ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အမ်ိဳးသားရင္ၾကားေစ့ ေရးကို ထိခိုက္ေစႏုိင္ေသာ အသံုး အႏႈန္းမ်ား ေဖ့စ္ဘြတ္ခ္တြင္ ေရးသားလႊင့္တင္ခဲ့ျခင္းအပါအဝင္ ပါတီကုိ ဆန္႔က်င္ေဝဖန္သူမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္သည္ဟုဆို ကာ ဘိုကေလးၿမိဳ႕နယ္ အမ်ိဳးသား ဒီမုိကေရစီအဖြဲ႕ခ်ဳပ္ဥကၠ႒ ဦးေအာင္ျမင့္ကို ပါတီတာဝန္မွ တစ္ႏွစ္ရပ္ဆုိင္းခဲ့သည္။

ဧရာဝတီတိုင္းေဒသႀကီး အ မ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ပါတီ စည္းကမ္းထိန္းသိမ္းေရးအဖြဲ႕ ဆံုး ျဖတ္ခ်က္အရ ထုိသို႔ အေရးယူျခင္းျဖစ္ေၾကာင္း ဒီခ်ဳပ္ဗဟိုအ လုပ္အမႈေဆာင္ေကာ္မတီဝင္ႏွင့္ ဧရာဝတီတိုင္းေဒသႀကီး ပါတီ ဥကၠ႒ ေဒါက္တာမ်ိဳးၫြန္႔က ေျပာ သည္။

‘‘ကြၽန္ေတာ္ေတြ႕တာေတာ့ ပါတီကို ေဝဖန္တဲ့၊ ပါတီကို ဆန္႔ က်င္တဲ့သူေတြကို ပါတီ႐ံုးမွာေခၚ ၿပီး ဧည့္ခံတဲ့ကိစၥလို႔ေတာ့ ေတြ႕ပါ တယ္။ အရင္တုိင္ထားတာေတြ လည္း ရွိေသးတယ္။ အယူခံဝင္ ခ်င္တယ္ဆိုရင္ ဗဟိုအလုပ္အမႈ ေဆာင္အဖြဲ႕ကို ဝင္လို႔ရပါတယ္’’ ဟု ၎က ေျပာသည္။

အေရးယူမႈႏွင့္ပတ္သက္၍ ၿမိဳ႕နယ္ပါတီ ဒုတိယဥကၠ႒မွ တစ္ ဆင့္ သိရွိထားေသာ္လည္း တရား ဝင္အသိေပးစာ မရရွိေသးေၾကာင္း အေရးယူခံရသူ ဦးေအာင္ျမင့္က ေျပာသည္။

ေဖ့စ္ဘြတ္ခ္တြင္ တပ္မ ေတာ္ကို ေဝဖန္သည့္ စာသားမ်ား ေရးသားခဲ့ျခင္း၊ ဗကသေက်ာင္း သားေခါင္းေဆာင္ေဟာင္း ေက်ာ္ ကိုကိုကို ၿမိဳ႕နယ္ပါတီ႐ံုး၌ ညအိပ္ လက္ခံျခင္းႏွင့္ ရန္ကုန္တိုင္းလႊတ္ ေတာ္အမတ္ေဟာင္း ေဒါက္တာ ညိဳညိဳသင္းႏွင့္အဖြဲ႕ကို ပါတီ႐ံုး၌ ဧည့္ခံေတြ႕ဆံုျခင္း စသည္တို႔ ေၾကာင့္ ပါတီဗဟိုသို႔ တိုင္ၾကား ခံထားရၿပီး ယင္းကိစၥမ်ားေၾကာင့္ ပင္ အေရးယူခံရျခင္း ျဖစ္ႏိုင္ ေၾကာင္း ၎က ေျပာသည္။

အေရးယူမႈႏွင့္ပတ္သက္၍ အယူခံခြင့္ရွိေသာ္လည္း အယူခံ ဝင္မည္မဟုတ္ေၾကာင္း  ဦး ေအာင္ျမင့္က ဆိုသည္။

‘‘ကြၽန္ေတာ္က အယူခံတင္ မွာ မဟုတ္ဘူး။ ေျဖရွင္းခ်က္ေတာ့ ထုတ္မယ္။ ၿပီးရင္ ပါတီက တစ္ခါ တည္း ထြက္ေတာ့မယ္’’ဟု ၎ကေျပာသည္။ ဦးေအာင္ျမင့္သည္ ၁၉၉၀ အေထြေထြေရြးေကာက္ပြဲ မတိုင္မီက ဒီခ်ဳပ္သို႔ စတင္ဝင္ေရာက္ခဲ့ၿပီး ၂၀၀၅ ကလည္း ပါတီတာဝန္မ်ားမွ ခုနစ္ႏွစ္ၾကာ ရပ္ ဆုိင္းခံရဖူးသည္။

သို႔ေသာ္ ၂၀၁၃ တြင္ က်င္းပ သည့္ ဒီခ်ဳပ္ႏုိင္ငံလံုးဆိုင္ရာ ညီ လာခံ၌     ဘုိကေလးၿမိဳ႕နယ္ ကိုယ္စားလွယ္အျဖစ္ ျပန္လည္ ေရြးခ်ယ္ခံရၿပီး ၂၀၁၆ တြင္ ၿမိဳ႕ နယ္ပါတီဥကၠ႒အျဖစ္ စတင္တာ ဝန္ယူခဲ့သည္။ ပါတီတာဝန္မ်ားရပ္ဆုိင္းသည့္ အေရးယူမႈကို ခံရၿပီးေနာက္ ပါတီမွ ႏုတ္ထြက္ျခင္းကိုယခင္က   ဒီခ်ဳပ္ပါတီဝင္ မအူ ပင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိန္ဝင္းလည္းလုပ္ေဆာင္ခဲ့သည္။ ဦးစိန္ဝင္းသည္ ပါတီ တာဝန္မ်ား ရပ္ဆုိင္းခံရၿပီးေနာက္ ပါတီဝင္အျဖစ္မွ ႏုတ္ထြက္ကာ လက္ရွိတြင္ တစ္သီးပုဂၢလ လႊတ္ေတာ္အမတ္အျဖစ္ ရပ္တည္ေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
အမျိုးသားရင်ကြားစေ့ ရေးကို ထိခိုက်စေနိုင်သော အသုံး အနှုန်းများ ဖေ့စ်ဘွတ်ခ်တွင် ရေးသားလွှင့်တင်ခဲ့ခြင်းအပါအဝင် ပါတီကို ဆန့်ကျင်ဝေဖန်သူများနှင့် ပူးပေါင်းဆောင်ရွက်သည်ဟုဆို ကာ ဘိုကလေးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်မြင့်ကို ပါတီတာဝန်မှ တစ်နှစ်ရပ်ဆိုင်းခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဆုံး ဖြတ်ချက်အရ ထိုသို့ အရေးယူခြင်းဖြစ်ကြောင်း ဒီချုပ်ဗဟိုအ လုပ်အမှုဆောင်ကော်မတီဝင်နှင့် ဧရာဝတီတိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က ပြော သည်။

‘‘ကျွန်တော်တွေ့တာတော့ ပါတီကို ဝေဖန်တဲ့၊ ပါတီကို ဆန့် ကျင်တဲ့သူတွေကို ပါတီရုံးမှာခေါ် ပြီး ဧည့်ခံတဲ့ကိစ္စလို့တော့ တွေ့ပါ တယ်။ အရင်တိုင်ထားတာတွေ လည်း ရှိသေးတယ်။ အယူခံဝင် ချင်တယ်ဆိုရင် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ကို ဝင်လို့ရပါတယ်’’ ဟု ၎င်းက ပြောသည်။

အရေးယူမှုနှင့်ပတ်သက်၍ မြို့နယ်ပါတီ ဒုတိယဥက္ကဋ္ဌမှ တစ် ဆင့် သိရှိထားသော်လည်း တရား ဝင်အသိပေးစာ မရရှိသေးကြောင်း အရေးယူခံရသူ ဦးအောင်မြင့်က ပြောသည်။

ဖေ့စ်ဘွတ်ခ်တွင် တပ်မ တော်ကို ဝေဖန်သည့် စာသားများ ရေးသားခဲ့ခြင်း၊ ဗကသကျောင်း သားခေါင်းဆောင်ဟောင်း ကျော် ကိုကိုကို မြို့နယ်ပါတီရုံး၌ ညအိပ် လက်ခံခြင်းနှင့် ရန်ကုန်တိုင်းလွှတ် တော်အမတ်ဟောင်း ဒေါက်တာ ညိုညိုသင်းနှင့်အဖွဲ့ကို ပါတီရုံး၌ ဧည့်ခံတွေ့ဆုံခြင်း စသည်တို့ ကြောင့် ပါတီဗဟိုသို့ တိုင်ကြား ခံထားရပြီး ယင်းကိစ္စများကြောင့် ပင် အရေးယူခံရခြင်း ဖြစ်နိုင် ကြောင်း ၎င်းက ပြောသည်။

အရေးယူမှုနှင့်ပတ်သက်၍ အယူခံခွင့်ရှိသော်လည်း အယူခံ ဝင်မည်မဟုတ်ကြောင်း  ဦး အောင်မြင့်က ဆိုသည်။

‘‘ကျွန်တော်က အယူခံတင် မှာ မဟုတ်ဘူး။ ဖြေရှင်းချက်တော့ ထုတ်မယ်။ ပြီးရင် ပါတီက တစ်ခါ တည်း ထွက်တော့မယ်’’ဟု ၎င်းကပြောသည်။ ဦးအောင်မြင့်သည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲ မတိုင်မီက ဒီချုပ်သို့ စတင်ဝင်ရောက်ခဲ့ပြီး ၂၀၀၅ ကလည်း ပါတီတာဝန်များမှ ခုနစ်နှစ်ကြာ ရပ် ဆိုင်းခံရဖူးသည်။

သို့သော် ၂၀၁၃ တွင် ကျင်းပ သည့် ဒီချုပ်နိုင်ငံလုံးဆိုင်ရာ ညီ လာခံ၌     ဘိုကလေးမြို့နယ် ကိုယ်စားလှယ်အဖြစ် ပြန်လည် ရွေးချယ်ခံရပြီး ၂၀၁၆ တွင် မြို့ နယ်ပါတီဥက္ကဋ္ဌအဖြစ် စတင်တာ ဝန်ယူခဲ့သည်။ ပါတီတာဝန်များရပ်ဆိုင်းသည့် အရေးယူမှုကို ခံရပြီးနောက် ပါတီမှ နုတ်ထွက်ခြင်းကိုယခင်က   ဒီချုပ်ပါတီဝင် မအူ ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းလည်းလုပ်ဆောင်ခဲ့သည်။ ဦးစိန်ဝင်းသည် ပါတီ တာဝန်များ ရပ်ဆိုင်းခံရပြီးနောက် ပါတီဝင်အဖြစ်မှ နုတ်ထွက်ကာ လက်ရှိတွင် တစ်သီးပုဂ္ဂလ လွှတ်တော်အမတ်အဖြစ် ရပ်တည်နေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top