ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဧရာဝတီတိုင္းေဒသႀကီး ငပုေတာၿမိဳ႕နယ္ တင္းေခ်ာင္းအုပ္စုရွိ ငရုတ္ေကာင္းေတာင္ေဒသတြင္ အေကာင္ေရ ၁၀ ေကာင္ထက္မနည္းပါဝင္သည့္ ေတာဆင္ရိုင္းတစ္အုပ္ဝင္ေရာက္၍ ေဒသအတြင္း လွည့္လည္သြားလာေနေၾကာင္း ေဒသခံမ်ားက ေျပာသည္။

"ေတာဆင္ရိုင္းအုပ္က မေန႔ညကတည္းက ေရာက္ေနတာ။ အနည္းဆံုး ၁၀ ေကာင္ေလာက္ရွိတယ္။ သားေပါက္ ကေလးေတြလည္း ပါတယ္။ ငရုတ္ေကာင္းမွာရွိတ့ဲ ၆၆ ေကဗီြ ဓာတ္အားခြဲရံု အေနာက္ဘက္မွာ သူတို႔ အစာရွာတာေတြ လုပ္တယ္။ အခုခ်ိန္အထိေတာ့ စိုက္ခင္းေတြ ရြာေတြ ဝင္ဖ်က္ဆီးတာ မရွိေသးဘူး"ဟု တင္းေခ်ာင္းေက်းရြာမွ ေဒသခံတဦးက ဧရာဝတီတိုင္းမ္ကို ေျပာသည္။

ဧရာဝတီတိုင္းေဒသႀကီးတြင္ မိုးရာသီကုန္ဆံုး၍ ေဆာင္းရာသီ ဝင္ေရာက္သည္ႏွင့္ ေတာဆင္ရိုင္းမ်ားမွာ ပုသိမ္ ငပုေတာႏွင့္ သာေပါင္းေဒသမ်ားသို႔ လာေရာက္အစာရွာေလ့ရွိၿပီး အဆိုပါ ဆင္ရိုင္းမ်ားကို ဆင္သတ္မုဆိုးမ်ားက ပစ္မွတ္ထား သတ္ျဖတ္ေလ့ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် တင်းချောင်းအုပ်စုရှိ ငရုတ်ကောင်းတောင်ဒေသတွင် အကောင်ရေ ၁၀ ကောင်ထက်မနည်းပါဝင်သည့် တောဆင်ရိုင်းတစ်အုပ်ဝင်ရောက်၍ ဒေသအတွင်း လှည့်လည်သွားလာနေကြောင်း ဒေသခံများက ပြောသည်။

"တောဆင်ရိုင်းအုပ်က မနေ့ညကတည်းက ရောက်နေတာ။ အနည်းဆုံး ၁၀ ကောင်လောက်ရှိတယ်။ သားပေါက် ကလေးတွေလည်း ပါတယ်။ ငရုတ်ကောင်းမှာရှိတဲ့ ၆၆ ကေဗွီ ဓာတ်အားခွဲရုံ အနောက်ဘက်မှာ သူတို့ အစာရှာတာတွေ လုပ်တယ်။ အခုချိန်အထိတော့ စိုက်ခင်းတွေ ရွာတွေ ဝင်ဖျက်ဆီးတာ မရှိသေးဘူး"ဟု တင်းချောင်းကျေးရွာမှ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် မိုးရာသီကုန်ဆုံး၍ ဆောင်းရာသီ ဝင်ရောက်သည်နှင့် တောဆင်ရိုင်းများမှာ ပုသိမ် ငပုတောနှင့် သာပေါင်းဒေသများသို့ လာရောက်အစာရှာလေ့ရှိပြီး အဆိုပါ ဆင်ရိုင်းများကို ဆင်သတ်မုဆိုးများက ပစ်မှတ်ထား သတ်ဖြတ်လေ့ရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top