ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ၾကင္နာ တတ္တဲ့အျပဳအမူေတြဟာ စိတ္ခံစားခ်က္ ေကာင္းေတြ ျဖစ္ေပၚေစပါတယ္။ျမင္ျမင္သမွ် အရာအားလံုးက စိတ္ညစ္ စရာေတြခ်ည္းပဲ။ ဘာမွလည္း အဆင္မေျပဘူး။ အၿမဲတမ္း စိတ္ညစ္ ေနရတယ္၊ မေပ်ာ္႐ႊင္ရဘူးဆုိတာ ကိုယ့္ရဲ႕စိတ္ေၾကာင့္ ျဖစ္ေနတာ။ အေကာင္းျမင္စိတ္ေလးနဲ႔သာ အရာရာကို ၾကည့္တတ္မယ္ဆုိ ျပႆနာေတြကိုေျဖ႐ွင္းႏိုင္မယ့္နည္းလမ္းေတြ ျမန္ျမန္ေတြ႕လာမယ္။ စိတ္ပင္ပန္းရတာေတြ မ႐ွိေတာ့ဘူး။ အေကာင္းျမင္စိတ္ေလး ျဖစ္လာေအာင္ ကိုယ့္ရဲ႕ဦးေႏွာက္ကို ေလ့က်င့္ေပးလို႔ရပါတယ္။
၁။ ေက်းဇူးတင္

တစ္ေန႔တာအတြက္ ေက်းဇူး တင္စရာေကာင္းတဲ့အရာေလးေတြကို ခ်ေရးတတ္တဲ့ အက်င့္ လုပ္ၾကည့္ပါ။ ေက်းဇူးတင္တတ္တဲ့အေတြးေတြဟာ စိတ္ဖိစီးမႈေဟာ္မုန္း (ေကာ္တီေဇာ)ကို ေလ်ာ့က်ေစၿပီး ေကာင္းတဲ့ေဟာ္မုန္းေတြ ထြက္လာေစလို႔ စိတ္ကိုတက္ၾကြေပ်ာ္႐ႊင္ေစပါတယ္။ အနည္းဆံုး တစ္ေန႔ကို ေက်းဇူး တင္စရာ ၃ ခုေလာက္ ခ်ေရးတဲ့အက်င့္ ေမြးျမဴၾကည့္ပါ။
၂။ ကူညီေဖးမပါ
ၾကင္နာ တတ္တဲ့အျပဳအမူေတြဟာ စိတ္ခံစားခ်က္ေကာင္းေတြ ျဖစ္ေပၚေစပါတယ္။ သူမ်ားကို ကူညီလုိက္ရတဲ့အခါ သူလည္းအဆင္ေျပသြားသလို ကိုယ့္စိတ္မွာလည္း ပီတိျဖစ္ရတယ္။ အမ်ားႀကီးမဟုတ္ရင္ေတာင္ မခက္ခဲတဲ့အရာေလးေတြ ကူညီေဖးမတာမ်ိဳး လုပ္ၾကည့္ေစခ်င္တယ္။ ဘတ္စ္ကား ေပၚမွာ ေနရာဖယ္ေပးလိုက္တာ၊ သက္ႀကီးရြယ္အိုေတြကို ကားလမ္းကူးေပးတာမ်ိဳးေတြဟာ မခက္ခဲတဲ့ ကူညီမႈေတြပဲေလ။ တစ္ေန႔ကို တစ္ေယာက္စီ ကူညီ ေပးမယ္လို႔ ဆံုးျဖတ္ၿပီး လက္ေတြ႕လုပ္ၾကည့္ပါ။ လွဴတန္းတာကအစ အျခားေကာင္းမႈေတြအထိ အဆင္ေျပသလို လုပ္ၾကည့္ေစခ်င္ပါတယ္။
၃။ ရယ္ေမာ ပါ

ရယ္ေမာျခင္း ဟာ အေကာင္းဆံုးေဆးဝါးျဖစ္ပါတယ္။ ရယ္ေမာျခင္း ေၾကာင့္ စိတ္ဖိစီးမႈေတြလ်ာ့က်ေစၿပီး မ်က္ႏွာအသားအေရကိုလည္း ႏုပ်ိဳက်န္းမာေစသတဲ့။ မႈန္ကုပ္မေနပါနဲ႔ေတာ့။

၄။ စကား ကိုသတိထား
စိတ္တိုတဲ့အခါ စကားၾကမ္းၾကမ္းေတြ ေျပာမိသြားတယ္။ မရည္႐ြယ္ေပမဲ့ တစ္ဖက္သား မွာ စိတ္ထိခိုက္ရတတ္တယ္။ ဒါဟာ ကိုယ့္ကို လူဆိုးႀကီးတစ္ဦးလို ျဖစ္သြားေစတဲ့အျပဳအမူပါ။ စကားမေျပာခင္ ၃ စကၠန္႔ ေလာက္ ေစာင့္ဆုိင္းၿပီးမွ ေျပာဖုိ႔ႀကိဳးစားၾကည့္ပါ။ မေကာင္းတဲ့ စကား ကို ေျပာရမွာထက္စာရင္ ဘာမွမေျပာတာကမွ ပိုေကာင္းေသးတယ္။
၅။ လႈပ္လႈပ္ရွားရွား ေန

တစ္ေယာက္တည္း သီးသန္႔ေနရင္းက ဘယ္သူနဲ႔မွလည္း စကား မေျပာ မဆက္သြယ္ျဖစ္ေတာ့ဘူး။ အဲ့ဒီမွာတင္ အေတြးဆုိးေတြ ေခါင္းထဲကို ဝင္လာေတာ့တာပဲ။ လူေတြနဲ႔ ေရာေရာေႏွာေႏွာမေနခ်င္ဘူးဆုိရင္ ေလ့က်င့္ခန္း လုပ္ၾကည့္တာ မဆုိးဘူးေနာ္။ ခႏၶာကိုယ္ ကို လႈပ္လႈပ္ရွားရွားေနၾကည့္တဲ့အခါ လူလည္း လန္းဆန္းတက္ၾကြလာပါလိမ့္မယ္။ ဦးေႏွာက္ ကိုပါ က်န္းမာ တက္ၾကြေစလို႔ မေကာင္းတဲ့ အေတြးအျမင္ ေတြလည္း ေလ်ာ့က်ႏိုင္ ပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#


ကြင်နာ တတ်တဲ့အပြုအမူတွေဟာ စိတ်ခံစားချက် ကောင်းတွေ ဖြစ်ပေါ်စေပါတယ်။မြင်မြင်သမျှ အရာအားလုံးက စိတ်ညစ် စရာတွေချည်းပဲ။ ဘာမှလည်း အဆင်မပြေဘူး။ အမြဲတမ်း စိတ်ညစ် နေရတယ်၊ မပျော်ရွှင်ရဘူးဆိုတာ ကိုယ့်ရဲ့စိတ်ကြောင့် ဖြစ်နေတာ။ အကောင်းမြင်စိတ်လေးနဲ့သာ အရာရာကို ကြည့်တတ်မယ်ဆို ပြဿနာတွေကိုဖြေရှင်းနိုင်မယ့်နည်းလမ်းတွေ မြန်မြန်တွေ့လာမယ်။ စိတ်ပင်ပန်းရတာတွေ မရှိတော့ဘူး။ အကောင်းမြင်စိတ်လေး ဖြစ်လာအောင် ကိုယ့်ရဲ့ဦးနှောက်ကို လေ့ကျင့်ပေးလို့ရပါတယ်။
၁။ ကျေးဇူးတင်

တစ်နေ့တာအတွက် ကျေးဇူး တင်စရာကောင်းတဲ့အရာလေးတွေကို ချရေးတတ်တဲ့ အကျင့် လုပ်ကြည့်ပါ။ ကျေးဇူးတင်တတ်တဲ့အတွေးတွေဟာ စိတ်ဖိစီးမှုဟော်မုန်း (ကော်တီဇော)ကို လျော့ကျစေပြီး ကောင်းတဲ့ဟော်မုန်းတွေ ထွက်လာစေလို့ စိတ်ကိုတက်ကြွပျော်ရွှင်စေပါတယ်။ အနည်းဆုံး တစ်နေ့ကို ကျေးဇူး တင်စရာ ၃ ခုလောက် ချရေးတဲ့အကျင့် မွေးမြူကြည့်ပါ။
၂။ ကူညီဖေးမပါ
ကြင်နာ တတ်တဲ့အပြုအမူတွေဟာ စိတ်ခံစားချက်ကောင်းတွေ ဖြစ်ပေါ်စေပါတယ်။ သူများကို ကူညီလိုက်ရတဲ့အခါ သူလည်းအဆင်ပြေသွားသလို ကိုယ့်စိတ်မှာလည်း ပီတိဖြစ်ရတယ်။ အများကြီးမဟုတ်ရင်တောင် မခက်ခဲတဲ့အရာလေးတွေ ကူညီဖေးမတာမျိုး လုပ်ကြည့်စေချင်တယ်။ ဘတ်စ်ကား ပေါ်မှာ နေရာဖယ်ပေးလိုက်တာ၊ သက်ကြီးရွယ်အိုတွေကို ကားလမ်းကူးပေးတာမျိုးတွေဟာ မခက်ခဲတဲ့ ကူညီမှုတွေပဲလေ။ တစ်နေ့ကို တစ်ယောက်စီ ကူညီ ပေးမယ်လို့ ဆုံးဖြတ်ပြီး လက်တွေ့လုပ်ကြည့်ပါ။ လှူတန်းတာကအစ အခြားကောင်းမှုတွေအထိ အဆင်ပြေသလို လုပ်ကြည့်စေချင်ပါတယ်။
၃။ ရယ်မော ပါ

ရယ်မောခြင်း ဟာ အကောင်းဆုံးဆေးဝါးဖြစ်ပါတယ်။ ရယ်မောခြင်း ကြောင့် စိတ်ဖိစီးမှုတွေလျာ့ကျစေပြီး မျက်နှာအသားအရေကိုလည်း နုပျိုကျန်းမာစေသတဲ့။ မှုန်ကုပ်မနေပါနဲ့တော့။

၄။ စကား ကိုသတိထား
စိတ်တိုတဲ့အခါ စကားကြမ်းကြမ်းတွေ ပြောမိသွားတယ်။ မရည်ရွယ်ပေမဲ့ တစ်ဖက်သား မှာ စိတ်ထိခိုက်ရတတ်တယ်။ ဒါဟာ ကိုယ့်ကို လူဆိုးကြီးတစ်ဦးလို ဖြစ်သွားစေတဲ့အပြုအမူပါ။ စကားမပြောခင် ၃ စက္ကန့် လောက် စောင့်ဆိုင်းပြီးမှ ပြောဖို့ကြိုးစားကြည့်ပါ။ မကောင်းတဲ့ စကား ကို ပြောရမှာထက်စာရင် ဘာမှမပြောတာကမှ ပိုကောင်းသေးတယ်။
၅။ လှုပ်လှုပ်ရှားရှား နေ

တစ်ယောက်တည်း သီးသန့်နေရင်းက ဘယ်သူနဲ့မှလည်း စကား မပြော မဆက်သွယ်ဖြစ်တော့ဘူး။ အဲ့ဒီမှာတင် အတွေးဆိုးတွေ ခေါင်းထဲကို ဝင်လာတော့တာပဲ။ လူတွေနဲ့ ရောရောနှောနှောမနေချင်ဘူးဆိုရင် လေ့ကျင့်ခန်း လုပ်ကြည့်တာ မဆိုးဘူးနော်။ ခန္ဓာကိုယ် ကို လှုပ်လှုပ်ရှားရှားနေကြည့်တဲ့အခါ လူလည်း လန်းဆန်းတက်ကြွလာပါလိမ့်မယ်။ ဦးနှောက် ကိုပါ ကျန်းမာ တက်ကြွစေလို့ မကောင်းတဲ့ အတွေးအမြင် တွေလည်း လျော့ကျနိုင် ပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top