Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လူတိုင္း ဝမ္းခ်ဳပ္ တာကို ခံစားဖူး ၾကပါတယ္။
ဝမ္းခ်ဳပ္တာက သင္စားတဲ့ အစားအစာ နဲ႔ ေသာက္တဲ့ေဆးေတြေၾကာင့္ျဖစ္ႏိုင္သလို ေရာဂါ တစ္ခုခု ရဲ႕ ေရွ႕ ေျပး နိမိတ္ လကၡဏာ တစ္ရပ္လည္း ျဖစ္ႏိုင္ ပါတယ္။

လူတစ္ဦးနဲ႔တစ္ဦး ဝမ္းသြားတဲ့အေလ့အက်င့္ေတြမတူညီတတ္ပါဘူး။ တခ်ဳိ႕လူေတြက ေန႔စဥ္ပံုမွန္ ဝမ္းသြား တတ္ေပမယ့္ တခ်ဳိ႕လူေတြ ကေတာ့ တစ္ရက္ျခား၊ ႏွစ္ရက္ျခားမွ တစ္ႀကိမ္သာ ဝမ္းသြားတဲ့ အေလ့အက်င့္ ရွိတတ္ပါတယ္။ သင့္မွာဘယ္လိုပဲ အမူအက်င့္ရွိေနပါေစ တစ္ပတ္ကုိသံုးႀကိမ္ထက္ နည္းၿပီး ဝမ္းသြား မွသာ ဝမ္းခ်ဳပ္တယ္လုိ႔ ကၽြမ္းက်င္သူေတြကသတ္မွတ္ပါတယ္။ ဝမ္းခ်ဳပ္လာမွ ဝမ္းႏုတ္ေဆးစားတာက ဝမ္းခ်ဳပ္ တာကို ယာယီသာ ေျဖရွင္းေပးႏိုင္ၿပီး သင့္ေတာ္မွန္ကန္တဲ့ နည္းလမ္းမဟုတ္ပါဘူး။ ဝမ္းခ်ဳပ္ တာကို ကာကြယ္ႏိုင္ေစဖို႔ မီးဖိုေခ်ာင္သံုး သီးႏွံေတြနဲ႔ ေျဖရွင္းလို႔ရတဲ့ နည္းလမ္းေတြကို ေဖာ္ျပလိုက္ ပါတယ္။

၁။ စပ်စ္သီး

က်က္ေအာင္ က်ဳိထားတဲ့ ႏြားႏို႔ ပူပူထဲကို အေစ့ထုတ္ထားတဲ့ စပ်စ္သီး ၁၀-၁၂ လံုးေလာက္ ထည့္ကာ ညအိပ္ခါနီးတိုင္း ေသာက္ၿပီး ႏြားႏို႔ထဲက စပ်စ္သီးကို ဝါးစားပါ။ ဝမ္းခ်ဳပ္တာကို ကာကြယ္ ေပးႏိုင္ပါတယ္။

၂။ သေဘာၤသီး

သေဘာၤသီးက ဝမ္းေပ်ာ့ေပ်ာ့ သြားေစဖို႔ အေကာင္းဆံုး အိမ္တြင္းေဆးနည္း တစ္မ်ဳိးလုိ႔ ေျပာရင္ မွားမယ္ မထင္ပါဘူး။

၃။ ခ်င္း (ဂ်င္း)

ခ်င္းကို အေျခာက္လွန္းၿပီး အမႈန္႔ႀကိတ္ပါ။ ေပြးကိုင္းရြက္ကိုလည္း အေျခာက္လွန္းၿပီး အမႈန္႔ႀကိတ္ပါ။ ခ်င္းေျခာက္မႈန္႔နဲ႔ ေပြးကိုင္းရြက္မႈန္႔ တို႔ကို ဆတူ ေရာထားပါ။ အိပ္ရာမဝင္ခင္ ေရေႏြးေႏြးထဲကို ေရာထားတဲ့ အမႈန္႔ ခတ္ေသာက္ပါ။ မနက္ အိပ္ရာထတဲ့အခါ ဝမ္းေပ်ာ့ေပ်ာ့ သြားပါလိမ့္မယ္။

၄။ မာလကာသီး

မာလကာသီး ၁-၂ လံုးကို အေစ့ေတြပါ စားေပးပါ။ ဝမ္းမခ်ဳပ္ေစဖို႔ အလြယ္ကူဆံုး နည္းလမ္းပါ။ မာလကာေစ့ ေတြပါ စားမယ္ဆိုရင္ ညက္ေအာင္ ေသခ်ာ ဝါးစားဖို႔ေတာ့ လိုပါတယ္။

၅။ ေဂၚဖီထုပ္

အမွ်င္ဓာတ္ မ်ားစြာပါတဲ့ ေဂၚဖီထုပ္က သင့္ကို ဝမ္းမွန္ေစပါတယ္။ ေဂၚဖီထုပ္ကို အရြက္အတိုင္း မစားခ်င္ပါက ပန္းကန္လံုး တစ္လံုးစာေလာက္ အရည္ညႇစ္ၿပီး တစ္ေန႔ ၁-၂ ႀကိမ္ ေသာက္ေပးပါ။ ဝမ္းခ်ဳပ္တာအတြက္ အေကာင္းဆံုး အိမ္သံုးေဆးပါ။

၆။ ဗာဒံေစ့ဆီ

ဗာဒံေစ့ဆီ လက္ဖက္ရည္ဇြန္း ၁-၂ ဇြန္းကို ႏြားႏို႔နဲ႔ ညအိပ္ရာမဝင္ခင္ ေသာက္ေပးပါ။ ဝမ္းမခ်ဳပ္ေအာင္ ကာကြယ္ ေပးႏိုင္ပါတယ္။

၇။ သံပရာသီး

သံပရာသီးကုိ အစိတ္ေလးမ်ား ျဖစ္ေအာင္ လွီးျဖတ္ကာ တစ္ညအိပ္ ထားၿပီးေနာက္ သံပရာစိတ္ေလးေတြ ကို အရည္ညႇစ္ပါ။ တစ္ေန႔ ၁-၂ ႀကိမ္ ေသာက္ပါ။ ဝမ္းခ်ဳပ္တာ မျဖစ္ေစဖို႔ အေထာက္အကူ ျပဳပါတယ္။

၈။ စြန္ပလြံသီး

စြန္ပလြံသီး အနည္းငယ္ကို ေရေႏြးပူပူ ထဲ ထည့္ၿပီး ေအးသြားတဲ့အထိ ထားပါ။ ေအးသြားပါက အဲဒီေရကို ေသာက္ေပးပါ။ ေရေႏြး ပူပူအစား ႏြားႏို႔ပူပူကို အသံုးျပဳလို႔လည္း ရပါတယ္။

၉။ ပန္းသီး

ပန္းသီးက ဝမ္းခ်ဳပ္ တာကုိ ကုသဖို႔ အေကာင္းဆံုး အသီးပါ။ မနက္စာ စားတဲ့အခါ ပန္းသီးပါေအာင္ ထည့္စားေပးပါ။ ဝမ္းကို ေရွာေရွာ႐ွဴ႐ွဴ သြားေစပါတယ္။

၁ဝ။ ဥသွ်စ္သီး

ဥသွ်စ္သီး စားေပးတာက ဝမ္းေပ်ာ့ေပ်ာ့ သြားေစတာေၾကာင့္ ဝမ္းခ်ဳပ္ တတ္ သူေတြ စားေပး သင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myawady News
#Unicode Version#
လူတိုင်း ဝမ်းချုပ် တာကို ခံစားဖူး ကြပါတယ်။
ဝမ်းချုပ်တာက သင်စားတဲ့ အစားအစာ နဲ့ သောက်တဲ့ဆေးတွေကြောင့်ဖြစ်နိုင်သလို ရောဂါ တစ်ခုခု ရဲ့ ရှေ့ ပြေး နိမိတ် လက္ခဏာ တစ်ရပ်လည်း ဖြစ်နိုင် ပါတယ်။

လူတစ်ဦးနဲ့တစ်ဦး ဝမ်းသွားတဲ့အလေ့အကျင့်တွေမတူညီတတ်ပါဘူး။ တချို့လူတွေက နေ့စဉ်ပုံမှန် ဝမ်းသွား တတ်ပေမယ့် တချို့လူတွေ ကတော့ တစ်ရက်ခြား၊ နှစ်ရက်ခြားမှ တစ်ကြိမ်သာ ဝမ်းသွားတဲ့ အလေ့အကျင့် ရှိတတ်ပါတယ်။ သင့်မှာဘယ်လိုပဲ အမူအကျင့်ရှိနေပါစေ တစ်ပတ်ကိုသုံးကြိမ်ထက် နည်းပြီး ဝမ်းသွား မှသာ ဝမ်းချုပ်တယ်လို့ ကျွမ်းကျင်သူတွေကသတ်မှတ်ပါတယ်။ ဝမ်းချုပ်လာမှ ဝမ်းနုတ်ဆေးစားတာက ဝမ်းချုပ် တာကို ယာယီသာ ဖြေရှင်းပေးနိုင်ပြီး သင့်တော်မှန်ကန်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ ဝမ်းချုပ် တာကို ကာကွယ်နိုင်စေဖို့ မီးဖိုချောင်သုံး သီးနှံတွေနဲ့ ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေကို ဖော်ပြလိုက် ပါတယ်။

၁။ စပျစ်သီး

ကျက်အောင် ကျိုထားတဲ့ နွားနို့ ပူပူထဲကို အစေ့ထုတ်ထားတဲ့ စပျစ်သီး ၁၀-၁၂ လုံးလောက် ထည့်ကာ ညအိပ်ခါနီးတိုင်း သောက်ပြီး နွားနို့ထဲက စပျစ်သီးကို ဝါးစားပါ။ ဝမ်းချုပ်တာကို ကာကွယ် ပေးနိုင်ပါတယ်။

၂။ သဘောၤသီး

သဘောၤသီးက ဝမ်းပျော့ပျော့ သွားစေဖို့ အကောင်းဆုံး အိမ်တွင်းဆေးနည်း တစ်မျိုးလို့ ပြောရင် မှားမယ် မထင်ပါဘူး။

၃။ ချင်း (ဂျင်း)

ချင်းကို အခြောက်လှန်းပြီး အမှုန့်ကြိတ်ပါ။ ပွေးကိုင်းရွက်ကိုလည်း အခြောက်လှန်းပြီး အမှုန့်ကြိတ်ပါ။ ချင်းခြောက်မှုန့်နဲ့ ပွေးကိုင်းရွက်မှုန့် တို့ကို ဆတူ ရောထားပါ။ အိပ်ရာမဝင်ခင် ရေနွေးနွေးထဲကို ရောထားတဲ့ အမှုန့် ခတ်သောက်ပါ။ မနက် အိပ်ရာထတဲ့အခါ ဝမ်းပျော့ပျော့ သွားပါလိမ့်မယ်။

၄။ မာလကာသီး

မာလကာသီး ၁-၂ လုံးကို အစေ့တွေပါ စားပေးပါ။ ဝမ်းမချုပ်စေဖို့ အလွယ်ကူဆုံး နည်းလမ်းပါ။ မာလကာစေ့ တွေပါ စားမယ်ဆိုရင် ညက်အောင် သေချာ ဝါးစားဖို့တော့ လိုပါတယ်။

၅။ ဂေါ်ဖီထုပ်

အမျှင်ဓာတ် များစွာပါတဲ့ ဂေါ်ဖီထုပ်က သင့်ကို ဝမ်းမှန်စေပါတယ်။ ဂေါ်ဖီထုပ်ကို အရွက်အတိုင်း မစားချင်ပါက ပန်းကန်လုံး တစ်လုံးစာလောက် အရည်ညှစ်ပြီး တစ်နေ့ ၁-၂ ကြိမ် သောက်ပေးပါ။ ဝမ်းချုပ်တာအတွက် အကောင်းဆုံး အိမ်သုံးဆေးပါ။

၆။ ဗာဒံစေ့ဆီ

ဗာဒံစေ့ဆီ လက်ဖက်ရည်ဇွန်း ၁-၂ ဇွန်းကို နွားနို့နဲ့ ညအိပ်ရာမဝင်ခင် သောက်ပေးပါ။ ဝမ်းမချုပ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

၇။ သံပရာသီး

သံပရာသီးကို အစိတ်လေးများ ဖြစ်အောင် လှီးဖြတ်ကာ တစ်ညအိပ် ထားပြီးနောက် သံပရာစိတ်လေးတွေ ကို အရည်ညှစ်ပါ။ တစ်နေ့ ၁-၂ ကြိမ် သောက်ပါ။ ဝမ်းချုပ်တာ မဖြစ်စေဖို့ အထောက်အကူ ပြုပါတယ်။

၈။ စွန်ပလွံသီး

စွန်ပလွံသီး အနည်းငယ်ကို ရေနွေးပူပူ ထဲ ထည့်ပြီး အေးသွားတဲ့အထိ ထားပါ။ အေးသွားပါက အဲဒီရေကို သောက်ပေးပါ။ ရေနွေး ပူပူအစား နွားနို့ပူပူကို အသုံးပြုလို့လည်း ရပါတယ်။

၉။ ပန်းသီး

ပန်းသီးက ဝမ်းချုပ် တာကို ကုသဖို့ အကောင်းဆုံး အသီးပါ။ မနက်စာ စားတဲ့အခါ ပန်းသီးပါအောင် ထည့်စားပေးပါ။ ဝမ်းကို ရှောရှောရှူရှူ သွားစေပါတယ်။

၁ဝ။ ဥသျှစ်သီး

ဥသျှစ်သီး စားပေးတာက ဝမ်းပျော့ပျော့ သွားစေတာကြောင့် ဝမ်းချုပ် တတ် သူတွေ စားပေး သင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Myawady News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top