Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ျမန္မာ အမ်ိဳးသားအရင္ေယာက်္ားေဟာင္းနဲ႕ျပန္ေပါင္းခ်င္တာေၾကာင့္ သူ႕ကိုကြာရွင္းခ်င္တဲ႕ထုိင္းဇနီးသည္ကို သ၀န္တိုစိတ္နဲ႕ သတ္ျပီး ထရန္ျမိဳ႕က ေရာ္ဘာျခံမွာသြားစြန္႔ပစ္ခဲ႕တယ္လို႔ ဝန္ခံခဲ့တဲ့ ျမန္မာ အမ်ိဳးသား ကို လူသတ္မႈနဲ႕ ဖမ္းဆီးလိုက္တယ္လို႔ ဘန္ေကာက္ပို႔စ္သတင္းအရ သိရပါတယ္။ ထရန္ျမိဳ႕၊ ကန္တန္းခရိုင္က လူသတ္မႈနဲ႕ပတ္သက္ျပီး အဓိကတရားခံလို႔ သံသယရွိတဲ့ ကိုဦးနဲ႕ ျမန္မာသူငယ္ခ်င္း ကိုမင္းဦးတို႔ကို လူသတ္မႈမွာ ပူးေပါင္းပါ၀င္မႈ၊ အေလာင္းေဖ်ာက္မႈတို႔နဲ႕ ၾကာသပေတးေန႕က တစ္ေနရာစီကေန ဖမ္းဆီးမိ ခဲ႕ပါတယ္။

ကိုဦးရဲ႕ဇနီးျဖစ္သူ အသက္၃၃နွစ္ရွိ ၀ီလင္ထရာပီလာပန္ရဲ႕အေလာင္းကို ထရန္ျမိဳ႕ ကန္တန္းခရုိင္က ေရာ္ဘာျခံမွာ ဗုဒၶဟူးေန႕က ေတြ႕ရွိခဲ႔ပါတယ္။ ကိုဦးက အဂါၤေန႕မွာ သူ႕ေယာကၡမထံ ဖုန္းဆက္ျပီး သူ႕သမီးကို သတ္မိတာနဲ႕ပတ္သက္ျပီး ေတာင္းပန္ခဲ့ကာ အေလာင္းပစ္ထားတဲ႕ေနရာကိုေျပာျပခဲ႕ပါတယ္။ ရဲတပ္ဖြဲ႕က ရွာမေတြ႕ခင္နွစ္ရက္ကတညး္က အေလာင္းကိုပစ္ထားတာလုိ႕ေျပာပါတယ္။ ကိုဦးက ဇနီးျဖစ္သူကို ၾကိဳးနဲ႕လည္ပင္းညွစ္သတ္ခဲ႕ေၾကာင္း၊ သူက သူနဲ႕ကြာျပီး ကေလးနွစ္ေယာက္ရခဲ႕တဲ႕ အရင္ေယာက်္ားနဲ႕ျပန္ေပါင္းခ်င္ေၾကာင္းေျပာတာေၾကာင့္ သ၀န္တုိကာ ရန္အၾကီးအက်ယ္ျဖစ္ျပီး သတ္မိေၾကာင္း စစ္ေဆးရာမွာေျပာၾကားခဲ႔ပါတယ္။

သူ႔ကိုသတ္ျပီးအေလာင္းကိုေစာင္နဲ႕ထုပ္ထားျပီး သူ႕သူငယ္ခ်င္းကို သူ႕အိမ္မွာ အရက္ေသာက္ဖို႕ ေခၚျပီး အေလာင္းကို အမိႈက္ပုံးတစ္ပုံးမွာထည့္ကာ အေလာင္းေတြ႕ခဲ႕ရာ ေရာ္ဘာျခံထဲမွာ သြားပစ္ဖို႕ သူငယ္ခ်င္းကို အကူအညီေတာင္းခဲ႕ေၾကာင္း ေျပာပါတယ္။အစပိုင္းမွာ သူ႔ရဲ႕လည္ျမိဳမွာ ဓားဒဏ္ရာေတြ႕ခဲ႕ေၾကာင္းမွတ္တမ္းရွိေပမဲ႕ သူကေတာ့ ၾကိဳးနဲ႔ပဲ လည္ညွစ္သတ္ခဲ႕တယ္လုိ႕သာ ၀န္ခံေျပာၾကားခဲ႕ပါတယ္။ လူသတ္မႈကို ျပန္လည္သရုပ္ျပခိုင္းျပီးတဲ့ေနာက္ သူတို႔နွစ္ေယာက္ကို ရမန္ယူႏိုင္ဖို႔ ထရန္ျပည္နယ္တရားရုံးကို ရဲေတြက ေခၚေဆာင္သြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kumudra
#Unicode Version#
အရင်ယောကျ်ားဟောင်းနဲ့ပြန်ပေါင်းချင်တာကြောင့် သူ့ကိုကွာရှင်းချင်တဲ့ထိုင်းဇနီးသည်ကို သဝန်တိုစိတ်နဲ့ သတ်ပြီး ထရန်မြို့က ရော်ဘာခြံမှာသွားစွန့်ပစ်ခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ မြန်မာ အမျိုးသား ကို လူသတ်မှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းအရ သိရပါတယ်။ ထရန်မြို့၊ ကန်တန်းခရိုင်က လူသတ်မှုနဲ့ပတ်သက်ပြီး အဓိကတရားခံလို့ သံသယရှိတဲ့ ကိုဦးနဲ့ မြန်မာသူငယ်ချင်း ကိုမင်းဦးတို့ကို လူသတ်မှုမှာ ပူးပေါင်းပါဝင်မှု၊ အလောင်းဖျောက်မှုတို့နဲ့ ကြာသပတေးနေ့က တစ်နေရာစီကနေ ဖမ်းဆီးမိ ခဲ့ပါတယ်။

ကိုဦးရဲ့ဇနီးဖြစ်သူ အသက်၃၃နှစ်ရှိ ဝီလင်ထရာပီလာပန်ရဲ့အလောင်းကို ထရန်မြို့ ကန်တန်းခရိုင်က ရော်ဘာခြံမှာ ဗုဒ္ဓဟူးနေ့က တွေ့ရှိခဲ့ပါတယ်။ ကိုဦးက အဂါၤနေ့မှာ သူ့ယောက္ခမထံ ဖုန်းဆက်ပြီး သူ့သမီးကို သတ်မိတာနဲ့ပတ်သက်ပြီး တောင်းပန်ခဲ့ကာ အလောင်းပစ်ထားတဲ့နေရာကိုပြောပြခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ရှာမတွေ့ခင်နှစ်ရက်ကတည်းက အလောင်းကိုပစ်ထားတာလို့ပြောပါတယ်။ ကိုဦးက ဇနီးဖြစ်သူကို ကြိုးနဲ့လည်ပင်းညှစ်သတ်ခဲ့ကြောင်း၊ သူက သူနဲ့ကွာပြီး ကလေးနှစ်ယောက်ရခဲ့တဲ့ အရင်ယောကျ်ားနဲ့ပြန်ပေါင်းချင်ကြောင်းပြောတာကြောင့် သဝန်တိုကာ ရန်အကြီးအကျယ်ဖြစ်ပြီး သတ်မိကြောင်း စစ်ဆေးရာမှာပြောကြားခဲ့ပါတယ်။

သူ့ကိုသတ်ပြီးအလောင်းကိုစောင်နဲ့ထုပ်ထားပြီး သူ့သူငယ်ချင်းကို သူ့အိမ်မှာ အရက်သောက်ဖို့ ခေါ်ပြီး အလောင်းကို အမှိုက်ပုံးတစ်ပုံးမှာထည့်ကာ အလောင်းတွေ့ခဲ့ရာ ရော်ဘာခြံထဲမှာ သွားပစ်ဖို့ သူငယ်ချင်းကို အကူအညီတောင်းခဲ့ကြောင်း ပြောပါတယ်။အစပိုင်းမှာ သူ့ရဲ့လည်မြိုမှာ ဓားဒဏ်ရာတွေ့ခဲ့ကြောင်းမှတ်တမ်းရှိပေမဲ့ သူကတော့ ကြိုးနဲ့ပဲ လည်ညှစ်သတ်ခဲ့တယ်လို့သာ ဝန်ခံပြောကြားခဲ့ပါတယ်။ လူသတ်မှုကို ပြန်လည်သရုပ်ပြခိုင်းပြီးတဲ့နောက် သူတို့နှစ်ယောက်ကို ရမန်ယူနိုင်ဖို့ ထရန်ပြည်နယ်တရားရုံးကို ရဲတွေက ခေါ်ဆောင်သွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Kumudra
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top