iMyanmarHouse.com - Best Property Website for Myanmar
×

ရန္ကုန္တိုင္းေဒသၾကီး၊ လိႈင္ျမိဳ႕နယ္၊ အမွတ္(၉)ရပ္ကြက္ လိႈင္သီရိအိမ္ရာ တိုက္အမွတ္(၃)က တိုက္ခန္းတစ္ခန္းမွာ ပုပ္ပြေနတဲ့အေလာင္း(၃)ေလာင္းကို ႏုိဝင္ဘာ(၁၅)ရက္ ညပိုင္းကေတြ႔ရွိခဲ့ရတယ္လို႔ လိႈင္ျမိဳ႕မရဲစခန္းက သိရပါတယ္။

အဲဒီတိုက္ခန္းကေန အပုပ္နံ႔ေတြ ထြက္ေနတယ္လို႔ ေဘးပတ္ဝန္းက်င္ရဲ႕ အေၾကာင္းၾကားခ်က္အရ စခန္းတာ၀န္ရွိသူေတြနဲ႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြ သြားေရာက္ၾကည့္ရႈရာမွာ ပုပ္ပြေနတဲ့ အေလာင္း(၃)ေလာင္းကို ေတြ႔ရတာျဖစ္တယ္လို႔ လိႈင္ျမိဳ႕မရဲစခန္းက တာဝန္က်ရဲအရာရွိ ဒုရဲအုပ္စိုးေမာ္က ေျပာပါတယ္။

 ေတြ႔ရွိရတဲ့ အေလာင္း(၃)ေလာင္းမွာ အသက္(၄၅)ႏွစ္အရြယ္ အမ်ဳိးသမီးအေလာင္းတစ္ေလာင္း၊ အျခားအမ်ဳိးသမီးငယ္အေလာင္းတစ္ေလာင္းနဲ႔ ကိုးႏွစ္အရြယ္ ကေလးအေလာင္းတစ္ေလာင္းျဖစ္ျပီး အေလာင္းေတြကို ေစာင္ေတြနဲ႔အုပ္ထားတာကို ေတြ ့ရွိရတယ္လို႔ စစ္ေဆးမႈေတြအရသိရပါတယ္။

အဲဒီအမႈျဖစ္စဥ္နဲ႔ပတ္သက္ၿပီး လိႈင္ျမိဳ႕မရဲစခန္းက စံုစမ္းစစ္ေဆးမႈေတြ ဆက္လက္ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ ဒီသတင္းကို Central News Bureauက သီဟစိုးလြင္ကေပးပို႔တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၉)ရပ်ကွက် လှိုင်သီရိအိမ်ရာ တိုက်အမှတ်(၃)က တိုက်ခန်းတစ်ခန်းမှာ ပုပ်ပွနေတဲ့အလောင်း(၃)လောင်းကို နိုဝင်ဘာ(၁၅)ရက် ညပိုင်းကတွေ့ရှိခဲ့ရတယ်လို့ လှိုင်မြို့မရဲစခန်းက သိရပါတယ်။

အဲဒီတိုက်ခန်းကနေ အပုပ်နံ့တွေ ထွက်နေတယ်လို့ ဘေးပတ်ဝန်းကျင်ရဲ့ အကြောင်းကြားချက်အရ စခန်းတာဝန်ရှိသူတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ သွားရောက်ကြည့်ရှုရာမှာ ပုပ်ပွနေတဲ့ အလောင်း(၃)လောင်းကို တွေ့ရတာဖြစ်တယ်လို့ လှိုင်မြို့မရဲစခန်းက တာဝန်ကျရဲအရာရှိ ဒုရဲအုပ်စိုးမော်က ပြောပါတယ်။

 တွေ့ရှိရတဲ့ အလောင်း(၃)လောင်းမှာ အသက်(၄၅)နှစ်အရွယ် အမျိုးသမီးအလောင်းတစ်လောင်း၊ အခြားအမျိုးသမီးငယ်အလောင်းတစ်လောင်းနဲ့ ကိုးနှစ်အရွယ် ကလေးအလောင်းတစ်လောင်းဖြစ်ပြီး အလောင်းတွေကို စောင်တွေနဲ့အုပ်ထားတာကို တွေ့ရှိရတယ်လို့ စစ်ဆေးမှုတွေအရသိရပါတယ်။

အဲဒီအမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး လှိုင်မြို့မရဲစခန်းက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို Central News Bureauက သီဟစိုးလွင်ကပေးပို့တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top