AYA Home Loan ဖြင့် ၀ယ်ယူနိုင်မည့် မန္တလေးမြို့၏ အကောင်းဆုံး Sky Villa ကွန်ဒိုအရောင်းပြပွဲ
×
Credit: 7DayDaily
#Unicode Version#
ဇနီးဟောင်းနှင့် လက်ရှိအချိန်ကာလတွင် အဆက်အ သွယ်မရှိတော့သလို နှစ်ဦးစလုံး ကိုယ့်လမ်းကိုယ်လျှောက်ကာ ပျော်နေကြောင်း အဆိုတော် သရုပ်ဆောင်ရဲလေးက ပြောသည်။
‘‘ကျွန်တော်လည်း တွေ့နေ၊ ကြားနေရပါတယ်။ သူလည်း သူ့ အလုပ်သူလုပ်ပြီး အောင်မြင်ပျော် ရွှင်နေပြီ။ ကျွန်တော်လည်း ကျွန် တော့အလုပ်တွေ လုပ်ပြီး နေသားကျနေပြီ။ ဒါပဲဗျ။ ဘဝကြီးက။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီ လိုပဲ မြင်ချင်တာပါ။ ဘဝကြီးက အဆင်ပြေရင် အားလုံးပူးပေါင်း ကြတယ်။ လက်တွဲကြတယ်။ အဆင်မပြေရင် ခွဲခွာကြတယ်။ လက်တွဲဖြုတ်ကြတယ်။ ဒါပေမဲ့ နှစ်ယောက်စလုံးက သူ့ဟာနဲ့သူ အဆင်ပြေနေတယ်။ အဲဒါကိုပဲ လိုချင်တယ်။ အဲဒါကိုပဲ မြင်ချင် တာပါ။ မျက်ရည်တွေနဲ့နှုတ်ဆက် ပြီး ဘဝကြီးပျက်သွားတာကိုမလို ချင်ဘူး။ ကိုယ့်ကြောင့် ငိုသွားရ တယ်။ ကိုယ့်ကြောင့် စိတ်ဆင်းရဲ သွားရတယ်ဆိုတဲ့ ဘဝကြီးကို မလို ချင်ဘူး’’ဟု ၎င်းက ပြောသည်။
လက်ရှိ အချစ်ရေး အိမ် ထောင်ရေးနှင့်ပတ်သက်ပြီး ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုမရှိသေး သည့် အချိန်ဖြစ်နေသောကြောင့် တစ်ယောက်တည်းဖြစ်နေသည် ဟု ဆိုသည်။
‘‘ကိုယ့်ကြောင့် တခြားမိန်း ကလေးတစ်ယောက် ထပ်ပြီး ငိုရ မယ့်၊ စိတ်ဆင်းရဲရမယ့်အဖြစ်ကို နှမချင်း ကိုယ်ချင်းစာတယ်။ မောင်နှမချင်းကိုယ်ချင်းစာတယ်။ ကိုယ် လည်း မောင်နှမတွေ ရှိတော့လေ။ သူတို့ကို စိတ်ဆင်းရဲမှုတွေ မပေး ချင်တော့ဘူး။ အရင်လို ငါချစ်နိုင် ပါ့မလားပေါ့။
မချစ်နိုင်ဘဲနဲ့လည်း မိန်းက လေးတစ်ယောက်ကို အချိန်မကုန် စေချင်ဘူး။ ဒုက္ခမပေးချင်ဘူး။ ဒါပါပဲ။ အနုပညာအလုပ်တွေကို အရင်ထက် နှစ်ဆပိုပြီး လုပ်နိုင်တယ်။ အဲဒီဘဝကြီးကိုပဲ အခုကျေနပ်နေပါတယ်’’ဟု ရဲလေးက ပြောသည်။
ရဲလေးသည် My World My Fans My Show တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၂ ရက် တွင် ပြည်သူ့ရင်ပြင်၌ ကျင်းပမည် ဖြစ်သည်။
အဆိုပါပွဲသည် ၎င်း၏အနု ပညာသက်တမ်း(၁၅)နှစ်အတွင်း ပြုလုပ်သည့် ငါးပွဲမြောက်တစ် ကိုယ်တော်ရှိုး ဖြစ်သော်လည်း လက်မှတ်ရောင်းချပြီး ပြုလုပ် သည့် သုံးပွဲမြောက်ဖြစ်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top