ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

တစ္ခါတုန္းက မိန္းကေလးတစ္ေယာက္ရွိပါသတဲ့။

သူဟာ အိမ္ေထာင္က်တဲ့အခါ ေယာင္ေနာက္ဆံထုံးပါ လင္ေယာက္်ားရွိရာလိုက္ေနရတာေပါ့။ လင္ေယာက္်ားကို ခ်စ္လို႔သာလိုက္ေနရတာ ေယာကၡမနဲ႔ေတာ့ အဆင္ေျပပါဘူး။

မ်ားမၾကာမီမွာပဲ မိန္းကေလးဟာသူ႔ေယာကၡမႀကီးနဲ႔ ေရရွည္စခန္း သြားလို႔ျဖစ္မွာ မဟုတ္ဘူးဆိုတာ သေဘာေပါက္လာတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ စိတ္သေဘာထားခ်င္းက အလြန္ကြာျခားေန ပါတယ္။ ေခြၽးမလုပ္သူက ေယာကၡမရဲ႕ လုပ္ရပ္ေတြကို မႀကိဳက္သလို ေယာကၡမကလည္း ေခြၽးမကို တစ္စက္မွ ၾကည့္မရျဖစ္ေနပါေတာ့တာေပါ့။

သူတို႔ႏွစ္ေယာက္က အၿမဲတက်က္က်က္ျဖစ္ေနေတာ့ မိန္းကေလးရဲ႕ ခင္ပြန္းျဖစ္တဲ့ ေကာင္ေလးကလည္း အေတာ္စိတ္ဆင္းရဲေနရပါတယ္။

ေခြၽးမျဖစ္သူဟာ ေယာကၡမရဲ႕ ဖိႏွိပ္မႈဒဏ္ကို ဘယ္လိုမွ သည္းမခံႏိုင္ေတာ့တဲ့အဆုံးမွာေတာ့ ဆုံးျဖတ္ခ်က္တစ္ခုကို ခိုင္ခိုင္မာမာ ခ်လိုက္ပါတယ္။ ဒါေၾကာင့္ သူ႔အေဖရဲ႕သူငယ္ခ်င္း တစ္ေယာက္ဆီ သြားၿပီး အကူအညီ ေတာင္းပါတယ္။ အဲဒီသူကေတာ့ ေဈးထဲမွာ ပရေဆးေရာင္းတဲ့သူပါ။ မိန္းကေလးဟာ သူ႔နဲ႔ သူ႔ေယာကၡမရဲ႕ အေျခအေန အေၾကာင္းစုံကို ရွင္းျပပါတယ္။ ၿပီးေတာ့ဒီလိုေျပာတယ္။

ဒါ့ေၾကာင့္ ဦးေလးမွာ အဆိပ္ျဖစ္ေစတဲ့ ေဆးတစ္မ်ိဳးမ်ိဳးမ်ားမရွိဘူးလား စားတဲ့သူ မရိပ္မိေစတဲ့ဟာမ်ိဳးေပါ့ ဒါဆိုတစ္ခါတည္း ဒီမိန္းမႀကီးေသၿပီး ျပႆ

နာေတြအကုန္ေအးေရာ ဆိုေတာ့

ဟိုလူႀကီးက တစ္ခ်က္စဥ္းစားလိုက္ၿပီး ျပန္ေျပာတယ္

ေအးဟ ငါ့မွာ အဆိပ္တစ္မ်ိဳးေတာ့ရွိတယ္ ဒါေပမယ့္ နင္ ငါေျပာတဲ့အတိုင္း အတိအက်လိုက္နာဖို႔ ေတာ့လိုမယ္ တျခားဘယ္သူမွ ရိပ္မိလို႔လည္းမျဖစ္ဘူး ငါေျပာတဲ့အတိုင္းနင္မလိုက္နာရင္ နင္ေရာငါပါ ျပႆနာအႀကီးႀကီးတက္ကုန္လိမ့္မယ္

စိတ္ခ်ဳပါဦးေလးရာ ဦးေလးေျပာတဲ့အတိုင္း က်မအတိအက် လိုက္နာပါမယ္

ဒီေတာ့ ဦးေလးႀကီးက ဆိုင္ေနာက္ထဲဝင္သြားၿပီး အေတာ္ၾကာေတာ့ လက္ထဲမွာအထုတ္ေလး တစ္ထုတ္ပါ လာတယ္။

ငါတို႔ ခ်က္ခ်င္းေသေစတဲ့ အဆိပ္ျပင္းကိုသုံးလို႔မရဘူးဟ လူေတြရိပ္မိကုန္မယ္ ဒီေတာ့ ငါအဆိပ္တစ္မ်ိဳး ေဖာ္ထားတာရွိတယ္ ဒီအဆိပ္က တျဖည္းျဖည္းခ်င္း အာနိသင္ျပတဲ့အဆိပ္မ်ိဳး ဘယ္သူမွလည္း မရိပ္မိ ေတာ့ ဘူးေပါ့ဟာ ေန႔စဥ္သူ႔ကို ဖြယ္ဖြယ္ရာရာဟင္းေတြခ်က္ၿပီး ဒီေဆးေလးေတြ နည္းနည္းခ်င္းခပ္ေပး သူကိုယ္တိုင္ေရာ တစ္ျခားသူေတြေရာမရိပ္မိေအာင္ နင့္ဘက္က ေတာ္ေတာ္ဂ႐ုစိုက္ဖို႔လိုမယ္ သူ႔ကို ေကာင္းေကာင္းမြန္မြန္ဆက္ဆံ သူနဲ႔ၿပိဳင္ရန္မျဖစ္နဲ႔ အတတ္ႏိုင္ဆုံးသည္းခံေပး ကိုယ့္ရဲ႕အရွင္သခင္ တစ္ေယာက္လိုသေဘာထားၿပီး သူေျပာသမွ်နာခံေပး ဒါဆို သူေသသြားခဲ့ရင္ နင့္ေၾကာင့္ဆိုတာ ဘယ္သူ မွ မရိပ္မိေတာ့ဘူး။

မိန္းကေလးဟာ ေပ်ာ္႐ႊင္သြားၿပီး အိမ္ျပန္ကာ ေယာကၡမႀကီးကို သတ္ဖို႔စီမံကိန္းအား စတင္အေကာင္ အထည္ေဖာ္ပါေတာ့တယ္။

ရက္လေတြအေတာ္ၾကာေအာင္ ေခြၽးမေလးဟာ သူ႔ေယာကၡမအတြက္ ဖြယ္ဖြယ္ရာရာေတြ ကိုယ္တိုင္ခ်က္ ေဆးေလးေတြခပ္ခပ္ၿပီး ကိုယ္တိုင္ခူးခပ္ေကြၽးပါတယ္။ ပရေဆးေရာင္းတဲ့ ဦးေလးႀကီး မွာတဲ့အတိုင္း လည္း ဘယ္သူမွ မရိပ္မိေအာင္ သူ႔စိတ္ကိုသူထိန္းၿပီး ေယာကၡမေျပာသမွ်ကို သည္းခံေနပါသတဲ့။ သူရဲ႕အေမအရင္းတစ္ေယာက္လို ဆက္ဆံပါတယ္။ ဒီလိုနဲ႔ ေျခာက္လေလာက္အၾကာမွာေတာ့ အိမ္တြင္းေရး အေျခအေနေတြက အရင္ကလို မဟုတ္ေတာ့ဘဲ ေျပာင္းလဲသြားပါသတဲ့.။

ေခြၽးမေလးဟာ သူစိတ္ကိုသူ ထိန္းတာၾကာလာေတာ့ အရင္လို ေဒါသစိတ္ေတြနဲ႔ ထူပူမေနေတာ့ဘဲ စိတ္ေအးခ်မ္းလာပါတယ္။ သူ႔ေယာကၡမႀကီးနဲ႔ ရန္မျဖစ္ဘဲ ေျခာက္လေလာက္ေနလာခဲ့ေတာ့မွ ေယာကၡ မႀကီးဟာ ၾကင္နာတတ္သူ ဆက္ဆံံေရးေကာင္းတဲ့သူမွန္း သိလာပါေတာ့တယ္။

ေယာကၡမႀကီးရဲ စိတ္သေဘာထားဟာလည္း ေခြၽးမေလးအေပၚ ေျပာင္းလဲလာပါတယ္။ သူ႔သမီးအရင္း ေလးတစ္ေယာက္လို ခ်စ္ခင္လာသတဲ့။ သူမိတ္ေဆြေတြ တျခားေဆြမ်ိဳးေတြနဲ႔ ေတြ႕ရင္လည္း သူ႔ေခြၽးမ ေလးဟာ သူေတြ႕ဖူးသမွ်ေခြၽးမေတြထဲမွာ အေတာ္ဆုံးပဲဆိုတာ ခ်ီးမြမ္းခန္းဖြင့္လို႔မဆုံးပါဘူးတဲ့။ ဒီအခ်ိန္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ တကယ့္သားအမိအရင္းေတြလို ခ်စ္ခင္သြားၾကပါေတာ့သတဲ့။ မိန္းကေလးရဲ႕ေယာက္်ားျဖစ္သူဟာလည္း ခုလိုအေမနဲ႔ မိန္းမ အဆင္ေျပသြားတာေတြ႕ေတာ့ အလြန္ဝမ္းသာေနပါေတာ့တယ္။

တစ္ေန႔မွာေတာ့ ေခြၽးမေလးဟာ ေဈးထဲကိုအေျပးသြားၿပီး ပရေဆးေရာင္းတဲ့ ဦးေလးႀကီးကို မ်က္ရည္စက္လက္နဲ႔ ေျပာပါတယ္

ဦးေလးရယ္ ကယ္ပါဦး ဦးေလးတစ္ခါေပးလိုက္တဲ့ အဆိပ္ေတြ အတြက္ေျဖေဆးမရွိဘူးလား က်မ ေယာကၡမႀကီးက သူေတာ္ေကာင္းမႀကီးဆိုတာ ခုမွသိတယ္ က်မသူ႔ကို အေမအရင္းလိုပဲ သံေယာဇဥ္ျဖစ္ေနၿပီ က်မတိုက္တဲ့ အဆိပ္ေၾကာင့္သူ႔ကို မေသေစခ်င္ဘူး

ဒီေတာ့ ဦးေလးႀကီးက သက္ျပင္းတစ္ခ်က္ခ်ရင္း ျပန္ေမးပါတယ္

ငါ့တူမ နင္ပဲ အဲဒီတုန္းကေျပာေတာ့ ဒီမိန္းမႀကီးမရွိမွ စိတ္ခ်မ္းသာမွာဆို

အဲ့ဒါက အဲ့ဒီတုန္းကေလ ခုမွက်မ သူေကာင္းမွန္းသိရတာ ကယ္ႏိုင္ရင္ကယ္ပါဦး ဦးေလးရယ္ ေတာင္းပန္ပါတယ္

လို႔ေျပာကာမ်က္ရည္ေတြက်ဆင္းလာပါေတာ့သတဲ့ ဒီေတာ့မွ ဦးေလးႀကီးက မိန္းကေလးရဲ႕ေခါင္းကို အသာပုတ္ၿပီး

ဒီအတြက္ဘာမွ မစိုးရိမ္ပါနဲ႔ကြယ္ ဦးေလး နင့္ကို ဘာအဆိပ္မွမေပးလိုက္ပါဘူး ဦးေလးေပးလိုက္တာ အားေဆးေတြပါ သူ႔အတြက္ပိုုုုုလို႔ေတာင္ က်န္းမာေရး အေထာက္အကူျပဳေသးတယ္ တကယ္အဆိပ္သင့္ေနတာက တူမႀကီးရဲ႕ စိတ္ေနသေဘာထားေတြပါ ဒါေပမယ့္ အဲ့ဒီအဆိပ္ေတြဟာလည္း တူမႀကီး သူ႔အေပၚထားတဲ့ေစတနာ ေမတၱာေတြက ေဆးေၾကာသန႔္စင္ႏိုင္ခဲ့ပါၿပီ။

လူအခ်င္းခ်င္း လွည့္ပတ္ျခင္း၊ မုန္းတီးျခင္း ကင္းရွင္း၍ ခ်စ္ျခင္းေမတၱာျဖင့္ တည္ေဆာက္ေသာ ဘဝတစ္ခုကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။

* သုခဆရာေတာ္ *
_________________________________________________________________________________________________

“ ေယာကၡမႏွင့္ေခြၽးမ ”

•••••••••••••••••••••

ျမတ္စြာဘုရားလက္ထက္ေတာ္က အရွင္မဟာေမာဂၢလာန္ရဲ႕

ဆြမ္းခံအိမ္မွာ အမ်ိဳးသမီးငယ္ေလးတစ္ေယာက္ ရွိပါတယ္။

သူ႔မွာ ကိုယ္ပိုင္အဓိဌာန္ေလး တစ္ခုရွိပါတယ္။

ဘာလဲဆိုေတာ့ မိမိစားမယ့္အစာရဲ႕ တစ္ဝက္ကို

အလႉခံပုဂၢိဳလ္ကို ဦးဦးဖ်ားဖ်ားလႉၿပီးမွ စားေလ့ရွိတာပါပဲ။

တကယ္လို႔ အလႉခံပုဂၢိဳလ္ အနားမွာ အလြယ္တကူမရွိရင္လည္း တစ္ဝက္ကိုဖယ္ထားၿပီးမွ စားေလ့ရွိတာပါ။

အဲဒီအမ်ိဳးသမီးေလးရဲ႕ ေနာက္ထူးျခားခ်က္တစ္ခုကေတာ့ သူေတာင္းစားေတြကို ေပးကမ္းရတာလည္း သိပ္ဝါသနာပါတာပါ။

♦ ဒါေၾကာင့္ အမ်ိဳးသမီးငယ္ေလးရဲ႕အေမက

သူ႔သမီးကို နာမည္ေလးတစ္ခု ထပ္ေပးထားပါတယ္။

ဘာလိုလဲဆိုေတာ့ “ဒါနဇၩာသယေလး” တဲ့။

အဓိပၸါယ္ကေတာ့ လႉဒါန္းေပးကမ္းလိုစိတ္ရွိတဲ့

သူေလးပါတဲ့။
ဒီလိုနဲ႔ အ႐ြယ္ေရာက္လာေတာ့ ရာဇၿဂိဳလ္ျပည္က

အမ်ိဳးသားတစ္ေယာက္နဲ႔ အိမ္ေထာင္ျပဳျဖစ္ပါတယ္။

အိမ္ေထာင္က်ေတာ့လည္း ျပဳေနက် သူရဲ႕ ဒါနဝတ္ကို

ဆက္ျပဳပါတယ္။ ဒါတင္မကပါဘူး။

♦ ေကာင္းတဲ့စိတ္ထားေလးေတြက အိမ္မွာကတည္းက

ပါလာတာဆိုေတာ့ သူ႔မွာ ေကာင္းျမတ္တဲ့ ကံသုံးပါး

အမူအရာေလးေတြလည္း ရွိေနပါတယ္။

လင္ေယာက္်ားအိပ္ၿပီးမွ အိပ္တယ္။

♦ ထတဲ့အခါ လင္ေယာက္်ားအရင္ ထျဖစ္တယ္။

ထိုင္စရာရွိရင္လည္း လင္ေယာက္်ားေနာက္ကပဲထိုင္တယ္။

လင္ေယာက္်ား ႏွစ္သက္ေစမယ့္ အမူအရာေလးေတြနဲ႔

ပဲ ေနတယ္။

♦ လင္ေယာက္်ားကို စကားေျပာတဲ့အခါ နားပူနားဆာ

စကားကို မေျပာဘဲ ခ်စ္ခင္စရာစကားကိုပဲ ေ႐ြးေျပာတယ္။

လင္ေယာက္်ားကို ဘယ္လိုလုပ္ရ မလဲလို႔ ေမးျမန္းတိုင္ပင္ၿပီးမွ

လုပ္တယ္။ လင္ေယာက္်ားရဲ႕ မ်က္ႏွာကိုၾကည့္ၿပီး

သူ႔အလိုက်ပဲေနတယ္။ မွန္တဲ့စကားကိုပဲ ေျပာေလ့ရွိတယ္။

♦ေနာက္တစ္ခုထူးျခားတာကေတာ့ ေယာကၡမလုပ္သူကို

အေမမိဘလို သေဘာထားဆက္ဆံတာပါပဲ။

ေခၚတဲ့အခါမွာလည္း “အေမ အေမ” လို႔ပဲ ေခၚေခၚၿပီး

ဆက္ဆံပါတယ္။

♦ ဒါေပမယ့္ ေယာကၡမနဲ႔ ေခြၽးမ၊ ေခြၽးမနဲ႔ ေယာကၡမဆိုတာ

ကမာၻ႔ရန္ဆိုေတာ့ ေခြၽးမျဖစ္သူအမ်ိဳးသမီးေလးက ဘယ္ေလာက္ပဲေကာင္းေအာင္ေနျပေနျပ၊

ေယာကၡမလုပ္သူက လုံးဝမၾကည္ျဖဴပါဘူး။

အေကာင္းလည္း မျမင္ပါဘူး။ ဘာလုပ္လုပ္

အျပစ္ပဲျမင္ျမင္ေနေလ့ရွိပါတယ္။ ဒါကို သိထားတဲ့အတြက္

ေခြၽးမျဖစ္သူ အမ်ိဳးသမီးငယ္ေလးက ေယာကၡမလုပ္သူကို

လိုအပ္တာထက္ ပိုဂ႐ုစိုက္ေပးပါတယ္။

♦ ဒီလိုနဲ႔ တစ္ေန႔မွာေတာ့ အိမ္ေရွ႕ကို အရွင္မဟာေမာဂၢလာန္က ဆြမ္းခံလာရပ္ပါတယ္၊ အမ်ိဳးသမီးငယ္ေလးကလည္း အပ်ိဳစင္ဘဝကတည္းက အရွင္မဟာေမာဂၢလာန္နဲ႔

သိေနတာဆိုေတာ့ ခ်က္ခ်င္းပဲ

“အိမ္ထဲကို ဝင္ေတာ္မူပါဘုရား” လို႔ ေလွ်ာက္ထားလိုက္ပါတယ္။

♦ ဒါေပမယ့္ အလြယ္တကူေလာင္းစရာမရွိပါဘူး။

ရွာၾကည့္လိုက္ေတာ့ ေယာကၡမရဲ႕ အိုးကင္းေၾကာ္မုန႔္ကိုပဲ

ေတြ႕ရပါတယ္။ ေယာကၡမလုပ္သူကို ရွာၾကည့္ ေတာ့လည္း

မေတြ႕ျပန္ပါဘူး။ ဒါေၾကာင့္

“ေနာက္မွပဲ ေျပာျပၿပီး ဝမ္းေျမာက္ေစေတာ့မယ္” ဆိုၿပီး

ေယာကၡမရဲ႕မုန႔္ကို အရွင္မဟာေမာဂၢလာန္ကို

ေလာင္းလႉလိုက္ပါတယ္။

အရွင္မဟာေမာဂၢလာန္လည္း အႏုေမာဒနာတရားေဟာၿပီး ျပန္ႂကြသြားပါတယ္။ အရွင္မဟာေမာဂၢလာန္ ျပန္ႂကြၿပီး

မၾကာခင္မွာဘဲ ေယာကၡမလုပ္သူက ျပန္ေရာက္လာပါတယ္။

♦ ဒီေတာ့ေခြၽးမျဖစ္သူ အမ်ိဳးသမီးေလးက ဝမ္းသာအားရနဲ႔

“အေမေရ အေမ့ဖို႔ထားတဲ့မုန႔္ကို အရွင္မဟာ ေမာဂၢလာန္ကို ေလာင္းလႉလိုက္ပါတယ္။ အေမ ဝမ္းေျမာက္စြာ သာဓုေခၚပါ” လို႔ေျပာလိုက္ပါတယ္။

♦ ဒီေတာ့ ေယာကၡမလုပ္သူက “ဘာ…ဘာ… ဘာေျပာလိုက္တယ္၊

ငါ့မုန႔္ကို ငါ့ကိုခြင့္မေတာင္းဘဲ ရဟန္းကို ေပးပစ္တယ္..

ဟုတ္လား” လို႔ ေဒါသေတ ြထြက္ၿပီး အနားမွာရွိတဲ့ က်ည္ေပြ႕နဲ႔ ေခြၽးမလုပ္သူေလးရဲ႕ ပခုံးစြန္းကို ႐ိုက္ခ်လိုက္ပါတယ္။

ေခြၽးမလုပ္သူကလည္း ထင္မွတ္မထားဘဲ ႐ုတ္တရက္ ႐ိုက္ခ်လိုက္တာဆိုေတာ့ ေရွာင္ခ်ိန္လည္း မရလိုက္ပါဘူး။

႐ိုက္ခ်က္က တကယ့္ခ်က္ေကာင္းကို ထိသြားပါတယ္။

ႏွစ္ရက္သုံးရက္အတြင္းမွာ ေခြၽးမလုပ္သူေလးဟာ ေဝဒနာကို

ျပင္းထန္စြာ ခံစားေနရပါတယ္။ ဒါေပမယ့္ အံဩဖို႔ေကာင္းတာက ေယာကၡမလုပ္သူရဲ႕ လုပ္ရပ္ဆိုးကို လုံးဝစိတ္ၫြတ္မထားဘဲ အရွင္မဟာေမာဂၢလာန္ကို မုန႔္လႉလိုက္ရတာေလးကိုပဲ စိတ္ၫြတ္ထားခဲ့ပါတယ္။

♦ သုံးရက္ေျမာက္တဲ့ေန႔မွာေတာ့ ေယာကၡမလုပ္သူရဲ႕ ႐ိုက္ခ်က္ဒဏ္ရာေၾကာင့္ပဲ ကြယ္လြန္သြားပါတယ္။ ကြယ္လြန္သြားတဲ့အခါမွာလည္း အရွင္မဟာေမာဂၢလာန္ကို မုန႔္လႉလိုက္တဲ့အတြက္ ဝမ္းေျမာက္တဲ့ ကုသိုလ္စိတ္ကေလးကိုပဲ အာ႐ုံျပဳၿပီးေတာ့ ကြယ္လြန္သြားပါတယ္။

ကြယ္လြန္ေတာ့ တာဝတိ ံသာနတ္ျပည္မွာ” ဥဠာရာ”

လို႔ အမည္ရတဲ့ အလြန္လွတဲ့ နတ္သမီးေလး သြားျဖစ္ပါတယ္။

တစ္ေန႔မွာေတာ့ အရွင္မဟာေမာဂၢလာန္က တာဝတိ ံသာ

နတ္ျပည္ကို ႂကြလာပါတယ္။

ဥဠာရာ နတ္သမီးေလးကို ေတြ႕လိုက္ရေတာ့

“ဘယ္လို ကုသိုလ္ကံေၾကာင့္ နတ္သမီး လာျဖစ္ရတာလဲ”လို႔ ေမးပါတယ္။

ဥဠာရာ နတ္သမီးေလးကလည္း သူနဲ႔ သူ႔ေယာကၡမရဲ႕

ျဖစ္စဥ္ေတြကို ျပန္ေျပာျပၿပီး “အရွင္ျမတ္ကို လႉဒါန္းခဲ့တဲ့

ကုသိုလ္ဒါနကို အာ႐ုံၫြတ္ၿပီး ေသလြန္ရတဲ့အတြက္ နတ္သမီးျဖစ္ရတာပါဘုရား” လို႔ျပန္ေလွ်ာက္လိုက္ပါတယ္။

♦ဒီဝတၳဳေလး ထုတ္ျပလိုက္ရတာကေတာ့ အမ်ိဳးသမီးငယ္ေလးရဲ႕ ေသခါနီးသုံးရက္အလိုေလာက္မွာ ထားရွိတဲ့

စိတ္ထားေလးကို ႀကိဳက္လို႔ပါ။

အမ်ိဳးသမီးေလးအေနနဲ႔ ေသခါနီးသုံးရက္ေလာက္အလိုမွာ ထင္ရွားတဲ့အာ႐ုံႀကီးႏွစ္ခုနဲ႔ ႀကဳံေနရပါတယ္။

♦တစ္ဖက္က ေယာကၡမက က်ည္ေပြ႕နဲ႔ ထုထည့္လိုက္တဲ့အာ႐ုံ၊

♦ ေနာက္တစ္ဖက္က အရွင္မဟာေမာဂၢလာန္ကို

လႉဒါန္းလိုက္တဲ့ အာ႐ုံပါ။

အာ႐ုံႏွစ္ခုက ထင္ရွားတဲ့အာ႐ုံေတြပါ။

အာ႐ုံေတြက ထင္ရွားေတာ့ စိတ္ၫြတ္ရတာလည္း

သိပ္လြယ္ကူပါတယ္။

အမ်ိဳးသမီးငယ္ေလးက ထင္ရွားတဲ့အာ႐ုံႀကီးႏွစ္ခုနဲ႔

ႀကဳံေနရေပမယ့္ သူ႔စိတ္ကို ဘယ္ကိုပို႔ထားရမယ္ဆိုတာ

သိပုံရပါတယ္။ ဒါေၾကာင့္ စိတ္ကို ေယာကၡမဆီကို

လုံးဝမၫြတ္ဘဲ အရွင္မဟာေမာဂၢလာန္ဆီကိုပဲ

စိတ္ၫြတ္ထားလိုက္ပါတယ္။

တကယ္ဆို အမ်ိဳးသမီးငယ္ေလးဟာ သာမန္ပုထုဇဥ္

အဆင့္ပဲရွိပါေသးတယ္။ ပုထုဇဥ္ပီပီ ေဒါသထြက္မယ္ဆိုရင္

ထြက္စရာပါ။ ေဒါသကို အေျခခံၿပီး

“ေနာက္ဘ၀ ဒီေယာကၡမကို ႏိုင္ရပါလို၏” လို႔

ဆုေတာင္းၿပီး ေသမယ္ဆို ေသသြားႏိုင္စရာပါ။

အဲဒီလိုသာ စိတ္ကို ေယာကၡမဆီၫြတ္ထားၿပီး

ေဒါသစိတ္ကို အာ႐ုံျပဳၿပီးေသသြားရင္ မေကာင္းတဲ့ဂတိ

တစ္ခုခုကို ေရာက္သြားႏိုင္ပါတယ္။

♦ ဒါေပမယ့္ အမ်ိဳးသမီးငယ္ေလးက ဆိုးက်ိဳးအားလုံးကို

ႀကိဳတြက္မိပုံရပါတယ္။ ဒါေၾကာင့္ ဘဝအတြက္

အေရးအႀကီးဆုံးအခ်ိန္မွာ စိတ္ကို ေယာကၡမဆီ မၫြတ္ေတာ့ဘဲ အရွင္မဟာေမာဂၢလာန္ဆီကိုပဲ ၫြတ္ထားလိုက္ပါတယ္။

♦ ကေလးဘဝမွာကတည္းက ကုသိုလ္ဘက္ကိုယိမ္းၿပီး

ဆုံးျဖတ္တက္တဲ့ အထုံအက်င့္ေလးက သူ႔သႏၲာန္မွာ

ကိန္းေနတာလည္း ပါမွာပါ။

ဘာပဲေျပာေျပာ အမ်ိဳးသမီးငယ္ေလးရဲ႕ ဆုံးျဖတ္ခ်က္ဟာ

မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ ျဖစ္သြားတာေတာ့ အမွန္ပါပဲ။

► ဘဝမွာ ဆုံးျဖတ္ခ်က္မွန္ကန္ဖို႔ သိပ္အေရးႀကီးပါတယ္။

ဆုံးျဖတ္ခ်က္ မွားသြားရင္ တခ်ိဳ႕ဆုံးျဖတ္ခ်က္ေတြက်ေတာ့ သံသရာအထိပါသြားတက္ပါတယ္။ ဒါကလည္း အေလ့အထုံနဲ႔ ဆိုင္မယ္ထင္ပါတယ္။

► ဘယ္အာ႐ုံပဲႀကဳံႀကဳံ ကုသိုလ္ဘက္ကိုယိမ္းၿပီး

ဆုံးျဖတ္တက္တဲ့ အထုံရွိတဲ့သူဟာ

ကုသိုလ္ဘက္ကိုပဲယိမ္းၿပီး ဆုံးျဖတ္ေတာ့မွာပါ။

►ဘယ္အာ႐ုံ ကိုပဲႀကဳံႀကဳံ အကုသိုလ္ဘက္ကို ယိမ္းၿပီး

ဆုံးျဖတ္တက္တဲ့ အထုံရွိတဲ့သူဟာ အကုသိုလ္ဘက္ကိုပဲ

ယိမ္းၿပီး ဆုံးျဖတ္ေတာ့မွာပါ။

ဒါေၾကာင့္ ကိုယ္က အထုံျဖစ္ေအာင္ က်င့္စဥ္တစ္ခုလိုကို

သေဘာထားၿပီး က်င့္ယူရပါမယ္။ ေန႔စဥ္ အာ႐ုံမ်ိဳးစုံနဲ႔

ႀကဳံေနရတာဆိုေတာ့ အာ႐ုံေတြကို အေျခခံၿပီး

ဆုံးျဖတ္ခ်က္မ်ိဳးဆုံ ဆုံးျဖတ္ေနရမွာပါ။

ႀကဳံလာတဲ့အာ႐ုံေလးေတြကို ကိုယ္က သတိကပ္ၿပီး

ဆုံးျဖတ္သြား႐ုံပါပဲ။

ဒီလိုအက်င့္ေလးလုပ္သြားရင္ ၾကာရင္ အထုံျဖစ္သြားမွာပါ။ တခ်ိဳ႕ဆုံးျဖတ္ခ်က္ေတြဟာ ဘဝအတြက္

အေရးမႀကီးေပမယ့္ တခ်ိဳ႕ဆုံးျဖတ္ခ်က္ေတြက်ေတာ့

ဘဝအတြက္ ေတာ္ေတာ္ေလး အေရးႀကီးပါတယ္။

ဆုံးျဖတ္ခ်က္မွားသြားရင္ သံသရာအထိ ပါသြားတက္လို႔ပါ။

►ကိစၥတစ္ခုႀကဳံလာရင္ ထူပူေနတုန္းမွာ မဆုံးျဖတ္ဘဲ

အခ်ိန္ယူၿပီးမွ ဆုံးျဖတ္တာကေတာ့ အေကာင္းဆုံးပါပဲ။

အမ်ိဳးသမီးငယ္ေလးနဲ႔ ေယာကၡမႀကဳံရတဲ့ကိစၥမွာ တကယ့္အာ႐ုံဆိုးႀကီးေတြပါ။ အမ်ိဳးသမီးငယ္ေလးအေနနဲ႔

ဆုံးျဖတ္ခ်က္ မွားမယ္ဆိုရင္ မွားခ်င္စရာပါ။

♠ ဒါေပမယ့္ အမ်ိဳးသမီးငယ္ေလးက ကိုယ့္ရဲ႕

ကိုယ္၊ ႏႈတ္၊ စိတ္ကို အထူးေစာင့္စည္းၿပီး မိမိကိုယ္ကိုပဲ အေကာင္းဆုံးျဖစ္ေအာင္ တည္ေဆာက္ေနသူ ဆိုေတာ့

ကိုယ့္ကိုယ္ကို အမွားမခံပါဘူး။

ကမာၻေပၚမွာ အိမ္ေထာင္ျပဳျခင္းဆိုတဲ့ အေလ့အထ ရွိေနသေ႐ြ႕

ေယာကၡမနဲ႔ ေခြၽးမ၊ ေခြၽးမနဲ႔ ေယာကၡမဆိုတဲ့ အေခၚအေဝၚ ေဝါဟာရတစ္ခုကေတာ့ အစဥ္သျဖင့္ ရွိေနဦးမွာပါ။

ေယာကၡမ လုပ္သူကလည္း

“ငါကအႀကီး၊ ငါက ေယာကၡမ” ဆိုတဲ့ မာန္ေလးေတြရွိသလို ေခြၽးမလုပ္သူကလည္း “ငါကအငယ္၊ ငါကေခြၽးမ” ဆိုတဲ့

မာန္ေလးေတြ ကိုယ္စီရွိၾကပါတယ္။

♠ ျပႆနာဆိုတာလည္း မာန္ရွိသူခ်င္းမွသာ ျဖစ္တာပါ။

တစ္ဖက္က မာန္ေတြ ဘယ္ေလာက္ပဲရွိရွိ၊ တစ္ဖက္က

မာန္မရွိဘူးဆိုရင္ မရွိေအာင္ေနဆိုရင္ ျပႆနာ မျဖစ္ပါဘူး။

♠ ျပႆနာတစ္ခုျဖစ္လာၿပီးဆိုရင္ ကိုယ့္ဘက္က

ဓမၼနဲ႔အညီ ေနႏိုင္သမွ်ေနျဖစ္ေအာင္ ႀကိဳးစားရပါတယ္။ “ဓေမၼာဟေဝရကၡတိဓမၼစာရီ= တရားကို ေစာင့္တဲ့သူကို

တရားက ျပန္ေစာင့္ေရွာက္သြားမွာပဲ” လို႔ ႏႈလုံးသြင္းၿပီး

ဓမၼနဲ႔ ညီႏိုင္သမွ် ညီေအာင္ေနရပါမယ္။

ၿပီးေတာ့ သီလကိုလည္း တိုးတိုးၿပီး ေစာင့္ထိန္းသင့္ပါတယ္။

♠ ဘယ္လိုျပႆနာမ်ိဳးပဲျဖစ္ျဖစ္ ဒီနည္းကေတာ့

အေကာင္းဆုံးပါပဲ။ကိုယ့္ဘက္က တာလုံေအာင္ေနလိုက္တဲ့

သေဘာပါ။ အဆင္ေျပတာ မေျပတာက ဒုတိယကိစၥပါ။

♠ စာဖက္သူေတြ သတိမထားမိမွာစိုးလို႔ ထပ္ေျပာပါရေစ။ ဘယ္လိုျပႆနာမ်ိဳးပဲျဖစ္ျဖစ္ ျပႆနာတစ္ခုခု ျဖစ္လာၿပီးဆိုရင္ ကိုယ့္ဘက္က ဓမၼနဲ႔အညီ ေနႏိုင္သမွ်ေနပါ။

သီလကို တိုးတိုးၿပီးေစာင့္ထိန္းပါ။

ဒီႏွစ္ခ်က္ကိုေတာ့ ခ်စ္တဲ့စာဖက္သူေတြ အထူးပဲ

အာ႐ုံျပဳထားေစခ်င္ပါတယ္။

စာေရးသူကေတာ့ ကိုယ့္မွာ စိတ္အေႏွာက္အယွက္ျဖစ္စရာ

တစ္ခုခုနဲ႔ ႀကဳံလာရင္ အထက္ကအတိုင္း က်င့္သုံးေလ့ ရွိပါတယ္။

ကိုယ့္မွာ တကယ္အားကိုး စရာက “ဓမၼနဲ႔ သီလ” ပါ။

တကယ္ေတာ့ ဒါေတြအားလုံးဟာစိတ္ပါပဲ။

စိတ္ကေန “ဒီေယာကၡမႀကီးက မုန္းစရာႀကီးလို႔” ေလွ်ာက္သတ္မွတ္ထားလို႔ပါ။ အမွန္ကေတာ့

ကိုယ့္စိတ္ ကေလးကို ျပန္ျပင္လိုက္႐ုံပါပဲ။

စိတ္ကေလးကို ေျပာင္းယူလိုက္႐ုံပါပဲ။

♠ ကိုယ့္ကိုယ္ကိုယ္ ျပန္အာ႐ုံျပဳၾကည့္ေပါ့။

ငါဒီလိုစိတ္ေတြ ျဖစ္ေနတဲ့အတြက္ စိတ္ခ်မ္းသာသလားဆိုတာ၊ စိတ္မခ်မ္းသာတဲ့အလုပ္ႀကီးကို ဘာလို႔ဆက္လုပ္ေနမွာလဲ။ စိတ္ခ်မ္းသာေအာင္ပဲ ေနမွာေပါ့၊ စိတ္ခ်မ္းသာေအာင္ ေနထိုင္နည္းေတြကလည္း အမ်ားႀကီးရွိေနတဲ့ဥစၥာ။

လူတစ္ေယာက္ရဲ႕ ဘဝမွာ စိတ္ခ်မ္းသာမႈက သိပ္ၿပီး

အေရးႀကီးပါတယ္။

♠ စိတ္ခ်မ္းသာတယ္ စိတ္ဆင္းရဲတယ္ဆိုတာ

အဓိက ကိုယ့္စိတ္ကပဲ လိုက္ဖန္တီးေနတာပါ။

ဘယ္ေလာက္ပဲ ရာထူးဌာနႏၲရေတြရွိရွိ၊

ဘယ္ေလာက္ပဲ ခ်မ္းသာခ်မ္းသာ စိတ္မခ်မ္းသာဘူးဆိုရင္

ေနရထိုင္ရတာ မေပ်ာ္ပါဘူး။ ဒါမ်ိဳးေတြက ကိုယ္ေတြ႕ေလးေတြ ကိုယ္စီရွိေနၾကတာဆိုေတာ့ အထူးေျပာဖို႔ မလိုေတာ့ပါဘူး။

ဒီသက္ေသေလးေတြကို အေသအခ်ာအာ႐ုံျပဳၿပီး

ကိုယ့္စိတ္ကေလးကို ျပဳျပင္လိုက္႐ုံပါပဲ။

ႏွစ္ဦးႏွစ္ဖက္ အဆင္မေျပၾကဘူးဆိုတာ ေမတၱာမရွိၾကလို႔ပါ။ ေမတၱာထားႏိုင္လိုက္ရင္ အဆင္ေျပသြားၾကတာပါပဲ။

ဥပမာပဲ ထားပါေတာ့၊ ေယာကၡမနဲ႔ေခြၽးမ အဆင္မေျပဘူးတဲ့

ထားပါေတာ့။ ေယာကၡမက ကိုယ့္ကို အေသအလဲ မုန္းေနတယ္ပဲထားပါေတာ့။

ဒါဆို ” ေရေမတၱာ ” သာ နာနာပို႔ပစ္လိုက္စမ္းပါ။

♠ ျမတ္စြာဘုရားကို ေရကပ္၊ ေရကပ္ၿပီးတဲ့အခါ

“ဤေရေအးျမသလို ငါ့ရဲ႕ ေယာကၡမျဖစ္သူ ေဒၚဘယ္သူလည္း

စိတ္ေကာ ႐ုပ္ေကာေအးျမပါေစ၊ အစစအရာရာ

အဆင္ေျပပါေစ” လို႔ ေယာကၡမကို မ်က္လုံးထဲမွာ

ျမင္ေအာင္ထားၿပီး ၿပဳံးလာတဲ့အဆင့္ထိ ေမတၱာပို႔ပါ။

ကိုယ့္ရဲ႕ ေမတၱာသမာဓိအားႀကီးတယ္ဆိုရင္

ေလးငါးေျခာက္ရက္နဲ႔တင္ ထူးျခားလာပါလိမ့္မယ္။

ကိုယ့္ရဲ႕ ေမတၱာသမာဓိက အားနည္းေနေသးတယ္

ဆိုရင္ေတာ့ တစ္လႏွစ္လေလာက္ေတာ့ ၾကာခ်င္ၾကာ

ပါလိမ့္မယ္။ေယာကၡမလုပ္သူကလည္း အထက္ကအတိုင္း

ေခြၽးမလုပ္သူကို ေရေမတၱာပို႔ၾကည့္ပါ။

♠ တစ္ခုေတာ့ရွိပါတယ္။ ေမတၱာပို႔သူ ကိုယ္တိုင္ကလည္း

အဆင္ေျပခ်င္စိတ္ ခ်စ္ခ်စ္ခင္ခင္ေနလိုတဲ့စိတ္ ရွိေနရပါ့မယ္။ ေမတၱာေတြေတာ့ ပို႔ေနပါရဲ႕၊ အဲဒီလိုစိတ္မ်ိဳး မရွိဘူးဆိုရင္ေတာ့ ေမတၱာကထိေရာက္မွာ မဟုတ္ပါဘူး။

တခ်ိဳ႕ဆိုေယာကၡမနဲ႔ အဆင္မေျပလို႔ ရသင့္ရထိုက္တဲ့

အေမြေတြ မရလိုက္တာေတာင္ ရွိပါတယ္။

ကဲ.. စာဖတ္သူ။ ေယာကၡမနဲ႔ေခြၽးမ

အဆင္မေျပျဖစ္ေနခဲ့ရင္ ေရေမတၱာသာ ပု႔ိၾကည့္လိုက္စမ္းပါ။ မၾကာခင္အခ်ိန္အတြင္းမွာ “အေမရဲ႕ သမီးရဲ႕၊ သမီးရဲ႕ အေမရဲ႕”

ဆိုၿပီး ေဘးကလူေတြ မနာလိုခ်င္ေလာက္ကို

အဆင္ေျပသြားပါလိမ့္မယ္။ ၿပီးေတာ့ အေမြေတြလည္း အမ်ားႀကီးရလိုက္ပါလိမ့္မယ္။

-【ဆရာေတာ္အရွင္ရာဇိႏၵ

က်မ္းကိုး-

၁။ ဝိမာနဝတၳဳအ႒ကထာ၊

ဥဠာရာဝိမာနဝတၳဳ။

၂။ ဝိမာနဝတၳဳေတာ္ႀကီး၊ ၿမိဳ႕မိဆရာေတာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ႐ုပ္ရွင္ေတးကဗ်ာမဂၢဇင္း
#Unicode Version#
 တစ်ခါတုန်းက မိန်းကလေးတစ်ယောက်ရှိပါသတဲ့။

သူဟာ အိမ်ထောင်ကျတဲ့အခါ ယောင်နောက်ဆံထုံးပါ လင်ယောက်ျားရှိရာလိုက်နေရတာပေါ့။ လင်ယောက်ျားကို ချစ်လို့သာလိုက်နေရတာ ယောက္ခမနဲ့တော့ အဆင်ပြေပါဘူး။

များမကြာမီမှာပဲ မိန်းကလေးဟာသူ့ယောက္ခမကြီးနဲ့ ရေရှည်စခန်း သွားလို့ဖြစ်မှာ မဟုတ်ဘူးဆိုတာ သဘောပေါက်လာတယ်။ တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘောထားချင်းက အလွန်ကွာခြားနေ ပါတယ်။ ချွေးမလုပ်သူက ယောက္ခမရဲ့ လုပ်ရပ်တွေကို မကြိုက်သလို ယောက္ခမကလည်း ချွေးမကို တစ်စက်မှ ကြည့်မရဖြစ်နေပါတော့တာပေါ့။

သူတို့နှစ်ယောက်က အမြဲတကျက်ကျက်ဖြစ်နေတော့ မိန်းကလေးရဲ့ ခင်ပွန်းဖြစ်တဲ့ ကောင်လေးကလည်း အတော်စိတ်ဆင်းရဲနေရပါတယ်။

ချွေးမဖြစ်သူဟာ ယောက္ခမရဲ့ ဖိနှိပ်မှုဒဏ်ကို ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အဆုံးမှာတော့ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်ပါတယ်။ ဒါကြောင့် သူ့အဖေရဲ့သူငယ်ချင်း တစ်ယောက်ဆီ သွားပြီး အကူအညီ တောင်းပါတယ်။ အဲဒီသူကတော့ ဈေးထဲမှာ ပရဆေးရောင်းတဲ့သူပါ။ မိန်းကလေးဟာ သူ့နဲ့ သူ့ယောက္ခမရဲ့ အခြေအနေ အကြောင်းစုံကို ရှင်းပြပါတယ်။ ပြီးတော့ဒီလိုပြောတယ်။

ဒါ့ကြောင့် ဦးလေးမှာ အဆိပ်ဖြစ်စေတဲ့ ဆေးတစ်မျိုးမျိုးများမရှိဘူးလား စားတဲ့သူ မရိပ်မိစေတဲ့ဟာမျိုးပေါ့ ဒါဆိုတစ်ခါတည်း ဒီမိန်းမကြီးသေပြီး ပြဿ

နာတွေအကုန်အေးရော ဆိုတော့

ဟိုလူကြီးက တစ်ချက်စဉ်းစားလိုက်ပြီး ပြန်ပြောတယ်

အေးဟ ငါ့မှာ အဆိပ်တစ်မျိုးတော့ရှိတယ် ဒါပေမယ့် နင် ငါပြောတဲ့အတိုင်း အတိအကျလိုက်နာဖို့ တော့လိုမယ် တခြားဘယ်သူမှ ရိပ်မိလို့လည်းမဖြစ်ဘူး ငါပြောတဲ့အတိုင်းနင်မလိုက်နာရင် နင်ရောငါပါ ပြဿနာအကြီးကြီးတက်ကုန်လိမ့်မယ်

စိတ်ချုပါဦးလေးရာ ဦးလေးပြောတဲ့အတိုင်း ကျမအတိအကျ လိုက်နာပါမယ်

ဒီတော့ ဦးလေးကြီးက ဆိုင်နောက်ထဲဝင်သွားပြီး အတော်ကြာတော့ လက်ထဲမှာအထုတ်လေး တစ်ထုတ်ပါ လာတယ်။

ငါတို့ ချက်ချင်းသေစေတဲ့ အဆိပ်ပြင်းကိုသုံးလို့မရဘူးဟ လူတွေရိပ်မိကုန်မယ် ဒီတော့ ငါအဆိပ်တစ်မျိုး ဖော်ထားတာရှိတယ် ဒီအဆိပ်က တဖြည်းဖြည်းချင်း အာနိသင်ပြတဲ့အဆိပ်မျိုး ဘယ်သူမှလည်း မရိပ်မိ တော့ ဘူးပေါ့ဟာ နေ့စဉ်သူ့ကို ဖွယ်ဖွယ်ရာရာဟင်းတွေချက်ပြီး ဒီဆေးလေးတွေ နည်းနည်းချင်းခပ်ပေး သူကိုယ်တိုင်ရော တစ်ခြားသူတွေရောမရိပ်မိအောင် နင့်ဘက်က တော်တော်ဂရုစိုက်ဖို့လိုမယ် သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံ သူနဲ့ပြိုင်ရန်မဖြစ်နဲ့ အတတ်နိုင်ဆုံးသည်းခံပေး ကိုယ့်ရဲ့အရှင်သခင် တစ်ယောက်လိုသဘောထားပြီး သူပြောသမျှနာခံပေး ဒါဆို သူသေသွားခဲ့ရင် နင့်ကြောင့်ဆိုတာ ဘယ်သူ မှ မရိပ်မိတော့ဘူး။

မိန်းကလေးဟာ ပျော်ရွှင်သွားပြီး အိမ်ပြန်ကာ ယောက္ခမကြီးကို သတ်ဖို့စီမံကိန်းအား စတင်အကောင် အထည်ဖော်ပါတော့တယ်။

ရက်လတွေအတော်ကြာအောင် ချွေးမလေးဟာ သူ့ယောက္ခမအတွက် ဖွယ်ဖွယ်ရာရာတွေ ကိုယ်တိုင်ချက် ဆေးလေးတွေခပ်ခပ်ပြီး ကိုယ်တိုင်ခူးခပ်ကျွေးပါတယ်။ ပရဆေးရောင်းတဲ့ ဦးလေးကြီး မှာတဲ့အတိုင်း လည်း ဘယ်သူမှ မရိပ်မိအောင် သူ့စိတ်ကိုသူထိန်းပြီး ယောက္ခမပြောသမျှကို သည်းခံနေပါသတဲ့။ သူရဲ့အမေအရင်းတစ်ယောက်လို ဆက်ဆံပါတယ်။ ဒီလိုနဲ့ ခြောက်လလောက်အကြာမှာတော့ အိမ်တွင်းရေး အခြေအနေတွေက အရင်ကလို မဟုတ်တော့ဘဲ ပြောင်းလဲသွားပါသတဲ့.။

ချွေးမလေးဟာ သူစိတ်ကိုသူ ထိန်းတာကြာလာတော့ အရင်လို ဒေါသစိတ်တွေနဲ့ ထူပူမနေတော့ဘဲ စိတ်အေးချမ်းလာပါတယ်။ သူ့ယောက္ခမကြီးနဲ့ ရန်မဖြစ်ဘဲ ခြောက်လလောက်နေလာခဲ့တော့မှ ယောက္ခ မကြီးဟာ ကြင်နာတတ်သူ ဆက်ဆံံရေးကောင်းတဲ့သူမှန်း သိလာပါတော့တယ်။

ယောက္ခမကြီးရဲ စိတ်သဘောထားဟာလည်း ချွေးမလေးအပေါ် ပြောင်းလဲလာပါတယ်။ သူ့သမီးအရင်း လေးတစ်ယောက်လို ချစ်ခင်လာသတဲ့။ သူမိတ်ဆွေတွေ တခြားဆွေမျိုးတွေနဲ့ တွေ့ရင်လည်း သူ့ချွေးမ လေးဟာ သူတွေ့ဖူးသမျှချွေးမတွေထဲမှာ အတော်ဆုံးပဲဆိုတာ ချီးမွမ်းခန်းဖွင့်လို့မဆုံးပါဘူးတဲ့။ ဒီအချိန်မှာတော့ သူတို့နှစ်ယောက်ဟာ တကယ့်သားအမိအရင်းတွေလို ချစ်ခင်သွားကြပါတော့သတဲ့။ မိန်းကလေးရဲ့ယောက်ျားဖြစ်သူဟာလည်း ခုလိုအမေနဲ့ မိန်းမ အဆင်ပြေသွားတာတွေ့တော့ အလွန်ဝမ်းသာနေပါတော့တယ်။

တစ်နေ့မှာတော့ ချွေးမလေးဟာ ဈေးထဲကိုအပြေးသွားပြီး ပရဆေးရောင်းတဲ့ ဦးလေးကြီးကို မျက်ရည်စက်လက်နဲ့ ပြောပါတယ်

ဦးလေးရယ် ကယ်ပါဦး ဦးလေးတစ်ခါပေးလိုက်တဲ့ အဆိပ်တွေ အတွက်ဖြေဆေးမရှိဘူးလား ကျမ ယောက္ခမကြီးက သူတော်ကောင်းမကြီးဆိုတာ ခုမှသိတယ် ကျမသူ့ကို အမေအရင်းလိုပဲ သံယောဇဉ်ဖြစ်နေပြီ ကျမတိုက်တဲ့ အဆိပ်ကြောင့်သူ့ကို မသေစေချင်ဘူး

ဒီတော့ ဦးလေးကြီးက သက်ပြင်းတစ်ချက်ချရင်း ပြန်မေးပါတယ်

ငါ့တူမ နင်ပဲ အဲဒီတုန်းကပြောတော့ ဒီမိန်းမကြီးမရှိမှ စိတ်ချမ်းသာမှာဆို

အဲ့ဒါက အဲ့ဒီတုန်းကလေ ခုမှကျမ သူကောင်းမှန်းသိရတာ ကယ်နိုင်ရင်ကယ်ပါဦး ဦးလေးရယ် တောင်းပန်ပါတယ်

လို့ပြောကာမျက်ရည်တွေကျဆင်းလာပါတော့သတဲ့ ဒီတော့မှ ဦးလေးကြီးက မိန်းကလေးရဲ့ခေါင်းကို အသာပုတ်ပြီး

ဒီအတွက်ဘာမှ မစိုးရိမ်ပါနဲ့ကွယ် ဦးလေး နင့်ကို ဘာအဆိပ်မှမပေးလိုက်ပါဘူး ဦးလေးပေးလိုက်တာ အားဆေးတွေပါ သူ့အတွက်ပိုုုုုလို့တောင် ကျန်းမာရေး အထောက်အကူပြုသေးတယ် တကယ်အဆိပ်သင့်နေတာက တူမကြီးရဲ့ စိတ်နေသဘောထားတွေပါ ဒါပေမယ့် အဲ့ဒီအဆိပ်တွေဟာလည်း တူမကြီး သူ့အပေါ်ထားတဲ့စေတနာ မေတ္တာတွေက ဆေးကြောသန့်စင်နိုင်ခဲ့ပါပြီ။

လူအချင်းချင်း လှည့်ပတ်ခြင်း၊ မုန်းတီးခြင်း ကင်းရှင်း၍ ချစ်ခြင်းမေတ္တာဖြင့် တည်ဆောက်သော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေ။

* သုခဆရာတော် *
_________________________________________________________________________________________________

“ ယောက္ခမနှင့်ချွေးမ ”

•••••••••••••••••••••

မြတ်စွာဘုရားလက်ထက်တော်က အရှင်မဟာမောဂ္ဂလာန်ရဲ့

ဆွမ်းခံအိမ်မှာ အမျိုးသမီးငယ်လေးတစ်ယောက် ရှိပါတယ်။

သူ့မှာ ကိုယ်ပိုင်အဓိဌာန်လေး တစ်ခုရှိပါတယ်။

ဘာလဲဆိုတော့ မိမိစားမယ့်အစာရဲ့ တစ်ဝက်ကို

အလှူခံပုဂ္ဂိုလ်ကို ဦးဦးဖျားဖျားလှူပြီးမှ စားလေ့ရှိတာပါပဲ။

တကယ်လို့ အလှူခံပုဂ္ဂိုလ် အနားမှာ အလွယ်တကူမရှိရင်လည်း တစ်ဝက်ကိုဖယ်ထားပြီးမှ စားလေ့ရှိတာပါ။

အဲဒီအမျိုးသမီးလေးရဲ့ နောက်ထူးခြားချက်တစ်ခုကတော့ သူတောင်းစားတွေကို ပေးကမ်းရတာလည်း သိပ်ဝါသနာပါတာပါ။

♦ ဒါကြောင့် အမျိုးသမီးငယ်လေးရဲ့အမေက

သူ့သမီးကို နာမည်လေးတစ်ခု ထပ်ပေးထားပါတယ်။

ဘာလိုလဲဆိုတော့ “ဒါနဇ္ဈာသယလေး” တဲ့။

အဓိပ္ပါယ်ကတော့ လှူဒါန်းပေးကမ်းလိုစိတ်ရှိတဲ့

သူလေးပါတဲ့။
ဒီလိုနဲ့ အရွယ်ရောက်လာတော့ ရာဇဂြိုလ်ပြည်က

အမျိုးသားတစ်ယောက်နဲ့ အိမ်ထောင်ပြုဖြစ်ပါတယ်။

အိမ်ထောင်ကျတော့လည်း ပြုနေကျ သူရဲ့ ဒါနဝတ်ကို

ဆက်ပြုပါတယ်။ ဒါတင်မကပါဘူး။

♦ ကောင်းတဲ့စိတ်ထားလေးတွေက အိမ်မှာကတည်းက

ပါလာတာဆိုတော့ သူ့မှာ ကောင်းမြတ်တဲ့ ကံသုံးပါး

အမူအရာလေးတွေလည်း ရှိနေပါတယ်။

လင်ယောက်ျားအိပ်ပြီးမှ အိပ်တယ်။

♦ ထတဲ့အခါ လင်ယောက်ျားအရင် ထဖြစ်တယ်။

ထိုင်စရာရှိရင်လည်း လင်ယောက်ျားနောက်ကပဲထိုင်တယ်။

လင်ယောက်ျား နှစ်သက်စေမယ့် အမူအရာလေးတွေနဲ့

ပဲ နေတယ်။

♦ လင်ယောက်ျားကို စကားပြောတဲ့အခါ နားပူနားဆာ

စကားကို မပြောဘဲ ချစ်ခင်စရာစကားကိုပဲ ရွေးပြောတယ်။

လင်ယောက်ျားကို ဘယ်လိုလုပ်ရ မလဲလို့ မေးမြန်းတိုင်ပင်ပြီးမှ

လုပ်တယ်။ လင်ယောက်ျားရဲ့ မျက်နှာကိုကြည့်ပြီး

သူ့အလိုကျပဲနေတယ်။ မှန်တဲ့စကားကိုပဲ ပြောလေ့ရှိတယ်။

♦နောက်တစ်ခုထူးခြားတာကတော့ ယောက္ခမလုပ်သူကို

အမေမိဘလို သဘောထားဆက်ဆံတာပါပဲ။

ခေါ်တဲ့အခါမှာလည်း “အမေ အမေ” လို့ပဲ ခေါ်ခေါ်ပြီး

ဆက်ဆံပါတယ်။

♦ ဒါပေမယ့် ယောက္ခမနဲ့ ချွေးမ၊ ချွေးမနဲ့ ယောက္ခမဆိုတာ

ကမ္ဘာ့ရန်ဆိုတော့ ချွေးမဖြစ်သူအမျိုးသမီးလေးက ဘယ်လောက်ပဲကောင်းအောင်နေပြနေပြ၊

ယောက္ခမလုပ်သူက လုံးဝမကြည်ဖြူပါဘူး။

အကောင်းလည်း မမြင်ပါဘူး။ ဘာလုပ်လုပ်

အပြစ်ပဲမြင်မြင်နေလေ့ရှိပါတယ်။ ဒါကို သိထားတဲ့အတွက်

ချွေးမဖြစ်သူ အမျိုးသမီးငယ်လေးက ယောက္ခမလုပ်သူကို

လိုအပ်တာထက် ပိုဂရုစိုက်ပေးပါတယ်။

♦ ဒီလိုနဲ့ တစ်နေ့မှာတော့ အိမ်ရှေ့ကို အရှင်မဟာမောဂ္ဂလာန်က ဆွမ်းခံလာရပ်ပါတယ်၊ အမျိုးသမီးငယ်လေးကလည်း အပျိုစင်ဘဝကတည်းက အရှင်မဟာမောဂ္ဂလာန်နဲ့

သိနေတာဆိုတော့ ချက်ချင်းပဲ

“အိမ်ထဲကို ဝင်တော်မူပါဘုရား” လို့ လျှောက်ထားလိုက်ပါတယ်။

♦ ဒါပေမယ့် အလွယ်တကူလောင်းစရာမရှိပါဘူး။

ရှာကြည့်လိုက်တော့ ယောက္ခမရဲ့ အိုးကင်းကြော်မုန့်ကိုပဲ

တွေ့ရပါတယ်။ ယောက္ခမလုပ်သူကို ရှာကြည့် တော့လည်း

မတွေ့ပြန်ပါဘူး။ ဒါကြောင့်

“နောက်မှပဲ ပြောပြပြီး ဝမ်းမြောက်စေတော့မယ်” ဆိုပြီး

ယောက္ခမရဲ့မုန့်ကို အရှင်မဟာမောဂ္ဂလာန်ကို

လောင်းလှူလိုက်ပါတယ်။

အရှင်မဟာမောဂ္ဂလာန်လည်း အနုမောဒနာတရားဟောပြီး ပြန်ကြွသွားပါတယ်။ အရှင်မဟာမောဂ္ဂလာန် ပြန်ကြွပြီး

မကြာခင်မှာဘဲ ယောက္ခမလုပ်သူက ပြန်ရောက်လာပါတယ်။

♦ ဒီတော့ချွေးမဖြစ်သူ အမျိုးသမီးလေးက ဝမ်းသာအားရနဲ့

“အမေရေ အမေ့ဖို့ထားတဲ့မုန့်ကို အရှင်မဟာ မောဂ္ဂလာန်ကို လောင်းလှူလိုက်ပါတယ်။ အမေ ဝမ်းမြောက်စွာ သာဓုခေါ်ပါ” လို့ပြောလိုက်ပါတယ်။

♦ ဒီတော့ ယောက္ခမလုပ်သူက “ဘာ…ဘာ… ဘာပြောလိုက်တယ်၊

ငါ့မုန့်ကို ငါ့ကိုခွင့်မတောင်းဘဲ ရဟန်းကို ပေးပစ်တယ်..

ဟုတ်လား” လို့ ဒေါသတေ ွထွက်ပြီး အနားမှာရှိတဲ့ ကျည်ပွေ့နဲ့ ချွေးမလုပ်သူလေးရဲ့ ပခုံးစွန်းကို ရိုက်ချလိုက်ပါတယ်။

ချွေးမလုပ်သူကလည်း ထင်မှတ်မထားဘဲ ရုတ်တရက် ရိုက်ချလိုက်တာဆိုတော့ ရှောင်ချိန်လည်း မရလိုက်ပါဘူး။

ရိုက်ချက်က တကယ့်ချက်ကောင်းကို ထိသွားပါတယ်။

နှစ်ရက်သုံးရက်အတွင်းမှာ ချွေးမလုပ်သူလေးဟာ ဝေဒနာကို

ပြင်းထန်စွာ ခံစားနေရပါတယ်။ ဒါပေမယ့် အံဩဖို့ကောင်းတာက ယောက္ခမလုပ်သူရဲ့ လုပ်ရပ်ဆိုးကို လုံးဝစိတ်ညွတ်မထားဘဲ အရှင်မဟာမောဂ္ဂလာန်ကို မုန့်လှူလိုက်ရတာလေးကိုပဲ စိတ်ညွတ်ထားခဲ့ပါတယ်။

♦ သုံးရက်မြောက်တဲ့နေ့မှာတော့ ယောက္ခမလုပ်သူရဲ့ ရိုက်ချက်ဒဏ်ရာကြောင့်ပဲ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်သွားတဲ့အခါမှာလည်း အရှင်မဟာမောဂ္ဂလာန်ကို မုန့်လှူလိုက်တဲ့အတွက် ဝမ်းမြောက်တဲ့ ကုသိုလ်စိတ်ကလေးကိုပဲ အာရုံပြုပြီးတော့ ကွယ်လွန်သွားပါတယ်။

ကွယ်လွန်တော့ တာဝတိ ံသာနတ်ပြည်မှာ” ဥဠာရာ”

လို့ အမည်ရတဲ့ အလွန်လှတဲ့ နတ်သမီးလေး သွားဖြစ်ပါတယ်။

တစ်နေ့မှာတော့ အရှင်မဟာမောဂ္ဂလာန်က တာဝတိ ံသာ

နတ်ပြည်ကို ကြွလာပါတယ်။

ဥဠာရာ နတ်သမီးလေးကို တွေ့လိုက်ရတော့

“ဘယ်လို ကုသိုလ်ကံကြောင့် နတ်သမီး လာဖြစ်ရတာလဲ”လို့ မေးပါတယ်။

ဥဠာရာ နတ်သမီးလေးကလည်း သူနဲ့ သူ့ယောက္ခမရဲ့

ဖြစ်စဉ်တွေကို ပြန်ပြောပြပြီး “အရှင်မြတ်ကို လှူဒါန်းခဲ့တဲ့

ကုသိုလ်ဒါနကို အာရုံညွတ်ပြီး သေလွန်ရတဲ့အတွက် နတ်သမီးဖြစ်ရတာပါဘုရား” လို့ပြန်လျှောက်လိုက်ပါတယ်။

♦ဒီဝတ္ထုလေး ထုတ်ပြလိုက်ရတာကတော့ အမျိုးသမီးငယ်လေးရဲ့ သေခါနီးသုံးရက်အလိုလောက်မှာ ထားရှိတဲ့

စိတ်ထားလေးကို ကြိုက်လို့ပါ။

အမျိုးသမီးလေးအနေနဲ့ သေခါနီးသုံးရက်လောက်အလိုမှာ ထင်ရှားတဲ့အာရုံကြီးနှစ်ခုနဲ့ ကြုံနေရပါတယ်။

♦တစ်ဖက်က ယောက္ခမက ကျည်ပွေ့နဲ့ ထုထည့်လိုက်တဲ့အာရုံ၊

♦ နောက်တစ်ဖက်က အရှင်မဟာမောဂ္ဂလာန်ကို

လှူဒါန်းလိုက်တဲ့ အာရုံပါ။

အာရုံနှစ်ခုက ထင်ရှားတဲ့အာရုံတွေပါ။

အာရုံတွေက ထင်ရှားတော့ စိတ်ညွတ်ရတာလည်း

သိပ်လွယ်ကူပါတယ်။

အမျိုးသမီးငယ်လေးက ထင်ရှားတဲ့အာရုံကြီးနှစ်ခုနဲ့

ကြုံနေရပေမယ့် သူ့စိတ်ကို ဘယ်ကိုပို့ထားရမယ်ဆိုတာ

သိပုံရပါတယ်။ ဒါကြောင့် စိတ်ကို ယောက္ခမဆီကို

လုံးဝမညွတ်ဘဲ အရှင်မဟာမောဂ္ဂလာန်ဆီကိုပဲ

စိတ်ညွတ်ထားလိုက်ပါတယ်။

တကယ်ဆို အမျိုးသမီးငယ်လေးဟာ သာမန်ပုထုဇဉ်

အဆင့်ပဲရှိပါသေးတယ်။ ပုထုဇဉ်ပီပီ ဒေါသထွက်မယ်ဆိုရင်

ထွက်စရာပါ။ ဒေါသကို အခြေခံပြီး

“နောက်ဘ၀ ဒီယောက္ခမကို နိုင်ရပါလို၏” လို့

ဆုတောင်းပြီး သေမယ်ဆို သေသွားနိုင်စရာပါ။

အဲဒီလိုသာ စိတ်ကို ယောက္ခမဆီညွတ်ထားပြီး

ဒေါသစိတ်ကို အာရုံပြုပြီးသေသွားရင် မကောင်းတဲ့ဂတိ

တစ်ခုခုကို ရောက်သွားနိုင်ပါတယ်။

♦ ဒါပေမယ့် အမျိုးသမီးငယ်လေးက ဆိုးကျိုးအားလုံးကို

ကြိုတွက်မိပုံရပါတယ်။ ဒါကြောင့် ဘဝအတွက်

အရေးအကြီးဆုံးအချိန်မှာ စိတ်ကို ယောက္ခမဆီ မညွတ်တော့ဘဲ အရှင်မဟာမောဂ္ဂလာန်ဆီကိုပဲ ညွတ်ထားလိုက်ပါတယ်။

♦ ကလေးဘဝမှာကတည်းက ကုသိုလ်ဘက်ကိုယိမ်းပြီး

ဆုံးဖြတ်တက်တဲ့ အထုံအကျင့်လေးက သူ့သန္တာန်မှာ

ကိန်းနေတာလည်း ပါမှာပါ။

ဘာပဲပြောပြော အမျိုးသမီးငယ်လေးရဲ့ ဆုံးဖြတ်ချက်ဟာ

မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်သွားတာတော့ အမှန်ပါပဲ။

► ဘဝမှာ ဆုံးဖြတ်ချက်မှန်ကန်ဖို့ သိပ်အရေးကြီးပါတယ်။

ဆုံးဖြတ်ချက် မှားသွားရင် တချို့ဆုံးဖြတ်ချက်တွေကျတော့ သံသရာအထိပါသွားတက်ပါတယ်။ ဒါကလည်း အလေ့အထုံနဲ့ ဆိုင်မယ်ထင်ပါတယ်။

► ဘယ်အာရုံပဲကြုံကြုံ ကုသိုလ်ဘက်ကိုယိမ်းပြီး

ဆုံးဖြတ်တက်တဲ့ အထုံရှိတဲ့သူဟာ

ကုသိုလ်ဘက်ကိုပဲယိမ်းပြီး ဆုံးဖြတ်တော့မှာပါ။

►ဘယ်အာရုံ ကိုပဲကြုံကြုံ အကုသိုလ်ဘက်ကို ယိမ်းပြီး

ဆုံးဖြတ်တက်တဲ့ အထုံရှိတဲ့သူဟာ အကုသိုလ်ဘက်ကိုပဲ

ယိမ်းပြီး ဆုံးဖြတ်တော့မှာပါ။

ဒါကြောင့် ကိုယ်က အထုံဖြစ်အောင် ကျင့်စဉ်တစ်ခုလိုကို

သဘောထားပြီး ကျင့်ယူရပါမယ်။ နေ့စဉ် အာရုံမျိုးစုံနဲ့

ကြုံနေရတာဆိုတော့ အာရုံတွေကို အခြေခံပြီး

ဆုံးဖြတ်ချက်မျိုးဆုံ ဆုံးဖြတ်နေရမှာပါ။

ကြုံလာတဲ့အာရုံလေးတွေကို ကိုယ်က သတိကပ်ပြီး

ဆုံးဖြတ်သွားရုံပါပဲ။

ဒီလိုအကျင့်လေးလုပ်သွားရင် ကြာရင် အထုံဖြစ်သွားမှာပါ။ တချို့ဆုံးဖြတ်ချက်တွေဟာ ဘဝအတွက်

အရေးမကြီးပေမယ့် တချို့ဆုံးဖြတ်ချက်တွေကျတော့

ဘဝအတွက် တော်တော်လေး အရေးကြီးပါတယ်။

ဆုံးဖြတ်ချက်မှားသွားရင် သံသရာအထိ ပါသွားတက်လို့ပါ။

►ကိစ္စတစ်ခုကြုံလာရင် ထူပူနေတုန်းမှာ မဆုံးဖြတ်ဘဲ

အချိန်ယူပြီးမှ ဆုံးဖြတ်တာကတော့ အကောင်းဆုံးပါပဲ။

အမျိုးသမီးငယ်လေးနဲ့ ယောက္ခမကြုံရတဲ့ကိစ္စမှာ တကယ့်အာရုံဆိုးကြီးတွေပါ။ အမျိုးသမီးငယ်လေးအနေနဲ့

ဆုံးဖြတ်ချက် မှားမယ်ဆိုရင် မှားချင်စရာပါ။

♠ ဒါပေမယ့် အမျိုးသမီးငယ်လေးက ကိုယ့်ရဲ့

ကိုယ်၊ နှုတ်၊ စိတ်ကို အထူးစောင့်စည်းပြီး မိမိကိုယ်ကိုပဲ အကောင်းဆုံးဖြစ်အောင် တည်ဆောက်နေသူ ဆိုတော့

ကိုယ့်ကိုယ်ကို အမှားမခံပါဘူး။

ကမ္ဘာပေါ်မှာ အိမ်ထောင်ပြုခြင်းဆိုတဲ့ အလေ့အထ ရှိနေသရွေ့

ယောက္ခမနဲ့ ချွေးမ၊ ချွေးမနဲ့ ယောက္ခမဆိုတဲ့ အခေါ်အဝေါ် ဝေါဟာရတစ်ခုကတော့ အစဉ်သဖြင့် ရှိနေဦးမှာပါ။

ယောက္ခမ လုပ်သူကလည်း

“ငါကအကြီး၊ ငါက ယောက္ခမ” ဆိုတဲ့ မာန်လေးတွေရှိသလို ချွေးမလုပ်သူကလည်း “ငါကအငယ်၊ ငါကချွေးမ” ဆိုတဲ့

မာန်လေးတွေ ကိုယ်စီရှိကြပါတယ်။

♠ ပြဿနာဆိုတာလည်း မာန်ရှိသူချင်းမှသာ ဖြစ်တာပါ။

တစ်ဖက်က မာန်တွေ ဘယ်လောက်ပဲရှိရှိ၊ တစ်ဖက်က

မာန်မရှိဘူးဆိုရင် မရှိအောင်နေဆိုရင် ပြဿနာ မဖြစ်ပါဘူး။

♠ ပြဿနာတစ်ခုဖြစ်လာပြီးဆိုရင် ကိုယ့်ဘက်က

ဓမ္မနဲ့အညီ နေနိုင်သမျှနေဖြစ်အောင် ကြိုးစားရပါတယ်။ “ဓမ္မောဟဝေရက္ခတိဓမ္မစာရီ= တရားကို စောင့်တဲ့သူကို

တရားက ပြန်စောင့်ရှောက်သွားမှာပဲ” လို့ နှုလုံးသွင်းပြီး

ဓမ္မနဲ့ ညီနိုင်သမျှ ညီအောင်နေရပါမယ်။

ပြီးတော့ သီလကိုလည်း တိုးတိုးပြီး စောင့်ထိန်းသင့်ပါတယ်။

♠ ဘယ်လိုပြဿနာမျိုးပဲဖြစ်ဖြစ် ဒီနည်းကတော့

အကောင်းဆုံးပါပဲ။ကိုယ့်ဘက်က တာလုံအောင်နေလိုက်တဲ့

သဘောပါ။ အဆင်ပြေတာ မပြေတာက ဒုတိယကိစ္စပါ။

♠ စာဖက်သူတွေ သတိမထားမိမှာစိုးလို့ ထပ်ပြောပါရစေ။ ဘယ်လိုပြဿနာမျိုးပဲဖြစ်ဖြစ် ပြဿနာတစ်ခုခု ဖြစ်လာပြီးဆိုရင် ကိုယ့်ဘက်က ဓမ္မနဲ့အညီ နေနိုင်သမျှနေပါ။

သီလကို တိုးတိုးပြီးစောင့်ထိန်းပါ။

ဒီနှစ်ချက်ကိုတော့ ချစ်တဲ့စာဖက်သူတွေ အထူးပဲ

အာရုံပြုထားစေချင်ပါတယ်။

စာရေးသူကတော့ ကိုယ့်မှာ စိတ်အနှောက်အယှက်ဖြစ်စရာ

တစ်ခုခုနဲ့ ကြုံလာရင် အထက်ကအတိုင်း ကျင့်သုံးလေ့ ရှိပါတယ်။

ကိုယ့်မှာ တကယ်အားကိုး စရာက “ဓမ္မနဲ့ သီလ” ပါ။

တကယ်တော့ ဒါတွေအားလုံးဟာစိတ်ပါပဲ။

စိတ်ကနေ “ဒီယောက္ခမကြီးက မုန်းစရာကြီးလို့” လျှောက်သတ်မှတ်ထားလို့ပါ။ အမှန်ကတော့

ကိုယ့်စိတ် ကလေးကို ပြန်ပြင်လိုက်ရုံပါပဲ။

စိတ်ကလေးကို ပြောင်းယူလိုက်ရုံပါပဲ။

♠ ကိုယ့်ကိုယ်ကိုယ် ပြန်အာရုံပြုကြည့်ပေါ့။

ငါဒီလိုစိတ်တွေ ဖြစ်နေတဲ့အတွက် စိတ်ချမ်းသာသလားဆိုတာ၊ စိတ်မချမ်းသာတဲ့အလုပ်ကြီးကို ဘာလို့ဆက်လုပ်နေမှာလဲ။ စိတ်ချမ်းသာအောင်ပဲ နေမှာပေါ့၊ စိတ်ချမ်းသာအောင် နေထိုင်နည်းတွေကလည်း အများကြီးရှိနေတဲ့ဥစ္စာ။

လူတစ်ယောက်ရဲ့ ဘဝမှာ စိတ်ချမ်းသာမှုက သိပ်ပြီး

အရေးကြီးပါတယ်။

♠ စိတ်ချမ်းသာတယ် စိတ်ဆင်းရဲတယ်ဆိုတာ

အဓိက ကိုယ့်စိတ်ကပဲ လိုက်ဖန်တီးနေတာပါ။

ဘယ်လောက်ပဲ ရာထူးဌာနန္တရတွေရှိရှိ၊

ဘယ်လောက်ပဲ ချမ်းသာချမ်းသာ စိတ်မချမ်းသာဘူးဆိုရင်

နေရထိုင်ရတာ မပျော်ပါဘူး။ ဒါမျိုးတွေက ကိုယ်တွေ့လေးတွေ ကိုယ်စီရှိနေကြတာဆိုတော့ အထူးပြောဖို့ မလိုတော့ပါဘူး။

ဒီသက်သေလေးတွေကို အသေအချာအာရုံပြုပြီး

ကိုယ့်စိတ်ကလေးကို ပြုပြင်လိုက်ရုံပါပဲ။

နှစ်ဦးနှစ်ဖက် အဆင်မပြေကြဘူးဆိုတာ မေတ္တာမရှိကြလို့ပါ။ မေတ္တာထားနိုင်လိုက်ရင် အဆင်ပြေသွားကြတာပါပဲ။

ဥပမာပဲ ထားပါတော့၊ ယောက္ခမနဲ့ချွေးမ အဆင်မပြေဘူးတဲ့

ထားပါတော့။ ယောက္ခမက ကိုယ့်ကို အသေအလဲ မုန်းနေတယ်ပဲထားပါတော့။

ဒါဆို ” ရေမေတ္တာ ” သာ နာနာပို့ပစ်လိုက်စမ်းပါ။

♠ မြတ်စွာဘုရားကို ရေကပ်၊ ရေကပ်ပြီးတဲ့အခါ

“ဤရေအေးမြသလို ငါ့ရဲ့ ယောက္ခမဖြစ်သူ ဒေါ်ဘယ်သူလည်း

စိတ်ကော ရုပ်ကောအေးမြပါစေ၊ အစစအရာရာ

အဆင်ပြေပါစေ” လို့ ယောက္ခမကို မျက်လုံးထဲမှာ

မြင်အောင်ထားပြီး ပြုံးလာတဲ့အဆင့်ထိ မေတ္တာပို့ပါ။

ကိုယ့်ရဲ့ မေတ္တာသမာဓိအားကြီးတယ်ဆိုရင်

လေးငါးခြောက်ရက်နဲ့တင် ထူးခြားလာပါလိမ့်မယ်။

ကိုယ့်ရဲ့ မေတ္တာသမာဓိက အားနည်းနေသေးတယ်

ဆိုရင်တော့ တစ်လနှစ်လလောက်တော့ ကြာချင်ကြာ

ပါလိမ့်မယ်။ယောက္ခမလုပ်သူကလည်း အထက်ကအတိုင်း

ချွေးမလုပ်သူကို ရေမေတ္တာပို့ကြည့်ပါ။

♠ တစ်ခုတော့ရှိပါတယ်။ မေတ္တာပို့သူ ကိုယ်တိုင်ကလည်း

အဆင်ပြေချင်စိတ် ချစ်ချစ်ခင်ခင်နေလိုတဲ့စိတ် ရှိနေရပါ့မယ်။ မေတ္တာတွေတော့ ပို့နေပါရဲ့၊ အဲဒီလိုစိတ်မျိုး မရှိဘူးဆိုရင်တော့ မေတ္တာကထိရောက်မှာ မဟုတ်ပါဘူး။

တချို့ဆိုယောက္ခမနဲ့ အဆင်မပြေလို့ ရသင့်ရထိုက်တဲ့

အမွေတွေ မရလိုက်တာတောင် ရှိပါတယ်။

ကဲ.. စာဖတ်သူ။ ယောက္ခမနဲ့ချွေးမ

အဆင်မပြေဖြစ်နေခဲ့ရင် ရေမေတ္တာသာ ပု့ိကြည့်လိုက်စမ်းပါ။ မကြာခင်အချိန်အတွင်းမှာ “အမေရဲ့ သမီးရဲ့၊ သမီးရဲ့ အမေရဲ့”

ဆိုပြီး ဘေးကလူတွေ မနာလိုချင်လောက်ကို

အဆင်ပြေသွားပါလိမ့်မယ်။ ပြီးတော့ အမွေတွေလည်း အများကြီးရလိုက်ပါလိမ့်မယ်။

-【ဆရာတော်အရှင်ရာဇိန္ဒ

ကျမ်းကိုး-

၁။ ဝိမာနဝတ္ထုအဋ္ဌကထာ၊

ဥဠာရာဝိမာနဝတ္ထု။

၂။ ဝိမာနဝတ္ထုတော်ကြီး၊ မြို့မိဆရာတော်။

ဖိုးသူတော် (www.phothutaw.com)
Credit: ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top