Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

၁။ ပုံမႇန္မဟုတ္တဲ့ အနီျပင္ေတြနဲ ့ယားယံျခင္း

ပုံမႇန္ အလုပ္ လုပ္ေနတဲ့ ေက်ာက္ကပ္ ဟာ ေသြးထဲကေန မလုိအပ္တဲ့အရာေတြကုိ စြန့္ထုတ္ၿပီး အာဟာရျပည့္၀တဲ့ ဓာတ္ေတြကုိပဲ ေသြးထဲမႇာ လည္ပတ္ေစပါတယ္။ တကယ္လို ့ဒီလုိသမမွ်တတဲ့လည္ပတ္မႈ မရႇိတဲ့အခါမႇာ သင့္ရဲ႕ အေရျပားေပၚမႇာ သက္ေရာက္မႈရႇိပါတယ္။ ဒါဟာ စြန္ ့ပစ္ရမယ့္အရာေတြကုိ ဆီး ကေနတစ္ဆင့္ မစြန္ ့ထုတ္လို ့သင့္အေရျပားမႇာ လာပုံတာ ျဖစ္ပါတယ္။ ေက်ာက္ကပ္ မေကာင္းလို ့ ယားယံတာေတြ၊ အနီကြက္ျဖစ္တာေတြဟာ အေပၚယံသက္သက္မဟုတ္ဘဲ ယား နာလိမ္းေဆးေတြသုံးရင္လည္း ထင္သေလာက္ ထိေရာက္မႈရႇိမေနပါဘူး။

၂။ ပါးစပ္ ထဲမႇာ သတၲဳ အရသာ မ်ဳိး ခံစားရမယ္

အဆိပ္အေတာက္ေတြကုိ ေက်ာက္ကပ္က ေကာင္းစြာ မစြန္ ့ထုတ္ႏုိင္တဲ့အခါ သင့္ပါး စပ္မႇာ သတၲဳအရသာတစ္မ်ဳိး ခံစားရမႇာ ျဖစ္သလို သင့္ခံတြင္းမႇာလည္း အနံ ့ဆုိး ေတြထြက္လာမႇာျဖစ္ပါတယ္။ တခ်ဳိ႕ လူနာေတြေျပာတာကေတာ့ အစားအစာ ေတြကအစ သတၲဳအရသာပဲရေနတယ္လို ့ဆုိပါတယ္။ ေက်ာက္ကပ္ ေကာင္းမြန္ တုန္းကလိုမ်ဳိး အစားစားလို ့မေကာင္းေတာ့ဘူးလို ့လည္း တခ်ဳိ႕လူနာေတြက ေျပာ ၾကပါတယ္။ ဒါကုိသင္က ခံတြင္းနံ ့မေကာင္းလို ့ျဖစ္တာလို ့လည္း ေကာက္ ခ်က္ခ်ေကာင္း ခ်ႏုိင္ပါတယ္။

၃။ မူးေမာ္ၿပီး ပ်ိဳ႕အန္ခ်င္ေနမယ္

အဆိပ္အေတာက္ေတြ ခႏၶာကုိယ္ မႇာ မ်ားလာမယ္ဆုိရင္ သင္မူးေမာ္ၿပီး၊ ပ်ဳိ႕အန္ တာမ်ဳိးေတြ ျဖစ္လာမႇာပါ။ မူးေမာ္ေနျခင္းက အစာစားခ်င္စိတ္ကုိ ေလ်ာ့နည္းေစမႇာပါ။ ဒါဟာ အခ်ိန္အတုိင္းအတာတစ္ခု ၾကာလာခဲ့ရင္ေတာ့ ကုိယ္အေလးခ်ိန္က် တာေတြအထိ ျဖစ္လာႏုိင္ပါတယ္။

၄။ မလုိအပ္ဘဲ ဆီးသြားခ်င္စိတ္ေတြ မ်ားလာမယ္

ေက်ာက္ကပ္ က ဆီးသြား တာကုိ ခဏ ခဏ ျပဳလုပ္ပါလိမ့္မယ္။ ဒါေၾကာင့္မို ့ ဆီးမသြားေအာင္ ထိန္းဖို ့ကုိ သင္က ဂ႐ုစိုက္လာပါမယ္။ တခ်ဳိ႕က်ေတာ့လည္း ဆီးသြား ခ်င္တဲ့ စိတ္ခဏခဏျဖစ္ေနေပမယ့္ တကယ္သြားတာမ်ဳိးမဟုတ္ဘဲ ရႇိေန တတ္ပါတယ္။ တခ်ဳိ႕က်ေတာ့လည္း ဆီးအလြန္အမင္းသြားတာမ်ဳိး ရႇိတတ္ပါတယ္။ တခ်ဳိ႕ကေတာ့ အခုလို ဆီးပုံမႇန္သြားျခင္းမရႇိတာေၾကာင့္ ညဘက္ေတြမႇာ လန္ ့ လန္ ့ႏုိးတာမ်ဳိးေတြအထိ ျဖစ္တတ္ပါတယ္။

၅။ ဆီးအေျခအေန ေျပာင္းလာမယ္

ဆီးသြားနည္းလိုက္မ်ားလုိက္ ျဖစ္ေနတတ္သလုိ ဆီးမႇာလည္း သိသိသာသာ ေျပာင္းလဲမႈေတြကုိ ေတြ႕ရတတ္ပါတယ္။
ဆီးထဲေသြးပါျခင္း
ဆီးေရာင္ ရင့္လာျခင္း၊ ဒါမႇမဟုတ္ ဆီးေရာင္ေဖ်ာ့လာျခင္း
အျမႇဳပ္မ်ားျခင္း

၆။ ေျခခ်င္း၀တ္၊ ေျခသလုံးနဲ ့မ်က္ႏႇာေရာင္လာျခင္း

ေက်ာက္ကပ္ရဲ႕ အျခားလုပ္ငန္းစဥ္တစ္ခုကေတာ့ ပုိလ်ံေနတဲ့ အေရေတြကို ခႏၶာ ကုိယ္ကေန စြန္ ့ထုတ္ျခင္းပဲျဖစ္ပါတယ္။ တကယ္လို ့အဲဒီလုိမစြန္ ့ထုတ္ႏုိင္ဘူးဆုိ ရင္ေတာ့ အဲဒီအေရေတြဟာ စုလာမႇာပဲျဖစ္ပါတယ္။ အထူးသျဖင့္ ေျခခ်င္း၀တ္၊ ေျခ သလုံး၊ မ်က္ႏႇာနဲ ့လက္ အစရႇိတဲ့ ခႏၶာကုိယ္ရဲ႕ အစြန္းအဖ်ားေတြမႇာ စုပါတယ္။

၇။ ေမာပန္းလြန္းျခင္း

ေက်ာက္ကပ္ ဟာ ေကာင္းစြာအလုပ္မလုပ္ႏုိင္တဲ့အခါ ေသြးနီဥေတြကုိ ေကာင္းေကာင္း ထိန္းခ်ဳပ္ႏုိင္မႈမရႇိပါဘူး။ အဲဒီအခါမႇာ ေသြးအားနည္း ေရာဂါ ကုိ ပုံမႇန္အေန အထားကေန ဆုိးရြားတဲ့ အေျခအေနအထိ ခံစားရႏုိင္ပါတယ္။ ၾကာလာတဲ့အခါမႇာ ေမာပန္းလြယ္ျခင္း၊ ႏုံးခ်ည့္ေနျခင္းေတြ ျဖစ္လာမႇာပါ။ တျခားလကၡဏာေတြကေတာ့ ပုံမႇန္မဟုတ္ဘဲ ေအးစက္ေနျခင္း၊ ေခါင္းမူးျခင္း၊ ဒါမႇမဟုတ္ အသက္႐ႇဴလို ့ မ၀ျခင္းစတာေတြလည္း ႀကဳံေတြ႕လာရႏုိင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original uploder
#Unicode Version#
 ၁။ ပုံမှန်မဟုတ်တဲ့ အနီပြင်တွေနဲ့ယားယံခြင်း

ပုံမှန် အလုပ် လုပ်နေတဲ့ ကျောက်ကပ် ဟာ သွေးထဲကနေ မလိုအပ်တဲ့အရာတွေကို စွန့်ထုတ်ပြီး အာဟာရပြည့်ဝတဲ့ ဓာတ်တွေကိုပဲ သွေးထဲမှာ လည်ပတ်စေပါတယ်။ တကယ်လို့ဒီလိုသမမျှတတဲ့လည်ပတ်မှု မရှိတဲ့အခါမှာ သင့်ရဲ့ အရေပြားပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဒါဟာ စွန့်ပစ်ရမယ့်အရာတွေကို ဆီး ကနေတစ်ဆင့် မစွန့်ထုတ်လို့သင့်အရေပြားမှာ လာပုံတာ ဖြစ်ပါတယ်။ ကျောက်ကပ် မကောင်းလို့ ယားယံတာတွေ၊ အနီကွက်ဖြစ်တာတွေဟာ အပေါ်ယံသက်သက်မဟုတ်ဘဲ ယား နာလိမ်းဆေးတွေသုံးရင်လည်း ထင်သလောက် ထိရောက်မှုရှိမနေပါဘူး။

၂။ ပါးစပ် ထဲမှာ သတ္တု အရသာ မျိုး ခံစားရမယ်

အဆိပ်အတောက်တွေကို ကျောက်ကပ်က ကောင်းစွာ မစွန့်ထုတ်နိုင်တဲ့အခါ သင့်ပါး စပ်မှာ သတ္တုအရသာတစ်မျိုး ခံစားရမှာ ဖြစ်သလို သင့်ခံတွင်းမှာလည်း အနံ့ဆိုး တွေထွက်လာမှာဖြစ်ပါတယ်။ တချို့ လူနာတွေပြောတာကတော့ အစားအစာ တွေကအစ သတ္တုအရသာပဲရနေတယ်လို့ဆိုပါတယ်။ ကျောက်ကပ် ကောင်းမွန် တုန်းကလိုမျိုး အစားစားလို့မကောင်းတော့ဘူးလို့လည်း တချို့လူနာတွေက ပြော ကြပါတယ်။ ဒါကိုသင်က ခံတွင်းနံ့မကောင်းလို့ဖြစ်တာလို့လည်း ကောက် ချက်ချကောင်း ချနိုင်ပါတယ်။

၃။ မူးမော်ပြီး ပျို့အန်ချင်နေမယ်

အဆိပ်အတောက်တွေ ခန္ဓာကိုယ် မှာ များလာမယ်ဆိုရင် သင်မူးမော်ပြီး၊ ပျို့အန် တာမျိုးတွေ ဖြစ်လာမှာပါ။ မူးမော်နေခြင်းက အစာစားချင်စိတ်ကို လျော့နည်းစေမှာပါ။ ဒါဟာ အချိန်အတိုင်းအတာတစ်ခု ကြာလာခဲ့ရင်တော့ ကိုယ်အလေးချိန်ကျ တာတွေအထိ ဖြစ်လာနိုင်ပါတယ်။

၄။ မလိုအပ်ဘဲ ဆီးသွားချင်စိတ်တွေ များလာမယ်

ကျောက်ကပ် က ဆီးသွား တာကို ခဏ ခဏ ပြုလုပ်ပါလိမ့်မယ်။ ဒါကြောင့်မို့ ဆီးမသွားအောင် ထိန်းဖို့ကို သင်က ဂရုစိုက်လာပါမယ်။ တချို့ကျတော့လည်း ဆီးသွား ချင်တဲ့ စိတ်ခဏခဏဖြစ်နေပေမယ့် တကယ်သွားတာမျိုးမဟုတ်ဘဲ ရှိနေ တတ်ပါတယ်။ တချို့ကျတော့လည်း ဆီးအလွန်အမင်းသွားတာမျိုး ရှိတတ်ပါတယ်။ တချို့ကတော့ အခုလို ဆီးပုံမှန်သွားခြင်းမရှိတာကြောင့် ညဘက်တွေမှာ လန့် လန့်နိုးတာမျိုးတွေအထိ ဖြစ်တတ်ပါတယ်။

၅။ ဆီးအခြေအနေ ပြောင်းလာမယ်

ဆီးသွားနည်းလိုက်များလိုက် ဖြစ်နေတတ်သလို ဆီးမှာလည်း သိသိသာသာ ပြောင်းလဲမှုတွေကို တွေ့ရတတ်ပါတယ်။
ဆီးထဲသွေးပါခြင်း
ဆီးရောင် ရင့်လာခြင်း၊ ဒါမှမဟုတ် ဆီးရောင်ဖျော့လာခြင်း
အမြှုပ်များခြင်း

၆။ ခြေချင်းဝတ်၊ ခြေသလုံးနဲ့မျက်နှာရောင်လာခြင်း

ကျောက်ကပ်ရဲ့ အခြားလုပ်ငန်းစဉ်တစ်ခုကတော့ ပိုလျံနေတဲ့ အရေတွေကို ခန္ဓာ ကိုယ်ကနေ စွန့်ထုတ်ခြင်းပဲဖြစ်ပါတယ်။ တကယ်လို့အဲဒီလိုမစွန့်ထုတ်နိုင်ဘူးဆို ရင်တော့ အဲဒီအရေတွေဟာ စုလာမှာပဲဖြစ်ပါတယ်။ အထူးသဖြင့် ခြေချင်းဝတ်၊ ခြေ သလုံး၊ မျက်နှာနဲ့လက် အစရှိတဲ့ ခန္ဓာကိုယ်ရဲ့ အစွန်းအဖျားတွေမှာ စုပါတယ်။

၇။ မောပန်းလွန်းခြင်း

ကျောက်ကပ် ဟာ ကောင်းစွာအလုပ်မလုပ်နိုင်တဲ့အခါ သွေးနီဥတွေကို ကောင်းကောင်း ထိန်းချုပ်နိုင်မှုမရှိပါဘူး။ အဲဒီအခါမှာ သွေးအားနည်း ရောဂါ ကို ပုံမှန်အနေ အထားကနေ ဆိုးရွားတဲ့ အခြေအနေအထိ ခံစားရနိုင်ပါတယ်။ ကြာလာတဲ့အခါမှာ မောပန်းလွယ်ခြင်း၊ နုံးချည့်နေခြင်းတွေ ဖြစ်လာမှာပါ။ တခြားလက္ခဏာတွေကတော့ ပုံမှန်မဟုတ်ဘဲ အေးစက်နေခြင်း၊ ခေါင်းမူးခြင်း၊ ဒါမှမဟုတ် အသက်ရှူလို့ မဝခြင်းစတာတွေလည်း ကြုံတွေ့လာရနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Original uploder
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top