအေပၚ အရင္းခံ၍ ႏွစ္ကာလ ေပါင္းမ်ားစြာ ရင္းႏွီး ေပးဆပ္ ေရးသား ခဲ့ၾကသည့္ စာေပမ်ားသည္ အသံုးခ် တတ္လွ်င္ ဘဝအတြက္ မ်ားစြာ အက်ဳိးရွိမည္ ျဖစ္သည္။

စာေပ ပညာရွင္ႀကီး မ်ား၏ ဘဝ႐ႈေထာင့္ အမ်ဳိးမ်ဳိးမွ ဘဝေပး အသိမ်ား၊ အေတြးအေခၚ မ်ားကို စာေပျဖင့္ မီးေမာင္း ထုိးျပ ထားရာ စာဖတ္သူတို႔ အတြက္ မိမိတို႔ လမ္းေၾကာင္းမွန္ ကို သိျမင္ႏိုင္ သည့္ ဉာဏ္ပညာ ကို ရရွိ ေစႏိုင္သည့္ ဘဝတြင္ ေအာင္ျမင္မႈ အတြက္ အခ်ိန္သည္ တန္ဖိုးရွိသည္။

''အခ်ိန္ႏွင့္ ဒီေရသည္ လူကိုမေစာင့္'' ဟူ၍ ဆိုစကား ရွိသည္။ ကုန္လြန္ ၿပီးေသာ အခ်ိန္ကို ျပန္လည္ ရယူ၍မရ၊ လူတုိင္းသည္ မိမိတို႔၏ အားလပ္သည့္ အခ်ိန္ကို အက်ဳိးမဲ့ ျဖဳန္းတီးျခင္း မျပဳဘဲ စာေပ ဖတ္႐ႈျခင္းျဖင့္ ဘဝ၏ တိုးတက္မႈ အတြက္ အသံုးခ် ရမည္ ျဖစ္သည္။

ယေန႔ ကမၻာ့ ႏိုင္ငံမ်ားသည္ သိပၸံႏွင့္ နည္းပညာမ်ား တစ္ေန႔တျခား တိုးတက္ ေျပာင္းလဲလ်က္ ရွိသည္။ သတင္းႏွင့္ ဆက္သြယ္ေရး နည္းပညာ မ်ားလည္း အလ်င္အျမန္ ေျပာင္းလဲ တိုးတက္လ်က္ ရွိသည္။ တုိးတက္ ေျပာင္းလဲမႈ မ်ားႏွင့္ အညီ ျပည္သူမ်ား ကလည္း နား၊ မ်က္စိ ဖြင့္ထား ၾကရမည္ ျဖစ္သည္။

ႏိုင္ငံတကာႏွင့္ ရင္ေပါင္တန္း အမီလိုက္ ႏုိင္ေရး အတြက္ အသိပညာ၊ အတတ္ပညာ၊ အေတြးအေခၚ ဗဟုသုတမ်ား ျပည့္စံု ေနရန္ လိုသည္။ ဘာသာရပ္ ေပါင္းစံုကို ေလ့လာ ဆည္းပူး ေနၾက ရမည္ ျဖစ္သည္။

ယေန႔ ႏုိင္ငံေတာ္သည္ ဒီမိုကေရစီ ႏိုင္ငံေတာ္ အျဖစ္ ေခတ္မီ ဖြံ႕ၿဖိဳး တိုးတက္ၿပီး ေအးခ်မ္း တည္ၿငိမ္ေသာ ႏိုင္ငံကို ပံုေဖာ္ တည္ေဆာက္ လ်က္ ရွိသည္။ ထုိသို႔ ႏုိင္ငံေတာ္သစ္ တည္ေဆာက္ ေနခ်ိန္တြင္ ပညာတတ္မ်ား ေပါမ်ားမွသာ ႏုိင္ငံေတာ္ တည္ေဆာက္ေရး လ်င္ျမန္စြာ အေကာင္အထည္ ေပၚမည္ ျဖစ္သည္။ ႏိုင္ငံေတာ္ တည္ေဆာက္ေရး အတြက္ ျပည္သူမ်ား အသိပညာ၊ အတတ္ပညာ မ်ား ရရွိရန္မွာ စာအုပ္ စာေပမ်ား ကို ဖတ္႐ႈ မွတ္သား၍ ပညာ ယူျခင္းမွာ အဓိက က်သည္။

ေလာက နီတိ၌ '' သူတစ္ပါး ထံ၌ ရွိေသာ ဥစၥာသည္ မိမိ၏ ဥစၥာမဟုတ္၊ စာအုပ္စာေပ မ်ား၌သာ ရွိေသာ အတတ္ ပညာသည္ အတတ္ပ ညာမဟုတ္'' ဟူေသာ လမ္းၫႊန္ခ်က္ ကဲ့သို႔ စာအုပ္စာေပ မ်ား၌ ေဖာ္ျပ ထားသည့္ အတတ္ပညာ၊ အသိပညာ မ်ားကို စာအုပ္စာေပ မ်ား၌သာ မထားဘဲ ဖတ္႐ႈ ေလ့လာ က်င့္သံုး သြားမွသာ အတတ္ပညာ၊ အသိပညာ အစစ္အမွန္ ျဖစ္သည္ ကိုလည္း သတိျပဳ သင့္သည္။

သို႔ျဖစ္ရာ ကမၻာႏွင့္ အဝန္း သိပၸံႏွင့္ နည္းပညာမ်ား အရွိန္ အဟုန္ျဖင့္ ေျပာင္းလဲ ေနခ်ိန္တြင္ ျပည္ေထာင္စု သမၼတ ျမန္မာ ႏိုင္ငံဖြား ျပည္သူမ်ား သည္လည္း တုိးတက္ ေျပာင္းလဲ လာမႈမ်ားကို သိရွိ၍ ႏုိင္ငံေတာ္သစ္ တည္ေဆာက္ေရး တြင္ အားျဖည့္ ေဆာင္ရြက္ ႏုိင္ရန္ ဗဟုသုတ၊ အသိဉာဏ္ ပညာ ပြင့္လင္း ေစေရး စာအုပ္စာေပ တို႔ကို အခ်ိန္ႏွင့္ တစ္ေျပးညီ ဖတ္႐ႈ ေလ့လာပါဟု အႀကံျပဳ ေရးသား လိုက္ရ ေပသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: စာေပဗဟုသုတ
#Unicode Version#


စာဖတ်တတ်လျှင် စာတတ်သည်ဟု သာမန်အားဖြင့် ဆိုနိုင်သော်လည်း စာတတ်တိုင်း စာဖတ် တတ်သည်တော့ မဟုတ်ပေ။ စာပေဖြင့် မိမိဘဝကို အကျိုးရှိအောင် အသုံးချ နိုင်ပါက စာဖတ် တတ်သည်ဟု ဆိုနိုင်သည်။ အကျိုးပြုသော စာပေကို ရွေးချယ် ဖတ်တတ်မှ သာလျှင် စာဖတ်တတ် သည်ဟု ဆိုနိုင်သည်။ စာဖတ်၍ ထူးကဲသော အကျိုးများ ခံစားရပါမှ စာဖတ်ရ ကျိုးနပ်သည်။

'' လူကို စိတ်က ချုပ်၏ စိတ်ကို ဉာဏ်ပညာက ချုပ်၏။ ဉာဏ်ပညာ ကို ဗဟုသုတက ချုပ်၏။ သို့ဖြစ်၍ ဗဟုသုတ ဖြစ်အောင် စာအုပ်စာတမ်း အမျိုးမျိုးကို ဖတ်ကြကုန် ''ဟု ဆရာကြီး ပီမိုးနင်း က ဆိုခဲ့သည်။ စာပေ အသိ ပညာရှင် အတတ် ပညာရှင် များသည် မိမိတို့၏ ဝါသနာ၊ စေတနာ၊ ယုံကြည်ချက ်များအပေါ် အရင်းခံ၍ နှစ်ကာလ ပေါင်းများစွာ ရင်းနှီး ပေးဆပ် ရေးသား ခဲ့ကြသည့် စာပေများသည် အသုံးချ တတ်လျှင် ဘဝအတွက် များစွာ အကျိုးရှိမည် ဖြစ်သည်။

စာပေ ပညာရှင်ကြီး များ၏ ဘဝရှုထောင့် အမျိုးမျိုးမှ ဘဝပေး အသိများ၊ အတွေးအခေါ် များကို စာပေဖြင့် မီးမောင်း ထိုးပြ ထားရာ စာဖတ်သူတို့ အတွက် မိမိတို့ လမ်းကြောင်းမှန် ကို သိမြင်နိုင် သည့် ဉာဏ်ပညာ ကို ရရှိ စေနိုင်သည့် ဘဝတွင် အောင်မြင်မှု အတွက် အချိန်သည် တန်ဖိုးရှိသည်။

''အချိန်နှင့် ဒီရေသည် လူကိုမစောင့်'' ဟူ၍ ဆိုစကား ရှိသည်။ ကုန်လွန် ပြီးသော အချိန်ကို ပြန်လည် ရယူ၍မရ၊ လူတိုင်းသည် မိမိတို့၏ အားလပ်သည့် အချိန်ကို အကျိုးမဲ့ ဖြုန်းတီးခြင်း မပြုဘဲ စာပေ ဖတ်ရှုခြင်းဖြင့် ဘဝ၏ တိုးတက်မှု အတွက် အသုံးချ ရမည် ဖြစ်သည်။

ယနေ့ ကမ္ဘာ့ နိုင်ငံများသည် သိပ္ပံနှင့် နည်းပညာများ တစ်နေ့တခြား တိုးတက် ပြောင်းလဲလျက် ရှိသည်။ သတင်းနှင့် ဆက်သွယ်ရေး နည်းပညာ များလည်း အလျင်အမြန် ပြောင်းလဲ တိုးတက်လျက် ရှိသည်။ တိုးတက် ပြောင်းလဲမှု များနှင့် အညီ ပြည်သူများ ကလည်း နား၊ မျက်စိ ဖွင့်ထား ကြရမည် ဖြစ်သည်။

နိုင်ငံတကာနှင့် ရင်ပေါင်တန်း အမီလိုက် နိုင်ရေး အတွက် အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ် ဗဟုသုတများ ပြည့်စုံ နေရန် လိုသည်။ ဘာသာရပ် ပေါင်းစုံကို လေ့လာ ဆည်းပူး နေကြ ရမည် ဖြစ်သည်။

ယနေ့ နိုင်ငံတော်သည် ဒီမိုကရေစီ နိုင်ငံတော် အဖြစ် ခေတ်မီ ဖွံ့ဖြိုး တိုးတက်ပြီး အေးချမ်း တည်ငြိမ်သော နိုင်ငံကို ပုံဖော် တည်ဆောက် လျက် ရှိသည်။ ထိုသို့ နိုင်ငံတော်သစ် တည်ဆောက် နေချိန်တွင် ပညာတတ်များ ပေါများမှသာ နိုင်ငံတော် တည်ဆောက်ရေး လျင်မြန်စွာ အကောင်အထည် ပေါ်မည် ဖြစ်သည်။ နိုင်ငံတော် တည်ဆောက်ရေး အတွက် ပြည်သူများ အသိပညာ၊ အတတ်ပညာ များ ရရှိရန်မှာ စာအုပ် စာပေများ ကို ဖတ်ရှု မှတ်သား၍ ပညာ ယူခြင်းမှာ အဓိက ကျသည်။

လောက နီတိ၌ '' သူတစ်ပါး ထံ၌ ရှိသော ဥစ္စာသည် မိမိ၏ ဥစ္စာမဟုတ်၊ စာအုပ်စာပေ များ၌သာ ရှိသော အတတ် ပညာသည် အတတ်ပ ညာမဟုတ်'' ဟူသော လမ်းညွှန်ချက် ကဲ့သို့ စာအုပ်စာပေ များ၌ ဖော်ပြ ထားသည့် အတတ်ပညာ၊ အသိပညာ များကို စာအုပ်စာပေ များ၌သာ မထားဘဲ ဖတ်ရှု လေ့လာ ကျင့်သုံး သွားမှသာ အတတ်ပညာ၊ အသိပညာ အစစ်အမှန် ဖြစ်သည် ကိုလည်း သတိပြု သင့်သည်။

သို့ဖြစ်ရာ ကမ္ဘာနှင့် အဝန်း သိပ္ပံနှင့် နည်းပညာများ အရှိန် အဟုန်ဖြင့် ပြောင်းလဲ နေချိန်တွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံဖွား ပြည်သူများ သည်လည်း တိုးတက် ပြောင်းလဲ လာမှုများကို သိရှိ၍ နိုင်ငံတော်သစ် တည်ဆောက်ရေး တွင် အားဖြည့် ဆောင်ရွက် နိုင်ရန် ဗဟုသုတ၊ အသိဉာဏ် ပညာ ပွင့်လင်း စေရေး စာအုပ်စာပေ တို့ကို အချိန်နှင့် တစ်ပြေးညီ ဖတ်ရှု လေ့လာပါဟု အကြံပြု ရေးသား လိုက်ရ ပေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: စာပေဗဟုသုတ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top