ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ရန္ကုန္ၿမိဳ႕အစြန္၊ ေမွာ္ဘီၿမိဳ႕နယ္၊ ေရႊျမယာေက်းရြာအုပ္စု၊ ကြၽန္းေခ်ာင္းေက်းရြာမွာ ေဗရိဆုိတဲ့ ဥယ်ာဥ္ျခံႀကီး တစ္ျခံရွိပါတယ္။ ရန္ကုန္-ျပည္ ကားလမ္းမႀကီးနံေဘးမွာ တည္ရွိတာပါ။
အဲဒီျခံႀကီးအတြင္းမွာ ဂီတပညာရွင္တစ္ေယာက္ ျခံေစာင့္အျဖစ္ ရွိေနပါတယ္ဆုိရင္ အံ့ၾသသြားမလား။ သူဟာ တစ္သက္တာ ဂီတထူးခြၽန္ဆုရွင္ ကုိဗစ္တာလုိ႔ေခၚတဲ့ ဆလုိင္းဇာလ်န္းပါပဲ။

ဆလုိင္းဇာလ်န္းကုိ ၁၉၅၀ ျပည့္ႏွစ္က ဖလမ္းၿမိဳ႕မွာ ေမြးဖြားခဲ့ၿပီး ဖခင္ဆရာ၀န္ေၾကာင့္ ေဒသစုံ လွည့္လည္ေနထုိင္ရာမွ ရန္ကုန္ၿမိဳ႕ စိန္ေပါလ္ေက်ာင္းမွာ ၁၀ တန္းေအာင္ျမင္ခဲ့ပါတယ္။ ရသစာေပေတြကုိ ႏွစ္သက္တဲ့ ခ်င္းတမီလ္ကျပားတစ္ဦးလည္း ျဖစ္ပါတယ္။
ဖခင္မိတ္ေဆြ ႏုိင္ငံျခားေဆး ကုိယ္စားလွယ္တစ္ဦးထံက ရရွိခဲ့တဲ့ ဂီတာသင္႐ုိး စာအုပ္နဲ႔ ဂီတာပညာကုိ သင္ယူခဲ့ၿပီး ေလ့က်င့္ခဲ့တယ္။ ဒီလုိနဲ႔ ဂီတလမ္းေၾကာင္းေပၚကုိ အေပ်ာ္တမ္း တီး၀ုိင္းေတြဖဲြ႕ၿပီး တီးလာရာမွ ေရာက္ရွိခဲ့တယ္။

ကနဦးက Lead ဂစ္တာ တီးခတ္သူျဖစ္ေပမယ့္ Bass ဂီတာကုိႏွစ္သက္ၿပီး တီးခတ္လာတဲ့ ေနာက္ပုိင္း The Aces တီး၀ုိင္းမွာ Bass ဂီတာတီးတဲ့ ေဘဘီး ထြက္သြားေတာ့ The Aces တီး၀ုိင္းကုိ Bass ဂီတာသမား အျဖစ္ စတင္ေရာက္ရွိခဲ့တယ္။

“Aces က Bass သမားထြက္သြားေတာ့ သူတုိ႔လာရွာတယ္။ သူတုိ႔လာရွာေတာ့ အဲဒီေရာက္သြားတာ” လုိ႔ ဆလုိင္းဇာလ်န္းက The Aces တီး၀ုိင္းမွာ အေျခခ်ျဖစ္ပုံကုိ ရွင္းျပတယ္။ အတီးသမားျဖစ္ေပမဲ့ ပန္းကေလးငုိ၊ ဖုိးသာထူး၊ လိုရင္အကုန္လုံးယူ၊ ခုိင္ထူးသီဆုိ ထားတဲ့စစ္နဲ႔ ၿငိမ္းခ်မ္းေရးစတဲ့ သီခ်င္းေတြ အပါအ၀င္ အျခားေသာ သီခ်င္းေတြကုိလည္း ဆလုိင္းဇာလ်န္းက ဖန္တီးခဲ့ပါေသးတယ္။သူဖန္တီးတဲ့ သီခ်င္းေတြထဲမွာ သူကုိယ္တုိင္ ေရးစပ္တာေတြရွိသလုိ တျခားသူေတြရဲ႕ ကဗ်ာေတြကုိ သီခ်င္းအျဖစ္ ျပန္ေျပာင္းဖန္တီးတာေတြလည္း ရွိပါတယ္။

ဥပမာအေနနဲ႔ ေျပာရရင္ အင္းစိန္ေထာင္ထဲမွာ မီးေသြးနဲ႔ ကဗ်ာေတြေရးၿပီးလုပ္တဲ့ ေက်ာက္မီးေသြးလႈပ္ရွားမႈ စစ္ဆင္ေရးက ထြက္လာတဲ့ ကဗ်ာေတြနဲ႔ ပန္းကေလးငုိဆုိတဲ့ သီခ်င္းကုိ ဖန္တီးျဖစ္သလုိ ကေလာင္ ငသာျမတ္ရဲ႕ ကဗ်ာေတြကုိ သီခ်င္းအျဖစ္ ဖန္တီးခဲ့ပါတယ္။ The Aces တီး၀ုိင္းရဲ႕ Bass ဂစ္တာသမား ဆလုိင္းဇာလ်န္းဟာ သူ႔ပညာ၊ ခံယူခ်က္ေၾကာင့္ အဆုိေတာ္ေတြနဲ႔ သေဘာထားမတူတာေတြလည္း ရွိခဲ့ပါတယ္။

“ထူးအိမ္သင္က ေရွး႐ုိးအစဥ္အလာအတုိင္း တည့္တည့္တီးေပးေစခ်င္တယ္။ ကြၽန္ေတာ္က ေစာင္းကန္း ေစာင္းကန္းတီးတာ။ အဲဒီ အရသာကုိ သူကမသိဘူး။ မသိေတာ့ ေျပာတာေပ့ါ။ တည့္တည့္တီးေပးဖုိ႔။ ကြၽန္ေတာ္က ေဟ့ေကာင္ မင္းဟာကုိ မင္းတည့္ေအာင္ဆုိ ငါတုိ႔က ငါတုိ႔ဘာသာသြားမယ္။ မင္းဆုိမယ့္ အပုိင္းကုိ ေျဖာင့္ေျဖာင့္တန္းတန္း တည့္ေအာင္ဆုိလုိ႔ ေျပာတယ္။ ဒါေပမဲ့ သူေနာက္ေတာ့ သေဘာေပါက္ပါတယ္။ အဲဒီအခ်ိန္မွာ ကမၻာမွာ ထြက္ေနတဲ့ သီခ်င္းေတြက အဲဒီပုံစံေတြပဲ။ အေစာင္း ေခၚတာေပ့ါ” လုိ႔ ဆလုိင္းဇာလ်န္းက သူ႔ရဲ႕ျဖတ္သန္းပုံေတြထဲက အမွတ္တရတစ္ခုကုိ သတိတရ ေျပာျပပါတယ္။

ဂီတနဲ႔ပတ္သက္ရင္ ဆရာတစ္ဆူလို႔ သတ္မွတ္ထားတဲ့ ထူးအိမ္သင္လို လူမ်ဳိးကိုလည္း မိမိတတ္ေျမာက္ထားတဲ့ ပညာအေပၚမွာ လာေရာက္ျခယ္လွယ္တာကိုေတာ့ မခံခဲ့ပါဘူး။ ဒါေပမဲ့ ပညာရွင္ အစစ္အမွန္ေတြဆိုတာ သူတစ္ပါးရဲ႕ ကြၽမ္းက်င္မႈေတြကို ခံစားနားလည္တတ္တဲ့သူေတြျဖစ္တာေၾကာင့္ သူတို႔ဆက္ဆံေရးမွာ အခက္အခဲ မရိွခဲ့ပါဘူး။

ဆလုိင္းဇာလ်န္းဟာ ဂီတနဲ႔ ပတ္သက္တဲ့ သင္တန္းေတြ သင္ၾကားေပးရင္း ျဖတ္သန္းလာခဲ့ရာ The Aces တီး၀ုိင္းက ၀ုိင္းေတာ္သားေတြ ျပည္ပကုိထြက္ခြာသြားေတာ့ ၀ုိင္းမွာ လူမစုံတာက တစ္ေၾကာင္း၊ အသက္အရြယ္က တစ္ဖုံတုိ႔ေၾကာင့္ တီး၀ိုင္းက အနားယူခဲ့ၿပီး လူငယ္ေတြအတြက္ ေနရာေပး ေဘးထြက္ထုိင္ခဲ့ပါတယ္။ လူတစ္ေယာက္ရဲ႕ လုပ္ရပ္ဆုိတာ သူ႔သမုိင္းေၾကာင္းဆုိရင္ တစ္သက္တာဂီတထူး ခြၽန္ဆုက ဆလုိင္းဇာလ်န္းရဲ႕ သမုိင္းေၾကာင္းကုိ ျပေနတာျဖစ္ပါတယ္။

ဂီတအတြက္ ႐ုိး႐ုိးသားသား ရွင္သန္ခဲ့သူျဖစ္တဲ့အတြက္ ေငြေၾကးမေျပလည္မႈ ဒဏ္ကုိေတာ့ ဆလုိင္းဇာလ်န္းတစ္ေယာက္ မလဲြမေသြ ရင္ဆုိင္ရျပန္တယ္။ လက္ရွိေနထုိင္တဲ့ ေဗရိဥယ်ာဥ္ျခံက မယားညီအစ္ကုိ ေတာ္စပ္သူရဲ႕ ျခံျဖစ္ၿပီး ျခံမွာလုိအပ္တာေတြ လုပ္ကုိင္ရင္း ေနထုိင္ေနရတာပါ။
“ဒီမွာေနတာ မၾကာေသးဘူး။ ေျပာင္းေနတာ သုံး၊ ေလး ေနရာေလာက္ရွိေနပါၿပီ။ ေျပာင္းတာမ်ားလုိ႔ ေရႊစင္႐ုပ္တုေတာင္ ဘယ္နားသိမ္းထားမိလည္း မသိဘူး။ ဒီမွာေနၿပီး လုပ္စားေပါ့။ ေပါက္တာျပဲတာ ဖာေထး။ ေစာင့္ေရွာက္ခုိင္းထားတာေပါ့ဗ်ာ။ ျခံေစာင့္ေပါ့ဗ်ာ။ အဲဒီလုိေပါ့။ ေနလည္းေန လုိအပ္တာလည္း လုပ္ေပါ့” လုိ႔ ကုိဗစ္တာက သူ႔ရဲ႕ေအာက္ႏႈတ္ခမ္းထိ ဖုံးအုပ္ရွည္လွ်ားတဲ့ ႏႈတ္ခမ္းေမြးကုိ လက္နဲ႔သပ္ရင္းက ဆုိလာပါတယ္။

ဂီတလမ္းေၾကာင္းေပၚ ေလွ်ာက္လွမ္းျခင္း မရွိေတာ့ေပမဲ့ တပည့္တစ္ေယာက္ လက္ေဆာင္ေပးထားတဲ့ ေဟာ္လုိဂီတာတစ္လုံးနဲ႔ သီခ်င္းေတြ နားေထာင္ရင္း ဆလုိင္းဇာလ်န္းတစ္ေယာက္ ေဗရိဥယ်ာဥ္ႀကီးထဲမွာ ဂီတေမွာ္၀င္ စားေနဆဲပါ။ အသက္အရြယ္ေကာင္းခ်ိန္က ဂီတာသင္တန္းေတြ သင္ၾကားေပးခဲ့ၿပီး လက္ရွိအခ်ိန္မွာ အထီးက်န္မႈကုိ အေဖာ္ျပဳေနရေပမဲ့ ဂီတေလာက တုိးတက္ေရးအတြက္ အသက္ ၆၇ ႏွစ္အရြယ္ ဦးဗစ္တာတစ္ေယာက္ကေတာ့ အေတြးတစ္ခု ငုတ္႐ုိက္ထားဆဲပါ။

“ဂီတသင္တန္းဖြင့္ဖုိ႔ေတာ့ စိတ္ကူးရွိတယ္။ စိတ္ကူးယဥ္ထားတာေပါ့ဗ်ာ။ ဒါကလည္း ႏုိင္ငံျခားက အကူအညီလုိတယ္။ ရန္ကုန္မွာရွိေတာ့ ျမန္မာျပည္သားေတြ တက္လုိ႔ရတာ ေပါ့ဗ်ာ။ အေမရိကားမွာရွိတဲ့ ေက်ာင္းကုိဒီမွာ ျပန္ေမြးစားလုိက္မွာ။ သူတုိ႔ သင္႐ုိးေတြ စာအုပ္စာတမ္းေတြ ဒီမွာျပန္လုပ္မယ္။ လုပ္ျဖစ္ရင္ေတာ့ ေကာင္းတာေပါ့။ အခုက တကူးတက လုိက္ရွာေနရတာေလ” လုိ႔ ဂီတကုိ စာအုပ္ေတြနဲ႔ သင္ၾကားခဲ့ရတဲ့ ကုိဗစ္တာက သူ႔အိမ္မက္ကုိ ေျပာပါတယ္။

သူတို႔ ဂီတပညာကို လိုက္စားေလ့လာတဲ့ အခ်ိန္မွာ ဂီတ၀ါသနာ ပါသူေတြဟာ သင္ခ်င္လို႔ေတာင္ သင္ယူဖုိ႔အတြက္ အခက္အခဲေတြ ရွိပါတယ္။ ဆရာအခက္အခဲ၊ ေငြအခက္အခဲ၊ သင္ေထာက္ကူ အခက္အခဲစတဲ့ အခက္အခဲေပါင္းမ်ားစြာကေန ၀ါသနာအရင္းခံၿပီး ေလွ်ာက္လွမ္းခဲ့ၾကတာပါ။

ရည္ရြယ္ခ်က္တူ၊ ခံယူခ်က္တူသူခ်င္း တကၠသုိလ္ေန႔ရက္ေတြမွာ စုစည္းမိၾကရင္း ဂီတလမ္းမေပၚ လွမ္းတက္ခဲ့တဲ့သူေတြလည္း အမ်ားႀကီး ရွိပါတယ္။ တုိးတက္လာတဲ့ဒီေန႔ ေခတ္မွာေတာ့ အရာရာလြယ္ကူ လာသလုိ အခြင့္အလမ္းေတြလည္း မ်ားျပားလာၿပီ ျဖစ္ပါတယ္။ ဂီတလမ္းေၾကာင္းမွာလည္း အဆုိၿပိဳင္ပဲြေတြ ဒုနဲ႔ေဒး။ ဂီတာသင္တန္း တက္ခ်င္သူေတြအတြက္လည္း မခက္ခဲေတာ့ပါဘူး။ ဂီတေရစီးကုိ Bass ဂစ္တာတလက္နဲ႔ စီးေမ်ာေနသူ မဟုတ္ေတာ့ေပမဲ့ ဂီတေလာကသား တစ္ေယာက္အေနနဲ႔ ဆလုိင္းဇာလ်န္းက ဂီတေလာက တိုးတက္မႈအေပၚ အားရေက်နပ္ေနတာေတာ့ အမွန္ပင္။

“အရင္ထက္စာရင္ေတာ့ အမ်ားႀကီး ေကာင္းလာတယ္။ ဂီတာကုိ စိတ္၀င္စားတဲ့သူလည္း ေတာ္ေတာ္မ်ားတယ္။ ဂီတနဲ႔ ပတ္သက္တဲ့ စာလည္းတတ္ၾကတယ္။ အားရစရာ ေကာင္းပါတယ္” လုိ႔ ဆလုိင္းဇာလ်န္းက သုံးသပ္တယ္။
အသက္အရြယ္ ႀကီးရင့္လာမႈနဲ႔ လူငယ္ေတြကို ေနရာေပးခ်င္တာေၾကာင့္ ဂီတေလာကကေန အနားယူခဲ့တဲ့ ဆလိုင္းဇာလ်န္းဟာ ဘုရားေက်ာင္းလည္း မတက္ျဖစ္ေတာ့ သူ႔အတြက္ အခ်ိန္ပုိေတြအမ်ားႀကီး ပုိင္ဆုိင္ထားျပန္တယ္။ အိမ္နား၀န္းက်င္က ဂီတာ၀ါသနာပါတဲ့ ကေလးတစ္ေယာက္ကုိ ပညာသင္ေပးၿပီးရင္ သီခ်င္းနားေထာင္။ ဒီအလုပ္ေတြ မရွိခ်ိန္ ဆလုိင္းဇာလ်န္းတစ္ေယာက္ ဘာေတြေတြးၿပီး ဘာေတြလုပ္ေနမလဲဆုိတာေတာ့ သူသာ အသိဆုံးျဖစ္ပါလိမ့္မယ္။

“တစ္ေယာက္တည္း စကားေျပာေဖာ္ မရွိေတာ့ ပ်င္းတယ္ဗ်” လုိ႔ ဆလုိင္းဇာလ်န္းက ဆံရွည္ေတြမရွိေတာ့တဲ့ ေခါင္းကုိ သပ္ရင္းက ရည္ၿပီး ေျပာပါတယ္။ ေငြဆုိတာ ဒုတိယ ဘုရားလုိ႔ ေျပာဆုိက်င့္သုံးသူေတြရွိသလုိ ေငြနဲ႔ ေပး၀ယ္လုိ႔ မရတာေတြ ေလာကမွာ အမ်ားႀကီးရွိပါတယ္။ အဲဒီအရာေတြထဲက တစ္ခုျဖစ္တဲ့ မိသားစုဆုိတာကုိ ဆလုိင္းဇာလ်န္းပုိင္ဆုိင္ထားတယ္။ ေဗရိဥယ်ာဥ္ထဲမွာ ဇနီး၊ သမီး၊ ေျမးေတြနဲ႔ ဆလုိင္းဇာလ်န္း ေနထုိင္ပါတယ္။ ဒီထက္ပုိၿပီး တန္ဖုိးျဖတ္လုိ႔ မရတာကေတာ့ ဆလုိင္းဇာလ်န္းဟာ က်န္းမာေရးေကာင္းၿပီး ဘာေရာဂါမွ မရွိပါဘူး။ အသက္အရြယ္ႏုခ်ိန္က အရက္ေသာက္တတ္တဲ့ Bass ဂီတာသမားႀကီး ဆလုိင္းဇာလ်န္း ရြာသာႀကီး စိတ္က်န္းမာေရးေဆး႐ုံမွာ အရက္ျဖတ္ခဲ့ၿပီး အခုေတာ့ အရြယ္အားျဖင့္ ေနာက္ဆုံးအရြယ္ေရာက္ေနၿပီ ျဖစ္ပါတယ္။

တစ္သက္တာဂီတ ထူးခြ်န္ဆုေပးပဲြမွာ အမွတ္တရ စကားေျပာေတာ့ “ဆက္လက္ ႀကိဳးစားပါဦးမယ္” လုိ႔ ဆလုိင္းဇာလ်န္းက လုိတုိရွင္း ေျပာသြားတယ္။ အရြယ္သုံးပါးရဲ႕ ေနာက္ဆုံးအရြယ္အထိ ဂီတအတြက္ ႀကိဳးစားဖုိ႔ စိတ္ကူးေနတဲ့ ဆလုိင္းဇာလ်န္း (ခ) ကုိဗစ္တာတစ္ေယာက္ က်န္းမာစြာနဲ႔ အိပ္မက္ေတြ အေကာင္အထည္ ေဖာ္ႏုိင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

Lead ဂီတာတီးရာက Bass ဂီတာကုိ သေဘာက်လုိ႔ Bass ဂီတာသမားအျဖစ္ ေနထုိင္ခဲ့တဲ့သူ၊ လူဆုိတာ အႏုပညာ သတၱ၀ါလုိ႔ ခံယူထားတဲ့သူ၊ အႏုပညာနဲ႔ ႀကီးပြားခ်မ္းသာဖုိ႔ မလြယ္ဖူးဆုိတဲ့ ဆလုိင္းဇာလ်န္း (ခ) ကုိဗစ္ ဂီတေလာကအတြက္ အိပ္မက္ေတြနဲ႔ သူသိျမင္ တတ္ေျမာက္ထားတာေတြကုိ မွ်ေ၀သင္ၾကားဖုိ႔ ေဗရိဥယ်ာဥ္ႀကီးထဲမွာ ေဟာ္လုိဂီတာ တစ္လုံးနဲ႔ ေစာင့္ေနရဲ႕။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Eleven Media Group
#Unicode Version#
 ရန်ကုန်မြို့အစွန်၊ မှော်ဘီမြို့နယ်၊ ရွှေမြယာကျေးရွာအုပ်စု၊ ကျွန်းချောင်းကျေးရွာမှာ ဗေရိဆိုတဲ့ ဥယျာဉ်ခြံကြီး တစ်ခြံရှိပါတယ်။ ရန်ကုန်-ပြည် ကားလမ်းမကြီးနံဘေးမှာ တည်ရှိတာပါ။
အဲဒီခြံကြီးအတွင်းမှာ ဂီတပညာရှင်တစ်ယောက် ခြံစောင့်အဖြစ် ရှိနေပါတယ်ဆိုရင် အံ့သြသွားမလား။ သူဟာ တစ်သက်တာ ဂီတထူးချွန်ဆုရှင် ကိုဗစ်တာလို့ခေါ်တဲ့ ဆလိုင်းဇာလျန်းပါပဲ။

ဆလိုင်းဇာလျန်းကို ၁၉၅၀ ပြည့်နှစ်က ဖလမ်းမြို့မှာ မွေးဖွားခဲ့ပြီး ဖခင်ဆရာဝန်ကြောင့် ဒေသစုံ လှည့်လည်နေထိုင်ရာမှ ရန်ကုန်မြို့ စိန်ပေါလ်ကျောင်းမှာ ၁၀ တန်းအောင်မြင်ခဲ့ပါတယ်။ ရသစာပေတွေကို နှစ်သက်တဲ့ ချင်းတမီလ်ကပြားတစ်ဦးလည်း ဖြစ်ပါတယ်။
ဖခင်မိတ်ဆွေ နိုင်ငံခြားဆေး ကိုယ်စားလှယ်တစ်ဦးထံက ရရှိခဲ့တဲ့ ဂီတာသင်ရိုး စာအုပ်နဲ့ ဂီတာပညာကို သင်ယူခဲ့ပြီး လေ့ကျင့်ခဲ့တယ်။ ဒီလိုနဲ့ ဂီတလမ်းကြောင်းပေါ်ကို အပျော်တမ်း တီးဝိုင်းတွေဖွဲ့ပြီး တီးလာရာမှ ရောက်ရှိခဲ့တယ်။

ကနဦးက Lead ဂစ်တာ တီးခတ်သူဖြစ်ပေမယ့် Bass ဂီတာကိုနှစ်သက်ပြီး တီးခတ်လာတဲ့ နောက်ပိုင်း The Aces တီးဝိုင်းမှာ Bass ဂီတာတီးတဲ့ ဘေဘီး ထွက်သွားတော့ The Aces တီးဝိုင်းကို Bass ဂီတာသမား အဖြစ် စတင်ရောက်ရှိခဲ့တယ်။

“Aces က Bass သမားထွက်သွားတော့ သူတို့လာရှာတယ်။ သူတို့လာရှာတော့ အဲဒီရောက်သွားတာ” လို့ ဆလိုင်းဇာလျန်းက The Aces တီးဝိုင်းမှာ အခြေချဖြစ်ပုံကို ရှင်းပြတယ်။ အတီးသမားဖြစ်ပေမဲ့ ပန်းကလေးငို၊ ဖိုးသာထူး၊ လိုရင်အကုန်လုံးယူ၊ ခိုင်ထူးသီဆို ထားတဲ့စစ်နဲ့ ငြိမ်းချမ်းရေးစတဲ့ သီချင်းတွေ အပါအဝင် အခြားသော သီချင်းတွေကိုလည်း ဆလိုင်းဇာလျန်းက ဖန်တီးခဲ့ပါသေးတယ်။သူဖန်တီးတဲ့ သီချင်းတွေထဲမှာ သူကိုယ်တိုင် ရေးစပ်တာတွေရှိသလို တခြားသူတွေရဲ့ ကဗျာတွေကို သီချင်းအဖြစ် ပြန်ပြောင်းဖန်တီးတာတွေလည်း ရှိပါတယ်။

ဥပမာအနေနဲ့ ပြောရရင် အင်းစိန်ထောင်ထဲမှာ မီးသွေးနဲ့ ကဗျာတွေရေးပြီးလုပ်တဲ့ ကျောက်မီးသွေးလှုပ်ရှားမှု စစ်ဆင်ရေးက ထွက်လာတဲ့ ကဗျာတွေနဲ့ ပန်းကလေးငိုဆိုတဲ့ သီချင်းကို ဖန်တီးဖြစ်သလို ကလောင် ငသာမြတ်ရဲ့ ကဗျာတွေကို သီချင်းအဖြစ် ဖန်တီးခဲ့ပါတယ်။ The Aces တီးဝိုင်းရဲ့ Bass ဂစ်တာသမား ဆလိုင်းဇာလျန်းဟာ သူ့ပညာ၊ ခံယူချက်ကြောင့် အဆိုတော်တွေနဲ့ သဘောထားမတူတာတွေလည်း ရှိခဲ့ပါတယ်။

“ထူးအိမ်သင်က ရှေးရိုးအစဉ်အလာအတိုင်း တည့်တည့်တီးပေးစေချင်တယ်။ ကျွန်တော်က စောင်းကန်း စောင်းကန်းတီးတာ။ အဲဒီ အရသာကို သူကမသိဘူး။ မသိတော့ ပြောတာပေ့ါ။ တည့်တည့်တီးပေးဖို့။ ကျွန်တော်က ဟေ့ကောင် မင်းဟာကို မင်းတည့်အောင်ဆို ငါတို့က ငါတို့ဘာသာသွားမယ်။ မင်းဆိုမယ့် အပိုင်းကို ဖြောင့်ဖြောင့်တန်းတန်း တည့်အောင်ဆိုလို့ ပြောတယ်။ ဒါပေမဲ့ သူနောက်တော့ သဘောပေါက်ပါတယ်။ အဲဒီအချိန်မှာ ကမ္ဘာမှာ ထွက်နေတဲ့ သီချင်းတွေက အဲဒီပုံစံတွေပဲ။ အစောင်း ခေါ်တာပေ့ါ” လို့ ဆလိုင်းဇာလျန်းက သူ့ရဲ့ဖြတ်သန်းပုံတွေထဲက အမှတ်တရတစ်ခုကို သတိတရ ပြောပြပါတယ်။

ဂီတနဲ့ပတ်သက်ရင် ဆရာတစ်ဆူလို့ သတ်မှတ်ထားတဲ့ ထူးအိမ်သင်လို လူမျိုးကိုလည်း မိမိတတ်မြောက်ထားတဲ့ ပညာအပေါ်မှာ လာရောက်ခြယ်လှယ်တာကိုတော့ မခံခဲ့ပါဘူး။ ဒါပေမဲ့ ပညာရှင် အစစ်အမှန်တွေဆိုတာ သူတစ်ပါးရဲ့ ကျွမ်းကျင်မှုတွေကို ခံစားနားလည်တတ်တဲ့သူတွေဖြစ်တာကြောင့် သူတို့ဆက်ဆံရေးမှာ အခက်အခဲ မရှိခဲ့ပါဘူး။

ဆလိုင်းဇာလျန်းဟာ ဂီတနဲ့ ပတ်သက်တဲ့ သင်တန်းတွေ သင်ကြားပေးရင်း ဖြတ်သန်းလာခဲ့ရာ The Aces တီးဝိုင်းက ဝိုင်းတော်သားတွေ ပြည်ပကိုထွက်ခွာသွားတော့ ဝိုင်းမှာ လူမစုံတာက တစ်ကြောင်း၊ အသက်အရွယ်က တစ်ဖုံတို့ကြောင့် တီးဝိုင်းက အနားယူခဲ့ပြီး လူငယ်တွေအတွက် နေရာပေး ဘေးထွက်ထိုင်ခဲ့ပါတယ်။ လူတစ်ယောက်ရဲ့ လုပ်ရပ်ဆိုတာ သူ့သမိုင်းကြောင်းဆိုရင် တစ်သက်တာဂီတထူး ချွန်ဆုက ဆလိုင်းဇာလျန်းရဲ့ သမိုင်းကြောင်းကို ပြနေတာဖြစ်ပါတယ်။

ဂီတအတွက် ရိုးရိုးသားသား ရှင်သန်ခဲ့သူဖြစ်တဲ့အတွက် ငွေကြေးမပြေလည်မှု ဒဏ်ကိုတော့ ဆလိုင်းဇာလျန်းတစ်ယောက် မလွဲမသွေ ရင်ဆိုင်ရပြန်တယ်။ လက်ရှိနေထိုင်တဲ့ ဗေရိဥယျာဉ်ခြံက မယားညီအစ်ကို တော်စပ်သူရဲ့ ခြံဖြစ်ပြီး ခြံမှာလိုအပ်တာတွေ လုပ်ကိုင်ရင်း နေထိုင်နေရတာပါ။
“ဒီမှာနေတာ မကြာသေးဘူး။ ပြောင်းနေတာ သုံး၊ လေး နေရာလောက်ရှိနေပါပြီ။ ပြောင်းတာများလို့ ရွှေစင်ရုပ်တုတောင် ဘယ်နားသိမ်းထားမိလည်း မသိဘူး။ ဒီမှာနေပြီး လုပ်စားပေါ့။ ပေါက်တာပြဲတာ ဖာထေး။ စောင့်ရှောက်ခိုင်းထားတာပေါ့ဗျာ။ ခြံစောင့်ပေါ့ဗျာ။ အဲဒီလိုပေါ့။ နေလည်းနေ လိုအပ်တာလည်း လုပ်ပေါ့” လို့ ကိုဗစ်တာက သူ့ရဲ့အောက်နှုတ်ခမ်းထိ ဖုံးအုပ်ရှည်လျှားတဲ့ နှုတ်ခမ်းမွေးကို လက်နဲ့သပ်ရင်းက ဆိုလာပါတယ်။

ဂီတလမ်းကြောင်းပေါ် လျှောက်လှမ်းခြင်း မရှိတော့ပေမဲ့ တပည့်တစ်ယောက် လက်ဆောင်ပေးထားတဲ့ ဟော်လိုဂီတာတစ်လုံးနဲ့ သီချင်းတွေ နားထောင်ရင်း ဆလိုင်းဇာလျန်းတစ်ယောက် ဗေရိဥယျာဉ်ကြီးထဲမှာ ဂီတမှော်ဝင် စားနေဆဲပါ။ အသက်အရွယ်ကောင်းချိန်က ဂီတာသင်တန်းတွေ သင်ကြားပေးခဲ့ပြီး လက်ရှိအချိန်မှာ အထီးကျန်မှုကို အဖော်ပြုနေရပေမဲ့ ဂီတလောက တိုးတက်ရေးအတွက် အသက် ၆၇ နှစ်အရွယ် ဦးဗစ်တာတစ်ယောက်ကတော့ အတွေးတစ်ခု ငုတ်ရိုက်ထားဆဲပါ။

“ဂီတသင်တန်းဖွင့်ဖို့တော့ စိတ်ကူးရှိတယ်။ စိတ်ကူးယဉ်ထားတာပေါ့ဗျာ။ ဒါကလည်း နိုင်ငံခြားက အကူအညီလိုတယ်။ ရန်ကုန်မှာရှိတော့ မြန်မာပြည်သားတွေ တက်လို့ရတာ ပေါ့ဗျာ။ အမေရိကားမှာရှိတဲ့ ကျောင်းကိုဒီမှာ ပြန်မွေးစားလိုက်မှာ။ သူတို့ သင်ရိုးတွေ စာအုပ်စာတမ်းတွေ ဒီမှာပြန်လုပ်မယ်။ လုပ်ဖြစ်ရင်တော့ ကောင်းတာပေါ့။ အခုက တကူးတက လိုက်ရှာနေရတာလေ” လို့ ဂီတကို စာအုပ်တွေနဲ့ သင်ကြားခဲ့ရတဲ့ ကိုဗစ်တာက သူ့အိမ်မက်ကို ပြောပါတယ်။

သူတို့ ဂီတပညာကို လိုက်စားလေ့လာတဲ့ အချိန်မှာ ဂီတဝါသနာ ပါသူတွေဟာ သင်ချင်လို့တောင် သင်ယူဖို့အတွက် အခက်အခဲတွေ ရှိပါတယ်။ ဆရာအခက်အခဲ၊ ငွေအခက်အခဲ၊ သင်ထောက်ကူ အခက်အခဲစတဲ့ အခက်အခဲပေါင်းများစွာကနေ ဝါသနာအရင်းခံပြီး လျှောက်လှမ်းခဲ့ကြတာပါ။

ရည်ရွယ်ချက်တူ၊ ခံယူချက်တူသူချင်း တက္ကသိုလ်နေ့ရက်တွေမှာ စုစည်းမိကြရင်း ဂီတလမ်းမပေါ် လှမ်းတက်ခဲ့တဲ့သူတွေလည်း အများကြီး ရှိပါတယ်။ တိုးတက်လာတဲ့ဒီနေ့ ခေတ်မှာတော့ အရာရာလွယ်ကူ လာသလို အခွင့်အလမ်းတွေလည်း များပြားလာပြီ ဖြစ်ပါတယ်။ ဂီတလမ်းကြောင်းမှာလည်း အဆိုပြိုင်ပွဲတွေ ဒုနဲ့ဒေး။ ဂီတာသင်တန်း တက်ချင်သူတွေအတွက်လည်း မခက်ခဲတော့ပါဘူး။ ဂီတရေစီးကို Bass ဂစ်တာတလက်နဲ့ စီးမျောနေသူ မဟုတ်တော့ပေမဲ့ ဂီတလောကသား တစ်ယောက်အနေနဲ့ ဆလိုင်းဇာလျန်းက ဂီတလောက တိုးတက်မှုအပေါ် အားရကျေနပ်နေတာတော့ အမှန်ပင်။

“အရင်ထက်စာရင်တော့ အများကြီး ကောင်းလာတယ်။ ဂီတာကို စိတ်ဝင်စားတဲ့သူလည်း တော်တော်များတယ်။ ဂီတနဲ့ ပတ်သက်တဲ့ စာလည်းတတ်ကြတယ်။ အားရစရာ ကောင်းပါတယ်” လို့ ဆလိုင်းဇာလျန်းက သုံးသပ်တယ်။
အသက်အရွယ် ကြီးရင့်လာမှုနဲ့ လူငယ်တွေကို နေရာပေးချင်တာကြောင့် ဂီတလောကကနေ အနားယူခဲ့တဲ့ ဆလိုင်းဇာလျန်းဟာ ဘုရားကျောင်းလည်း မတက်ဖြစ်တော့ သူ့အတွက် အချိန်ပိုတွေအများကြီး ပိုင်ဆိုင်ထားပြန်တယ်။ အိမ်နားဝန်းကျင်က ဂီတာဝါသနာပါတဲ့ ကလေးတစ်ယောက်ကို ပညာသင်ပေးပြီးရင် သီချင်းနားထောင်။ ဒီအလုပ်တွေ မရှိချိန် ဆလိုင်းဇာလျန်းတစ်ယောက် ဘာတွေတွေးပြီး ဘာတွေလုပ်နေမလဲဆိုတာတော့ သူသာ အသိဆုံးဖြစ်ပါလိမ့်မယ်။

“တစ်ယောက်တည်း စကားပြောဖော် မရှိတော့ ပျင်းတယ်ဗျ” လို့ ဆလိုင်းဇာလျန်းက ဆံရှည်တွေမရှိတော့တဲ့ ခေါင်းကို သပ်ရင်းက ရည်ပြီး ပြောပါတယ်။ ငွေဆိုတာ ဒုတိယ ဘုရားလို့ ပြောဆိုကျင့်သုံးသူတွေရှိသလို ငွေနဲ့ ပေးဝယ်လို့ မရတာတွေ လောကမှာ အများကြီးရှိပါတယ်။ အဲဒီအရာတွေထဲက တစ်ခုဖြစ်တဲ့ မိသားစုဆိုတာကို ဆလိုင်းဇာလျန်းပိုင်ဆိုင်ထားတယ်။ ဗေရိဥယျာဉ်ထဲမှာ ဇနီး၊ သမီး၊ မြေးတွေနဲ့ ဆလိုင်းဇာလျန်း နေထိုင်ပါတယ်။ ဒီထက်ပိုပြီး တန်ဖိုးဖြတ်လို့ မရတာကတော့ ဆလိုင်းဇာလျန်းဟာ ကျန်းမာရေးကောင်းပြီး ဘာရောဂါမှ မရှိပါဘူး။ အသက်အရွယ်နုချိန်က အရက်သောက်တတ်တဲ့ Bass ဂီတာသမားကြီး ဆလိုင်းဇာလျန်း ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံမှာ အရက်ဖြတ်ခဲ့ပြီး အခုတော့ အရွယ်အားဖြင့် နောက်ဆုံးအရွယ်ရောက်နေပြီ ဖြစ်ပါတယ်။

တစ်သက်တာဂီတ ထူးချွန်ဆုပေးပွဲမှာ အမှတ်တရ စကားပြောတော့ “ဆက်လက် ကြိုးစားပါဦးမယ်” လို့ ဆလိုင်းဇာလျန်းက လိုတိုရှင်း ပြောသွားတယ်။ အရွယ်သုံးပါးရဲ့ နောက်ဆုံးအရွယ်အထိ ဂီတအတွက် ကြိုးစားဖို့ စိတ်ကူးနေတဲ့ ဆလိုင်းဇာလျန်း (ခ) ကိုဗစ်တာတစ်ယောက် ကျန်းမာစွာနဲ့ အိပ်မက်တွေ အကောင်အထည် ဖော်နိုင်ဖို့ မျှော်လင့်နေပါတယ်။

Lead ဂီတာတီးရာက Bass ဂီတာကို သဘောကျလို့ Bass ဂီတာသမားအဖြစ် နေထိုင်ခဲ့တဲ့သူ၊ လူဆိုတာ အနုပညာ သတ္တဝါလို့ ခံယူထားတဲ့သူ၊ အနုပညာနဲ့ ကြီးပွားချမ်းသာဖို့ မလွယ်ဖူးဆိုတဲ့ ဆလိုင်းဇာလျန်း (ခ) ကိုဗစ် ဂီတလောကအတွက် အိပ်မက်တွေနဲ့ သူသိမြင် တတ်မြောက်ထားတာတွေကို မျှဝေသင်ကြားဖို့ ဗေရိဥယျာဉ်ကြီးထဲမှာ ဟော်လိုဂီတာ တစ်လုံးနဲ့ စောင့်နေရဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit: Eleven Media Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top