ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

 တ႐ုတ္ဘာသာျဖင့္ ေရးထြင္းထားၿပီး ႏွစ္ေပါင္း ၁,၆၀၀ သက္တမ္းရွိ မဟာယန ပိဋကတ္သုံးပုံေက်ာက္စာခ်ပ္ မ်ားကုိ မႏၲေလးၿမိဳ႕ ပုသိမ္ႀကီးၿမိဳ႕ နယ္ ျမေက်ာက္ေက်ာင္းတိုက္ တြင္ ျပတိုက္ဖြင့္လွစ္ျပသမည္ဟု ျမေက်ာက္ဆရာေတာ္ဦးေခမာ စာရက မိန္႔ၾကားသည္။

တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ ပီကင္းၿမိဳ႕ တိမ္လႊာေက်ာင္းတိုက္ က လက္ေဆာင္အျဖစ္ေပးအပ္ ထားေသာ မဟာယနပိဋကတ္ သုံးပုံေက်ာက္စာသုံးခ်ပ္ႏွင့္ အဆုိ ပါေက်ာင္းတိုက္ရွိ ပိဋကတ္သုံးပုံ ေက်ာက္စာခ်ပ္ ၁၄,၀၀၀ မွ ေရး ကူးထားသည့္ စာအုပ္မ်ားကုိ အ ပုိင္းလုိက္ခင္းက်င္းျပသမည္ျဖစ္ ၿပီး ၂၀၁၈ ႏွစ္ဆန္းတြင္ စတင္ ဖြင့္လွစ္ရန္ ရည္ရြယ္ထားေၾကာင္း ဆရာေတာ္က မိန္႔ၾကားသည္။

‘‘ဒီလုိျပသတာက တ႐ုတ္ ျပည္က ဗုဒၶဘာသာေက်ာက္စာ ေတြဆုိေပမယ့္ တစ္ကမၻာလုံးမွာ ရွိတဲ့ ဗုဒၶဘာသာ၊ ျမန္မာျပည္မွာ ရိွတဲ့ ဗုဒၶဘာသာအဓြန္႔ရွည္တည္ တံ့ဖုိ႔အေထာက္အကူျဖစ္တယ္’’ ဟု ဆရာေတာ္က မိန္႔သည္။

တ႐ုတ္ျပည္ ေစြမင္းဆက္ ႏွင့္ ထန္မင္းဆက္လက္ထက္တြင္ တ႐ုတ္ဘာသာျဖင့္ ေရးထြင္းခဲ့ ေသာ မဟာယနပိဋကတ္သုံးပုံ ေက်ာက္စာခ်ပ္ေရ ၁၄,၀၀၀ ေက်ာ္ကုိ လြန္ခဲ့ေသာသုံးႏွစ္ေက်ာ္ က တ႐ုတ္ႏုိင္ငံ ေဘဂ်င္းၿမိဳ႕ရွိ တိမ္လႊာေက်ာင္းတိုက္တြင္ တူး ေဖာ္ေတြ႕ရွိခဲ့ၿပီး ယင္းအခ်ိန္က ဆရာေတာ္ကိုယ္တိုင္ သြားေရာက္ေလ့လာခဲ့ေၾကာင္း ရွင္းျပသည္။

‘‘အလြန္အင္မတန္၀မ္း ေျမာက္ဂုဏ္ယူစရာ ေကာင္း တယ္။ မဟာယနနဲ႔ ေထရ၀ါဒကုိ  ႏႈိင္းယွဥ္ေလ့လာလုိ႔ရမယ့္ အ ေထာက္အထားေတြကုိ ေတြ႕ရွိမႈ ပဲ။ ေက်ာက္စာေတြထဲက တခ်ိဳ႕ က ပ်က္စီးေနၿပီး တခ်ိဳ႕ကုိ ဂ်ပန္ ေတြ သိမ္းယူသြားခဲ့တာေတြရွိ တယ္။ အေကာင္းအတိုင္းက်န္ခဲ့ တဲ့ ေက်ာက္စာအေရအတြက္ကုိ က ၁၄,၀၀၀ ေက်ာ္ရွိတယ္’’ ဟု ဆရာေတာ္က မိန္႔သည္။

အဆုိပါေက်ာက္စာမ်ားကုိ ဗုဒၶဘာသာအဓြန္႔ရွည္ေရး၊ ႏုိင္ငံ တကာသုိ႔ သာသနာျပန္႔ပြားေရး၊ ကမၻာ့ၿငိမ္းခ်မ္းေရးအတြက္ ရည္ ရြယ္ကာ ျမန္မာ-တ႐ုတ္ႏွစ္ႏုိင္ငံ ပူးေပါင္း၍ ၿပီးခဲ့သည့္ေအာက္တို ဘာအတြင္းက ျမေက်ာက္ ေက်ာင္းတိုက္တြင္ ေက်ာက္စာ ျပပြဲျပဳလုပ္ျပသခဲ့သည္။

ျပပြဲၿပီးေနာက္ ေက်ာက္စာ သုံးခ်ပ္ကုိ လက္ေဆာင္အျဖစ္ေပး အပ္ခဲ့ၿပီး ေက်ာက္စာျပတိုက္ဖြင့္ လွစ္ျပသႏုိင္ရန္ ျမေက်ာက္ ေက်ာင္းတုိက္တြင္ အေဆာက္အ အုံတည္ေဆာက္ေနသည္ဟု ဆ ရာေတာ္က မိန္႔သည္။

‘‘မႏၲေလးမွာလည္း ျမတ္စြာ ဘုရားေဟာၾကားခဲ့တဲ့ တရား ေတာ္ေတြကုိ ေက်ာက္ထက္အကၡ ရာတင္ထားတာ ကုသုိလ္ေတာ္ ဘုရားမွာရွိတယ္။ ဒါေတြက မင္း တုန္းမင္းလက္ထက္ေလာက္က ဆုိေတာ့ ႏွစ္ေပါင္း ၁၅၀ ေလာက္ ပဲရွိေသးတာ။ အခုျပသမယ့္ ေက်ာက္စာေတြက ႏွစ္ေပါင္း ၁,၆၀၀ ဆုိေတာ့ ေတာ္ေတာ္အဖုိး တန္တဲ့ သမိုင္းမွတ္တမ္းတစ္ခု ျဖစ္တယ္’’ ဟု ဆရာေတာ္ဦးေခမာ စာရက မိန္႔သည္။ တ႐ုတ္၊ တိဗက္၊ဂ်ပန္စသည့္ႏုိင္ငံမ်ားသည္ မဟာယန ဗုဒၶဘာသာကုိ ကုိးကြယ္ၾက သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
 တရုတ်ဘာသာဖြင့် ရေးထွင်းထားပြီး နှစ်ပေါင်း ၁,၆၀၀ သက်တမ်းရှိ မဟာယန ပိဋကတ်သုံးပုံကျောက်စာချပ် များကို မန္တလေးမြို့ ပုသိမ်ကြီးမြို့ နယ် မြကျောက်ကျောင်းတိုက် တွင် ပြတိုက်ဖွင့်လှစ်ပြသမည်ဟု မြကျောက်ဆရာတော်ဦးခေမာ စာရက မိန့်ကြားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပီကင်းမြို့ တိမ်လွှာကျောင်းတိုက် က လက်ဆောင်အဖြစ်ပေးအပ် ထားသော မဟာယနပိဋကတ် သုံးပုံကျောက်စာသုံးချပ်နှင့် အဆို ပါကျောင်းတိုက်ရှိ ပိဋကတ်သုံးပုံ ကျောက်စာချပ် ၁၄,၀၀၀ မှ ရေး ကူးထားသည့် စာအုပ်များကို အ ပိုင်းလိုက်ခင်းကျင်းပြသမည်ဖြစ် ပြီး ၂၀၁၈ နှစ်ဆန်းတွင် စတင် ဖွင့်လှစ်ရန် ရည်ရွယ်ထားကြောင်း ဆရာတော်က မိန့်ကြားသည်။

‘‘ဒီလိုပြသတာက တရုတ် ပြည်က ဗုဒ္ဓဘာသာကျောက်စာ တွေဆိုပေမယ့် တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ဗုဒ္ဓဘာသာ၊ မြန်မာပြည်မှာ ရှိတဲ့ ဗုဒ္ဓဘာသာအဓွန့်ရှည်တည် တံ့ဖို့အထောက်အကူဖြစ်တယ်’’ ဟု ဆရာတော်က မိန့်သည်။

တရုတ်ပြည် စွေမင်းဆက် နှင့် ထန်မင်းဆက်လက်ထက်တွင် တရုတ်ဘာသာဖြင့် ရေးထွင်းခဲ့ သော မဟာယနပိဋကတ်သုံးပုံ ကျောက်စာချပ်ရေ ၁၄,၀၀၀ ကျော်ကို လွန်ခဲ့သောသုံးနှစ်ကျော် က တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ တိမ်လွှာကျောင်းတိုက်တွင် တူး ဖော်တွေ့ရှိခဲ့ပြီး ယင်းအချိန်က ဆရာတော်ကိုယ်တိုင် သွားရောက်လေ့လာခဲ့ကြောင်း ရှင်းပြသည်။

‘‘အလွန်အင်မတန်ဝမ်း မြောက်ဂုဏ်ယူစရာ ကောင်း တယ်။ မဟာယနနဲ့ ထေရဝါဒကို  နှိုင်းယှဉ်လေ့လာလို့ရမယ့် အ ထောက်အထားတွေကို တွေ့ရှိမှု ပဲ။ ကျောက်စာတွေထဲက တချို့ က ပျက်စီးနေပြီး တချို့ကို ဂျပန် တွေ သိမ်းယူသွားခဲ့တာတွေရှိ တယ်။ အကောင်းအတိုင်းကျန်ခဲ့ တဲ့ ကျောက်စာအရေအတွက်ကို က ၁၄,၀၀၀ ကျော်ရှိတယ်’’ ဟု ဆရာတော်က မိန့်သည်။

အဆိုပါကျောက်စာများကို ဗုဒ္ဓဘာသာအဓွန့်ရှည်ရေး၊ နိုင်ငံ တကာသို့ သာသနာပြန့်ပွားရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ရည် ရွယ်ကာ မြန်မာ-တရုတ်နှစ်နိုင်ငံ ပူးပေါင်း၍ ပြီးခဲ့သည့်အောက်တို ဘာအတွင်းက မြကျောက် ကျောင်းတိုက်တွင် ကျောက်စာ ပြပွဲပြုလုပ်ပြသခဲ့သည်။

ပြပွဲပြီးနောက် ကျောက်စာ သုံးချပ်ကို လက်ဆောင်အဖြစ်ပေး အပ်ခဲ့ပြီး ကျောက်စာပြတိုက်ဖွင့် လှစ်ပြသနိုင်ရန် မြကျောက် ကျောင်းတိုက်တွင် အဆောက်အ အုံတည်ဆောက်နေသည်ဟု ဆ ရာတော်က မိန့်သည်။

‘‘မန္တလေးမှာလည်း မြတ်စွာ ဘုရားဟောကြားခဲ့တဲ့ တရား တော်တွေကို ကျောက်ထက်အက္ခ ရာတင်ထားတာ ကုသိုလ်တော် ဘုရားမှာရှိတယ်။ ဒါတွေက မင်း တုန်းမင်းလက်ထက်လောက်က ဆိုတော့ နှစ်ပေါင်း ၁၅၀ လောက် ပဲရှိသေးတာ။ အခုပြသမယ့် ကျောက်စာတွေက နှစ်ပေါင်း ၁,၆၀၀ ဆိုတော့ တော်တော်အဖိုး တန်တဲ့ သမိုင်းမှတ်တမ်းတစ်ခု ဖြစ်တယ်’’ ဟု ဆရာတော်ဦးခေမာ စာရက မိန့်သည်။ တရုတ်၊ တိဗက်၊ဂျပန်စသည့်နိုင်ငံများသည် မဟာယန ဗုဒ္ဓဘာသာကို ကိုးကွယ်ကြ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top