ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

10513404_267942090073960_5139206793907689716_nအာဠ၀ကဘီးလူးသည္ သူ၏ဗိမာန္သုိ႕ေရာက္လာေသာ ရဟန္း၊ ရေသ့၊ ပရဗိုဇ္ တို႕အား ခက္ခဲေသာ ေမးခြန္းမ်ားႏွင့္ ရူးသြပ္ေအာင္ျပဳျပီး ၫႇင္းပန္းႏွိပ္စက္၏။အာဠ၀ကသည္ ဤသို႕အၾကံရလွ်က္ ဗုဒၶကို ၀မ္းသာအားရ ရင္ဆိုင္လိုက္၏။
ဗုဒၶက “အသင္ အာဠ၀က သင္ေျပာလိုရာကို ေျပာေတာ့” ဟု မိန္႕၏။
အာဠ၀ကအေမး။ ။ ဤေလာက၌ ေယာက္်ား၏ ျမတ္ေသာ ဥစၥာသည္ အဘယ္နည္း။
ဗုဒၶအေျဖ။ ။ ဤေလာက၌ ေယာက္်ား၏ ျမတ္ေသာဥစၥာကား ဘုရား၊ တရား၊ သံဃာ ရတနာသံုးပါးႏွင့္ ကံ၊ ကံ၏အက်ဳိးကို ယံုၾကည္ျခင္းဟု ဆိုအပ္ေသာ သဒၶါတရားျဖစ္သည္။
အာဠ၀ကအေမး။ ။ ခ်မ္းသာသုခကို ရရွိရန္ အဘယ္တရားကို ေကာင္းစြာ ေလ့က်က္ရမည္နည္း။
ဗုဒၶအေျဖ။ ။ ခ်မ္းသာသုခရရွိရန္ သုစရိုက္ဆယ္ပါး ကုသိုလ္တရားကို ေလ့က်င့္ အားထုတ္ရမည္။
အာဠ၀ကအေမး။ ။ အရသာရွိေသာ သေဘာတရားတို႕တြင္ အဘယ္အရသာသည္ အျမတ္ဆံုးနည္း။
ဗုဒၶအေျဖ။ ။ အရသာရွိေသာ သေဘာတရားတို႕တြင္ မွန္ေသာစကားကို ေျပာဆိုျခင္း ဟုဆိုအပ္ေသာ သစၥာတရားသည္ အျမတ္ဆံုး၊ အရသာအရွိဆံုး ျဖစ္သည္။
အာဠ၀ကအေမး။ ။ အသက္ေမြး၀မ္းေက်ာင္းမႈတို႕တြင္ အဘယ္မည္ေသာ အသက္ ေမြး၀မ္းေက်ာင္းမႈသည္ အျမတ္ဆံုးနည္း။
ဗုဒၶအေျဖ။ ။ အသက္ေမြး၀မ္းေက်ာင္းမႈတို႕တြင္ ပညာႏွင့္ အသက္ေမြး၀မ္းေက်ာင္းမႈသည္ အျမတ္ဆံုးျဖစ္၏။
အာဠ၀ကအေမး။ ။ ဆင္းရဲဒုကၡကို အဘယ္တရားႏွင့္ လြတ္ေျမာက္ႏိုင္သနည္း။
ဗုဒၶအေျဖ။ ။ ဆင္းရဲဒုကၡကို လံု႕လဟု ဆိုအပ္ေသာ ၀ီရိယတရားႏွင့္ လြတ္ေျမာက္ႏိုင္၏။
အာဠ၀ကအေမး။ ။ အဘယ္သို႕ေသာ အေၾကာင္းေၾကာင့္ တမလြန္ဘ၀၌ မစိုးရိမ္ရသနည္း။
ဗုဒၶအေျဖ။ ။ အာဠ၀က သစၥာ- မွန္ေသာစကားေျပာျခင္း၊ ဓမၼ- ေလာကီ၊ ေလာကုတၱရာပညာ၊ စာတိ- ထၾကြလံု႕လ ၀ီရိယရွိျခင္း၊ စာဂ- ေပးကမ္းစြန္႕ၾကဲျခင္းဟု ဆိုအပ္ေသာ တရားေလးမ်ဳိးႏွင့္ ျပည့္စံုျခင္းေၾကာင့္ ျပည့္စံုသူသည္ တမလြန္ဘ၀ကို စိုးရိမ္ျခင္း မရွိေပ။
ဗုဒၶက ဤသို႕ေျဖဆိုလိုက္ရာ အာဠ၀ကလည္း ေက်နပ္ႏွစ္သိမ့္ သြားကာ ေသာတာပန္ပီပီ ၾကည္ညိဳစိတ္ထားႏွင့္ ျမတ္စြာဘုရားအား ခ်ီးက်ဴးေထာပနာျပဳလ်က္၊ မိမိအတြက္ သက္သက္ေရာက္လာေသာ ဗုဒၶအား ၀မ္းေျမာက္၀မ္းသာ ေလွ်ာက္ထားေျပာဆိုေလသတည္း။
 ဖိုးသူေတာ္ (www.phothutaw.com)
#Unicode Version#
အာဠဝကဘီးလူးသည် သူ၏ဗိမာန်သို့ရောက်လာသော ရဟန်း၊ ရသေ့၊ ပရဗိုဇ် တို့အား ခက်ခဲသော မေးခွန်းများနှင့် ရူးသွပ်အောင်ပြုပြီး ညှင်းပန်းနှိပ်စက်၏။အာဠဝကသည် ဤသို့အကြံရလျှက် ဗုဒ္ဓကို ဝမ်းသာအားရ ရင်ဆိုင်လိုက်၏။

ဗုဒ္ဓက “အသင် အာဠဝက သင်ပြောလိုရာကို ပြောတော့” ဟု မိန့်၏။

အာဠဝကအမေး။ ။ ဤလောက၌ ယောက်ျား၏ မြတ်သော ဥစ္စာသည် အဘယ်နည်း။

ဗုဒ္ဓအဖြေ။ ။ ဤလောက၌ ယောက်ျား၏ မြတ်သောဥစ္စာကား ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးနှင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်းဟု ဆိုအပ်သော သဒ္ဓါတရားဖြစ်သည်။

အာဠဝကအမေး။ ။ ချမ်းသာသုခကို ရရှိရန် အဘယ်တရားကို ကောင်းစွာ လေ့ကျက်ရမည်နည်း။
ဗုဒ္ဓအဖြေ။ ။ ချမ်းသာသုခရရှိရန် သုစရိုက်ဆယ်ပါး ကုသိုလ်တရားကို လေ့ကျင့် အားထုတ်ရမည်။

အာဠဝကအမေး။ ။ အရသာရှိသော သဘောတရားတို့တွင် အဘယ်အရသာသည် အမြတ်ဆုံးနည်း။
ဗုဒ္ဓအဖြေ။ ။ အရသာရှိသော သဘောတရားတို့တွင် မှန်သောစကားကို ပြောဆိုခြင်း ဟုဆိုအပ်သော သစ္စာတရားသည် အမြတ်ဆုံး၊ အရသာအရှိဆုံး ဖြစ်သည်။

အာဠဝကအမေး။ ။ အသက်မွေးဝမ်းကျောင်းမှုတို့တွင် အဘယ်မည်သော အသက် မွေးဝမ်းကျောင်းမှုသည် အမြတ်ဆုံးနည်း။
ဗုဒ္ဓအဖြေ။ ။ အသက်မွေးဝမ်းကျောင်းမှုတို့တွင် ပညာနှင့် အသက်မွေးဝမ်းကျောင်းမှုသည် အမြတ်ဆုံးဖြစ်၏။

အာဠဝကအမေး။ ။ ဆင်းရဲဒုက္ခကို အဘယ်တရားနှင့် လွတ်မြောက်နိုင်သနည်း။
ဗုဒ္ဓအဖြေ။ ။ ဆင်းရဲဒုက္ခကို လုံ့လဟု ဆိုအပ်သော ဝီရိယတရားနှင့် လွတ်မြောက်နိုင်၏။

အာဠဝကအမေး။ ။ အဘယ်သို့သော အကြောင်းကြောင့် တမလွန်ဘဝ၌ မစိုးရိမ်ရသနည်း။
ဗုဒ္ဓအဖြေ။ ။ အာဠဝက သစ္စာ- မှန်သောစကားပြောခြင်း၊ ဓမ္မ- လောကီ၊ လောကုတ္တရာပညာ၊ စာတိ- ထကြွလုံ့လ ဝီရိယရှိခြင်း၊ စာဂ- ပေးကမ်းစွန့်ကြဲခြင်းဟု ဆိုအပ်သော တရားလေးမျိုးနှင့် ပြည့်စုံခြင်းကြောင့် ပြည့်စုံသူသည် တမလွန်ဘဝကို စိုးရိမ်ခြင်း မရှိပေ။

ဗုဒ္ဓက ဤသို့ဖြေဆိုလိုက်ရာ အာဠဝကလည်း ကျေနပ်နှစ်သိမ့် သွားကာ သောတာပန်ပီပီ ကြည်ညိုစိတ်ထားနှင့် မြတ်စွာဘုရားအား ချီးကျူးထောပနာပြုလျက်၊ မိမိအတွက် သက်သက်ရောက်လာသော ဗုဒ္ဓအား ဝမ်းမြောက်ဝမ်းသာ လျှောက်ထားပြောဆိုလေသတည်း။

 ဖိုးသူတော် (www.phothutaw.com)
မေမ့မေလ်ာ့ရိွျပီး ပြားမ်ားရမည့္ ကုသိုလ္တရား (၁၀)ပါး ရိွေလ၏။ ထုိကုသိုလ္တရား (၁၀)ပါးကို စာရိတၱအက်င့္တရား-ဟုလည္း ေခၚေလသည္။ ပုညကိရိယာဝတၳဳ-ဟုလည္း ေခၚ၏။ ထုိ(၁၀)ပါးကား - (၁) ဒါန - စြန္႔ၾကဲေပးကမ္း လွဴဒါန္းျခင္း၊ (၂) သီလ - (၅)ပါး၊ (၈)ပါး အစရိွသည့္ ေရွာင္ၾကဥ္မႈမ်ားကို ေစာင့္ထိန္းျခင္း၊ (၃) ဘာဝနာ - သမထ၊ ဝိပႆနာ ကမၼ႒ာန္းမ်ား အားထုတ္ျခင္း၊ (၄) အပစာယန - ႐ိုေသ ေလးစားထုိက္သူမ်ားအား ႐ိုေသ ေလးစားျခင္း၊ (၅) ေဝယ်ာဝစၥ - သူတစ္ပါးတုိ႔၏ ကုသိုလ္ကိစၥမ်ား၌ ဝိုင္းဝန္းကူညီျခင္း၊ (၆) ပတၳိဒါန - မိမိ ကုသိုလ္ ေကာင္းမႈအဖုိ႔ကို အမွ်ေပးေဝျခင္း၊ (၇) ပတၱာႏုေမာဒနာ - သူတစ္ပါး ျပဳေသာ ေကာင္းမႈ ကုသုိလ္အဖို႔ကို ဝမ္းေျမာက္သာဓုေခၚျခင္း၊ (၈) ဓမၼသဝန - တရားနာျခင္း၊ တရားစာေပဖတ္ျခင္း၊ တရားစာေပ ေလ့လာသင္ယူျခင္း၊ (၉) ဓမၼေဒသနာ - တရားေဟာျခင္း၊ တရားစာေပပို႔ခ်ျခင္း၊ တရားစာေပ က်မ္းဂန္မ်ား ေရးသားျခင္း၊ (၁၀) ဒိ႒ိစုကမၼ - ကံ၊ ကံ၏ အက်ဳိးမွစ၍ မဂ္ဖုိလ္နိဗၺာန္တိုင္ေအာင္ ယံုၾကည္ခ်က္ ရိွစြာျဖင့္ ေကာင္းေသာ အယူကို ျဖဴစင္ ေျဖာင့္မွန္ေအာင္ ျပဳလုပ္ျခင္း။ Cheap Offers: http://bit.ly/gadgets_cheap

Cheap Offers: http://bit.ly/gadgets_cheap
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top