Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဖိနပ္အသစ္စီးတဲ့အခါမွာျဖစ္ျဖစ္ ဖိနပ္ႀကိဳးက်ပ္တဲ့အခါမွာျဖစ္ျဖစ္ ေျခဖမိုးကို အနာ၊ အရာေတြျဖစ္ေစပါတယ္။ နာတာမွလည္း တစ္ခါတစ္ေလ လမ္းမေလ်ွာက္ခ်င္ေလာက္ေအာင္ျဖစ္တတ္ပါတယ္။ ဒီအျပင္ ဖိနပ္ေပါက္အရာ အထင္သားနဲ႔ ဘယ္ေနရာသြားသြား အ႐ွက္တႀကီးျဖစ္ေနရတဲ့အတြက္ သဘာဝနည္းနဲ႔ ျမန္ျမန္ေပ်ာက္ေအာင္ မ်ွေဝေပးလိုက္ပါတယ္။

၁။ေရခဲတံုး

ဖိနပ္ကိုက္လို႔ စပ္က်ဥ္က်ဥ္ျဖစ္တဲ့အခါ ေရခဲတံုးကို အဝတ္သန္႔ထဲ ထည့္ၿပီး အနာေပၚအံုေပးပါ။ နာက်င္မႈကို ခ်က္ခ်င္းေပ်ာက္ကင္းေစၿပီး ဖိနပ္ေပါက္ျခင္းေၾကာင့္ ျဖစ္ေပၚလာတဲ့ ေယာင္ယမ္းျခင္းကို ေလ်ာ့နည္းေစပါတယ္။

၂။ ႐ွားေစာင္းလက္ပက္

က်န္းမာေရးေရာ အလွအပေရးရာမွာပါ အသံုးဝင္တဲ့ ႐ွားေစာင္းလက္ပက္ဟာ ဖိနပ္ကိုက္ျခင္းကိုလည္း ကုသႏိုင္စြမ္း႐ွိပါတယ္။ အနာျဖစ္တဲ့ေနရာကို ႐ွားေစာင္းလက္ပက္အႏွစ္လိမ္းေပးပါ။ ရက္ေပါင္းမ်ားစြာ အသံုးျပဳေပးလ်ွင္အမာရြတ္ပါ ေပ်ာက္ကင္းေစပါတယ္။

၃။ အက္စပရင္ ေဆးျပား (Aspirin)

ေဆးေသာက္စရာမလိုပါဘူး။ ေဆးျပားကိုေရႏွင့္ေရာကာ အႏွစ္ျဖစ္ေအာင္လုပ္ အနာေပၚလိမ္းေပးလိုက္ၿပီး ေျခာက္လာတဲ့အခါ ေရနဲ႔ေဆးခ်လိုက္ပါ။ Aspirin ထဲမွာ ေယာင္ယမ္းျခင္းကို ေပ်ာက္ကင္းေစတဲ့ အာနိသင္ပါဝင္တဲ့အတြက္ ဖိနပ္ကိုက္နာကို ကုသေပးပါတယ္။

၄။ သံလြင္ဆီႏွင့္ ဗာဒံဆီ

သံလြင္ဆီနဲ႔ ဗာဒံဆီေရာလိမ္းေပးကာ ႏွိပ္နယ္ေပးျခင္းျဖင့္ အနာကို သက္သာေစပါတယ္။

၅။ ပ်ားရည္

ဖိနပ္ကိုက္နာ ခ်က္ခ်င္းသက္သာေစဖို႔ဆိုရင္ ပ်ားရည္လိမ္းေပးပါ။

၆။ ဆန္မႈန္႔

ဆန္မႈန္႔ကလည္း ဖိနပ္ကိုက္နာအတြက္သင့္ေတာ္ပါတယ္။ ဆန္မႈန္႔ကို ေရနဲ႔ေဖ်ာ္လိမ္းၿပီ အေျခာက္ခံၿပီး ေရေႏြးနဲ႔တစ္ေန႔ ႏွစ္ခါေဆးေပးျခင္းျဖင့္ ဖိနပ္ကိုက္နာ အျပင္အမာရြတ္ပါေပ်ာက္ေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
ဖိနပ်အသစ်စီးတဲ့အခါမှာဖြစ်ဖြစ် ဖိနပ်ကြိုးကျပ်တဲ့အခါမှာဖြစ်ဖြစ် ခြေဖမိုးကို အနာ၊ အရာတွေဖြစ်စေပါတယ်။ နာတာမှလည်း တစ်ခါတစ်လေ လမ်းမလျှောက်ချင်လောက်အောင်ဖြစ်တတ်ပါတယ်။ ဒီအပြင် ဖိနပ်ပေါက်အရာ အထင်သားနဲ့ ဘယ်နေရာသွားသွား အရှက်တကြီးဖြစ်နေရတဲ့အတွက် သဘာဝနည်းနဲ့ မြန်မြန်ပျောက်အောင် မျှဝေပေးလိုက်ပါတယ်။

၁။ရေခဲတုံး

ဖိနပ်ကိုက်လို့ စပ်ကျဉ်ကျဉ်ဖြစ်တဲ့အခါ ရေခဲတုံးကို အဝတ်သန့်ထဲ ထည့်ပြီး အနာပေါ်အုံပေးပါ။ နာကျင်မှုကို ချက်ချင်းပျောက်ကင်းစေပြီး ဖိနပ်ပေါက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ယောင်ယမ်းခြင်းကို လျော့နည်းစေပါတယ်။

၂။ ရှားစောင်းလက်ပက်

ကျန်းမာရေးရော အလှအပရေးရာမှာပါ အသုံးဝင်တဲ့ ရှားစောင်းလက်ပက်ဟာ ဖိနပ်ကိုက်ခြင်းကိုလည်း ကုသနိုင်စွမ်းရှိပါတယ်။ အနာဖြစ်တဲ့နေရာကို ရှားစောင်းလက်ပက်အနှစ်လိမ်းပေးပါ။ ရက်ပေါင်းများစွာ အသုံးပြုပေးလျှင်အမာရွတ်ပါ ပျောက်ကင်းစေပါတယ်။

၃။ အက်စပရင် ဆေးပြား (Aspirin)

ဆေးသောက်စရာမလိုပါဘူး။ ဆေးပြားကိုရေနှင့်ရောကာ အနှစ်ဖြစ်အောင်လုပ် အနာပေါ်လိမ်းပေးလိုက်ပြီး ခြောက်လာတဲ့အခါ ရေနဲ့ဆေးချလိုက်ပါ။ Aspirin ထဲမှာ ယောင်ယမ်းခြင်းကို ပျောက်ကင်းစေတဲ့ အာနိသင်ပါဝင်တဲ့အတွက် ဖိနပ်ကိုက်နာကို ကုသပေးပါတယ်။

၄။ သံလွင်ဆီနှင့် ဗာဒံဆီ

သံလွင်ဆီနဲ့ ဗာဒံဆီရောလိမ်းပေးကာ နှိပ်နယ်ပေးခြင်းဖြင့် အနာကို သက်သာစေပါတယ်။

၅။ ပျားရည်

ဖိနပ်ကိုက်နာ ချက်ချင်းသက်သာစေဖို့ဆိုရင် ပျားရည်လိမ်းပေးပါ။

၆။ ဆန်မှုန့်

ဆန်မှုန့်ကလည်း ဖိနပ်ကိုက်နာအတွက်သင့်တော်ပါတယ်။ ဆန်မှုန့်ကို ရေနဲ့ဖျော်လိမ်းပြီ အခြောက်ခံပြီး ရေနွေးနဲ့တစ်နေ့ နှစ်ခါဆေးပေးခြင်းဖြင့် ဖိနပ်ကိုက်နာ အပြင်အမာရွတ်ပါပျောက်စေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top