Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သူတို႔ဘက္က ဘာရယ္မဟုတ္ စေနာက္လိုက္ေပမယ္႔ သူတို႔ရဲ႕စကားေလးေတြက ကိုယ္႔ကိုယ္ကိုယ္ ယံုၾကည္မႈကုိ က်ဆင္းေစႏိုင္ပါတယ္။

မိမိကိုယ္ကို ယံုၾကည္မႈဆိုတာ အခ်က္အလက္ေတြ အမ်ားႀကီးအေပၚ အေျခခံၿပီး တည္ေဆာက္ရတာပါ။ ပတ္ဝန္းက်င္ရဲ႕ အျမင္ကလည္း မိမိကိုယ္ကို ယံုၾကည္မႈအေပၚ သက္ေရာက္မႈ ရွိႏိုင္ပါတယ္။ အထူးသျဖင္႔ အဝလြန္တယ္ (ဖက္တီးပုတ္ျဖစ္ေနၿပီ) လို႔ ပတ္ဝန္းက်င္က သမုတ္ခံရတဲ႔ သူေတြေပါ႔။ သူတို႔ဘက္က ဘာရယ္မဟုတ္ စေနာက္လိုက္ေပမယ္႔ သူတို႔ရဲ႕စကားေလးေတြက ကိုယ္႔ကိုယ္ကိုယ္ ယံုၾကည္မႈကုိ က်ဆင္းေစႏိုင္ပါတယ္။

Plus size ေမာ္ဒယ္ေလးေတြ (အဝလြန္ေနတယ္လို႔ ခံစားေနရတဲ႔ မဒီေလးေတြ) မိမိကိုယ္ကို ယံုၾကည္မႈ ဘယ္လိုတည္ေဆာက္ ရမယ္ဆိုတာကို ေဖာ္ျပေပးလိုက္္ပါတယ္ေနာ္။

၁။ မီဒီယာရဲ႕ သေဘာသဘာဝကို နားလည္ရမယ္

သတင္းမီဒီယာ (အြန္လိုင္း၊ တီဗီ၊ ဂ်ာနယ္၊ မဂၢဇင္း) ေတြရဲ႕ သေဘာသဘာဝကို ေလ႔လာၾကည္႔ပါ။ အဝလြန္သူေတြကို ေလွာင္ေျပာင္ၿပီး ေၾကာ္ျငာသရုပ္ေဆာင္၊ ေမာ္ဒယ္ေတြရဲ႕ ခႏၶာကိုယ္ အခ်ိဳးအစားကို ေျပျပစ္က်နေနေအာင္ ဖန္တီးပံုေဖာ္ထားတာကို ေတြ႕ရပါလိမ္႔မယ္။

တကယ္တမ္းမွာေကာ မီဒီယာေတြက ျပသေနသလို ၿပီးျပည္႔စံုမႈဆိုတာ ရွိႏိုင္ပါသလား။ ရွိေနရင္လည္း Double Pushup Bra ေတြ၊ pushup bra ေတြ၊ အတုထည္႔တယ္ဆိုတာေတြ ေပၚလာမွာေတာင္ မဟုတ္ပါဘူး။ ဒါေၾကာင္႔ မီဒီယာက ျပသေနသမွ်ကို လိုက္ခံစားေနဖို႔လည္း မလိုပါဘူး။ ဘယ္အမ်ိဳးသမီးမွ ေမြးကတည္းက ဂစ္တာရွိတ္နဲ႔ ေမြးဖြားလာတာ မဟုတ္ပါဘူး။

၂။ အေကာင္းျမင္စိတ္ရွိသူေတြနဲ႔ ေပါင္းသင္းပါ

အဆိုးျမင္ဝါဒီဆိုတာကေတာ႔ အရာရာတိုင္းကို အဆိုးျမင္မွာပါပဲ။ အဲဒီလိုလူမ်ိဳးေတြက သူတို႔ကိုယ္သူတို႔ အဆိပ္အေတာက္ ျဖစ္ေစသလို ပတ္ဝန္းက်င္ကိုလည္း အဆိပ္အေတာက္ ျဖစ္ေစပါတယ္။ ဒါေၾကာင္႔ သူငယ္ခ်င္းအေပါင္းအသင္းေတြထဲမွာ အေကာင္းျမင္စိတ္ရွိၿပီး body shaming (ခႏၶာကိုယ္အခ်ိဳးအစားကို ႏွိမ္ျခင္း) မလုပ္တတ္တဲ႔သူေတြကိုပဲ ထားပါ။

လူမႈကြန္ရက္ေတြေပၚမွာ မိတ္ေဆြ အသိအကြ်မ္းဖြဲ႔မယ္ဆိုရင္လည္း အေကာင္းျမင္စိတ္ရွိသူ၊ ဟာသဉာဏ္နဲ႔ ေလွာင္ေျပာင္ျခင္းကို ကြဲကြဲျပားျပား နားလည္သူေတြနဲ႔ပဲ မိတ္ေဆြဖြဲ႕ပါ။

၃။ မိမိကိုယ္ကိုယ္ ရင္းႏွီးျမွဳပ္ႏွံပါ

မိမိကိုယ္ကိုယ္ ယံုၾကည္မႈကင္းမဲ႔သူေတြအတြက္ အလွအပနဲ႔ ဖက္ရွင္ကိုလည္း စိတ္ကုန္ေနတတ္ပါတယ္။ တစ္ခါတေလေလး အလွျပင္မိပါတယ္... သူငယ္ခ်င္းေတြက ဝိုင္းစတာခံရလို႔ ေနာက္မျပင္ရဲေတာ႔တာတို႔၊ ဖက္ရွင္ဆိုင္တစ္ခုမွာ အဝတ္အစားေရြးေနတံုး "ေတာ္မွာမဟုတ္ပါဘူး" လို႔ မၾကားတၾကား အေျပာခံရတာေၾကာင္႔ အဝတ္အစားသစ္ေတာင္ မဝယ္ရဲေတာ႔တို႔ ျဖစ္တတ္ပါတယ္။

ဒါမ်ိဳးျဖစ္စရာ မလိုပါဘူး။ အျပင္လူေတြရဲ႕ အျမင္ေတြက မိမိကိုယ္ကို ျမင္တဲ႔အျမင္ေလာက္ အေရးမႀကီးပါဘူး။ ဘယ္သူေတြ ဘယ္လိုပဲထင္ထင္... ကိုယ္စိတ္ခ်မ္းသာမယ္ ထင္သလို လွလွပပေလး ျပင္ဆင္ေနထိုင္ပါ။ ကိုယ္႔ရဲ႕တန္ဖိုးရွိတဲ႔ စိတ္နယ္ေျမကို တျခားသူေတြရဲ႕ အညစ္အေၾကးေတြ လာစြန္႔ပစ္ မခံပါနဲ႔။

၄။ မုန္းသူေတြကို ကူညီပါ

တကယ္ေတာ႔ စကားဝိုင္းတစ္ခု စလိုက္တိုင္း ကိုယ္႔ရဲ႕ကိုယ္အေလးခ်ိန္ကို ေနာက္ေျပာင္ျခင္းနဲ႔ စတဲ႔သူေတြ၊ ဟာသလုပ္တဲ႔ သူေတြၾကားမွာ ေနထိုင္ရတာ ခက္ခဲပါတယ္။ ေဝဖန္မႈေတြကလည္း လူမႈကြန္ရက္ေပၚမွာ troll တာေတြကအစ၊ က်န္းမာေရး အၾကံေပးျခင္းေတြအဆံုး မ်ိဳးစံုပါပဲ။

ဒါေပမယ္႔ နားလည္ထားဖို႔ လိုတာတစ္ခုက လူေတြဟာ တျခားလူတစ္ေယာက္ကို စေနာက္ ေစာ္ကားတယ္ဆိုတာက သူတို႔စိတ္ထဲမွာ မလံုျခံဳလို႔ (ဒါမွမဟုတ္) တျခားလူရဲ႕ ရႈေထာင္႔ကေန ရႈျမင္ေပးႏိုင္ေလာက္တဲ႔အထိ မရင္႔က်က္လို႔ ဆိုတာပါပဲ။ ဒီအခ်က္ကို သိထားၿပီး ကိုယ္႔ကို မုန္းသူ (သို႕) စေနာက္ေဝဖန္သူေတြကို နားလည္ေပးလိုက္ပါ။ ေရွးေဟာင္းစကားပံုတစ္ခုလိုေပါ႔... "ၾကင္နာျခင္းနဲ႔ ေသေအာင္သတ္ပါ"

၅။ တျခားသူေတြနဲ႔ ႏႈိင္းယွဥ္ေနတာ ရပ္တန္႔လိုက္ပါ

ဒီတစ္ခုကေတာ႔ ခက္ခဲႏိုင္ပါတယ္။ လူသားဗီဇကိုက ကိုယ္ကိုယ္တိုင္နဲ႔ ကိုယ္႔ပတ္ဝန္းက်င္က လူေတြကို ႏႈိင္းယွဥ္တတ္တဲ႔ဓေလ႔ ရွိတာကိုး။ ဒါေပမယ္႔ Plus size ေလးေတြအတြက္ကေတာ႔ ဒီဓေလ႔က ယံုၾကည္မႈကို ပ်က္ျပားေစႏိုင္ပါတယ္။ အသိမဂၤလာေဆာင္ေတြ ဘာေတြတက္ရင္ သူမ်ားေတြဝတ္ထားတဲ႔ ဝတ္စံုလွလွေလးေတြကို ၾကည္႔ၿပီး၊ သူမ်ားေတြရဲ႕ ေကာက္ေၾကာင္းလွလွေလးကို ၾကည္႔ၿပီး စိတ္ဆင္းရဲေနမယ္ဆိုရင္ မတန္ပါဘူး။ လူတိုင္းလူတိုင္းမွာ ေကာင္းမြန္တဲ႔ အရည္အခ်င္းတစ္ခုစီ ရွိပါတယ္။ ကိုယ္႔ရဲ႕အေနအထားကို ရဲရဲဝံ႕ဝံ႕လက္ခံၿပီး ကိုယ္ပိုင္လမ္းေၾကာင္းကို ေဖာက္ထြင္လိုက္ပါ။

၆။ ယံုၾကည္မႈဆိုတာ ခြန္အားပါ

လူတိုင္းလူတိုင္းမွာ မိမိယံုၾကည္ရာကို လုပ္ပိုင္ခြင္႔ရွိပါတယ္။ တစ္ပါးသူေတြရဲ႕ အျမင္ကို ေဘးဖယ္ထားၿပီး ကိုယ္ယံုၾကည္ရာကို တစိုက္မတ္မတ္ ေလွ်ာက္လွမ္းရဲတဲ႔ သတၱိရွိဖို႔ လိုအပ္ပါတယ္။ မိမိကိုယ္ကိုယ္ ယံုၾကည္မႈရွိၿပီဆိုရင္ ပတ္ဝန္းက်င္က အရာရာတိုင္း ေျပာင္းလဲသြားမွာပါ။ အဆိုးဝါးဆံုး အေျခအေနေတြကိုေတာင္ ယံုၾကည္မႈနဲ႔ ေက်ာ္လႊားႏုိင္စြမ္း ရွိတယ္ဆိုတာကို သိထားရံုနဲ႔ ကိုယ္႔ကိုယ္ကိုယ္ ထားတဲ႔အျမင္ေကာ၊ ပတ္ဝန္းက်င္အေပၚ ထားတဲ႔အျမင္ပါ ေျပာင္းလဲလာၿပီး ပိုမိုေနေပ်ာ္လာမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
သူတို့ဘက်က ဘာရယ်မဟုတ် စနောက်လိုက်ပေမယ့် သူတို့ရဲ့စကားလေးတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ကျဆင်းစေနိုင်ပါတယ်။

မိမိကိုယ်ကို ယုံကြည်မှုဆိုတာ အချက်အလက်တွေ အများကြီးအပေါ် အခြေခံပြီး တည်ဆောက်ရတာပါ။ ပတ်ဝန်းကျင်ရဲ့ အမြင်ကလည်း မိမိကိုယ်ကို ယုံကြည်မှုအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။ အထူးသဖြင့် အဝလွန်တယ် (ဖက်တီးပုတ်ဖြစ်နေပြီ) လို့ ပတ်ဝန်းကျင်က သမုတ်ခံရတဲ့ သူတွေပေါ့။ သူတို့ဘက်က ဘာရယ်မဟုတ် စနောက်လိုက်ပေမယ့် သူတို့ရဲ့စကားလေးတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ကျဆင်းစေနိုင်ပါတယ်။

Plus size မော်ဒယ်လေးတွေ (အဝလွန်နေတယ်လို့ ခံစားနေရတဲ့ မဒီလေးတွေ) မိမိကိုယ်ကို ယုံကြည်မှု ဘယ်လိုတည်ဆောက် ရမယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မီဒီယာရဲ့ သဘောသဘာဝကို နားလည်ရမယ်

သတင်းမီဒီယာ (အွန်လိုင်း၊ တီဗီ၊ ဂျာနယ်၊ မဂ္ဂဇင်း) တွေရဲ့ သဘောသဘာဝကို လေ့လာကြည့်ပါ။ အဝလွန်သူတွေကို လှောင်ပြောင်ပြီး ကြော်ငြာသရုပ်ဆောင်၊ မော်ဒယ်တွေရဲ့ ခန္ဓာကိုယ် အချိုးအစားကို ပြေပြစ်ကျနနေအောင် ဖန်တီးပုံဖော်ထားတာကို တွေ့ရပါလိမ့်မယ်။

တကယ်တမ်းမှာကော မီဒီယာတွေက ပြသနေသလို ပြီးပြည့်စုံမှုဆိုတာ ရှိနိုင်ပါသလား။ ရှိနေရင်လည်း Double Pushup Bra တွေ၊ pushup bra တွေ၊ အတုထည့်တယ်ဆိုတာတွေ ပေါ်လာမှာတောင် မဟုတ်ပါဘူး။ ဒါကြောင့် မီဒီယာက ပြသနေသမျှကို လိုက်ခံစားနေဖို့လည်း မလိုပါဘူး။ ဘယ်အမျိုးသမီးမှ မွေးကတည်းက ဂစ်တာရှိတ်နဲ့ မွေးဖွားလာတာ မဟုတ်ပါဘူး။

၂။ အကောင်းမြင်စိတ်ရှိသူတွေနဲ့ ပေါင်းသင်းပါ

အဆိုးမြင်ဝါဒီဆိုတာကတော့ အရာရာတိုင်းကို အဆိုးမြင်မှာပါပဲ။ အဲဒီလိုလူမျိုးတွေက သူတို့ကိုယ်သူတို့ အဆိပ်အတောက် ဖြစ်စေသလို ပတ်ဝန်းကျင်ကိုလည်း အဆိပ်အတောက် ဖြစ်စေပါတယ်။ ဒါကြောင့် သူငယ်ချင်းအပေါင်းအသင်းတွေထဲမှာ အကောင်းမြင်စိတ်ရှိပြီး body shaming (ခန္ဓာကိုယ်အချိုးအစားကို နှိမ်ခြင်း) မလုပ်တတ်တဲ့သူတွေကိုပဲ ထားပါ။

လူမှုကွန်ရက်တွေပေါ်မှာ မိတ်ဆွေ အသိအကျွမ်းဖွဲ့မယ်ဆိုရင်လည်း အကောင်းမြင်စိတ်ရှိသူ၊ ဟာသဉာဏ်နဲ့ လှောင်ပြောင်ခြင်းကို ကွဲကွဲပြားပြား နားလည်သူတွေနဲ့ပဲ မိတ်ဆွေဖွဲ့ပါ။

၃။ မိမိကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံပါ

မိမိကိုယ်ကိုယ် ယုံကြည်မှုကင်းမဲ့သူတွေအတွက် အလှအပနဲ့ ဖက်ရှင်ကိုလည်း စိတ်ကုန်နေတတ်ပါတယ်။ တစ်ခါတလေလေး အလှပြင်မိပါတယ်... သူငယ်ချင်းတွေက ဝိုင်းစတာခံရလို့ နောက်မပြင်ရဲတော့တာတို့၊ ဖက်ရှင်ဆိုင်တစ်ခုမှာ အဝတ်အစားရွေးနေတုံး "တော်မှာမဟုတ်ပါဘူး" လို့ မကြားတကြား အပြောခံရတာကြောင့် အဝတ်အစားသစ်တောင် မဝယ်ရဲတော့တို့ ဖြစ်တတ်ပါတယ်။

ဒါမျိုးဖြစ်စရာ မလိုပါဘူး။ အပြင်လူတွေရဲ့ အမြင်တွေက မိမိကိုယ်ကို မြင်တဲ့အမြင်လောက် အရေးမကြီးပါဘူး။ ဘယ်သူတွေ ဘယ်လိုပဲထင်ထင်... ကိုယ်စိတ်ချမ်းသာမယ် ထင်သလို လှလှပပလေး ပြင်ဆင်နေထိုင်ပါ။ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ စိတ်နယ်မြေကို တခြားသူတွေရဲ့ အညစ်အကြေးတွေ လာစွန့်ပစ် မခံပါနဲ့။

၄။ မုန်းသူတွေကို ကူညီပါ

တကယ်တော့ စကားဝိုင်းတစ်ခု စလိုက်တိုင်း ကိုယ့်ရဲ့ကိုယ်အလေးချိန်ကို နောက်ပြောင်ခြင်းနဲ့ စတဲ့သူတွေ၊ ဟာသလုပ်တဲ့ သူတွေကြားမှာ နေထိုင်ရတာ ခက်ခဲပါတယ်။ ဝေဖန်မှုတွေကလည်း လူမှုကွန်ရက်ပေါ်မှာ troll တာတွေကအစ၊ ကျန်းမာရေး အကြံပေးခြင်းတွေအဆုံး မျိုးစုံပါပဲ။

ဒါပေမယ့် နားလည်ထားဖို့ လိုတာတစ်ခုက လူတွေဟာ တခြားလူတစ်ယောက်ကို စနောက် စော်ကားတယ်ဆိုတာက သူတို့စိတ်ထဲမှာ မလုံခြုံလို့ (ဒါမှမဟုတ်) တခြားလူရဲ့ ရှုထောင့်ကနေ ရှုမြင်ပေးနိုင်လောက်တဲ့အထိ မရင့်ကျက်လို့ ဆိုတာပါပဲ။ ဒီအချက်ကို သိထားပြီး ကိုယ့်ကို မုန်းသူ (သို့) စနောက်ဝေဖန်သူတွေကို နားလည်ပေးလိုက်ပါ။ ရှေးဟောင်းစကားပုံတစ်ခုလိုပေါ့... "ကြင်နာခြင်းနဲ့ သေအောင်သတ်ပါ"

၅။ တခြားသူတွေနဲ့ နှိုင်းယှဉ်နေတာ ရပ်တန့်လိုက်ပါ

ဒီတစ်ခုကတော့ ခက်ခဲနိုင်ပါတယ်။ လူသားဗီဇကိုက ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို နှိုင်းယှဉ်တတ်တဲ့ဓလေ့ ရှိတာကိုး။ ဒါပေမယ့် Plus size လေးတွေအတွက်ကတော့ ဒီဓလေ့က ယုံကြည်မှုကို ပျက်ပြားစေနိုင်ပါတယ်။ အသိမင်္ဂလာဆောင်တွေ ဘာတွေတက်ရင် သူများတွေဝတ်ထားတဲ့ ဝတ်စုံလှလှလေးတွေကို ကြည့်ပြီး၊ သူများတွေရဲ့ ကောက်ကြောင်းလှလှလေးကို ကြည့်ပြီး စိတ်ဆင်းရဲနေမယ်ဆိုရင် မတန်ပါဘူး။ လူတိုင်းလူတိုင်းမှာ ကောင်းမွန်တဲ့ အရည်အချင်းတစ်ခုစီ ရှိပါတယ်။ ကိုယ့်ရဲ့အနေအထားကို ရဲရဲဝံ့ဝံ့လက်ခံပြီး ကိုယ်ပိုင်လမ်းကြောင်းကို ဖောက်ထွင်လိုက်ပါ။

၆။ ယုံကြည်မှုဆိုတာ ခွန်အားပါ

လူတိုင်းလူတိုင်းမှာ မိမိယုံကြည်ရာကို လုပ်ပိုင်ခွင့်ရှိပါတယ်။ တစ်ပါးသူတွေရဲ့ အမြင်ကို ဘေးဖယ်ထားပြီး ကိုယ်ယုံကြည်ရာကို တစိုက်မတ်မတ် လျှောက်လှမ်းရဲတဲ့ သတ္တိရှိဖို့ လိုအပ်ပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိပြီဆိုရင် ပတ်ဝန်းကျင်က အရာရာတိုင်း ပြောင်းလဲသွားမှာပါ။ အဆိုးဝါးဆုံး အခြေအနေတွေကိုတောင် ယုံကြည်မှုနဲ့ ကျော်လွှားနိုင်စွမ်း ရှိတယ်ဆိုတာကို သိထားရုံနဲ့ ကိုယ့်ကိုယ်ကိုယ် ထားတဲ့အမြင်ကော၊ ပတ်ဝန်းကျင်အပေါ် ထားတဲ့အမြင်ပါ ပြောင်းလဲလာပြီး ပိုမိုနေပျော်လာမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top