Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

က်ပ္သန္း သံုးေသာင္းခုနစ္ေထာင္ေက်ာ္ ဆံုး႐ႈံးခဲ့တယ္လုိ႔ ဆိုပါတယ္။

ေအာက္တိုဘာလ ၁၉ ရက္ေန႔ မနက္ပိုင္းက ျဖစ္ပြားခဲ့တဲ့ ကန္ေတာ္ႀကီးပဲေလစ့္ဟိုတယ္မီးေလာင္မႈက ဆံုး႐ႈံးမႈတန္ဖိုး က်ပ္သန္း သံုးေသာင္းခုနစ္ေထာင္ေက်ာ္ရွိတယ္လို႔ ရန္ကုန္တုိင္းမီးသတ္ တပ္ဖြဲ႕မွ အရာရွိတစ္ဦးက ေျပာပါတယ္။

တြက္ခ်က္မႈေတြအရ ကန္ေတာ္ႀကီးပဲေလ့စ္ဟိုတယ္ မီးေလာင္မႈက ဆံုးရံႈးမႈတန္ဖိုး က်ပ္သန္းသံုးေသာင္းေျခာက္ေထာင္ေက်ာ္ ရွိခဲ့တဲ့ မဂၤလာေဈးမီးေလာင္မႈအၿပီးမွာ ဆံုး႐ံႈးမႈတန္ဖိုး အျမင့္ဆံုး ျဖစ္ခဲ့တာ ျဖစ္ပါတယ္။

မီးေလာင္မႈ အေၾကာင္းရင္းက ဝိုင္ယာႀကိဳးအေဟာင္းေတြကို မီးထြန္းသည့္ေနရာမွာ အသံုးျပဳခဲ့တာကေန မီးသံုးစြဲမႈမ်ားျပားလာလုိ႔ ဝိုင္ယာႀကိဳးေတြ အပူလြန္ၿပီး မီးေလာင္ခဲ့တာျဖစ္တယ္လုိ႔  ရန္ကုန္တုိင္းမီးသတ္ တပ္ဖြဲ႕မွ မီးသတ္အရာရွိက ေျပာပါတယ္။

မီးေလာင္မႈေၾကာင့္ ဟိုတယ္အခန္း ၁၈၀ ေက်ာ္ထဲက အခန္း ၉၀ ေက်ာ္ မီးေလာင္ဆံုး႐ႈံးခဲ့ၿပီး တည္းခုိေနတဲ့ ႏုိင္ငံျခားသားတစ္ဦးအပါ အဝင္ ႏွစ္ဦး မီးေလာင္ေသဆံုးခဲ့ပါတယ္။

ကန္ေတာ္ႀကီးပဲေလ့စ္ဟိုတယ္ကို ဦးေတဇက ထိုင္းႏုိင္ငံ Baiyoke Group of Hotels ဆီကေန ၂၀၁၀ ျပည့္ႏွစ္မွာ အေမရိကန္ေဒၚလာ ၂၉ သန္းနဲ႔ ဝယ္ယူခဲ့တာ ျဖစ္ပါတယ္။

မီးေလာင္မႈနဲ႔ ပတ္သက္ၿပီး ဟိုတယ္မန္ေနဂ်ာကို မီးေပါ့ဆမႈ ပုဒ္မ ၂၈၅၊ ေပါ့ေလ်ာ့မႈေၾကာင့္ လူေသေစမႈ ပုဒ္မ ၃၀၄ (က)နဲ႔ ျပင္းထန္စြာနာက်င္မႈ ပုဒ္မ ၃၃၈ တုိ႔နဲ႔ မဂၤလာေတာင္ၫြန္႔ၿမိဳ႕မ ရဲစခန္းမွာ အမႈဖြင့္ အေရးယူထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ကျပ်သန်း သုံးသောင်းခုနစ်ထောင်ကျော် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ကန်တော်ကြီးပဲလေစ့်ဟိုတယ်မီးလောင်မှုက ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း သုံးသောင်းခုနစ်ထောင်ကျော်ရှိတယ်လို့ ရန်ကုန်တိုင်းမီးသတ် တပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောပါတယ်။

တွက်ချက်မှုတွေအရ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုက ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းသုံးသောင်းခြောက်ထောင်ကျော် ရှိခဲ့တဲ့ မင်္ဂလာဈေးမီးလောင်မှုအပြီးမှာ ဆုံးရှုံးမှုတန်ဖိုး အမြင့်ဆုံး ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

မီးလောင်မှု အကြောင်းရင်းက ဝိုင်ယာကြိုးအဟောင်းတွေကို မီးထွန်းသည့်နေရာမှာ အသုံးပြုခဲ့တာကနေ မီးသုံးစွဲမှုများပြားလာလို့ ဝိုင်ယာကြိုးတွေ အပူလွန်ပြီး မီးလောင်ခဲ့တာဖြစ်တယ်လို့  ရန်ကုန်တိုင်းမီးသတ် တပ်ဖွဲ့မှ မီးသတ်အရာရှိက ပြောပါတယ်။

မီးလောင်မှုကြောင့် ဟိုတယ်အခန်း ၁၈၀ ကျော်ထဲက အခန်း ၉၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီး တည်းခိုနေတဲ့ နိုင်ငံခြားသားတစ်ဦးအပါ အဝင် နှစ်ဦး မီးလောင်သေဆုံးခဲ့ပါတယ်။

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ကို ဦးတေဇက ထိုင်းနိုင်ငံ Baiyoke Group of Hotels ဆီကနေ ၂၀၁၀ ပြည့်နှစ်မှာ အမေရိကန်ဒေါ်လာ ၂၉ သန်းနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

မီးလောင်မှုနဲ့ ပတ်သက်ပြီး ဟိုတယ်မန်နေဂျာကို မီးပေါ့ဆမှု ပုဒ်မ ၂၈၅၊ ပေါ့လျော့မှုကြောင့် လူသေစေမှု ပုဒ်မ ၃၀၄ (က)နဲ့ ပြင်းထန်စွာနာကျင်မှု ပုဒ်မ ၃၃၈ တို့နဲ့ မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top