Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ေမရီလန္းတကၠသုိလ္ရဲ႕ ေလ့လာခ်က္အရ ေဆာင္းတြင္းမွာ လက္အေရျပားကြာတာဟာ အျဖစ္အမ်ားဆံုး အလွအပဆုိင္ရာ ေရာဂါတစ္ခုပဲ ျဖစ္ပါတယ္။ လက္အေရျပား ကြာတာဟာ နာက်င္ခံစားမႈ သိပ္မရွိလွေပမယ့္ အရမ္း႐ုပ္ပ်က္ပါတယ္။ အစားအေသာက္ စားတဲ့အခါမွာပဲျဖစ္ျဖစ္ လက္အေရျပား ကြာေနတာႀကီးကို ျမင္ရတာ ျဖစ္သူ၊ ျမင္သူ ႏွစ္ဖက္စလံုး စိတ္ကသိကေအာက္ ႏုိင္လွပါတယ္။ အေသးအဖဲြေလးဆုိေပမယ့္ အႀကီးအမားႀကီးအထိ ျဖစ္သြားႏုိင္တဲ့ ျပႆဒ္မီးေလာင္ကိစၥ ျဖစ္ပါတယ္။


ခႏၶာကုိယ္တစ္ခုလံုးရဲ႕ အလုပ္အမ်ားဆံုး အစိတ္အပုိင္းေတြထဲမွာ လက္တစ္စံုလည္း အပါအဝင္ ျဖစ္ပါတယ္။ ဒီလက္ဟာ အႏုေရာ၊ အၾကမ္းေရာ အစံုလုပ္ေနရပါတယ္။ အၾကမ္းပတမ္းလုပ္ရၿပီ ဆုိရင္လည္း လက္ဟာ ေရွ႕ဆံုးက ပါေလ့ရွိသလုိ အႏုအရြ အလွအပအတြက္ဆုိရင္လည္း ဒီလက္ဟာ ေရွ႕တန္းကေန ပါဝင္ေနပါတယ္။ ဒီလုိ စြယ္စံုရတဲ့ လက္ဟာ ေဆာင္းတြင္းေရာက္ၿပီဆုိရင္ ၾကမၼာငင္ၿပီး အေရျပားေတြဟာ ကြာလာတတ္ပါတယ္။ ျပင္ပရာသီဥတုကလည္း ေအးစက္ေနၿပီး ေဆာင္းေလေအးေတြ တုိက္ေနတာမုိ႔ အေရျပားဟာ ေျခာက္ေသြ႕ၿပီး အေရျပားကြာလာတတ္ပါတယ္။

အေရျပားကြာရျခင္း အေၾကာင္းရင္းမ်ား

လက္အေရျပားကုိ ကြာေစတတ္တဲ့အေၾကာင္းရင္းေတြထဲမွာအေမႊးရနံ႔ပါတဲ့ Moisturizer ေတြ၊ အလွကုန္ေတြကုိ လိမ္းက်ံတာလည္း တစ္ခုအပါအဝင္ ျဖစ္ပါတယ္။ ေဆာင္းတြင္းမွာ လက္ကုိ ခဏခဏ အေအးခံျခင္း၊ ေရနဲ႔ထိျခင္းဟာလည္း လက္အေရျပားကုိ ကြာေစတတ္ပါတယ္။ ဒီအတြက္ လက္အိတ္ဝတ္ၿပီး ေျဖရွင္းႏုိင္ၾကေပမယ့္ တခ်ိဳ႕က လက္အိတ္နဲ႔ ဓာတ္မတည့္တဲ့ေရာဂါ ရွိၾကပါတယ္။ ေရခဏခဏ ခ်ိဳးေပးျခင္းဟာလည္း လက္အေရျပား ကြာေစတတ္ပါတယ္။

ကုသနည္းမ်ား

ပံုမွန္အားျဖင့္ ဒီလုိ လက္အေရျပားကြာတာကုိ အလြယ္တကူ ကာကြယ္ႏုိင္ၿပီး သက္သက္သာသာ ကုသႏုိင္ေပမယ့္ အေတာ္မ်ားမ်ားဟာ ျဖစ္မွပဲ ငုိႀကီးခ်က္မ ျဖစ္တတ္ၾကပါတယ္။
ဒီလုိ လက္အေရျပားကြာတဲ့အခါ အရင္ဆံုးလုပ္ရမွာက အေရျပား ေျခာက္ေသြ႕ေနတာကို တားဆီးဖုိ႔ပါ။ ဒါဟာ အေရျပားကြာျခင္းအတြက္ အေရးအႀကီးဆံုးနဲ႔ ပထမဆံုးလုပ္ရမယ့္ အလုပ္ပါ။ ခႏၡာကုိယ္ဟာ အစုိဓာတ္ ျပန္ျပည့္လာတာနဲ႔ ႏွင္းဆီေရာင္ နီျမန္းလာပါလိမ့္မယ္။ အသားအေရဟာလည္း ေခ်ာေမြ႕ၿပီး ႏူးညံ့လာပါလိမ့္မယ္။ ေရာင္ယမ္းေနတာလည္း ေလ်ာ့က်သြားၿပီး ကဲြအက္ျခင္းေတြလည္း မျဖစ္ေပၚေတာ့ပါဘူး။ ပံုမွန္အေျခအေနကုိ ျပန္ေရာက္သြားပါလိမ့္မယ္။
လက္ကုိ ေရေႏြးနဲ႔ ေဆးေၾကာပါ။ ေရေႏြးေႏြးပဲ ျဖစ္ရပါမယ္။ မပူရပါဘူး။ ေရပူဆုိရင္ အေရျပားထဲမွာရွိတဲ့ အစုိဓာတ္ကို ခ်က္ခ်င္း ေျခာက္ေသြ႕သြားေစတတ္ပါတယ္။ လက္လိမ္းခရင္မ္ လိမ္းေပးပါ။ လက္လိမ္းခရင္(မ္) မရွိရင္ သံလြင္ဆီနဲ႔ အစားထုိး လိမ္းက်ံေပးႏုိင္ပါတယ္။ ယာယီ သက္သာေပ်ာက္ကင္းေစတဲ့ နည္းေလးတစ္ခုရွိပါတယ္။ အဲဒါကေတာ့ ႏႈတ္ခမ္းအတြက္လိမ္းတဲ့ Lip Balm ကုိ လိမ္းလုိက္ရင္ ေပ်ာက္ပါတယ္။

ႀကိဳတင္ကာကြယ္နည္းမ်ား

လက္ကုိ ခရင္မ္တစ္ခုခု လိမ္းေပးျခင္းအားျဖင့္ လက္အေရျပားကုိ ကာကြယ္ရာ ေရာက္ေစပါတယ္။ အဲဒီခရမ္မ္ဟာလည္း အရက္ျပန္နဲ႔ အေမႊးရနံ႔မပါတာ ျဖစ္ရပါမယ္။
ေန႔ဘက္မွာ ျဖစ္ႏုိင္ရင္ လက္ကုိ ခဏခဏ မေဆးပါနဲ႔။ ဒါေပမယ့္ တစ္ကုိယ္ေရသန္႔ရွင္းမႈ ရွိေအာင္ေတာ့ ဂ႐ုစုိက္ေပးရမွာ ျဖစ္ပါတယ္။ လက္ကို ေရေဆးတဲ့အခါမွာ အေမႊးရနံ႔မပါတဲ့ ဆပ္ျပာနဲ႔ ညင္သာစြာ ပြတ္တုိက္ေဆးေၾကာ ေပးသင့္ပါတယ္။ ေဆးတဲ့ ေရဟာလည္း ေရေႏြးေႏြးနဲ႔ဆုိ ပိုေကာင္းပါတယ္။ ေရခ်ိဳးတဲ့အခါမွာလည္း ေရေႏြးေႏြးေလးနဲ႔သာ ခ်ိဳးေပးသင့္ပါတယ္။ ေရခ်ိဳးၿပီး ခႏၶာကုိယ္ကုိ ပြတ္တုိက္ တဲ့အခါမွာလည္း ႏူးညံ့တဲ့ တဘက္နဲ႔သာ ပြတ္တုိက္ေပးပါ။

အေရျပားကြာေနတဲ့ ေနရာကို မပြတ္ပါနဲ႔။ မခြာပါနဲ႔။ မကုတ္ ျခစ္ပါနဲ႔။ ယားလုိ႔ ကုတ္တာဟာ ယာယီအယားေပ်ာက္သြားေပမယ့္ ပုိၿပီးေတာ့ ဆုိးရြားလာေစပါတယ္။
ခရီးသြားတဲ့အခါ လက္ကုိ လက္အိတ္ျဖစ္ျဖစ္၊ အက်ႌ၊ ေဘာင္းဘီ အိတ္ကပ္ထဲပဲျဖစ္ျဖစ္ ထည့္ၿပီး ေႏြးေႏြးေထြးေထြး ထားသင့္ပါတယ္။ လက္ကို ဆပ္ျပာမႈန္႔ ထိေတြ႕မႈ မရွိပါေစနဲ႔။ ဓာတုပစၥည္းေတြေၾကာင့္ လက္အေရျပားဟာ ကြာတတ္တာမုိ႔ တတ္ႏုိင္သမွ် ဆပ္ျပာမႈန္႔နဲ႔ မထိေတြ႕ပါေစနဲ႔။
ဒါေတြကို တတ္ႏုိင္သမွ် လုိက္နာေဆာင္ရြက္မယ္ဆုိရင္ လက္အေရျပားကြာေနတာေတြ သက္သာေပ်ာက္ကင္းသြားမွာ ျဖစ္သလုိ လက္အေရျပားကြာဖုိ႔အတြက္ ရာခုိင္ႏႈန္းဟာလည္း တျဖည္းျဖည္း ေလ်ာ့က်သြားမွာျဖစ္ပါတယ္။ နိစၥဓူဝရင္ဆုိင္ေနရတဲ့ ဗာဟီရျဖစ္စဥ္ေတြထဲမွာ အပ္နဲ႔ထြင္းရမယ့္အျဖစ္ကို ပုဆိန္နဲ႔ထြင္းရမယ့္အျဖစ္ မေရာက္ေလေအာင္ ေဆာင္ၾကဥ္းရင္း ဒီတစ္ပတ္အတြက္ ဒီမွ်နဲ႔ နားပါရေစသား . .. ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 8 Days A Week Journal

# Unicode Version ျဖင့္ ဖတ္ပါ #

မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။


ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။

အရေပြားကွာရခြင်း အကြောင်းရင်းများ

လက်အရေပြားကို ကွာစေတတ်တဲ့အကြောင်းရင်းတွေထဲမှာအမွှေးရနံ့ပါတဲ့ Moisturizer တွေ၊ အလှကုန်တွေကို လိမ်းကျံတာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဆောင်းတွင်းမှာ လက်ကို ခဏခဏ အအေးခံခြင်း၊ ရေနဲ့ထိခြင်းဟာလည်း လက်အရေပြားကို ကွာစေတတ်ပါတယ်။ ဒီအတွက် လက်အိတ်ဝတ်ပြီး ဖြေရှင်းနိုင်ကြပေမယ့် တချို့က လက်အိတ်နဲ့ ဓာတ်မတည့်တဲ့ရောဂါ ရှိကြပါတယ်။ ရေခဏခဏ ချိုးပေးခြင်းဟာလည်း လက်အရေပြား ကွာစေတတ်ပါတယ်။

ကုသနည်းများ

ပုံမှန်အားဖြင့် ဒီလို လက်အရေပြားကွာတာကို အလွယ်တကူ ကာကွယ်နိုင်ပြီး သက်သက်သာသာ ကုသနိုင်ပေမယ့် အတော်များများဟာ ဖြစ်မှပဲ ငိုကြီးချက်မ ဖြစ်တတ်ကြပါတယ်။
ဒီလို လက်အရေပြားကွာတဲ့အခါ အရင်ဆုံးလုပ်ရမှာက အရေပြား ခြောက်သွေ့နေတာကို တားဆီးဖို့ပါ။ ဒါဟာ အရေပြားကွာခြင်းအတွက် အရေးအကြီးဆုံးနဲ့ ပထမဆုံးလုပ်ရမယ့် အလုပ်ပါ။ ခန္ခာကိုယ်ဟာ အစိုဓာတ် ပြန်ပြည့်လာတာနဲ့ နှင်းဆီရောင် နီမြန်းလာပါလိမ့်မယ်။ အသားအရေဟာလည်း ချောမွေ့ပြီး နူးညံ့လာပါလိမ့်မယ်။ ရောင်ယမ်းနေတာလည်း လျော့ကျသွားပြီး ကွဲအက်ခြင်းတွေလည်း မဖြစ်ပေါ်တော့ပါဘူး။ ပုံမှန်အခြေအနေကို ပြန်ရောက်သွားပါလိမ့်မယ်။
လက်ကို ရေနွေးနဲ့ ဆေးကြောပါ။ ရေနွေးနွေးပဲ ဖြစ်ရပါမယ်။ မပူရပါဘူး။ ရေပူဆိုရင် အရေပြားထဲမှာရှိတဲ့ အစိုဓာတ်ကို ချက်ချင်း ခြောက်သွေ့သွားစေတတ်ပါတယ်။ လက်လိမ်းခရင်မ် လိမ်းပေးပါ။ လက်လိမ်းခရင်(မ်) မရှိရင် သံလွင်ဆီနဲ့ အစားထိုး လိမ်းကျံပေးနိုင်ပါတယ်။ ယာယီ သက်သာပျောက်ကင်းစေတဲ့ နည်းလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ နှုတ်ခမ်းအတွက်လိမ်းတဲ့ Lip Balm ကို လိမ်းလိုက်ရင် ပျောက်ပါတယ်။

ကြိုတင်ကာကွယ်နည်းများ

လက်ကို ခရင်မ်တစ်ခုခု လိမ်းပေးခြင်းအားဖြင့် လက်အရေပြားကို ကာကွယ်ရာ ရောက်စေပါတယ်။ အဲဒီခရမ်မ်ဟာလည်း အရက်ပြန်နဲ့ အမွှေးရနံ့မပါတာ ဖြစ်ရပါမယ်။
နေ့ဘက်မှာ ဖြစ်နိုင်ရင် လက်ကို ခဏခဏ မဆေးပါနဲ့။ ဒါပေမယ့် တစ်ကိုယ်ရေသန့်ရှင်းမှု ရှိအောင်တော့ ဂရုစိုက်ပေးရမှာ ဖြစ်ပါတယ်။ လက်ကို ရေဆေးတဲ့အခါမှာ အမွှေးရနံ့မပါတဲ့ ဆပ်ပြာနဲ့ ညင်သာစွာ ပွတ်တိုက်ဆေးကြော ပေးသင့်ပါတယ်။ ဆေးတဲ့ ရေဟာလည်း ရေနွေးနွေးနဲ့ဆို ပိုကောင်းပါတယ်။ ရေချိုးတဲ့အခါမှာလည်း ရေနွေးနွေးလေးနဲ့သာ ချိုးပေးသင့်ပါတယ်။ ရေချိုးပြီး ခန္ဓာကိုယ်ကို ပွတ်တိုက် တဲ့အခါမှာလည်း နူးညံ့တဲ့ တဘက်နဲ့သာ ပွတ်တိုက်ပေးပါ။

အရေပြားကွာနေတဲ့ နေရာကို မပွတ်ပါနဲ့။ မခွာပါနဲ့။ မကုတ် ခြစ်ပါနဲ့။ ယားလို့ ကုတ်တာဟာ ယာယီအယားပျောက်သွားပေမယ့် ပိုပြီးတော့ ဆိုးရွားလာစေပါတယ်။
ခရီးသွားတဲ့အခါ လက်ကို လက်အိတ်ဖြစ်ဖြစ်၊ အကျႌ၊ ဘောင်းဘီ အိတ်ကပ်ထဲပဲဖြစ်ဖြစ် ထည့်ပြီး နွေးနွေးထွေးထွေး ထားသင့်ပါတယ်။ လက်ကို ဆပ်ပြာမှုန့် ထိတွေ့မှု မရှိပါစေနဲ့။ ဓာတုပစ္စည်းတွေကြောင့် လက်အရေပြားဟာ ကွာတတ်တာမို့ တတ်နိုင်သမျှ ဆပ်ပြာမှုန့်နဲ့ မထိတွေ့ပါစေနဲ့။
ဒါတွေကို တတ်နိုင်သမျှ လိုက်နာဆောင်ရွက်မယ်ဆိုရင် လက်အရေပြားကွာနေတာတွေ သက်သာပျောက်ကင်းသွားမှာ ဖြစ်သလို လက်အရေပြားကွာဖို့အတွက် ရာခိုင်နှုန်းဟာလည်း တဖြည်းဖြည်း လျော့ကျသွားမှာဖြစ်ပါတယ်။ နိစ္စဓူဝရင်ဆိုင်နေရတဲ့ ဗာဟီရဖြစ်စဉ်တွေထဲမှာ အပ်နဲ့ထွင်းရမယ့်အဖြစ်ကို ပုဆိန်နဲ့ထွင်းရမယ့်အဖြစ် မရောက်လေအောင် ဆောင်ကြဉ်းရင်း ဒီတစ်ပတ်အတွက် ဒီမျှနဲ့ နားပါရစေသား . .. ။

ဖိုးသူတော် (www.phothutaw.com)
Credit: 8 Days A Week Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top