ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဖားအံၿမိဳ႕နယ္ လြန္းညေတာင္ေျခရွိ ေက်ာက္မိုင္းထုတ္လုပ္သည့္ ေနရာကုိ သြားေရာက္ၾကည့္ရႈခဲ့သည့္ ေဒသခံေက်းရြာ လူငယ္ ေခါင္းေဆာင္မ်ားကို ႏိုဝင္ဘာလ ၁၅ ရက္ေန႔က အမည္မသိ ေသနတ္သမားမ်ား၏ ပစ္ခတ္ၿခိမ္းေျခာက္ခံရမႈ ျဖစ္ပြားခဲ့သည္ဟု ၿခိမ္းေျခာက္ခံရသူမ်ားဘက္က ေကအုိင္စီသုိ႔ ေျပာသည္။

လမ္းခင္းေက်ာက္ထုတ္လုပ္သည့္ ေက်ာက္မိုင္းတြင္းမ်ားစြာရွိသည့္ လြန္းညေတာင္ေျခတြင္ ေဒသခံေက်းရြာလူငယ္ေခါင္း ေဆာင္ႏွင့္ ဘုန္းႀကီးေက်ာင္း ဒါယကာအပါအဝင္ ၁၃ ဦးက ေက်ာက္မိုင္းတြင္း အေျခအေနကို သြားေရာက္ၾကည့္ရွႈခဲ့စဥ္ ယခုလို ပစ္ခတ္ၿခိမ္းေျခာက္ခံရျခင္း ျဖစ္သည္ဟု လြန္းညေက်းရြာ လူငယ္ဥကၠဌ ေစာခိုက္ခိုက္က ယခုလိုေျပာသည္။

“က်ေနာ္တို႔ေတာင္ကို တူးလိုက္တာ ေတာ္ေတာ္ကုန္သြားၿပီး။ ရြာအုပ္ခ်ဳပ္ေရးမႉးဆီမွာ ခြင့္ေတာင္းၿပီး က်ေနာ္တို႔ေတြ ေက်ာက္မိုင္းအေျခအေနသြားၾကည့္တာ ျပန္ခါနီးမွာ ကားအျဖဴတစ္စီးက ၾကမ္းၾကမ္းနဲ႔ ကားေမာင္းလာၿပီး ကားထဲမွာဘဲ က်ေနာ္တို႔ကို ေသနတ္နဲ႔ ျဖတ္ၿပီးပစ္တာ ၁၀ ခ်က္ေက်ာ္တယ္။ ေနာက္မ သြားရဲေအာင္ အထက္စီးၿပီး ေဒသခံေၾကာက္ သြားေအာင္ ေသနတ္နဲ႔ၿခိမ္းေျခာက္တာ။ လက္နက္ကိုင္ေနာက္ခံနဲ႔ က်ေနာ္တို႔ကိုၿခိမ္းေျခာက္တယ္။ ေလာေလာဆယ္ က်ေနာ္တုိ႔ ဘာဆက္လုပ္မလဲေတာ့ မသိေသးဘူး။”ဟု ၎က ေျပာသည္။

အဆိုပါ ေတာင္တြင္ ေက်ာက္မိုင္းတြင္းေပါင္း ၂၀ ေက်ာ္ရွိၿပီး ေက်ာက္မိုင္းထုတ္လုပ္သူမ်ားအား ေဒသခံမ်ားက ဒီဇင္ဘာလ အထိသာ ထုတ္လုပ္ခြင့္ ေပးထားေတာ့သည္ျဖစ္သည့္အတြက္ ေက်ာက္ထုတ္သည့္အေျခအေနမ်ားကို မွတ္တမ္းယူႏိုင္ရန္ ေက်းရြာလူငယ္မ်ားက ကြင္းဆင္း ေလ့လာျခင္းလည္း ျဖစ္သည္ဟု ဆုိသည္။

လြန္းညေတာင္ အေနာက္ဘက္ျခမ္းတြင္ ေဒသခံရြာသားမ်ား လုပ္ကုိင္ေနသည့္ ေက်ာက္မိုင္းတြင္း ၁၁ တြင္း၊ အေရွ႕ဘက္ျခမ္းတြင္ အျပင္လူမွ လာေရာက္လုပ္သည့္ ေက်ာက္မိုင္းတြင္း ၁၂ တြင္း ရွိကာ အခ်ိဳ႕ေက်ာက္မိုင္းတြင္းမ်ားမွာ လုပ္ငန္းရပ္လိုက္ၿပီးျဖစ္ေသာ္လည္း အခ်ဳိ႕မွာ ဆက္လက္ေနဆဲရွိသည္ဟုလည္း လူငယ္ေခါင္းေဆာင္ ေစာခုိက္ခုိက္က ျဖည့္စြက္ေျပာသည္။

ထုိ႔အျပင္ လတ္တေလာတြင္ ၎ေတာင္ေျခရွိ ေက်ာက္မိုင္းထုတ္လုပ္ရာေနရာတြင္ လက္နက္ကိုင္အဖြဲ႔မ်ားက ဝင္ထြက္မႈရွိ လာၿပီး အျခားေဒသရွိ ေက်ာက္ထုတ္လုပ္သည့္ အလုပ္သမားမ်ားစြာရွိသည့္အျပင္ ျမန္မာစကား မေျပာတတ္သည့္ တ႐ုတ္ လူမ်ိဳးမ်ားလည္း ဝင္ထြက္လ်က္ရွိလာသည့္အေပၚ ေဒသခံအတြက္ ၿခိမ္းေျခာက္မွႈမ်ားရွိလာႏုိင္သည္ဟု လြန္းည ေဒသခံမ်ားက ေျပာသည္။

လြန္းညေက်းရြာ အုပ္ခ်ဳပ္ေရးမႉး ေစာဖိုးတူးတူး(ေစာေအာင္ဝင္းေရႊ)က “လူငယ္အဖြဲ႔ ေတြက ေတာင္ေျခ သြားမယ္လို႔ အဲလို ဘဲက်ေနာ့္ ကိုလာေျပာတယ္။ သူတို႔ကို သူမ်ားပစ္တဲ့ေနရာကလည္း က်ေနာ္တို႔ ရြာဘက္ မဟုတ္ဘူး။ လြန္းညေတာင္ေျခ ေတာ့ဟုတ္တယ္။ ေက်ာက္လုပ္သူနဲ႔ လက္နက္ကိုင္နဲ႔ ဘယ္လို ပတ္သက္ၿပီး သူတို႔ကို ပစ္တာေတာ့မသိဘူး။ အရင္ ေက်ာက္တြင္းေတြက ပိတ္ေတာ့မွာ အသစ္က အခုမွ ကရင္လက္နက္ ကိုင္ ၄ ဖြဲ႔ ေပါင္းၿပီး အာရွလမ္းမအတြက္ ေက်ာက္ လာထုတ္မွာ လက္နက္ကိုင္ဆိုေတာ့ က်ေနာ္တို႔ တားလို႔ အဆင္မေျပဘူး”ဟု ေကအိုင္စီသို႔ ေျပာသည္။

လြန္းညေတာင္ေျခတြင္ ယခင္ႏွင့္လက္ရွိ ေက်ာက္ထုတ္လုပ္သည့္ေက်ာက္မိုင္းတြင္းမ်ားသည္ ေက်ာက္တြင္း ၁ တြင္းကို တစ္ႏွစ္လွ်င္ က်ပ္ ၁ သိန္းမွ က်ပ္ ၂ သိန္းအထိ ေက်းရြာဖြံ႔ၿဖိဳးေရးအတြက္ ေထာက္ပံ့ေပးသည္ဟု အုပ္ခ်ဳပ္ေရးမႉးက ဆက္ေျပာသည္။

အဆိုပါ ေတာင္ကုိ အိႏၵဳ-ေကာ့ကရိတ္ ႏိုင္ငံတကာဆက္သြယ္ေရး လမ္းမႀကီးတိုးခ်ဲ႕ေဖာက္လုပ္ရာတြင္ အသံုး ျပဳရန္ ျပည္ နယ္အစိုုးရခြင့္ျပဳခ်က္ျဖင့္ ခ်စ္လင္းၿမိဳင္တိုယိုတာကုမၸဏီ လီမိတက္ မွ ၃ ႏွစ္စီမံကိန္း ေက်ာက္ ထုတ္ လုပ္ရန္ အိႏၵဳ တိုက္နယ္ သံဃာ့့နာယက အဖြဲ႔ဝင္ဆရာေတာ္မ်ားအပါအဝင္ လြန္းညေက်းရြာ အုပ္ခ်ဳပ္ေရးမႉးတို႔မွ စက္တင္ဘာလ ၂၁ရက္ေန႔တြင္ သေဘာတူလက္မွတ္ထိုးလိုက္ၿပီးဟုလည္း ေဒသခံမ်ားက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ဖားအံမြို့နယ် လွန်းညတောင်ခြေရှိ ကျောက်မိုင်းထုတ်လုပ်သည့် နေရာကို သွားရောက်ကြည့်ရှုခဲ့သည့် ဒေသခံကျေးရွာ လူငယ် ခေါင်းဆောင်များကို နိုဝင်ဘာလ ၁၅ ရက်နေ့က အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်ခြိမ်းခြောက်ခံရမှု ဖြစ်ပွားခဲ့သည်ဟု ခြိမ်းခြောက်ခံရသူများဘက်က ကေအိုင်စီသို့ ပြောသည်။

လမ်းခင်းကျောက်ထုတ်လုပ်သည့် ကျောက်မိုင်းတွင်းများစွာရှိသည့် လွန်းညတောင်ခြေတွင် ဒေသခံကျေးရွာလူငယ်ခေါင်း ဆောင်နှင့် ဘုန်းကြီးကျောင်း ဒါယကာအပါအဝင် ၁၃ ဦးက ကျောက်မိုင်းတွင်း အခြေအနေကို သွားရောက်ကြည့်ရှှုခဲ့စဉ် ယခုလို ပစ်ခတ်ခြိမ်းခြောက်ခံရခြင်း ဖြစ်သည်ဟု လွန်းညကျေးရွာ လူငယ်ဥက္ကဌ စောခိုက်ခိုက်က ယခုလိုပြောသည်။

“ကျနော်တို့တောင်ကို တူးလိုက်တာ တော်တော်ကုန်သွားပြီး။ ရွာအုပ်ချုပ်ရေးမှူးဆီမှာ ခွင့်တောင်းပြီး ကျနော်တို့တွေ ကျောက်မိုင်းအခြေအနေသွားကြည့်တာ ပြန်ခါနီးမှာ ကားအဖြူတစ်စီးက ကြမ်းကြမ်းနဲ့ ကားမောင်းလာပြီး ကားထဲမှာဘဲ ကျနော်တို့ကို သေနတ်နဲ့ ဖြတ်ပြီးပစ်တာ ၁၀ ချက်ကျော်တယ်။ နောက်မ သွားရဲအောင် အထက်စီးပြီး ဒေသခံကြောက် သွားအောင် သေနတ်နဲ့ခြိမ်းခြောက်တာ။ လက်နက်ကိုင်နောက်ခံနဲ့ ကျနော်တို့ကိုခြိမ်းခြောက်တယ်။ လောလောဆယ် ကျနော်တို့ ဘာဆက်လုပ်မလဲတော့ မသိသေးဘူး။”ဟု ၎င်းက ပြောသည်။

အဆိုပါ တောင်တွင် ကျောက်မိုင်းတွင်းပေါင်း ၂၀ ကျော်ရှိပြီး ကျောက်မိုင်းထုတ်လုပ်သူများအား ဒေသခံများက ဒီဇင်ဘာလ အထိသာ ထုတ်လုပ်ခွင့် ပေးထားတော့သည်ဖြစ်သည့်အတွက် ကျောက်ထုတ်သည့်အခြေအနေများကို မှတ်တမ်းယူနိုင်ရန် ကျေးရွာလူငယ်များက ကွင်းဆင်း လေ့လာခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။

လွန်းညတောင် အနောက်ဘက်ခြမ်းတွင် ဒေသခံရွာသားများ လုပ်ကိုင်နေသည့် ကျောက်မိုင်းတွင်း ၁၁ တွင်း၊ အရှေ့ဘက်ခြမ်းတွင် အပြင်လူမှ လာရောက်လုပ်သည့် ကျောက်မိုင်းတွင်း ၁၂ တွင်း ရှိကာ အချို့ကျောက်မိုင်းတွင်းများမှာ လုပ်ငန်းရပ်လိုက်ပြီးဖြစ်သော်လည်း အချို့မှာ ဆက်လက်နေဆဲရှိသည်ဟုလည်း လူငယ်ခေါင်းဆောင် စောခိုက်ခိုက်က ဖြည့်စွက်ပြောသည်။

ထို့အပြင် လတ်တလောတွင် ၎င်းတောင်ခြေရှိ ကျောက်မိုင်းထုတ်လုပ်ရာနေရာတွင် လက်နက်ကိုင်အဖွဲ့များက ဝင်ထွက်မှုရှိ လာပြီး အခြားဒေသရှိ ကျောက်ထုတ်လုပ်သည့် အလုပ်သမားများစွာရှိသည့်အပြင် မြန်မာစကား မပြောတတ်သည့် တရုတ် လူမျိုးများလည်း ဝင်ထွက်လျက်ရှိလာသည့်အပေါ် ဒေသခံအတွက် ခြိမ်းခြောက်မှှုများရှိလာနိုင်သည်ဟု လွန်းည ဒေသခံများက ပြောသည်။

လွန်းညကျေးရွာ အုပ်ချုပ်ရေးမှူး စောဖိုးတူးတူး(စောအောင်ဝင်းရွှေ)က “လူငယ်အဖွဲ့ တွေက တောင်ခြေ သွားမယ်လို့ အဲလို ဘဲကျနော့် ကိုလာပြောတယ်။ သူတို့ကို သူများပစ်တဲ့နေရာကလည်း ကျနော်တို့ ရွာဘက် မဟုတ်ဘူး။ လွန်းညတောင်ခြေ တော့ဟုတ်တယ်။ ကျောက်လုပ်သူနဲ့ လက်နက်ကိုင်နဲ့ ဘယ်လို ပတ်သက်ပြီး သူတို့ကို ပစ်တာတော့မသိဘူး။ အရင် ကျောက်တွင်းတွေက ပိတ်တော့မှာ အသစ်က အခုမှ ကရင်လက်နက် ကိုင် ၄ ဖွဲ့ ပေါင်းပြီး အာရှလမ်းမအတွက် ကျောက် လာထုတ်မှာ လက်နက်ကိုင်ဆိုတော့ ကျနော်တို့ တားလို့ အဆင်မပြေဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

လွန်းညတောင်ခြေတွင် ယခင်နှင့်လက်ရှိ ကျောက်ထုတ်လုပ်သည့်ကျောက်မိုင်းတွင်းများသည် ကျောက်တွင်း ၁ တွင်းကို တစ်နှစ်လျှင် ကျပ် ၁ သိန်းမှ ကျပ် ၂ သိန်းအထိ ကျေးရွာဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ပေးသည်ဟု အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

အဆိုပါ တောင်ကို အိန္ဒု-ကော့ကရိတ် နိုင်ငံတကာဆက်သွယ်ရေး လမ်းမကြီးတိုးချဲ့ဖောက်လုပ်ရာတွင် အသုံး ပြုရန် ပြည် နယ်အစိုုးရခွင့်ပြုချက်ဖြင့် ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီ လီမိတက် မှ ၃ နှစ်စီမံကိန်း ကျောက် ထုတ် လုပ်ရန် အိန္ဒု တိုက်နယ် သံဃာ့နာယက အဖွဲ့ဝင်ဆရာတော်များအပါအဝင် လွန်းညကျေးရွာ အုပ်ချုပ်ရေးမှူးတို့မှ စက်တင်ဘာလ ၂၁ရက်နေ့တွင် သဘောတူလက်မှတ်ထိုးလိုက်ပြီးဟုလည်း ဒေသခံများက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top