Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဖေနာင့္ အတက္ ထြက္တယ္ဆိုတာ ဖေနာင့္ အရုိးမွာ ကယ္လ္စီယမ္ အနည္ထိုင္ လို႕ ျဖစ္ရတယ္။ အမွန္ေတာ့ ပ်က္စီးမႈကုိ ျပဳျပင္ဖို႕ ခႏၶာကိုယ္ က ကယ္လ္စီယမ္ ေတြထုတ္ေပးရတာပါ။ ဖေနာင့္ရိုး(calcaneus)မွာ ကယ္လ္စီယမ္ေတြ စုပံုရာကေန ေသးငယ္တဲ့ အရိုးအတက္ျဖစ္လာပါတယ္။ အဲလိုအရိုးအတက္ကို Heel spurs(သို႕)osteophytesလို႕ ေခၚပါတယ္။ လူအမ်ားစုမွာ ျဖစ္နိုင္ေပမယ့္ လကၡဏာ ရပ္မျပလို႕ မသိၾကသူက မ်ားတယ္။ အကယ္၍ ဖေနာင့္ရိုး(calcaneus)နဲ႕ ေျခဖဝါးရိုး(metatarsal bones)ကို ဆက္သြယ္ထားတဲ့ plantar fascia အရြတ္ေရာင္တဲ့အခါ ဖေနာင့္ေနရာကေန စတင္နာက်င္လာပါတယ္။ တခ်ိဳ႕က အရိုး အတက္ေၾကာင့္ လို႕ ထင္မွတ္မွားၾကတယ္။ အမွန္က အရြတ္ေရာင္ျခင္းေၾကာင့္ တြယ္ဆက္ထားတ့့ဲ ဖေနာင့္ ေနရာက နာက်င္ လာတာ ျဖစ္ပါတယ္။ ဒီလို အရြတ္ေရာင္ တာမ်ိဳးကို plantar fasciitis လို႕ ေခၚပါတယ္။ ဓာတ္မွန္ရိုက္ၾကည့္တဲ့အခါ အတက္ ထြက္တာ ရွိနိုင္ေပမယ့္ ေျခဖေနာင့္ကေတာ့ နာေကာင္းမွနာလိမ့္မယ္။

ဘယ္သူေတြ ျဖစ္သလဲ

ဖေနာင့္ အတက္ ထြက္တာဟာ အသက္အရြယ္၊အခ်ိန္မေရြးျဖစ္နုိုင္တယ္။ဝတဲ့သူေတြ၊ အမ်ိဳးသမီး ေတြမွာ ပိုျဖစ္တယ္။ ေတာင္ေပၚေဒသေနထိုင္သူ၊ ေဒါက္ျမင့္ဖိနပ္စီးသူေတြ၊ ကုိယ္ဝန္ေဆာင္ အမ်ိဳးသမီး ေတြလည္း အျဖစ္မ်ားၾကတယ္။ အားကစားသမားေတြ၊အေၾကာမေလွ်ာ့မိပဲ ေလ့က်င့္ခန္း လုပ္တဲ့သူေတြမွာ ျဖစ္ၾကတယ္။ အမွန္ေတာ့ ေျခေထာက္ မွာသာမက ကုတ္၊ေက်ာ၊ခါး စတဲ့ေနရာေတြမွာလည္း အတက္ထြက္နိုင္ပါတယ္။ ေျခေထာက္ရိုးက ေန႕စဥ္ ပြတ္တိုက္ပါမ်ားလာတဲ့အခါ အရိုးေတြစားလာျပီး ခႏၶာကိုယ္ က ျပန္လည္ျပဳျပင္ဖို႕ လုပ္ေဆာင္ရပါတယ္။ ဒီလိုနဲ႕ ထိခိုက္တဲ့အရိုးေနရာကို ကယ္လ္စီယမ္ေတြ စုပံုလာျပီး အရိုးအတက္(osteoblasts) ထြက္လာပါတယ္။ လူေတာ္ေတာ္မ်ားမ်ားကေတာ့ အေရျပားကုိ ဖေနာင့္အတက္က သြားဖိလို႕နာတာမ်ိဳးလို႕ ထင္ၾကပါတယ္။ အမွန္က ေျခဖဝါး ပတ္ဝန္းက်င္ တစ္ရႉးေတြ ေရာင္ရမ္းမႈေၾကာင့္ ဖေနာင့္ေနရာကစတင္ နာက်င္လာတာ ျဖစ္ပါတယ္။ ေနာက္တခုက ဖေနာင့္အတက္ေနရာမွာ တြယ္ဆက္တစ္ရႉးသစ္(new fibrous tissue)ေတြက အာရံုေၾကာေတြကို သြားဖိလို႕လည္း ျဖစ္နိုင္ပါတယ္။

လကၡဏာရပ္မ်ား
ဖေနာင့္အတက္ထြက္သူတိုင္း လကၡဏာေတြ မျပၾကပါဘူး။ အမ်ားစုဟာ လမ္းေလွ်ာက္ တဲ့အခါ ဖေနာင့္နာတဲ့လကၡဏာကို စတင္ခံစားရတယ္။ေျခဖဝါးၾကြက္သားေတြ အခ်ိန္ၾကာျငိမ္ေနရာက စတင္လႈပ္ရွားတာနဲ႕ နာက်င္လာတယ္။ ဖေနာင့္ေနရာက လမ္းစေလွွ်ာက္တဲ့အခ်ိန္မွာ ခပ္စူးစူးနာတယ္။ နီတယ္။ ေရာင္တယ္။ ဒီလိုျဖစ္ရင္ ဖေနာင့္ အတက္ ထြက္လို့ျဖစ္နိုင္တယ္။ ေသခ်ာေအာင္ ဆရာဝန္က ေျခေထာက္ဓာတ္မွန္ရိုက္ခိုင္းမယ္။ဖေနာင့္အတက္ထြက္ရင္ ဆရာဝန္ နဲ႕ ျပျပီး လိုအပ္တဲ့ ကုသမႈမ်ိဳး ျပဳလုပ္ရတယ္။

ကုသနည္းမ်ား
ေျခဖေနာင့္အတက္ထြက္တဲ့အခါ အလြယ္ဆံုးနည္းက ေရခဲ ကပ္ေပးတာ ျဖစ္တယ္။
အတက္ထြက္တဲ့ ေျခဖေနာင့္ ကို ေရခဲ ဝတ္ တင္ေပးနိုင္တယ္။ တခါလုပ္ရင္ ၁၅မိနစ္ တေန႕(၃)ၾကိမ္ ျပဳလုပ္ေပးပါ။ plantar fascia အရြတ္ေၾကာေရာင္ရမ္းတဲ့အခါမ်ိဳးမွာ ေရခဲ ေရပုလင္းကို ေျခဖဝါးေအာက္ထားျပီး လွိမ့္ေပးရင္ သိသိသာသာ သက္သာလာပါတယ္။ သိပ္မသက္သာရင္ အကိုက္အခဲေပ်ာက္ေဆး တမ်ိဳးမ်ိဳး(ibuprofen or naproxen) ေသာက္ေပးပါ။ လိုအပ္ရင္ plantar fascia ေရာင္ရမ္းတာအတြက္ စတီးရိြဳက္ေဆးထိုးေပးနိုင္ပါတယ္။တခ်ိဳ႕က ထံုေဆးပါေရာထိုးေပးရတယ္။ အေၾကာေလွ်ာ့ေအာင္ Botox ကိုလည္း ထုိးၾကတယ္။ဒါမွမရေသးရင္ ေနာက္ဆံုးအေနနဲ႕ ခြဲစိတ္ျပဳျပင္ရတယ္။

ကာကြယ္ျခင္း
အဝမလြန္ေအာင္ ဝိတ္ထိန္းပါ။ အေပါ့စားေလ့က်င့္ခန္း ေန႕စဥ္ျပဳလုပ္ပါ။ ေလ့က်င့္ခန္းမလုပ္ခင္ အေၾကာေလွ်ာ့ပါ။ အိပ္ရာထ လမ္းေလွ်ာက္ခင္ ေျခဖဝါးကို အေပၚလွန္တဲ့ ေျခဖေနာင့္ေလ့က်င့္ခန္း အရင္လုပ္ပါ။ ဖိနပ္စီးတဲ့အခါ ကိုယ္နဲ႕သင့္ေတာ္မယ့္ ဖိနပ္မ်ိဳး ေရြးစီးပါ။ ၾကိဳးသိုင္းဖိနပ္၊canvasဖိနပ္မ်ိဳး မစီးပါနဲ႕။ ေျမၾကီးနဲ႕ တိုက္ရိုက္မထိေအာင္ ေျခခုံျမင့္တာမ်ိဳးကို ေရြးစီးသင့္တယ္။ ေျခေထာက္အရြယ္အစားနဲ႕ ကိုက္ညီတဲ့ဖိနပ္ျဖစ္ဖို႕လည္း လိုတယ္။ ညဖက္အိပ္တဲ့အခါ က်ပ္စီးတဲ့စရာ ပစၥည္း(Night splint)တခုခု ဝတ္ဆင္ျပီးမွ အိပ္စက္ပါ။ ဥပမာ-L ပံုစံ ဖိုက္ဘာ ဖေနာင့္အခံကို ဝတ္ျပီး အိပ္သင့္တယ္။ ျပီးရင္ ပတ္တီးတခုခုနဲ့ က်ပ္စီးပါ။

အစားအေသာက္ေတြထဲမွာ အသီးအရြက္မ်ားမ်ားစားပါ။ လက္ဖက္စိမ္းရည္ကို ေနစဥ္ ပံုမွန္ေသာက္ေပးပါ။ Alfalfa leavesက ေရာင္ရမ္းမႈကိုက်ဆင္းေစျပီး ခုခံအားတက္ေစတယ္။ ေန႕စဥ္ေသာက္သံုးျခင္းျဖင့္ ေျခဖေနာင့္အတက္ မျဖစ္ပြားေအာင္ ကာကြယ္ေပးသတဲ့။ အိုမီဂါ သရီးပါဝင္တဲဲ့ ငါးၾကီးဆီ အားေဆးေတြက ေရာင္ရမ္းမႈနဲ႕ နာက်င္ျခင္းကို သိသိသာသာသက္သာေစတယ္။ တေန႕၂-၃ၾကိမ္ထိ ေသာက္နိုင္တယ္။ vitamin B12 ခ်ိဳ႕တဲ့ျခင္းက အရိုးေရာဂါ ေတြကို ျဖစ္ေပၚေစတယ္။ ဖေနာင့္အတက္သက္သာေစဖို႕ ငါး၊အသည္းနဲ႕ ဗီတာမင္ဘီတြဲအားေဆးကို ျဖည့္ဆည္းသင့္ပါတယ္။

သဘာဝနည္းလမ္းမ်ား
-သဘာဝေဆးနည္းက နႏြင္းနဲ႕ ဂ်င္းကို အသံုးခ်ရတာျဖစ္ပါတယ္။ အေရာင္က်ေစတဲ့ အာနိသင္ရွိတယ္။ ျဖစ္တဲ့ေျခဖေနာင့္ကို ေသခ်ာပြတ္လိမ္းေပးပါ။ ဂ်င္းေဆးျပား 500mg တေနသံုးၾကိမ္(သုိ႕) နႏြင္းေဆး400mg ေန႕စဥ္ တိုက္ေကၽြးနိုင္ပါတယ္။
-အုန္းဆီ(သို႕) သံလြင္ဆီ(သို႕)နွမ္းၾကတ္ဆီကို အပူအနည္းငယ္ေပး၍ ေျခဖေနာင့္ေပၚတြင္ နွိပ္နယ္ေပးပါ။ ၾကြက္သားေတြ ေျပေလွ်ာ့ေစျပီး ေရာင္ရမ္း နာက်င္မႈကို သက္သာေစတာ ေတြ႕ရတယ္။
-ေဂၚဖီရြက္ကို ေရေႏြးနဲ႕ျပဳတ္ျပီး အဖတ္ကို အဝတ္စည္း၊ေျခဖေနာင့္ကို ဖိအံုေပးပါ။ မုန္႕ညွင္းေစ့ကို ေထာင္းျပီးလည္း အံုေပးနိုင္ပါတယ္။ ရွားေစာင္းလက္ပတ္ အနွစ္ကိုသံုးျပီး နွိပ္ေပးနုိင္တယ္။ ေရာင္ရမ္းမႈသက္သာေအာင္ ေျခဖေနာင့္ကို ညင္သာစြာ နွိပ္နယ္ေပးပါ။
-ေရခပ္ေႏြးေႏြးထဲကို Epsom salt(magnesium sulfate) တဇြန္းခန္႕ထည့္ျပီး ေရခ်ိဳးပါ။ ေရာင္ရမ္းျခင္းကုိ သက္သာေစမယ္။တင္လဲရည္ထဲကို ဆိုဒါမႈန္႕နဲ႕ apple cider vinegarထည့္ျပီး ေရာေပးရင္ အလႊာပါးတခုျဖစ္လာတယ္။ အဲဒီအလႊာပါးကို ဖံုးေပးရင္ ေျခဖေနာင့္အတက္ထြက္သူေတြမွာ အက်ိဳးမ်ားတယ္။
-Borax solution ဆိုတာလည္း သံုးတယ္။ ကလိုရင္းခပ္ထားတဲ့ေရကို boraxနဲ႕ ေရာစပ္ေပးရပါတယ္။ ရလာတဲ့ Borax solutionကုိ ေရေႏြးနဲ႕ေရာျပီး ေျခဖဝါးကို စိမ္ေပးပါ။ မႁကာခင္ သက္သာလာတာ ေတြ႕ရပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာေအးမင္းထူး
#Unicode Version#
ဖနောင့် အတက် ထွက်တယ်ဆိုတာ ဖနောင့် အရိုးမှာ ကယ်လ်စီယမ် အနည်ထိုင် လို့ ဖြစ်ရတယ်။ အမှန်တော့ ပျက်စီးမှုကို ပြုပြင်ဖို့ ခန္ဓာကိုယ် က ကယ်လ်စီယမ် တွေထုတ်ပေးရတာပါ။ ဖနောင့်ရိုး(calcaneus)မှာ ကယ်လ်စီယမ်တွေ စုပုံရာကနေ သေးငယ်တဲ့ အရိုးအတက်ဖြစ်လာပါတယ်။ အဲလိုအရိုးအတက်ကို Heel spurs(သို့)osteophytesလို့ ခေါ်ပါတယ်။ လူအများစုမှာ ဖြစ်နိုင်ပေမယ့် လက္ခဏာ ရပ်မပြလို့ မသိကြသူက များတယ်။ အကယ်၍ ဖနောင့်ရိုး(calcaneus)နဲ့ ခြေဖဝါးရိုး(metatarsal bones)ကို ဆက်သွယ်ထားတဲ့ plantar fascia အရွတ်ရောင်တဲ့အခါ ဖနောင့်နေရာကနေ စတင်နာကျင်လာပါတယ်။ တချို့က အရိုး အတက်ကြောင့် လို့ ထင်မှတ်မှားကြတယ်။ အမှန်က အရွတ်ရောင်ခြင်းကြောင့် တွယ်ဆက်ထားတ့ဲ ဖနောင့် နေရာက နာကျင် လာတာ ဖြစ်ပါတယ်။ ဒီလို အရွတ်ရောင် တာမျိုးကို plantar fasciitis လို့ ခေါ်ပါတယ်။ ဓာတ်မှန်ရိုက်ကြည့်တဲ့အခါ အတက် ထွက်တာ ရှိနိုင်ပေမယ့် ခြေဖနောင့်ကတော့ နာကောင်းမှနာလိမ့်မယ်။

ဘယ်သူတွေ ဖြစ်သလဲ

ဖနောင့် အတက် ထွက်တာဟာ အသက်အရွယ်၊အချိန်မရွေးဖြစ်နိုင်တယ်။ဝတဲ့သူတွေ၊ အမျိုးသမီး တွေမှာ ပိုဖြစ်တယ်။ တောင်ပေါ်ဒေသနေထိုင်သူ၊ ဒေါက်မြင့်ဖိနပ်စီးသူတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီး တွေလည်း အဖြစ်များကြတယ်။ အားကစားသမားတွေ၊အကြောမလျှော့မိပဲ လေ့ကျင့်ခန်း လုပ်တဲ့သူတွေမှာ ဖြစ်ကြတယ်။ အမှန်တော့ ခြေထောက် မှာသာမက ကုတ်၊ကျော၊ခါး စတဲ့နေရာတွေမှာလည်း အတက်ထွက်နိုင်ပါတယ်။ ခြေထောက်ရိုးက နေ့စဉ် ပွတ်တိုက်ပါများလာတဲ့အခါ အရိုးတွေစားလာပြီး ခန္ဓာကိုယ် က ပြန်လည်ပြုပြင်ဖို့ လုပ်ဆောင်ရပါတယ်။ ဒီလိုနဲ့ ထိခိုက်တဲ့အရိုးနေရာကို ကယ်လ်စီယမ်တွေ စုပုံလာပြီး အရိုးအတက်(osteoblasts) ထွက်လာပါတယ်။ လူတော်တော်များများကတော့ အရေပြားကို ဖနောင့်အတက်က သွားဖိလို့နာတာမျိုးလို့ ထင်ကြပါတယ်။ အမှန်က ခြေဖဝါး ပတ်ဝန်းကျင် တစ်ရှူးတွေ ရောင်ရမ်းမှုကြောင့် ဖနောင့်နေရာကစတင် နာကျင်လာတာ ဖြစ်ပါတယ်။ နောက်တခုက ဖနောင့်အတက်နေရာမှာ တွယ်ဆက်တစ်ရှူးသစ်(new fibrous tissue)တွေက အာရုံကြောတွေကို သွားဖိလို့လည်း ဖြစ်နိုင်ပါတယ်။

လက္ခဏာရပ်များ
ဖနောင့်အတက်ထွက်သူတိုင်း လက္ခဏာတွေ မပြကြပါဘူး။ အများစုဟာ လမ်းလျှောက် တဲ့အခါ ဖနောင့်နာတဲ့လက္ခဏာကို စတင်ခံစားရတယ်။ခြေဖဝါးကြွက်သားတွေ အချိန်ကြာငြိမ်နေရာက စတင်လှုပ်ရှားတာနဲ့ နာကျင်လာတယ်။ ဖနောင့်နေရာက လမ်းစလှျှောက်တဲ့အချိန်မှာ ခပ်စူးစူးနာတယ်။ နီတယ်။ ရောင်တယ်။ ဒီလိုဖြစ်ရင် ဖနောင့် အတက် ထွက်လို့ဖြစ်နိုင်တယ်။ သေချာအောင် ဆရာဝန်က ခြေထောက်ဓာတ်မှန်ရိုက်ခိုင်းမယ်။ဖနောင့်အတက်ထွက်ရင် ဆရာဝန် နဲ့ ပြပြီး လိုအပ်တဲ့ ကုသမှုမျိုး ပြုလုပ်ရတယ်။

ကုသနည်းများ
ခြေဖနောင့်အတက်ထွက်တဲ့အခါ အလွယ်ဆုံးနည်းက ရေခဲ ကပ်ပေးတာ ဖြစ်တယ်။
အတက်ထွက်တဲ့ ခြေဖနောင့် ကို ရေခဲ ဝတ် တင်ပေးနိုင်တယ်။ တခါလုပ်ရင် ၁၅မိနစ် တနေ့(၃)ကြိမ် ပြုလုပ်ပေးပါ။ plantar fascia အရွတ်ကြောရောင်ရမ်းတဲ့အခါမျိုးမှာ ရေခဲ ရေပုလင်းကို ခြေဖဝါးအောက်ထားပြီး လှိမ့်ပေးရင် သိသိသာသာ သက်သာလာပါတယ်။ သိပ်မသက်သာရင် အကိုက်အခဲပျောက်ဆေး တမျိုးမျိုး(ibuprofen or naproxen) သောက်ပေးပါ။ လိုအပ်ရင် plantar fascia ရောင်ရမ်းတာအတွက် စတီးရွိုက်ဆေးထိုးပေးနိုင်ပါတယ်။တချို့က ထုံဆေးပါရောထိုးပေးရတယ်။ အကြောလျှော့အောင် Botox ကိုလည်း ထိုးကြတယ်။ဒါမှမရသေးရင် နောက်ဆုံးအနေနဲ့ ခွဲစိတ်ပြုပြင်ရတယ်။

ကာကွယ်ခြင်း
အဝမလွန်အောင် ဝိတ်ထိန်းပါ။ အပေါ့စားလေ့ကျင့်ခန်း နေ့စဉ်ပြုလုပ်ပါ။ လေ့ကျင့်ခန်းမလုပ်ခင် အကြောလျှော့ပါ။ အိပ်ရာထ လမ်းလျှောက်ခင် ခြေဖဝါးကို အပေါ်လှန်တဲ့ ခြေဖနောင့်လေ့ကျင့်ခန်း အရင်လုပ်ပါ။ ဖိနပ်စီးတဲ့အခါ ကိုယ်နဲ့သင့်တော်မယ့် ဖိနပ်မျိုး ရွေးစီးပါ။ ကြိုးသိုင်းဖိနပ်၊canvasဖိနပ်မျိုး မစီးပါနဲ့။ မြေကြီးနဲ့ တိုက်ရိုက်မထိအောင် ခြေခုံမြင့်တာမျိုးကို ရွေးစီးသင့်တယ်။ ခြေထောက်အရွယ်အစားနဲ့ ကိုက်ညီတဲ့ဖိနပ်ဖြစ်ဖို့လည်း လိုတယ်။ ညဖက်အိပ်တဲ့အခါ ကျပ်စီးတဲ့စရာ ပစ္စည်း(Night splint)တခုခု ဝတ်ဆင်ပြီးမှ အိပ်စက်ပါ။ ဥပမာ-L ပုံစံ ဖိုက်ဘာ ဖနောင့်အခံကို ဝတ်ပြီး အိပ်သင့်တယ်။ ပြီးရင် ပတ်တီးတခုခုနဲ့ ကျပ်စီးပါ။

အစားအသောက်တွေထဲမှာ အသီးအရွက်များများစားပါ။ လက်ဖက်စိမ်းရည်ကို နေစဉ် ပုံမှန်သောက်ပေးပါ။ Alfalfa leavesက ရောင်ရမ်းမှုကိုကျဆင်းစေပြီး ခုခံအားတက်စေတယ်။ နေ့စဉ်သောက်သုံးခြင်းဖြင့် ခြေဖနောင့်အတက် မဖြစ်ပွားအောင် ကာကွယ်ပေးသတဲ့။ အိုမီဂါ သရီးပါဝင်တဲ့ ငါးကြီးဆီ အားဆေးတွေက ရောင်ရမ်းမှုနဲ့ နာကျင်ခြင်းကို သိသိသာသာသက်သာစေတယ်။ တနေ့၂-၃ကြိမ်ထိ သောက်နိုင်တယ်။ vitamin B12 ချို့တဲ့ခြင်းက အရိုးရောဂါ တွေကို ဖြစ်ပေါ်စေတယ်။ ဖနောင့်အတက်သက်သာစေဖို့ ငါး၊အသည်းနဲ့ ဗီတာမင်ဘီတွဲအားဆေးကို ဖြည့်ဆည်းသင့်ပါတယ်။

သဘာဝနည်းလမ်းများ
-သဘာဝဆေးနည်းက နနွင်းနဲ့ ဂျင်းကို အသုံးချရတာဖြစ်ပါတယ်။ အရောင်ကျစေတဲ့ အာနိသင်ရှိတယ်။ ဖြစ်တဲ့ခြေဖနောင့်ကို သေချာပွတ်လိမ်းပေးပါ။ ဂျင်းဆေးပြား 500mg တနေသုံးကြိမ်(သို့) နနွင်းဆေး400mg နေ့စဉ် တိုက်ကျွေးနိုင်ပါတယ်။
-အုန်းဆီ(သို့) သံလွင်ဆီ(သို့)နှမ်းကြတ်ဆီကို အပူအနည်းငယ်ပေး၍ ခြေဖနောင့်ပေါ်တွင် နှိပ်နယ်ပေးပါ။ ကြွက်သားတွေ ပြေလျှော့စေပြီး ရောင်ရမ်း နာကျင်မှုကို သက်သာစေတာ တွေ့ရတယ်။
-ဂေါ်ဖီရွက်ကို ရေနွေးနဲ့ပြုတ်ပြီး အဖတ်ကို အဝတ်စည်း၊ခြေဖနောင့်ကို ဖိအုံပေးပါ။ မုန့်ညှင်းစေ့ကို ထောင်းပြီးလည်း အုံပေးနိုင်ပါတယ်။ ရှားစောင်းလက်ပတ် အနှစ်ကိုသုံးပြီး နှိပ်ပေးနိုင်တယ်။ ရောင်ရမ်းမှုသက်သာအောင် ခြေဖနောင့်ကို ညင်သာစွာ နှိပ်နယ်ပေးပါ။
-ရေခပ်နွေးနွေးထဲကို Epsom salt(magnesium sulfate) တဇွန်းခန့်ထည့်ပြီး ရေချိုးပါ။ ရောင်ရမ်းခြင်းကို သက်သာစေမယ်။တင်လဲရည်ထဲကို ဆိုဒါမှုန့်နဲ့ apple cider vinegarထည့်ပြီး ရောပေးရင် အလွှာပါးတခုဖြစ်လာတယ်။ အဲဒီအလွှာပါးကို ဖုံးပေးရင် ခြေဖနောင့်အတက်ထွက်သူတွေမှာ အကျိုးများတယ်။
-Borax solution ဆိုတာလည်း သုံးတယ်။ ကလိုရင်းခပ်ထားတဲ့ရေကို boraxနဲ့ ရောစပ်ပေးရပါတယ်။ ရလာတဲ့ Borax solutionကို ရေနွေးနဲ့ရောပြီး ခြေဖဝါးကို စိမ်ပေးပါ။ မကြာခင် သက်သာလာတာ တွေ့ရပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာအေးမင်းထူး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top