ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

စိတ္ပိုင္းဆိုင္ရာ၊ ရုပ္ပိုင္းဆိုင္ရာ ေကာင္းမြန္ဖို႔အတြက္ ေကာင္းမြန္စြာ အိပ္စက္နားယူဖို႔ လိုပါတယ္။ အထူးသျဖင့္ တစ္ေန႔ကို အိပ္ခ်ိန္ ၇ နာရီကေန ၈ နာရီၾကား ရွိဖို႔ လိုအပ္ပါတယ္။

အိပ္ေနခ်ိန္မွာ ရုပ္ပိုင္းဆိုင္ရာ ၊ စိတ္ပိုင္းဆိုင္ရာ လႈပ္ရွားမႈအတြက္ စြမ္းအင္ေတြျပန္လည္ျဖည့္တင္းေပးတာပါ။ ေနာက္တစ္ေန႔ စတင္ဖို႔အတြက္ ျပန္လည္ျပင္ဆင္တဲ့အခ်ိန္လည္းျဖစ္ပါတယ္။

ေကာင္းမြန္စြာအိပ္စက္နားယူမႈမရွိရင္

ေသြးတိုး

အိပ္ေရး မလံုေလာက္၊ ညအိပ္မေပ်ာ္တာေတြက ႏွလံုးက်န္းမာေရးကို ထိခိုက္ေစၿပီး ေသြတိုးေစပါတယ္။

တစ္ေန႔ကို ၇ နာရီေအာက္အိပ္စက္သူက အေပၚေသြး သာမန္ ၁၂၀ထက္ ေက်ာ္လြန္ေနတတ္ပါတယ္။

အစာပိုစားခ်င္

ဒါေၾကာင့္ ညအိပ္မေပ်ာ္တာနဲ႔ကိုယ္အေလးခ်ိန္ တက္တာက ဆက္စပ္မႈ ရွိေနတာပါ။ ေကာင္းမြန္စြာမအိပ္ထားသူမွာ Leptin ဆိုတဲ့ဓာတ္က ျမင့္တက္ေနပါတယ္။ အဲ့ဒီ ဓာတ္က အစာပိုစားခ်င္စိတ္ကို ျဖစ္ေစပါတယ္။

အားအင္ေတြ ေလ်ာ့က်ႏုိင္

ေကာင္းမြန္စြာ မအိပ္စက္ထားရင္ ဇီ၀ကမၼျဖစ္စဥ္ကို တိုက္ရိုက္ ထိခိုက္ပါတယ္။ အိပ္ေရး ပ်က္ထားရင္ ေနာက္ေန႔မွာ ခြန္အားအျပည့္နဲ႔အလုပ္မလုပ္ႏိုင္ပါဘူး။

ညအိပ္ပ်က္တာမ်ားတဲ့သူရဲ႕ ခႏၶာကိုယ္မွာ အဆီဓာတ္နဲ႔ ကယ္လိုရီေတြ ပိုမ်ားတတ္ပါတယ္။ အိပ္ေရးပ်က္တာေၾကာင့္ အစားစားခ်င္စိတ္ေတြပိုျဖစ္၊ စားသမွ် အစားအစာေတြက အဆီေတြနဲ႔ကယ္လိုရီေတြ ပိုတက္တာေၾကာင့္ ကိုယ္အေလးခ်ိန္ေတြအမ်ားႀကီး တက္လာတတ္ပါတယ္။

အာရုံစိုက္ရခက္ျခင္း

ညအိပ္ေရးပ်က္ထားရင္ အာရုံစိုက္ရခက္ပါတယ္။ ဒါေၾကာင့္ ေနာက္တစ္ေန႔ရဲ႕ လုပ္ေဆာင္ႏိုင္မႈေတြ က်ဆင္းပါတယ္။ အားနည္းေနတာေၾကာင့္ ေသခ်ာ အာရုံစိုက္ႏိုင္ဖို႔ ခက္ခဲပါတယ္။

ကိုယ္ခံအားစနစ္ ေလ်ာ့က်ျခင္း

ည ေကာင္းေကာင္း မအိပ္ထားရင္ ကိုယ္ခံစနစ္ေတြ က်ဆင္းပါတယ္။ ဒါေတြက ခႏၶာကိုယ္ထဲကို ေရာဂါပိုးေတြ အလြယ္တကူ ၀င္ေရာက္နုိင္ပါတယ္။

ကိုယ္ခံစနစ္အားနည္းရင္ ဗားရက္စ္၊ ဘက္တီးရီးယား၊ မႈိေတြကို အလြယ္တကူ ၀င္ေရာက္ႏိုင္ပါတယ္။

စိိတ္ဖိစီးမႈ

အိပ္ေရးပ်က္ရင္ စိတ္ၾကည္လင္ ေပ်ာ္ရႊင္ေစတဲ့ Serotonin ဆိုတဲ့ဓာတ္ေတြ ေလ်ာ့က်ၿပီး စိတ္ဖိစီးမႈကို မ်ားေစတဲ့ Adrenaline ဆိုတဲ့ဓာတ္ေတြ တိုးေစပါတယ္။

ၾကြက္သားေတြ အားနည္းျခင္း

အိပ္စက္ အနားယူခ်ိန္မွာ ၾကြက္သားေတြကလည္း အနားယူရၿပီး ေနာက္တစ္ေန႔ စတင္ဖို႔ အားယူရတာျဖစ္ပါတယ္။

အိပ္စက္တဲ့အခ်ိန္မွာ ႀကီးထြားေစတဲ့ ေဟာ္မႈန္းဓာတ္ေတြလႊတ္တာျဖစ္ၿပီး ဒါေတြက ၾကြက္သားေတြရဲ႕ ဖြဲ႔စည္း၊ ႀကီးထြားမႈကို သက္ေရာက္ပါတယ္။ ေသခ်ာမအိပ္ထားရင္ ၾကြက္သားေတြပိုၿပီး အားနည္းၿပီး အလြယ္တကူ ပင္ပန္းႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyFood
#Unicode Version#
စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်ဖို့အတွက် ကောင်းမွန်စွာ အိပ်စက်နားယူဖို့ လိုပါတယ်။ အထူးသဖြင့် တစ်နေ့ကို အိပ်ချိန် ၇ နာရီကနေ ၈ နာရီကြား ရှိဖို့ လိုအပ်ပါတယ်။

အိပ်နေချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုအတွက် စွမ်းအင်တွေပြန်လည်ဖြည့်တင်းပေးတာပါ။ နောက်တစ်နေ့ စတင်ဖို့အတွက် ပြန်လည်ပြင်ဆင်တဲ့အချိန်လည်းဖြစ်ပါတယ်။

ကောင်းမွန်စွာအိပ်စက်နားယူမှုမရှိရင်

သွေးတိုး

အိပ်ရေး မလုံလောက်၊ ညအိပ်မပျော်တာတွေက နှလုံးကျန်းမာရေးကို ထိခိုက်စေပြီး သွေတိုးစေပါတယ်။

တစ်နေ့ကို ၇ နာရီအောက်အိပ်စက်သူက အပေါ်သွေး သာမန် ၁၂၀ထက် ကျော်လွန်နေတတ်ပါတယ်။

အစာပိုစားချင်

ဒါကြောင့် ညအိပ်မပျော်တာနဲ့ကိုယ်အလေးချိန် တက်တာက ဆက်စပ်မှု ရှိနေတာပါ။ ကောင်းမွန်စွာမအိပ်ထားသူမှာ Leptin ဆိုတဲ့ဓာတ်က မြင့်တက်နေပါတယ်။ အဲ့ဒီ ဓာတ်က အစာပိုစားချင်စိတ်ကို ဖြစ်စေပါတယ်။

အားအင်တွေ လျော့ကျနိုင်

ကောင်းမွန်စွာ မအိပ်စက်ထားရင် ဇီဝကမ္မဖြစ်စဉ်ကို တိုက်ရိုက် ထိခိုက်ပါတယ်။ အိပ်ရေး ပျက်ထားရင် နောက်နေ့မှာ ခွန်အားအပြည့်နဲ့အလုပ်မလုပ်နိုင်ပါဘူး။

ညအိပ်ပျက်တာများတဲ့သူရဲ့ ခန္ဓာကိုယ်မှာ အဆီဓာတ်နဲ့ ကယ်လိုရီတွေ ပိုများတတ်ပါတယ်။ အိပ်ရေးပျက်တာကြောင့် အစားစားချင်စိတ်တွေပိုဖြစ်၊ စားသမျှ အစားအစာတွေက အဆီတွေနဲ့ကယ်လိုရီတွေ ပိုတက်တာကြောင့် ကိုယ်အလေးချိန်တွေအများကြီး တက်လာတတ်ပါတယ်။

အာရုံစိုက်ရခက်ခြင်း

ညအိပ်ရေးပျက်ထားရင် အာရုံစိုက်ရခက်ပါတယ်။ ဒါကြောင့် နောက်တစ်နေ့ရဲ့ လုပ်ဆောင်နိုင်မှုတွေ ကျဆင်းပါတယ်။ အားနည်းနေတာကြောင့် သေချာ အာရုံစိုက်နိုင်ဖို့ ခက်ခဲပါတယ်။

ကိုယ်ခံအားစနစ် လျော့ကျခြင်း

ည ကောင်းကောင်း မအိပ်ထားရင် ကိုယ်ခံစနစ်တွေ ကျဆင်းပါတယ်။ ဒါတွေက ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။

ကိုယ်ခံစနစ်အားနည်းရင် ဗားရက်စ်၊ ဘက်တီးရီးယား၊ မှိုတွေကို အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။

စိတ်ဖိစီးမှု

အိပ်ရေးပျက်ရင် စိတ်ကြည်လင် ပျော်ရွှင်စေတဲ့ Serotonin ဆိုတဲ့ဓာတ်တွေ လျော့ကျပြီး စိတ်ဖိစီးမှုကို များစေတဲ့ Adrenaline ဆိုတဲ့ဓာတ်တွေ တိုးစေပါတယ်။

ကြွက်သားတွေ အားနည်းခြင်း

အိပ်စက် အနားယူချိန်မှာ ကြွက်သားတွေကလည်း အနားယူရပြီး နောက်တစ်နေ့ စတင်ဖို့ အားယူရတာဖြစ်ပါတယ်။

အိပ်စက်တဲ့အချိန်မှာ ကြီးထွားစေတဲ့ ဟော်မှုန်းဓာတ်တွေလွှတ်တာဖြစ်ပြီး ဒါတွေက ကြွက်သားတွေရဲ့ ဖွဲ့စည်း၊ ကြီးထွားမှုကို သက်ရောက်ပါတယ်။ သေချာမအိပ်ထားရင် ကြွက်သားတွေပိုပြီး အားနည်းပြီး အလွယ်တကူ ပင်ပန်းနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyFood
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top