မူးယစ္ေဆးေငြထိုင္းနဲ႔ ျမန္မာ ႏွစ္ႏိုင္ငံၾကား မူးယစ္ ေဆးဝါး ေရာင္းဝယ္ရရွိတဲ့ ေငြေတြကို ဆယ္ႏွစ္ေက်ာ္ လႊဲေျပာင္းၿပီး ေငြေၾကးခဝါခ်ေပးမႈနဲ႔ ျမန္မာအမ်ိဳးသမီးတဦးကို ထိုင္းအာဏာပိုင္ေတြက မေန႔ ေန႔ခင္းပိုင္းမွာ ဖမ္းဆီးခဲ့တယ္လို႔ ေခါဝ္ဆြတ္ ထိုင္းသတင္းမွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံသူ နန္းျမင့္သိန္းေအး (၄၁-ႏွစ္) ဟာ တာခ်ီလိတ္နဲ႔ မယ္ဆိုင္မွာ စိန္ေ႐ႊရတနာ ေရာင္းဝယ္ေရးဆိုင္ ဗန္းျပၿပီး ထိုင္းနဲ႔ ျမန္မာ ႏွစ္ႏိုင္ငံၾကား မူးယစ္ေဆးဝါး ေရာင္းဝယ္မႈက ရလာတဲ့ ေငြေတြကို ဘဏ္အသီးသီးကေန လက္ခံ လႊဲေျပာင္းေပးေနတယ္လို႔ သတင္းရတဲ့အတြက္ ထိုင္းရဲတပ္ဖြဲ႕က လြန္ခဲ့တဲ့ ၅ ႏွစ္ေလာက္ကတည္းက ေျခရာခံ ေစာင့္ၾကည့္ကာ ၂၀၁၇ ေမလ ၁၅ ရက္ ေန႔စြဲနဲ႔ ဖမ္းဝရမ္းထုတ္ခံထားရသူတဦး ျဖစ္ပါတယ္။

ဒီမတိုင္ခင္ ေရွ႕မွာ ထိုင္းရဲတပ္ဖြဲ႕ဝင္ေတြဟာ ထိုင္းႏိုင္ငံ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က ဆုေငြ ဘတ္ ၃ သိန္းနဲ႔ ဖမ္းဝရမ္းထုတ္ထားတဲ့ မူးယစ္ကုန္သည္ နန္းေဖာင္ပထုန္မနီ ေခၚ ေက်႕ေဖာင္ရဲ႕ ဘဏ္ေငြစာရင္းေတြ စစ္ေဆးရင္း နန္းျမင့္သိန္းေအးနဲ႔ ေငြလြဲွေျပာင္း ဆက္စပ္မႈေတြ ေတြ႕ရွိခဲ့ပါတယ္။

သူတို႔ဂိုဏ္းထဲမွာ ႏိုင္းေကဂအြန႔္ ေခၚ က်ရန္းခမ္းဆြတ္လို႔ ေခၚတဲ့ ထိုင္းလူမ်ိဳးတဦးကလည္း ျမန္မာႏိုင္ငံရွိ မူးယစ္ကုန္သည္ႀကီးေတြအတြက္ ဘဏ္ေငြစာရင္းဖြင့္ေပးၿပီး ထိုင္းထဲက မူးယစ္ေဆးဝါး ေရာင္းခ်တဲ့ေငြေတြ ျမန္မာျပည္ကို ျပန္လည္လႊဲေျပာင္းေပးေနေၾကာင္း စစ္ေဆးေတြ႕ရွိရတယ္လို႔ ထိုင္းႏိုင္ငံ မူးယစ္ေဆးဝါးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ ဌာနမႉး ဒု-ရဲခ်ဳပ္ႀကီး ဆုမ္မိုင္ ေကာင္ဝိဆိုင္ဆုဒ္က မေန႔က ဘန္ေကာက္ မူးယစ္ရဲဌာနခ်ဳပ္ရွိ သတင္းစာရွင္းလင္းပြဲမွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

သူတို႔ဂိုဏ္းဟာ ျမန္မာဘက္ျခမ္း တာခ်ီလိတ္နဲ႔ ထိုင္းဘက္ျခမ္း မယ္ဆိုင္မွာ စိန္ေ႐ႊရတနာ အေရာင္းဆိုင္၊ တယ္လီဖုန္းဆိုင္၊ အခြန္ေရွာင္ ႏိုင္ငံျခားအရက္နဲ႔ ေဆးလိပ္ေရာင္းခ်ဆိုင္ေတြ ဗန္းျပဖြင့္ထားၿပီး တရားမဝင္ ေငြလႊဲလုပ္ငန္း လုပ္ကိုင္ေနေၾကာင္း၊ ဆယ္ႏွစ္ေက်ာ္အတြင္း ဘတ္ေငြ သန္းေပါင္း ၁၂,၀၀၀ ေက်ာ္ လႊဲေျပာင္းခဲ့တယ္လို႔ ရဲခ်ဳပ္ႀကီးက ဆက္ေျပာပါတယ္။

တာဝန္ရွိသူေတြက နန္းျမင့္သိန္းေအးကို ႏိုဝင္ဘာ ၂၉ ရက္ ေန႔လယ္ ၂ နာရီခန႔္က ထိုင္းႏိုင္ငံ ဘန္ေကာက္-ကမ္ဖိုင္ဖစ္ လမ္းမႀကီး အမွတ္ ၆ ေပၚရွိ တိုယိုတာ ဆလြန္းကားတစီးေပၚမွာ ဖမ္းဆီးရမိခဲ့တာ ျဖစ္ပါတယ္။

သူမကေတာ့ ထိုင္းႏိုင္ငံထဲကို ေဆးလာကုျခင္းသာျဖစ္ေၾကာင္း၊ အခုလို အဖမ္းခံရတဲ့အေပၚလည္း နားမလည္ေၾကာင္း၊ သူမမွာ ေငြလြဲွလုပ္ငန္း လုပ္ကိုင္ေနၿပီး လည္ပတ္ေငြ ဘတ္ ၁ သန္း ၂ သိန္းခန႔္သာရွိေၾကာင္း ေျပာပါတယ္။

ထိုင္းမူးယစ္ရဲတပ္ဖြဲ႕ကေတာ့ သူမကို ဘန္ေကာက္႐ုံးခ်ဳပ္ ဖမ္းဆီးေခၚေဆာင္ၿပီး ဆက္လက္စစ္ေဆးေနေၾကာင္း၊ သူတို႔ဂိုဏ္းထဲက ေနာက္ထပ္ လူ ၃ ဦးကိုလည္း ဖမ္းဝရမ္းထုတ္ထားၿပီး ခ်င္း႐ိုင္းခ႐ိုင္ မယ္ဆိုင္ၿမိဳ႕ရွိ တယ္လီဖုန္းဆိုင္၊ ေ႐ႊဆိုင္၊ အရက္ဆိုင္ စတဲ့ ေနရာေပါင္း ၆ ခုကိုလည္း စီးနင္းရွာေဖြေနတယ္လို႔ ဒု-ရဲခ်ဳပ္ႀကီး ဆုမ္မိုင္ ေကာင္ဝိုဆိုင္ဆုဒ္က ေျပာသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြား မူးယစ် ဆေးဝါး ရောင်းဝယ်ရရှိတဲ့ ငွေတွေကို ဆယ်နှစ်ကျော် လွှဲပြောင်းပြီး ငွေကြေးခဝါချပေးမှုနဲ့ မြန်မာအမျိုးသမီးတဦးကို ထိုင်းအာဏာပိုင်တွေက မနေ့ နေ့ခင်းပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံသူ နန်းမြင့်သိန်းအေး (၄၁-နှစ်) ဟာ တာချီလိတ်နဲ့ မယ်ဆိုင်မှာ စိန်ရွှေရတနာ ရောင်းဝယ်ရေးဆိုင် ဗန်းပြပြီး ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြား မူးယစ်ဆေးဝါး ရောင်းဝယ်မှုက ရလာတဲ့ ငွေတွေကို ဘဏ်အသီးသီးကနေ လက်ခံ လွှဲပြောင်းပေးနေတယ်လို့ သတင်းရတဲ့အတွက် ထိုင်းရဲတပ်ဖွဲ့က လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက ခြေရာခံ စောင့်ကြည့်ကာ ၂၀၁၇ မေလ ၁၅ ရက် နေ့စွဲနဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူတဦး ဖြစ်ပါတယ်။

ဒီမတိုင်ခင် ရှေ့မှာ ထိုင်းရဲတပ်ဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဆုငွေ ဘတ် ၃ သိန်းနဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ မူးယစ်ကုန်သည် နန်းဖောင်ပထုန်မနီ ခေါ် ကျေ့ဖောင်ရဲ့ ဘဏ်ငွေစာရင်းတွေ စစ်ဆေးရင်း နန်းမြင့်သိန်းအေးနဲ့ ငွေလွဲှပြောင်း ဆက်စပ်မှုတွေ တွေ့ရှိခဲ့ပါတယ်။

သူတို့ဂိုဏ်းထဲမှာ နိုင်းကေဂအွန့် ခေါ် ကျရန်းခမ်းဆွတ်လို့ ခေါ်တဲ့ ထိုင်းလူမျိုးတဦးကလည်း မြန်မာနိုင်ငံရှိ မူးယစ်ကုန်သည်ကြီးတွေအတွက် ဘဏ်ငွေစာရင်းဖွင့်ပေးပြီး ထိုင်းထဲက မူးယစ်ဆေးဝါး ရောင်းချတဲ့ငွေတွေ မြန်မာပြည်ကို ပြန်လည်လွှဲပြောင်းပေးနေကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဌာနမှူး ဒု-ရဲချုပ်ကြီး ဆုမ်မိုင် ကောင်ဝိဆိုင်ဆုဒ်က မနေ့က ဘန်ကောက် မူးယစ်ရဲဌာနချုပ်ရှိ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

သူတို့ဂိုဏ်းဟာ မြန်မာဘက်ခြမ်း တာချီလိတ်နဲ့ ထိုင်းဘက်ခြမ်း မယ်ဆိုင်မှာ စိန်ရွှေရတနာ အရောင်းဆိုင်၊ တယ်လီဖုန်းဆိုင်၊ အခွန်ရှောင် နိုင်ငံခြားအရက်နဲ့ ဆေးလိပ်ရောင်းချဆိုင်တွေ ဗန်းပြဖွင့်ထားပြီး တရားမဝင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေကြောင်း၊ ဆယ်နှစ်ကျော်အတွင်း ဘတ်ငွေ သန်းပေါင်း ၁၂,၀၀၀ ကျော် လွှဲပြောင်းခဲ့တယ်လို့ ရဲချုပ်ကြီးက ဆက်ပြောပါတယ်။

တာဝန်ရှိသူတွေက နန်းမြင့်သိန်းအေးကို နိုဝင်ဘာ ၂၉ ရက် နေ့လယ် ၂ နာရီခန့်က ထိုင်းနိုင်ငံ ဘန်ကောက်-ကမ်ဖိုင်ဖစ် လမ်းမကြီး အမှတ် ၆ ပေါ်ရှိ တိုယိုတာ ဆလွန်းကားတစီးပေါ်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

သူမကတော့ ထိုင်းနိုင်ငံထဲကို ဆေးလာကုခြင်းသာဖြစ်ကြောင်း၊ အခုလို အဖမ်းခံရတဲ့အပေါ်လည်း နားမလည်ကြောင်း၊ သူမမှာ ငွေလွဲှလုပ်ငန်း လုပ်ကိုင်နေပြီး လည်ပတ်ငွေ ဘတ် ၁ သန်း ၂ သိန်းခန့်သာရှိကြောင်း ပြောပါတယ်။

ထိုင်းမူးယစ်ရဲတပ်ဖွဲ့ကတော့ သူမကို ဘန်ကောက်ရုံးချုပ် ဖမ်းဆီးခေါ်ဆောင်ပြီး ဆက်လက်စစ်ဆေးနေကြောင်း၊ သူတို့ဂိုဏ်းထဲက နောက်ထပ် လူ ၃ ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားပြီး ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ရှိ တယ်လီဖုန်းဆိုင်၊ ရွှေဆိုင်၊ အရက်ဆိုင် စတဲ့ နေရာပေါင်း ၆ ခုကိုလည်း စီးနင်းရှာဖွေနေတယ်လို့ ဒု-ရဲချုပ်ကြီး ဆုမ်မိုင် ကောင်ဝိုဆိုင်ဆုဒ်က ပြောသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top